သနားဖွယ်
Vol. 3 Ch. 29
ရှဲ့ချောင်နှင့် ရင်းနှီးသော လူတော်တော်များများကပင် သူမ၏ မရင့်ကျက်သေးသည့် ညီမကို အရှက်ရစေမည့်အစား သူမအလိုက်ထိုက်သာ နေလိုက်သင့်ကြောင်း တွေးမိကြသည်။
ရှဲ့ချောင်မှာ စိတ်ဆိုးနေခြင်းလည်း မဟုတ်ပေ။
သူမသည် ထိုနေရာတွင်ထိုင်သာနေသည်။အောက်သို့ငုံ့ကြည့်ကာ တိုးတိုးလေးပြောလိုက်သည်။ “ဒီလူက တောထဲမှာ သေသွားတော့ သူရဲ့အရိုးတွေကို မထုပ်ခင်မှာ ကျွန်မကိုယ်တိုင် နာရီပေါင်းများစွာ တူးယူခဲ့ရတာ မနေ့က လေစိမ်းတိုက်တာ ခံထားရလို့ ဒီနေ့ တောင် ခေါင်းမူးနေသေးတယ် ကျွန််မ ဆေးသွားဝယ်တုန်း ဒီလူက.... မိန်းကလေးဖေရဲ့လုပ်ရပ်ကြောင့် စိတ်ထိခိုက်သွားရတယ်... ကျွန်မတော့ သူ့ရဲ့ဒေါသအရှိန်ကြောင့် သေတော့မယ်လို့တောင် တွေးခဲ့ရတာ...ခံထားရတယ့်သူဆိုတော့ ကျွန်မအပေါ် အမှားလုပ်တဲ့သူဆီက တောင်းပန်တာကို သေချာပေါက်လိုချင်တယ်"
"မိန်းကလေးဖေ မင်းက စိတ်ထားကောင်းတဲ့ မိန်းကလေးပါ မင်းရဲ့ အမှားတွေကို သူ့အတွက် အရိုးတွေကို စိတ်ရင်းမှန်နဲ့ ရှင်းပေးလိုက်ဖို့ပဲ လိုတာ သူ မင်းကိုသိပ်ပြီးကပ်မှာ မဟုတ်ဘူးလို့လည်း တို့ယုံကြည်တယ် ပြီးတော့ မင်းကုသိုလ်ကောင်းမှုတွေ လုပ်ချင်နေတာဆို အခြားဟာတွေ လုပ်နေရတာမဟုတ်ပေမဲ့လည်း အရိုးတွေကို ပြန်သိမ်းပေးတာက သိပ်မခက်ပါဘူး။ဒါတော့ မင်းသေချာပေါက် လုပ်နိုင်တယ် မဟုတ်လား"
ရှဲ့ချောင်က ညင်သာစွာပြောလိုက်သည်။
သူမသည် ထိုနေရာတွင်ထိုင်ကာ အလွန်သိမ်ငယ်နေပုံရသည်။ သို့သော်သူမ၏ အသံသည် ပုလဲနှင့်ကျောက်စိမ်းများအသံကဲ့သို့ လန်းဆန်းအေးမြနေသည်။
“ဒါလည်းမှန်ပါတယ်လေ မိန်းကလေးဖေ မင်းကအထုပ်ကိုဖွင့်လိုက်တာ မလုပ်သင့်တာကို ချိုးဖောက်မိတော့ အခုပြန်ပြင်ရမဲ့ အချိန်ရောက်ပြီ”
"သခင်မလေးရှဲ့ရဲ့ ဆရာက ရွှေယွဲ့တာအိုဘုရားကျောင်းက ထူးချွန်တဲ့ ဆရာသခင်တစ်ယောက်ပဲ သူမညီမကို ဒီလိုလုပ်ခိုင်းရတဲ့ အကြောင်းအရင်း တစ်ခုခု ရှိရမယ်။ သူမညီမကို ဒုက္ခရောက်စေချင်တာမျိုးတော့ မဟုတ်လောက်ပါဘူး။”
"မိန်းကလေးဖေ အရိုးတွေက ပြန်စီရတာ မခက်ပါဘူး မိန်းကလေးရဲ့ အစ်မကိုယ်တိုင် တူးလို့ရခဲ့တာပဲ မပြည့်စုံဘူး ဆိုရင်တောင် သူမလုပ်သမျှကို မိန်းကလေးသေချာပေါက် လုပ်နိုင်လောက်ပါတယ်။”
ထို ထုတ်ပြောသူ အားလုံးနီးပါးမှာ ရွှေယွဲ့တာအိုဘုရားကျောင်း၏ နောက်လိုက်များ ဖြစ်ကြသည်။
သူတို့ နှုတ်ဟလိုက်သည်နှင့် ဖေဝမ်ယွဲ့မှာ ထိုင်းမှိုင်းသွားပြီး သူမ မေ့လဲလုနီးပါးဖြစ်သွားသည်။
'ရှဲ့ချောင်ကို ဒီလို ထင်ကြရုံလေးအတွက် ငါကဒီအရာတွေကို လုပ်ခဲ့ရတာလား။'
ရှဲ့ချောင်၏ မျက်နှာက ဖေဝမ်ယွဲ့အား ဒေါသထွက်စေသည်။
'သူမကြည့်ရတာ အရမ်းနူးညံ့ပြီး သနားစရာကောင်းပုံရတယ် ငါကပဲသူ့ကို အနိုင်ကျင့်နေသလိုပုံနဲ့'
ရှဲ့ချောင်မှာ သူမထက် ပိုလှပြီး သူမထက်ပိုဆင်းရဲသော နောက်ခံ ရှိသည်။ သို့သော် ရှဲ့ချောင်မှာ သူမထက်သာတုန်းပေ။
'ရှဲ့ချောင်မှာ ဒီလောက် ပစ္စည်းနည်းနည်းလေးပဲ ပါတာကို အပြင်လူတွေက ဘယ်လိုလုပ် သိမှာလဲ သူမက စာလည်း မတတ်လောက်ဘူး သူမရဲ့ မျက်နှာလှလှလေးကြောင့်သာ နာမည်ကြီးလာတာ'
ဖေဝမ်ယွဲ့တစ်ယောက် စို့နင့်နေအောင်ခံစားလိုက်ရသည်။ 'သခင်မဖုန်လို ရုပ်ဆိုးတဲ့ မိန်းမက ဘာလို့ ဒီလောက်လှတဲ့ သမီးကိုမွေးထားတာလဲ။'
နန်းမြို့တော်သို့ ပြန်ရောက်လျှင် ရှဲ့ချောင် ဖိနှိပ်သည့်ဒဏ်ထပ်ခံရမည်ကို သူမတွေးမိသောအခါ သူမအလွန်စိတ်ဆင်းရဲသွားခဲ့သည်။
'ဒါပေမဲ့ အခုချက်ချင်း ဖြေရှင်းရမဲ့ အရာကရှိနေတယ်။'
'ငါမလုပ်ဘူးလို့ ဘယ်လိုပြောရမလဲ...?'
ဖေဝမ်ယွဲ့၏ ခံစားချက်များ ရင်ဘတ်ထဲ ပွက်ပွက်ဆူလာသည်။ မျက်ရည်များကအလုပ်မဖြစ်ကြောင်း မြင်လိုက်ရသည့်တွက် မူးမေ့လဲလုနီးပါး ဖြစ်ချင်ယောင်ဆောင်လိုက်ရန် ဆုံးဖြတ်လိုက်သည်။
“အဟွတ် အဟွတ်" ရှဲ့ချောင်မှာ ရုတ်တရက် ရင်ဘတ်ကို ဆုပ်ကိုင်လိုက်ပြီး မတ်တပ်ရပ်ဖို့ အားပင်မရှိနိုင်လောက်အောင် ချောင်းဆိုးလိုက်ပြီး သူမက ဖေဝမ်ယွဲ့ ၏ လက်များကို ဆုပ်ကိုင်လိုက်ကာ “မိန်း...မိန်းကလေးဖေ မြန်မြန်လေးလုပ်ပေးပါ တို့ကျန်းမာရေးကမကောင်းဘူး ခဏနေ လဲသွားမှာကို စိုးရိမ်မိတယ်"
“…....”
ဖေဝမ်ယွဲ့မှာ သူမ၏ နှလုံးသားကို တစ်ယောက်ယောက်က ဓားနှင့် ထိုးနေသလို ခံစားလိုက်ရသည်။
သူမခေါင်းကို လှည့်လိုက်ပြီး ရှဲ့ချောင်အား အပေါ်အောက် တစ်ချက်ကြည့်လိုက်သည်။
တမင်လုပ်တာများလားဟု သူမ သံသယ ဖြစ်နေမိခြင်းပင်။
'ဒါက ဘယ်လိုလုပ် တိုက်ဆိုင်တာဖြစ်မှာလဲ ငါ မူးလဲခါနီးကျမှ ငါ့လက်ကြီးလာဆွဲပြီး ဒီလိုမျိုးတွေပြောနေတာလား?!'
သို့သော် ယခုအချိန်တွင်ရှဲ့ချောင်၏ မျက်နှာမှာ ဖြူဖျော့သွားပြီး စားပွဲကိုမှီကာ ထိုင်နေလေသည်။ သူမ၏ ပုံပန်းသွင်ပြင်မှာ ယုံချင်လောက်စရာပင်။
ဖေဝမ်ယွဲ့ အကြပ်ရိုက်နေပေပြီ။
လူတိုင်းက သူမကို စိုက်ကြည့်နေကြသည်။
ရှဲ့ချောင်၏ အသွင်အပြင်အား သခင်မလုပင် အံ့အားသင့်သွားခဲ့သည်။
“မြန်မြန် ထုပ်ပေးလိုက် သမီးအစ်မက တကယ်နေမကောင်းတဲ့ပုံပဲ တစ်ခုခုမှားသွားရင်…”
'ရှဲ့ချောင် သူမနာမည် ပျက်သွားတာက ငါ့ကိစ္စ မဟုတ်ဘူး ဒါပေမဲ့ သူမခန္ဓာကိုယ် ထိခိုက်ဒဏ်ရာရတာဖြစ်ဖြစ် လမ်းမှာ သေသွားတာဖြစ်ဖြစ် တစ်ခုခုဖြစ်သွားရင် အိမ်ပြန်ရောက်တဲ့အခါကျ ဘယ်လို ရှင်းပြရတော့မလဲ။'
သူမအမေ စကားအား ကြားလိုက်သောအခါ ဖေဝမ်ယွဲ့ ဝမ်းနည်းဒေါသထွက်သွားသည်။
သို့သော် သူမ လုပ်နိုင်သောအရာမရှိပေ။
အားလုံးက သူမအား ကြီးလေးသော ရာဇ၀တ်မှုတစ်ခုကို ကျူးလွန်လိုက်သကဲ့သ်ို့ပင် စိုက်ကြည့်နေကြလေသည်။
နေကောင်းပုံ မပေါ်သော ရှဲ့ချောင်မှာလည်း သူမအရိုးများအား ထုပ်ပိုးနေသည်ကို မကြည့်၍ မရသကဲ့သို့ မျက်လုံးများမပိတ်ထားခဲ့ပေ။ သူမအား မြန်မြန်လုပ်ရန် တိုက်တွန်းနေသလိုပင် လူအများက သူမအား စိုက်ကြည့်နေလေသည်။
••••••