← Chapters

များများသိလေ ဒုက္ခများလေ

Vol. 3 Ch. 30

များများသိလေ ဒုက္ခများလေ

Vol. 3 Ch. 30

ဖေဝမ်ယွဲ့လည်း စိတ်ကို တင်းကာ ရဲရင့်ဟန် ဆောင်ရင်း ရှေ့သို့ ထွက်လိုက်သည်။

သူမ မျက်လုံးများအား မှိတ်ထားကာ  ဤကိစ္စမှာကြီးကျယ် ခမ်းနားသည့် အလုပ်တစ်ခု သဖွယ် လုပ်နေသည့် ဟန်ဖြင့် ထိုင်ချ လိုက်သည်။

သူမလက်များမှာ တုန်ယင် နေ၏။ သွားများအားလုံး ဆုံးရှုံးထားသော အဘွားကြီးတစ်ဦးနှင့် ပင်တူနေသည်။

ထိုအရာကို အချို့လူများ သည်းမခံနိုင် ကြပေ။ ရှဲ့‌ချောင်သည် သူမ၏ ရင်ဘတ်အား ဆုပ်ကိုင်ကာ ပြောလိုက်သည်။

"မိန်းကလေးဖေ အဲဒါကိုဖွင့်လိုက် တုန်းကတော့ ကောင်းကောင်း ကြည့်လိုက်ရမှာပဲ။ ပွင့်ပွင့် လင်းလင်း ပြောရရင် မင်းဖွင့်ကြည့် လိုက်တုန်း ကသတ္တိရှိရှိနဲ့ လုပ်ခဲ့သလိုမျိုး အခုလုပ်ရုံပဲ။ တို့မင်းကို ယုံထားတာလေ၊ မိန်းကလေးဖေက ကြင်နာတယ်လို့ ယုံကြည်ထားတာ ဘာလို့ဒီလောက်ကိစ္စ သေးသေးလေးကိုတောင် မလုပ်နိုင်ရတာလဲ.. အဟွတ်"

ဖေဝမ်ယွဲ့ ဒေါသ ထွက်သွား သည်။

သူမသည် အလွန်အမင်း ဒုက္ခခံ ပြီးနောက် အထုပ်ကို နေရာတစ်ကျ ပြန်ထားရန် အချိန်ယူခဲ့ရသည်။

အပြင်မှ စောင့်ကြည့် သူများမှာလည်း ကုန်လု နီးပါး ရှိနေပြီ ဖြစ်သည်။

အားလုံး ပြီးသွား သည့်နောက် သူမ အခန်းထဲပြန်ဝင်ကာ ဒေါသတကြီး အော်ဟစ် ငိုယိုလေသည်။

ရှဲ့‌ချောင်၏ အခန်း၌ နန်းတွင်း သက်တော်စောင့် ကျို့နှင့် သူ၏ အဖွဲ့တစ်ဖွဲ့သာ ကျန်ခဲ့လေသည်။

ရှဲ့‌ချောင် သက်ပြင်း အနည်းငယ် ချလိုက်ပြီးနောက် မတ်တပ် ထရပ် လိုက်သည်။ "ရှင်တို့မေးချင်တာများ ရှိသေးလား?"

"ဒီအရိုးတွေ… အဲဒါတွေက သခင်ကြီးလုရဲ့ အစေခံနဲ့ ပတ်သတ် နေတာလား?" နန်းတွင်းသက်တော်စောင့်ကျို့ က သူမအား ပွင့်ပွင့်လင်းလင်း မေးလိုက်သည်။

ရှဲ့‌ချောင် က သူမ၏ နှုတ်ခမ်းများအား အနည်းငယ် စေ့လိုက်ပြီး"ဟုတ်တယ်။" ဟု ပြန်ဖြေသည်။

နန်းတွင်းသက်တော်စောင့်ကျို့ အံ့သြတုန်လှုပ် သွားသည်။ "အပြစ်လွတ်အောင်အကြောင်းပြချက် တစ်ခုအနေနဲ့ ပြောလိုက်တာလို့ ထင်ထားတာ၊ အမှန်တရားလို့ လုံးဝမထင်ခဲ့မိဘူး… သခင်မလေးရှဲ့ ကျွန်တော်တို့ရဲ့ သခင်လေးနဲ့ တွေ့ပေးဖို့ တောင်းဆို လို့ရမလား?"

ယခုလို အခြေအနေမျိုးတွင် အချို့မေးခွန်းများမှာ မေးရန် မသင့်တော်ချေ။ ပတ်ဝန်းကျင်မှ ကြားရန် သင့်တော်သော စကားများလည်းမဟုတ်ပေ။ ထိုအထဲတွင် သခင်လေး၏ ကိုယ်ရံတော်များလည်း အပါဝင် ဖြစ်သည်။

ထိုသခင်လေး ဆိုသူသည် သာမန်လူ ဖြစ်ပုံမပေါ်။ တော်ဝင်မျိုးနွယ်ဖွား ဖြစ်ရမည်။

ထိုသို့မဟုတ်လျှင်တောင် တော်ဝင်မျိုးနွယ်နှင့် ပတ်သက်မှု ရှိလိမ့်မည်။

ရှီးဖန်မြို့‌တွင်  တော်ဝင်မိသားစု၏ အာရုံစိုက်ခံရ ထိုက်လောက်သောအရာတစ်ခုမျှ မရှိပေ။ ရှိခဲ့လျှင်တောင် ဤနေရာရှိ ကျောက်စိမ်းများသာ ဖြစ်လိမ့်မည်။

လွန်ခဲ့သည့် တစ်နှစ်ခွဲကျော်က အဖြစ်အပျက်ကြီးတစ်ခုတော့ ရှိသည်။

ထိုအဖြစ်အပျက် မှာလည်း ကျောက်စိမ်းနှင့်သာ ဆက်စပ်နေသည်မို့…

လွန်ခဲ့သော တစ်နှစ်ခွဲခန့်က မပြီးပြတ် သေးသော ကိစ္စတစ်ခုကို စုံစမ်းရန် ထိုသခင်လေးက ဤနေရာသို့ ရောက်ရှိ နေခဲ့သည်ဖြစ်ကြောင်း သိရန် မခက်ခဲချေ၊၊

ထို့ကြောင့် အစပိုင်းတွင် ရှဲ့‌ချောင်မှ ရုပ်အလောင်း၏ ပုံစံနှင့် ပတ်သက်၍ တစ်စုံတစ်ရာ ထူးပြီး ပြောကြားခဲ့ခြင်း မရှိတာဖြစ်သည်။ ဖေဝမ်ယွဲ့မှာ ကြောင့်သာ မမျှော်လင့်ပဲ ဖြစ်လာခဲ့ရခြင်း ဖြစ်သည်။

ရှဲ့‌ချောင် ခေါင်းညိတ် လိုက်သည်။

နန်းတွင်းသက်တော်စောင့်ကျို့လည်း ဝမ်းသာ အားရဖြစ်သွားပြီး သူမအား အမြန်ဖိတ်ခေါ် လိုက်သည်။

တည်းခိုခန်း၏ အကောင်းဆုံး အခန်းတစ်ခုတွင် ဂုဏ်သရေရှိ ဧည့်သည်တစ်ဦး ရှိနေသည်။

ကျောက်ရွှမ်ကျင်းမှာ ဤမိန်းကလေးရှဲ့အားအချိန်တိုတိုအတွင်း အကြိမ်များစွာ တွေ့ရလိမ့်မည်ဟု မမျှော်လင့်ခဲ့ပေ။

"ထိုင်ပါဦး မိန်းကလေးရှဲ့" ကျောက်ရွှမ်ကျင်းက မိန်းကလေးရှဲ့ ၏ ခန္ဓာကိုယ်ထပ်၍ အားနည်း လာမည်ကို စိုးရိမ်ဟန်ဖြင့် ထိုင်ခိုင်း လိုက်သည်။

"ဘာများ မေးချင်လို့လဲ?" ရှဲ့ချောင်သည် တည့်တိုး ဆန်သည်။ ယခင်အတိုင်းပင် ယုံကြည်မှု ပြည့်ဝ နေဟန် ရှိနေသည်။

"မိန်းကလေးရှဲ့ မင်းရဲ့ တွက်ချက်မှု တွေက လုချွမ်လင်းရဲ့ အလောင်းကို ရှာတဲ့ နေရာကကွက်တိပဲမို့ ကိုယ်မင်းဆီက အကူညီလေးများတောင်းလို့ ရနိုင်မလားလို့ပါ။" ကျောက်ရွှမ်ကျင်း ပြောသည်။

ဒီနယ်ပယ်တွင် သူ မည်သို့ လုပ်ဆောင် ရမည်ကို ကောင်းစွာ သိပုံရသည်။ စင်စစ်မှာ ထိုလူသည် အလွန် ရက်ရောသူလည်းဖြစ်သည်။ဒီတစ်ခါ တွင်တော့ ငွေစ၂၀ စီ တန်ဖိုးရှိသည့် ငွေတုံးများကို ထုတ်ယူ လိုက်သည်။ စုစုပေါင်း ၁၀တုံးရှိသည်။

"တစ်ခုခုကို ရှာနေတာလား?"ရှဲ့ချောင် က မေးလိုက်သည်။

"မှန်တာပေါ့၊ မင်းကတော်တာပဲ မိန်းကလေး။" ကျောက်ရွှမ်ကျင်း သူ့ရင်ထဲမှ လာသော စကားနှင့် ဆန့်ကျင်စွာ အဓိပ္ပာယ်မဲ့သော ချီးမွမ်းစကားကို ပြောလိုက်သည်။

“အဲဒါက လွယ်လွယ်နဲ့ ပြီးမှာ မဟုတ်ဘူး။" ရှဲ့ချောင် ငြင်းလိုက်သည်။

ကျောက်ရွှမ်ကျင်း မွန်းကြပ် သွားသည်။ "မင်းဆိုလိုတာက...အဲဒါကို...ရှာလို့ မတွေ့နိုင်ဘူးပေါ့။"

“ရှာရတာတော့ မခက်ပါဘူး၊ ဒါပေမယ့် အဲ့အရာက ရက်စက်လို့ပါ။  ရှာလိုက်ရင် ကောင်းကျိုး တစ်စုံတစ်ရာ မပေးနိုင် လို့လည်းပါတယ်။ နောက်ပိုင်းမှာ တကယ့် ပြသနာ ကြီးကြီးမားမား တွေနဲ့ ရှုပ်လာလိမ့်မယ် ဆိုရင်ရော နောင်တ ရမှာလား။" ရှဲ့ချောင် ဖြည်းညှင်းစွာ ပြောလိုက်သည်။

ကျောက်ရွှမ်ကျင်းသည် အစပိုင်း၌ သူမအား အပြည့်အဝ မယုံကြည် ခဲ့ပေ။ အစောကကိစ္စသည်လည်း တိုက်ဆိုင်မှု တစ်ခုသာ ဖြစ်လိမ့်မည်ဟု သူ့ စိတ်ထဲတွင် စွဲနေခဲ့ ခြင်းပင်။

သို့သော် သူမအသံကို ကြားလိုက် ရသည်နှင့် သူ အလွန် အံ့အားသင့် သွားခဲ့သည်။

"မိန်းကလေးရှဲ့။ အမှန်တိုင်း ပြောရရင် ကျုပ်ရှာနေတဲ့ အရာက...”

"နေပါဦး၊ ခဏလေး" ရှဲ့ချောင် ရုတ်တရက်ပြောလိုက်သည်။ ငိုရမလား၊ ရယ်ရမလားသူမ မသိပေ။

"အဲဒါက ဘာတွေ ဘယ်လိုဆက်စပ် နေလဲ မသိချင်ဘူး။ များများသိလေဒုက္ခများလေပဲ။"

•••••••••

All Chapters