တည်နေရာကို ရှာဖွေရန် ဆဋ္ဌဂံကားချပ်အားအသုံးပြု၍ တွက်ချက်ခြင်း
Vol. 3 Ch. 31
'တစ်ချို့အရာများတွင် နက်ရှိုင်းစွာ ပါဝင်ပက်သတ်နေခြင်းထက် လျစ်လျူ၍ ပျော်ရွှင်စွာ နေထိုင်ခြင်းက ပို၍ ကောင်းသည်ပင်။'
'သေသွားတာ ကြာပြီဖြစ်တဲ့ သခင်ကြီးလုနဲ့ သူ့ရဲ့ အစေခံတွေ ကိစ္စ မဟုတ်လား?'
ရှီးဖန်မြို့သည် ယခုအချိန်တွင် ကျောက်စိမ်းတောင်များဖြင့် ဝန်းရံထား၏။
'ထိုအရာများသည် ရိုးရိုးကျောက်တုံးများ မဟုတ်ပေ။ ထိုကျောက်တုံးတွေကို ရောင်းပါက ပိုက်ဆံရ နိုင်သည်။ လူများသည် ပိုက်ဆံ အလွယ်တကူရနိုင်မည့် အခွင့်အရေးကို ဘယ်လိုလုပ် လက်လွတ် ခံကြမလဲ?'
ခရိုင်တရားသူကြီးသည် သခင်ကြီးလုအား သတ်ခဲ့သည့် လူသတ်တရားခံပင်။
'သို့သော် သူမသည် ခရိုင်တရားသူကြီး၌ ထိုသို့သော ရဲလွန်းသည့် သတ္တိရှိမည်၊ ထိုတရားသူကြီးနှင့် အစောင့်များသာ ထိုဖြစ်ရပ်တွင် ပါဝင်ပက်သတ် နေမည်ကို မယုံကြည်ပေ။'
'စိတ်မကောင်းစွာဖြင့် သူမသည် လူမည်မျှ ပါဝင် နေသည်ကို မပြောနိုင်ပေ။'
'ပါဝင်ပက်သတ်နေသူ အားလုံးသည် သူတို့ ပုန်းကွယ်နေသည်ကို လုံခြုံစေရန် မည်သည့်အရာမဆို လုပ်ဆောင်မည် ဖြစ်သည်။'
ကျောက်ရွှမ်ကျင်းသည် ငြင်းပယ်ခံရခြင်းနှင့် အနည်းငယ် နေသားမကျသေးပေ။ သူ၏ ဦးခေါင်းအား ဖြည်းညင်းစွာ ယမ်းလိုက်သည်။
ထို့နောက် ပြန်၍ ငြိမ်သက်သွားပြီး သူ၏ ချောမောလှသော မျက်နှာပေါ်၌ အပြုံးတစ်ခုဖြင့် "မင်းရဲ့ ညွှန်ပြချက် အတွက် ကျေးဇူးတင်ပါတယ်။ ဒါပေမဲ့ ဒီအရာတွေက ကိုယ့်အတွက် အရမ်း အရေးကြီးတယ်။ မင်း ကိုယ့်ရဲ့ သံသယတွေကို ကူညီရှင်းပေးဖို့ မျှော်လင့်ပါတယ်။"
ရှဲ့ချောင်သည် သူမ၏ နဖူးအား ပွတ်သပ် လိုက်သည်။
'သူက ကလေးဆန်ပြီး မရင့်ကျက် သေးတာလား?'
'သူ့ရဲ့ မြင့်မြတ်တဲ့ ရုပ်ရည်သွင်ပြင်ကို ဖြုန်းတီးနေတာပဲ။ သူက အဲ့တာကို ဘယ်လို မြတ်နိုးရမလဲ ဆိုတာ မသိဘူး။ ဒီမကောင်းတဲ့ ကိစ္စကိုပဲ မရမကကို လိုက်ချင်နေတယ်။ ဒါက သူ့ကို သေစေနိုင်တာကို။'
"ဒါဆိုလည်း ကောင်းပြီလေ။" ရှဲ့ချောင်သည် ငွေတုံး ကို တစ်တုံးချင်း သူမ၏ အိတ်ထဲသို့ သိပ်ထည့်နေသည်။
သူငယ်ငယ်ရွယ်ရွယ်နှင့် သေသည်က သူမ၏ ကိစ္စ မဟုတ်ပေ။
ငွေများအားလုံး သူမ၏ အိတ်ထဲသို့ ထည့်ပြီးသောအခါ ရှဲ့ချောင်သည် အလုပ်လုပ်ခြင်းအား စတင်ခဲ့သည်။
သူမသည် ကျောက်ရွှမ်ကျင်းအား စာရွက် တစ်ရွက် ရှာပေးရန် ပြောလိုက်သည်။
"ကျေးဇူးပြုပြီး တစ်ခုခု ရေးပေးပါ။" ဟု ရှဲ့ချောင်က ပြောလိုက်သည်။
"တွေ့ရှိသည်?" ကျောက်ရွှမ်ကျင်းသည် ဤအရာသည် စိတ်ဝင်စားဖို့ ကောင်းသည် ဟု တွေးမိသည်။ " "တွေ့ရှိသည်" လို့ ရေးလိုက်ရုံနဲ့ ပစ္စည်းတွေရဲ့ တည်နေရာကို ပြပေးနိုင်လို့လား?"
သို့သော်လည်း သူသည် မလွှဲသာတော့ပဲလက်ရေးလှ စုတ်တံအား ကောက်ယူလိုက်သည်။ ခဏကြာ တုန့်ဆိုင်းနေ ပြီးနောက် သူသည် သူ၏ စုတ်တံအား စာရွက်ပေါ်တွင် ဖြည်းညှင်းစွာ ရွှေ့လိုက်သည်။ သူ့၏ ခေါင်းထဲ၌ ဗလာ ဖြစ်နေသည်။ နှစ်ကြိမ်ထက်ပို၍ အသက် ရှုပြီးနောက် သူသည် 'တွေ့ရှိသည်' ဟူသော စကားလုံးအား ရေးခဲ့သည်။
"တုန့်ဆိုင်းနေပြီး စိတ်အနှောက်အယှက် ဖြစ်တဲ့ အပြုအမူနဲ့ ရေးတာက အငြင်းပွားမှုတွေကို အစပျိုးစေတဲ့ ထင်ရှားတဲ့ လက္ခဏာ ပဲ။ သခင်လေး ရှင့်မှာ ချောမွေ့တဲ့ စတင်မှု ရှိတယ် ဆိုတာ ကျွန်မ သတိထားမိတယ်။"
ရှဲ့ချောင်သည် ဖြည်းညှင်းစွာ မျက်မှောင်ကြုတ် လိုက်သည်။
သူမသည် ပြောပြီးသာအခါ ပြတင်းပေါက် အပြင်ဘက်ရှိ ကောင်းကင်အား ကြည့်လိုက်သည်။ ထို့နောက် ဆဋ္ဌဂံကားချပ်အားအသုံးပြု၍ တွက်ချက်ခဲ့သည်။
"အစက်လေးတစ်စက်က လေထဲမှာ တဝဲလည်လည် ဖြစ်နေပြီး မကြာခင် ဖုန်မှုန့် အဖြစ်ကို ပြောင်းလဲသွားမယ် လို့ ဆိုလိုတယ်။ မျဉ်းဖြောင့် သုံးကြောင်းက ရေရဲ့နာမည်နဲ့ ဆက်စပ်နေတယ်။ ဒေါင်လိုက်မျဉ်း တစ်ကြောင်းက အေးနေတဲ့သစ်သား ကို ဆိုလိုပြီး အလယ်မှာရှိတဲ့ အလျားလိုက်မျဉ်းကတော့ အိတ် ထဲမှာ ရွှေရှိတယ်လို့ ဆိုလိုတယ်။ အစက်ရဲ့ ဘေးမှာရှိတဲ့ စုတ်ချက် ကတော့ မီးတောက် လို့ ဆိုလိုတယ်။" ရှဲ့ချောင် သည် တီးတိုး ပြောလိုက်သည်။ "ဒြပ်စင်ငါးခုကို သတ်မှတ်ပြီးပြီ ဆိုတော့ ရှင့်ရဲ့ မေးခွန်းကိုလည်း ဖြေရှင်း နိုင်သွားပြီ။"
ထို့နောက် သူမသည် လိပ်ခွံ့နှင့် ကြေးဒင်္ဂါးပြား များကို ထုတ်၍ ၎င်းတို့အား ဟိုရွေ့ဒီရွေ့ ပြုလုပ်ခဲ့သည်။
"မီးဒြပ်စင်က သစ်သားဒြပ်စင်နဲ့ ဖုံးအုပ် နေခဲ့မယ် ဆိုရင် ဒါက စွမ်းအင်ရဲ့ သင်္ကေတ ဖြစ်တယ်။ ဒီ ဒြပ်စင်နှစ်ခုက ရွှေဒြပ်စင်နဲ့ သဟဇာတ ဖြစ်မယ် ဆိုရင်တော့ ရှင် ဒီပစ္စည်းကို မကြာခင်မှာပဲ ရှာတွေ့လိမ့်မယ်။"
ကျောက်ရွှမ်ကျင်းသည် ရှဲ့ချောင်ပြောသည့် စကားများအား နားမလည်ခဲ့သလို နန်းတွင်း သက်တော်စောင့် ကျို့လည်း နားမလည်ခဲ့ပေ။
နှစ်ယောက်လုံး စိတ်ထဲရှုပ်ထွေး နေကြသည်။
"မိန်းကလေး ရှဲ့ အဲ့တာကို ပိုနားလည်လွယ်အောင် ပြောပြ ပေးလို့ရမလား?"
"မီးဒြပ်စင်က ရှင်တို့ ရှာချင်တဲ့ ပစ္စည်းကို ကိုယ်စားပြုတယ်။ သစ်သားဒြပ်စင်က အဲ့ပစ္စည်းရဲ့ တည်နေရာကို ကိုယ်စားပြုတယ်။ ကျွန်မတို့ အဲ့ဒီ ဒြပ်စင် နှစ်ခု ကြားမှာ ချိတ်ဆက်မှု တစ်ခု ပြုလုပ်နိုင်ရင် အဲဒီပစ္စည်းကို ရှာတွေ့မှာ သေချာတယ်။ 'တွေ့ရှိသည်' ဆိုတဲ့ စာလုံးကို ရေးလိုက်ရင် အလုံးစုံသော ဒြပ်စင် ငါးမျိုးလုံး တည်ရှိပြီး အဲ့တာက ကိုက်ညီတယ်လို့ ယူဆလို့ ရတယ်။ပစ္စည်းက ရွှေဒြပ်စင်ရဲ့ နေရာမှာ ဖုံးကွယ်ခံထားရတယ်။ အဲဒီအရာက အနောက်ဘက်နဲ့ တောင်ဘက်ကို နည်းနည်း ညွှန်ပြနေတယ်။"
"အနောက်တောင်အရပ် ကိုလား?" ကျောက်ရွှမ်ကျင်း မျက်မှောင် ကြုံ့လိုက်သည်။ "ဒါက သိပ် မတိကျဘူး။ ပစ္စည်းကို ရှာဖွေဖို့ လွယ်ကူမှာ မဟုတ်ဘူး။"
"သခင်ငယ်လေး ရေးလိုက်တဲ့ စာလုံးကို သတ်မှတ်ထားတဲ့ အချိန်၊ အဖြစ်အပျက်၊ စာလုံး အရွယ်အစား နဲ့ ဒြပ်စင်ငါးခုရဲ့ အချိုးအစားကို အခြေခံပြီး ဆဋ္ဌဂံပေါ်မူတည်ပြီး တွက်ချက်လို့ ရတယ်။ နောက်ဆုံးမှာတော့ ကြွယ်ဝ ချမ်းသာမှုက ပြောင်းလဲနေပြီ ဆိုတာ ဆဋ္ဌဂံ က ဖော်ပြနေတယ်။ ဒီပစ္စည်းကို အုတ်နံရံ အပျက်အစီး တွေထဲမှာ ဖွက်ထားတာ ဖြစ်ရမယ်။"
ရှဲ့ချောင်သည် သူမ၏ တွက်ချက်မှုများအား တစ်ဆင့်ချင်းစီ ချရေးရန် ဆန္ဒမရှိပေ။
'တွေ့ရှိသည်' ဆိုသော စကားလုံးသည် ရိုးရှင်းကောင်း ရိုးရှင်း နိုင်သည်။ သို့သော် ၎င်း၏ အလျားလိုက်နှင့် ဒေါင်လိုက် စာရိုက်ချက်များကို ထည့်သွင်း စဉ်းစားခြင်းသည် တစ်ခုတည်းသော အကြောင်းပြချက် မဟုတ်ပေ။
ဥပမာအားဖြင့် 'တွေ့ရှိသည်' ဆိုသော စာလုံးအား ရေးသောအချိန်၊ ရိုက်ချက် တစ်ခုစီမှ ညွှန်ပြသော မှတ်ယူချက်များနှင့် ဦးတည်ရာများ နှင့် တစ်ခုနှင့် တစ်ခု ဆန့်ကျင်ဘက် သို့မဟုတ် ဖြည့်စွက်မှုများ ဖြစ်သော ဒြပ်စင်များ၊ အကယ်၍ ရိုးရှင်းသော 'တွေ့ရှိသည်' ဆိုသည့် စာလုံးလေး တစ်လုံးမျှသာဆိုလျှင် သူမသည် ဆဋ္ဌဂံ အချို့အား တွက်ချက်နိုင်မည် ဖြစ်သည်။ သို့သော်လည်း ရရှိလာသော ရလဒ်များမှာလည်း ယျေဘုယျ သာဖြစ်မည်။
"အနောက်တောင် အရပ်မှာရှိတဲ့ အုတ်နံရံ အပျက်အစီးတွေ ကြားမှာ?" ကျိုးရှစ်ဝေ နိဂုံး ချုပ်လိုက်သည်။
"အဲ့တာက လက္ခဏာတွေအားလုံး ညွှန်ပြနေတဲ့ နေရာပဲ။" ရှဲ့ချောင်သည် ခေတ္တခဏ စဉ်းစားပြီးနောက် "အနောက်တောင် အရပ်မှာ စွန့်ပစ်ထားတဲ့ ရွာဟောင်း တစ်ခုရှိတာ မှတ်မိတယ်။ အဲ့ရွာက မိုင်းတွင်း နဲ့ တော်တော်လေး နီးတယ်။ အဲ့ဒါကြောင့် ရွာမှာနေတဲ့ လူတွေက အဝေးကို ရွှေ့ပြောင်းသွား ကြတာ။ ရွာက စွန့်ပစ်ခံထားရတာ တော်တော် ကြာနေပြီ။ ဖြစ်နိုင်တယ်..ရှင်တို့ အဲ့နေရာမှာ သွားရှာကြည့်။" ဟု ပြောလိုက်သည်။
ငွေယူ ပြီးနောက် ရှဲ့ချောင်သည် သူမ တွေးမိသမျှကို ထုတ်ပြော နိုင်ခဲ့သည်။
••••••••