၎င်းအား မကိုင်တွယ်နိုင်ခြင်း
Vol. 3 Ch. 32
ကျောက်ရွှမ်ကျင်း၏ မျက်လုံးများ ဝင်းလက်လာခဲ့သည်။
သူတို့သည် ပစ္စည်းအား ထိုနေရာတွင် ရှာဖွေရန် မစဉ်းစားမိခဲ့ကြပေ။
"ကျေးဇူးတင်ပါတယ် မိန်းကလေး" ကျောက်ရွှမ်ကျင်းက ပွင့်ပွင့်လင်းလင်း ပြောလိုက်သည်။
"အလောင်းရဲ့ အုတ်ဂူထဲကို မြေကြီးတစ်ဆုပ်လောက် ပစ်ပေးပြီး သူ့ကို အရိုအသေ ပေးသင့်တယ် လို့ မင်း စောစောက ပြောခဲ့တာကို သတိရတယ်။"
"ဟုတ်တယ်။" ရှဲ့ချောင်က ခေါင်းငြိမ့် လိုက်သည်။ "ဒါဆို ရှင် အသုဘပစ္စည်းတွေ ဝယ်ပေး သင့်တယ်။ သူ အဲ့တာကို ကြိုက်မှာပါ။"
ပိုက်ဆံအား မကြိုက်သောသူ မည်သူ ရှိမည်နည်း။ အသက်ရှင်တဲ့လူတွေက ပေါများ ကြွယ်ဝခြင်းကို နှစ်သက်ကြသလို သေတဲ့လူတွေကလည်း ကြိုက်နှစ်သက် ကြသည်လေ!
ကျောက်ရွှမ်ကျင်း၏ မျက်ဆံများ လှုပ်သွားခဲ့သည် "သူ?"
"မင်း မကောင်းဆိုးဝါး ဝိဉာည်ကို အာရုံ မခံနိုင်ခဲ့ရင်ရော?" ကျောက်ရွမ်ကျင်းသည် သူ၏ နောက်ကျောဘက်မှ ရုတ်တရက် အေးစက်မှု တစ်ခု ခံစားလိုက်ရသည်။
"ရှင် ဘာလို့ လူတွေကို ကြောက်လန့်အောင် လုပ်နေတာလဲ? ကျွန်မကြောက်နေပြီ ကျွန်မ မ...အဟွတ်...အဟွတ်...။" ရှဲ့ချောင်က မျက်မှောင်ကြုံ့ လိုက်သည်။
ကျောက်ရွှမ်ကျင်း၏ ပတ်လည်ရှိ လူများသည်လည်း စိတ်သက်သာရာ ရသည့်ပုံဖြင့် သက်ပြင်းချလိုက်သည်။
ဆိုလိုသည်မှာ သူမ ဘာတစ်ခုမျှ မမြင်ရပါ။
သို့သော် ထိုအခိုက်အတန့် အတိအကျတွင် ရှဲ့ချောင်သည် သူမ၏ ဦးခေါင်းအား စောင်းလိုက်ပြီး တစ်စုံတစ်ယောက်မှ မရှိသော ထောင့်အား လှည့်ကြည့်လိုက်သည်။ အကြည့်ထဲ၌ ထိုနေရာတွင် လစ်လပ်နေသည့်ပုံ မပေါ်ပေ။
တစ်ဖွဲ့လုံး အေးစက်သွား ကြသည်။ လေအေးများသည် သူတို့အား ဖြတ်ကာ တိုက်ခတ် သွား၏။
"ထွက်ခွာကြမဲ့ အချိန်ရောက်ရင် ကျွန်မကို သတိပေးပါ။" ရှဲ့ချောင် ပြောလိုက်သည်။ ထို့နောက် သူမသည် မတ်တပ်ရပ်၍ ထွက်ခွာသွားခဲ့သည်။
ကျောက်ရွှမ်ကျင်း၏ မျက်နှာသည် စိုးရိမ် ပူပန်မှုဖြင့် ရှုပ်ထွေး နေသည်။ သို့သော် သူ့၏ မျက်နှာမှာ မြင့်မြတ်၍ ဂုဏ်သိက္ခာရှိစွာ ရပ်တည် နေသည့်အတိုင်း ငြိမ်သက်နေသည်။
နန်းတွင်းသက်တော်စောင့်ကျို့ သည် ဆက်၍ သည်း မခံနိုင်တော့ပေ။ သတိပေးသည့် သဘောဖြင့် သူ့၏ မျက်ခွံ့များမှာ လှုပ်နေသည်။
"သခင်လေး"
"ပေကောင်းတစ်ခုက တူကို မကြောက်ဘူး။"
"မင်း ဘာအမှားမှ လုပ်မထားရင် ဘာကိုမှ ကြောက်စရာ မလိုဘူး။"
ကျောက်ရွှမ်ကျင်းသည် ထိုစကားစု နှစ်စုကို ပြောပြီး ငြိမ်သက် သွားခဲ့သည်။
နန်းတွင်းသက်တော်စောင့်ကျို့သည် မဆိုင်မတွပင် ခေါင်းငြိမ့်လိုက်ပြီး "မှန်ပါတယ် သခင်လေး။ ကျွန်တော် ကျွန်တော့်ရဲ့ အကန့်အသတ်ကို ကျော်သွားမိပါတယ်။"
သခင်လေးသည် သူ၏ ဂုဏ်ပုဒ်နှင့် အမှန်တကယ်ပင် ထိုက်တန်ပါ၏။ လက်ဆုပ် လက်ကိုင် မပြနိုင်သော အရာများသည် သူ့အတွက် အရေးမကြီးပေ။ တစ္ဆေများ အမှန်တကယ်ပင် ရှိနေစေကာမူ သခင်ငယ်လေးသည် သူ့၏ နေရာမှာပင် ရပ်နေအုံးမည် ဖြစ်သည်။ သူသည် ထိုနေရာတွင် အမြဲတမ်းပင် ရှိနေလိမ့်မည်။ သူသည် ဘေးပတ်လည်ရှိ ဂနာမငြိမ်သော လူများ၏ အဆင့်အောက် ငုံ့ခံမည်မဟုတ်သည်မှာ အသေအချာပင်ဖြစ်သည်။
နောက်တစ်နေ့ နေမထွက်မှီပင် ရှဲ့ချောင်သည် ဦးတည်ရာသို့ ထွက်သွားသည်။
သူတို့သည် မင်္ဂလာရှိသော နေရာသို့ ရောက်သောအခါ ရှဲ့ချောင်သည် ပူဇော်မည့် ပစ္စည်းများအား ပြင်ဆင်ခဲ့သည်။ ထို့နောက် သူမသည် ရေရွတ်ခြင်းကို စတင်ခဲ့သည်။
မြေမြှုပ်ခြင်း အခမ်းအနားသည် ရှုပ်ထွေးခြင်း မရှိပေ။ ရှဲ့ချောင်သည် အရပ်ငါးမျက်နှာသို့ ဆုတောင်းပြီး တန်ခိုးကြီးသူများအား အမှား မပြုလုပ်မိစေရန် လမ်းကြောင်း ရှင်းပေးရန်အတွက် နတ်ဘုရားများအား တောင်းဆိုရန် လိုအပ်ခဲ့သည်။ ဆိုးယုတ်ခြင်းမှ ကင်းဝေပြီး ကံကောင်းမှုများသာ ကြုံတွေ့၍ သူသည် သေဆုံးပြီးနောက် ဂုဏ်ကျက်သရေ ရှိစွာ မွေးဖွားလာပြီး သူ့၏ မိသားစုသည် တိုးတက် အောင်မြင် ကြီးပွားစေရန် သူမ ဆုတောင်းပေး ခဲ့သည်။ ဆုတောင်းခြင်းများနှင့် မြေကြီးအား တူးပြီးနောက် သူတို့သည် အခေါင်းအား မြေကြီး အတွင်းသို့ အခက်အခဲမရှိ၊ အန္တရာယ်မရှိ ထည့်သွင်း နိုင်ခဲ့သည်။
အမှန်တကယ်တွင် မြှုပ်နှံ သင်္ဂြိုဟ်ခြင်းနှင့် စပ်လျဉ်း၍ စည်းမျည်း၊ စည်းကမ်း များစွာ ရှိသည်။
ရှဲ့ချောင်သည် ရိုးရာဓလေ့မှ အဆင့်များစွာကို ဖယ်ရှားခဲ့သည်။
အရပ်ငါးမျက်နှာတွင် ဆုတောင်းပြီးနောက် သူမသည် သံလိုက် အိမ်မြှောင်ပေါ်၌ ညွှန်ပြ နေရာတွင် မြေတူး၍ အခေါင်းအား ဖုံးအုပ်လိုက်ကာ သံချွန်ရိုက်၍ ပိတ်လိုက်သည်။
တစ်ဆင့်ချင်းစီတွင် ရွတ်ဆိုရန် တွဲဖက်ထားသည့် ကိုယ်ပိုင်ကာရံရှိ၏။ ရှဲ့ချောင်သည် ၎င်းတို့အား ရွတ်ဆိုရန် တာဝန်ရှိခဲ့သည်။
ကျောက်ရွှမ်ကျင်းနှင့် အခြားသူများသည် ရှဲ့ချောင် တီးတိုးရွတ်ဆို နေသည်မှာ အဓိပ္ပာယ် မရှိဟုသာ ခံစားရသည်။
သို့သော်လည်း သူတို့မမြင်နိုင်သောအရာမှာ သူတို့၏ ဘေးနားရှိ မကောင်းဆိုးဝါးဝိဉာဉ် သည် ထိုသို့ပြုလုပ် နေခြင်းအား နှစ်သက်နေခြင်းပင် ဖြစ်သည်။ သူ့၏ ဘေးပတ်လည်ရှိ လေထုမှာလည်း ယခင်က မနှစ်မြို့ဖွယ် ကောင်းသော အမှောင်ထုသည် အနည်းငယ် ပို၍ ကြည်လင် လာခဲ့သည်။
"သခင်လေး မိန်းကလေးရှဲ့ ရဲ့ ကျန်းမာရေးက ကောင်းပုံ မပေါ်ဘူး? သူမရဲ့ မျက်နှာကို ကြည့်လိုက်ပါအုံး။ ဖြူလျော့နေပြီး နီးဆွေးဆွေး ဖြစ်နေသလိုပဲ။" နန်းတွင်းသက်တော်စောင့်ကျို့ မကူညီနိုင်သော်လည်း ညည်းတွား လိုက်သည်။
ကျောက်ရွှမ်ကျင်း၏ မျက်ခုံးများပင့်သွားသည်။
သူမသည် နေမကောင်းပုံ ပေါ်နေကာ အချိန်မရွေး ပြိုလဲ သွားနိုင်သည်ပင်။
"ရှင်ကလွဲပြီး လူတိုင်းက မြုပ်နှံဖို့ အတွက် မြေကြီးတစ်ချို့ ကော်ပေးရမယ်။" ရှဲ့ချောင်သည် ကျောက်ရွမ်ကျင်းအား တစ်ချက် ဝေ့ကြည့် လိုက်သည်။
"ဘာလို့ ငါကလွဲပြီးလဲ?" ကျောက်ရွှမ်ကျင်းက မေးလိုက်သည်။
"ရှင့်ရဲ့ အခြေအနေက မတည်ငြိမ်ဘူး။"
"ရှင် လုပ်လိုက်ရင် သူ အဲ့တာကို ကိုင်တွယ် နိုင်မှာ မဟုတ်ဘူး။"
ကျောက်ရွှမ်ကျင်း သည် ရုတ်တရတ် စကားပြောနေရာမှ ရပ်တန့်သွားခဲ့သည်။
ထိုမိန်းကလေးသည် သူ၏အထောက်အထားများအား ထုတ်ဖော်မလားဆိုသည်အား ယခုတွင် သူသိချင်မိသွားသည်။
သို့သော် သူမ သိနေခဲ့လျှင်ပင် သူမ၏ ကိုယ်နေကိုယ်ထား အမူအရာမှာ လွန်စွာ အေးဆေး နေသည်။ သူမသည် လေးစားစရာ ကောင်းသော်လည်း ရိုးသားခြင်း မရှိပေ။ သူမသည် သူ့အား ကွဲပြားစွာ ဆက်ဆံ နေသည့်ပုံတော့ မပေါ်ပေ။
အနည်းငယ် ဗျာ များခြင်းများနှင့် သူတို့သည် အခမ်းအနားအား ပြီးစီးခဲ့သည်။
နောက်ဆုံးတွင် ကျောက်ရွှမ်ကျင်းနှင့် သူ့၏ အပေါင်းအဖော်များသည် စတင် ထွက်ခွာရန် အဆင်သင့် ဖြစ်နေခဲ့သည်။ သူတို့သည် ဝန်လေးစွာဖြင့် ထွက်ခွာမည့်ပုံ ပေါ်နေသည်။
"မိန်းကလေးရှဲ့ မင်းမှာ ပြောစရာ တစ်ခုခု ရှိသေးလား?" ကျောက်ရွှမ်ကျင်း မေးလိုက်သည်။
ဤအမျိုးသမီး သာ သူ၏ ခရီးစဉ်တွင် လိုက်ပါနိုင်လျှင်..
"ဘာမှ မရှိပါဘူး။ တကယ် ဘာမှ မရှိတော့ပါဘူး။ ဒီလို အချိန်မှာတော့ မလိမ်ပါဘူး။"
ရှဲ့ချောင်က သူမ၏ ခေါင်းအား ယမ်းလိုက်၏။
••••••••