လမ်းခင်း ထားခြင်း
Vol. 3 Ch. 34
သူမသည် အလောင်းအား သယ်ရန် တိုက်တွန်း ခံရပြီးနောက် အခန်းသို့ ရောက်သောအခါ မရပ်မနား ငိုကြွေး နေခဲ့သည်။ သူမသည် ငိုကြွေးလွန်း၍ ပင်ပန်းလာမှ အိပ်ပျော်သွားခဲ့သည်။ သို့သော်လည်း သူမသည် ထိုညက ကောင်းစွာ အိပ်မပျော်ခဲ့ပေ။
ပဟေဠိဆန်သော အိမ်မက်ဆိုးကို မက်ခဲ့ပြီး နောက် တစ်နေ့တွင် သူမ၏ အသားအရေမှာ မှောင်မိုက် သွားသည့်ပုံပင် ပေါ်နေခဲ့သည်။ သူမ၏ တစ်ကိုယ်လုံးအား မီးသွေးမှုန့်များဖြင့် ဖြူးထားသည် နှင့်ပင် တူသည်။ သူမမှာ ထူးကဲစွာပင် ဆိုးရွားနေသည့် ပုံပင်။
"အမေ ရှဲ့ချောင်က လွန်လွန်းတယ်။ အခုကတည်းက သမီးကို အနိုင်ကျင့်နေပြီ။ နောင် အနာဂါတ်ကျ ရှဲ့အိမ်တော် ရောက်တဲ့အချိန် သမီး ဘယ်လို ဆက်ရှင်သန်ရမှာလဲ? ဘာလို့ "ဖေ" အိမ်တော် ကို မပြန်တာလဲ?!" ရှဲ့ချောင် ဖမ်းမိသည့် သတင်းအား ကြားပြီးနောက် ဖေဝမ်ယွဲ့သည် သူမ၏ တည်ငြိမ် အေးဆေးမှု ပျောက်ကွယ် သွားခဲ့သည်။
သူမ၏ စိတ်အား မနေ့က တွေ့ခဲ့သော အရိုးစုကသာ သိမ်းပိုက် ထားသည်။
ထို့အပြင် မနေ့ညက မက်ခဲ့သော အိမ်မက်ဆိုး ရောပင်!
"ဘာလို့ အဓိပ္ပာယ် မရှိတာတွေကို လျှောက်ပြော နေတာလဲ? ဖေမိသားစုက အကြင်နာ ကင်းမဲ့တယ်။ အမေက သမီးကို ဘယ်လို ပြန်သွားခွင့် ပေးနိုင်မှာလဲ?!" သခင်မ လုသည် သူမ၏ လက်ချောင်းများအား ဖေဝမ်ယွဲ့၏ ပုခုံးပေါ်သို့ တင်ထားလိုက်သည်။
"သမီး ကိုယ့်ကို ပြန်ကြည့်ပါအုံး။ ရှဲ့အိမ်တော်ကိုတောင် မရောက်သေးတာကို အခုကတည်းက အရှုံးပေး လက်လျှော့ တော့မှာလား?"
"မေမေ သမီး ကြောက်နေပြီ။ မနေ့ည ကတည်းက တစ်ကိုယ်လုံးကို အအေးခံ ထားရသလိုပဲ။" ဖေဝမ်ယွဲ့ မြည်တမ်း လိုက်သည်။
"အဲ့ကောင်မလေးက တကယ့်ကို ဆိုးသွမ်းတယ်။ သူမ တာအိုဘုရားကျောင်းမှာ ဘာတွေသင်ယူခဲ့လဲ မသိဘူး!"
သခင်မလု သက်ပြင်းချ လိုက်သည်။ "သမီးရဲ့ အပြစ်လည်း ဟုတ်တယ်။ မနေ့တုန်းက တော်တော်မဆင်မခြင် ပြုမူခဲ့တယ်! သူမက လှတယ် လို့ တွေးနေတာကို အမေ သိပါတယ်။ အဲ့ဒါကလည်း သမီးတို့ နှစ်ယောက်ကြားက ယှဉ်ပြိုင်မှု တစ်ခု ဖြစ်လာမှာပဲ။ ဒါပေမဲ့သူမက ဘာပဲဖြစ်ဖြစ် အသက်ရှည်ရှည် နေရမှာမဟုတ်ဘူးလေ!"
ဖေဝမ်ယွဲ့သည် ခေတ္တခဏ တိတ်ဆိတ် သွားခဲ့သည်။
အသက် ရှည်ရှည် မနေရဘူး။ အသက် ၂၀ ထိရော၊ ၄၀ ထိရော ရှင်သန် နေထိုင်ရတာက ရှည်ကြာတဲ့ ဘဝ မဟုတ်ဘူး။
ရှဲ့ချောင် ဤနှစ်များအတွင်း ပျောက်ကွယ်သွား နိုင်စရာ အကြောင်းမရှိဘူး။ ဟုတ်တယ် မလား?
"ဝမ်ယွဲ့ အဲ့ဒီ့အကြောင်းကိုသာ တွေးကြည့်စမ်းပါ။ သူမ ဘယ်လောက်ပဲ ကောင်းကောင်း သူမရဲ့ ခန္ဓာကိုယ် မရှိတော့ရင် သူမကို ဘယ်သူကမှ စိတ်ထဲရှိမှာ မဟုတ်တော့ဘူး။ ဆန့်ကျင်ဘက် အနေနဲ့ဆိုရင် သူမ တော်လေလေ ရှဲ့မိသားစုရဲ့ ဂုဏ်သတင်းအတွက် ကောင်းလေလေပဲ။ အဲ့ဒါက သမီးဆီကို ပြန်လှည့် လာလိမ့်မယ်။ သူမက တော်တယ်ဆိုရင်တောင် အဲ့ဒါက သမီးအတွက် လမ်းခင်း ပေးထားတာပဲ မဟုတ်ဘူးလား?" သခင်မလုက ထပ်မံ၍ ပြောဆို လိုက်သည်။
ဖေအိမ်တော်တွင် သူမ၏ သမီးအား မည်သူကမျှ စိတ်ဝင်စားမှု မပေးကြပေ။ ထို့ကြောင့် သူမမှာ အကာကွယ်ခံရပြီး ညံ့ဖျင်းသော အမြင်များသာ ရှိခဲ့သည်။
ဖေ့ဝမ်ယွဲ့သည် သူမ၏ နှုတ်ခမ်းများအား တွန့်ရှုံ့လိုက်သည်။
သို့သော်လည်း လူတိုင်းသည် အကောင်းဆုံး ဖြစ်ခြင်ကြပြီး ဒုတိယ ရွေးချယ်ခြင်း မဖြစ်ချင် ကြပေ။
"မေမေ သမီး နေမကောင်းဘူး။ ချမ်းနေ ပြီးတော့ မူးဝေဝေလည်း ဖြစ်နေတယ်။" ဖေဝမ်ယွဲ့၏ အသားအရေမှာ ဒုတိယအကြိမ် ထပ်မံ၍ ဆုတ်ယုတ် သွားသည်။
သခင်မလုသည် ထိုသို့ ကြားရသောအခါ အထိတ်တလန့် ဖြစ်သွားခဲ့သည်။
ထို့နောက် သူမ သည် သတိထားစွာဖြင့် သူမ သမီး၏ နဖူးပေါ်သို့ ခံစားကြည့်ခဲ့သည်။
"သမီး ပူခြစ်နေတာပဲ။" သခင်မလုက မျက်မှောင်ကြုတ် လိုက်သည်။ "မနေ့က အထိတ်တလန့် ဖြစ်သွားတာကြောင့် ဖြစ်နိုင်တယ်။ ကံကောင်းလို့ မေမေတို့မှာ သမားတော် တစ်ယောက် ရှိတယ်။ သမီးကို ကြည့်ပေးဖို့ မေမေ ပြောလိုက်မယ်။"
သခင်မလုသည် ချက်ချင်းပင် သမားတော်အား သူမ၏ သမီးကို ကြည့်ရှု စေခဲ့သည်။
ထိုအရာမှာ သာမန် အအေးမိ၍ ဖျားခြင်း ဖြစ်သည်။ ပြသာနာ တော်တော်များများ မရှိခဲ့ပေ။
သို့သော်ငြားလည်း ဖေဝမ်ယွဲ့၏ ရောဂါ လက္ခဏာများမှာ ပို၍ ကြောက်စရာ ကောင်းလာ ခဲ့သည်။ သူမသည် တစ်နေ့၌ နေမကောင်းဖြစ်၍ နောက်တစ်နေ့တွင်ပင် လဲကျခဲ့သည်။
သမားတော်မှာ သူ့၏ နယ်ပယ်တွင် အရည်အချင်း ပြည့်ဝသည့်သူ ဖြစ်သည်။ ဖေ့ဝမ်ယွဲ့၏ အဖျားမှာ မမြင့်မား ခဲ့ပေ။ သူမမှာ မူးဝေခြင်းမှ မသက်မသာ ခံစားရပြီး ချမ်းစိမ့်စိမ့် ဖြစ်နေသောကြောင့် ရထားလုံးတွင်း နေခဲ့ပြီး အနားယူရန် လှဲလိုက်သည်။
သခင်မလု၏ မျက်နှာမှာ မည်းမှောင် နေခဲ့သည်။
"နန်းမြို့တော်ကို ရောက်ခါနီးရင် အမေတို့ ရပ်ကြမယ်။ သမီး နေပြန်ကောင်းမှပဲ ဆက်သွားကြမယ်။" သခင်မ လု၏ အမူအရာမှာ မိခင်ပီသ နေခဲ့သည်။
ထိုအချိန်တွင် ဖေဝမ်ယွဲ့မှာ အဖျားတက်၍ ကယောင်ကတမ်း ဖြစ်နေသော်လည်း သူမ၏ ဦးခေါင်းကို ယမ်းလိုက်ကာ "မေမေ အဲ့တာ ကောင်းမယ် မထင်ဘူး။ သမီးတို့ ရှေ့ကို ဆက်သွားသင့်တယ်။ နန်းမြို့တော်ကို မကြာခင် ရောက်ချင်တယ်။"
သူမ၏ အသံမှာ အားနည်း၍ ချည့်နဲ့နေသည်။ ထိုအခိုက်အတန့်၌ သူမသည် ရှဲ့ချောင်ထက်ပင် ပို၍ ချည့်နဲ့သည့်ပုံ ပေါ်နေသည်။
"ရှေ့ကို ဆက်သွားရမယ်? သမီးရဲ့ ခန္ဓာကိုယ်က ခံနိုင်ရည် ရှိရဲ့လား? ဘေးထွက် ဆိုးကျိုးတွေ ဖြစ်လာအောင် သမီး ပိုဆိုးအောင် မလုပ်သင့်ဘူး။" သခင်မလုမှာ ဗျာများလာသည်။
"အဆင်ပြေပါတယ် မေမေ။ သမီး အမေ့ရဲ့ အိမ်ကို မြန်မြန် သွားချင်တယ်။" ဖေ့ဝမ်ယွဲ့က ငြင်းဆို နေခဲ့သည်။
သူမသည် ထိုအရာအား စဉ်းစားကြည့်ပြီး ဖြစ်သည်။
သူမသည် ရှဲ့အိမ်တော်၌ လမ်းပျောက် နေသော ဒုက္ခသည် ကဲ့သို့ မမြင် စေချင်ပေ။
ယခုမူ သူမမှာ ဖျားနေပြီ ဖြစ်ပြီး ရှဲ့ချောင်မှ သူမအပေါ် ပြုလုပ်လိုက်သော ထိတ်လန့်မှုကြောင့် ဖြစ်သည်ဟု ရှဲ့တစ်မိသားစုလုံး သိကြမည် ဖြစ်သည်။ သူတို့၏ သနားကြင်နာမှုအား ထိုမှသာ ရရှိနိုင်သည်။
သခင်မလုသည် သူမ၏ သမီး တွေးတောနေသည့် အရာများအား မသိခဲ့ပေ။ သူမ တွေးထင်ခဲ့သည်မှာ သူမ၏ သမီးသည် ဤနှစ်များအတွင်း မည့်သူ့ထံမှ အားပေး ထောက်ပံ့မှု မရရှိခဲ့သောကြောင့် ဤကိစ္စ အပေါ်ငြင်းဆန်နေသည်ဟု တွေးနေခဲ့သည်။
သူမမှာ သူမ၏ စိတ်ထဲ၌ ဝမ်းနည်းစရာ အတွေးများ တွေး ပြီးနောက် နှလုံးမှာ နာကျင် လာခဲ့သည်။
သခင်မလုမှာလည်း ရှဲ့ချောင်အား စိတ်ထဲတွင် အပြစ်တင် ပြောဆိုနေသည်မှာ အသေအချာပါပင်။ သို့သော်လည်း ထိုအရာများအား ဖွင့်ဟ ပြောဆိုရန်တော့ မသင့်တော်ပေ။
•••••••••••