← Chapters

သူ၏ ဖခင် အရင်း မဟုတ်ဘူး

Vol. 3 Ch. 35

သူ၏ ဖခင် အရင်း မဟုတ်ဘူး

Vol. 3 Ch. 35

ရှဲ့ချောင် စီးနေသော ရထားလုံးမှာ သူ့၏ မိထွေး စီစဉ် ပေးထားခြင်း မဟုတ်ပေ။ သူမသည် အစားအသောက်နှင့် အဝတ်အစားအတွက် ပင်လျှင် သူမ၏ ကိုယ်ပိုင် ပိုက်ဆံအား စိုက်ထုတ် ရသည်။

ထိုအရာမှာ သူမ မိထွေး၏ သဘောထားအား ဖော်ပြနေခြင်းပင် ဖြစ်သည်။

ယခုတွင်မူ သူမအနားတွင် ရှိသော လူအများသည် သူမသည် ရှဲ့ချောင်အား တင်းမာစွာ ဆက်ဆံသည်ဟု တွေးထင်ခဲ့ကြသည်။ အကယ်၍ သူမ၏ သမီးမှာ ဖျားနာ၍ နောက်တစ်ကြိမ် ရှဲ့ချောင် ဒုက္ခရောက်ရန် ကြိုးစားခဲ့လျှင် နန်းမြို့တော်သို့ ရောက်သောအခါ သူမအတွက် အကြောင်းပြချက် ထပ်မံ ပေးရန် စွမ်းဆောင် နိုင်တော့မည် မဟုတ်ပေ။

ထို့ကြောင့် သူမသည် သည်းခံရန် ဆုံးဖြတ်ခဲ့သည်။

'အကယ်၍ ရှဲ့ချောင်က ငါ့ကို ဒေါသထွက် စေရင်တောင် ငါ့ရဲ့ အကြည့်တွေကို မျက်နှာ လွှဲထားတာ ပိုကောင်းမယ်။'

'ရှဲ့ချောင်လည်း ဒီနည်းနဲ့ ပိုပြီး သက်သောင့် သက်သာ ခံစားရလိမ့်မယ်။'

ထိုအချိန်၌ ကျောက်ရွှမ်ကျင်းသည် အနောက်တောင် အရပ်ရှိ ယိုယွင်း ပျက်စီးနေသော ရွာအား ရှာဖွေရန် လူများအား ဦးဆောင် ခေါ်သွားခဲ့ပြီး ဖြစ်သည်။ ရွာမှာ အတော်ပင် ကြီး၍ တစ်ခုချင်းစီအား လှန်လှောရှာရန် မလွယ်ကူပေ။

သို့သော်လည်း ယခင်က သူပြုလုပ်ခဲ့သလို မျက်စိစုံမှိတ်၍ မရေမရာ ရှာဖွေခဲ့ခြင်း ထက်တော့ ပို၍ ကောင်းသည်။

သူသည် လူတိုင်းအား ရွာအနှံ့ ရှာဖွေစေခဲ့သည်။

တစ်ရွာလုံးမှာ ကျယ်ပြန့်စွာ ပေါက်ရောက် ကြီးထွားနေသော မြက်ပင်၊ ပေါင်းပင် များဖြင့် ဖုံးအုပ်ထားသည်။ တစ်ချို့နေရာများတွင်သာ ဖြတ်သန်းနိုင်ရန် ပြုလုပ်ထားသော ကျောက်တုံးများဖြင့် ဖုံးအုပ်ထားသည်။

ကျောက်ရွှမ်ကျင်းသည် ရွာ၏ အနေအထားအား ကြည့်ပြီးနောက် သခင်ကြီးလု၏ ပုံပန်းသဏ္ဍာန်အား သူ့၏ မှတ်ဉာဏ်တွင်းသို့ ဆွဲခေါ် လိုက်သည်။ သူသည် သခင်ကြီး လု၏ နေရာ၌ ဝင်ကာ ခံစားကြည့်ခဲ့သည်။ နောက်ဆုံးတွင် သူ၏ အလိုလိုသိစိတ်မှ သူ့အား ရွာအတွင်းရှိ အိမ်တစ်ခု အတွင်းသို့ ခေါ်ဆောင် သွားသည်။

သို့သော်လည်း သူသည် ထိုနေရာအား ရှာဖွေရန် အဆင်သင့် မဖြစ်မီ အနက်ရောင် ဝတ်ရုံဖြင့် လူများစွာသည် သူ့ ဘေး၌ ရုတ်တရက် ပေါ်လာခဲ့သည်။

"သခင်လေးကို ကာကွယ်ကြ!" နန်းတွင်း သက်တော်စောင့်ကျို့ နှင့် တစ်ခြားလူများ ထိတ်လန့် သွားခဲ့သည်။

ချက်ချင်းပင် တိုက်ခိုက်မှု တစ်ခု ဖြစ်ပွား ခဲ့သည်။

မြက်ပင်၊ ပေါင်းပင်များမှာ နေရာအပြည့် ရှိနေ ကြပြီး သွေးများမှာလည်း နေရာအနှံ့ လွင့်စင် နေကြသည်။ မှုန်မှိုင်းနေသော ကောင်းကင်မှာ မှောင်မည်းနေသော မြူများ နှင့် မြက်ပင်၊ ပေါင်းပင် များဖြင့် ဖုံးအုပ်နေသည်။

"ရှီုး"

မြောက်များစွာသော မြှားများသည် မြူများကို ထိုးဖောက် ဝင်ရောက်ကာ ဦးတည်ရာများ အတိုင်း ထွက်ပေါ် လာကြသည်။

ကျောက်ရွှမ်ကျင်းသည် သူ့၏ ဘယ်ဘက် လက်ထဲ၌ ဓားတစ်လက်ကို ကိုင်ဆွဲကာ အနက်ရောင် ဝတ်ရုံ ဝတ်ထားသော လူတစ်ယောက်အား ကန်ထုတ်လိုက်သည်။ သို့သော် ခဏအကြာတွင် သူ့၏ ရင်ဘတ် အတွင်းသို့ မြှားတစ်စင်း ဖြောင့်တန်းစွာ ဝင်ရောက် လာခဲ့သည်။ လူတိုင်းမှာ ထိတ်လန့်မှုဖြင့် ရပ်တန့် သွားကြသည်။

သို့သော် ထိုမြှားမှာ သူ့၏ အသားအတွင်းသို့ ထိုးဖောက် မသွားသည့်ပုံပင်။ လူတိုင်းမှာ စိတ်သက်သာရာ ရသည့်ပုံဖြင့် သက်ပြင်းချ လိုက်ကြသည်။

"ဒိန်း!"

မြှားမှာ သူ့၏ အဝတ်အစားအား ထိုးဖောက်သွားသည်မှာ မှန်သော်လည်း ရုတ်တရက် မြေကြီးပေါ်သို့ ကျ သွားခဲ့သည်။

ကျောက်ရွှမ်ကျင်းမှာ ထိတ်လန့် သွားခဲ့သည်။ ရှဲ့ချောင်၏ စကားလုံးများက သူ့၏ စိတ်ထဲသို့ ဝင်ရောက် လာသည်။

'လက်နက်တွေနဲ့ မီးက လာတဲ့ မီးပွားတွေကို သတိထားဖို့ မမေ့နဲ့။'

'ဒါက ကံကောင်းခြင်းမှန်က ငါ့ရဲ့ ဘဝကို ကယ်တင်သွားခဲ့တာလား?'

ကျောက်ရွှမ်ကျင်းသည် မနာကျင်ခဲ့ပါ။ သူ့၏ ဘေး၌ရှိသော အစောင့်များမှာ စုရုံး၍ လျင်မြန်စွာပင် တန်ပြန် တိုက်ခိုက် ခဲ့ကြသည်။ အနက်ရောင် ဝတ်ရုံ လူအုပ်စုမှာ ချုံခို၍ ရုတ်တရက် တိုက်ခိုက်ကြခြင်း ဖြစ်သောကြောင့် အသာစီး ရရှိနေကြသည်။

သို့သော် ယခုမှာ ထိုအခွင့်အရေးအား လက်လွတ် ခဲ့ရပြီး ပို၍ အကူအညီမဲ့ နေသည့်ပုံ ပေါ်နေခဲ့သည်။

သဲများနှင့် ကျောက်တုံးများမှာ လွင့်စင် နေကြသည်။

သူတို့၏ ဓားများမှလည်း တစ်ဦးနှင့်တစ်ဦး အဆက်မပြတ် တိုက်ခိုက်နေသည့် အသံများ ထွက်ပေါ် နေခဲ့သည်။

ချင်းကျီသည် သူ့၏ရှေ့၌ အနက်ရောင် ဝတ်ထားသည့် လူသုံးဦးအား ရင်ဆိုင်တွေ့ နေရသည်။ ခက်ခဲသည့် အခြေအနေဖြစ်ခဲ့ပြီး သူ့တွင် နောက်ဆုတ်ရန်သာ စွမ်းဆောင်နိုင်ခဲ့သည်။ သူ့၏ အနောက်ဘက်တွင် ခြောက်သွေ့နေသော ရေတွင်းတစ်တွင်း ရှိနေသည်အား ဂရုမပြုမိခဲ့ပေ။ သူသည် ထိုအရာအား များစွာ တွေးမနေခဲ့ပဲ သူ၏ ရှေ့တွင်ရှိသော မကောင်းသည့် လူဆိုးများအား လျှင်မြန်စွာ ဖယ်ရှားရန်ပင် အလိုရှိနေခဲ့ကာ ကြမ်းတမ်းသော တိုက်ပွဲ တစ်ခု ထွက်ပေါ်လာသည်။

သူ့၏ စွမ်းဆောင်ရည်မှာ သာမန်ထက် လွန်ကဲလေသည်။ သူသည် ခက်ခဲသော ရန်သူ သုံးဦးအား ရင်ဆိုင်ခဲ့ ရသော်လည်း လျှင်မြန်စွာပင် အသာစီး ရရှိခဲ့သည်။

သို့သော် အကြောင်းပြချက် တစ်ချို့ကြောင့် ရုတ်တရတ် သူ၏ အမြင်အာရုံမှာ ဝေဝါး သွားခဲ့သည်။ သူ၏ လက်များမှာ လေးလံလာပြီး လက်မောင်းများမှာလည်း အားနည်းလာသည်ကို ခံစားလိုက် ရသည်။ တစ်စုံတစ်ယောက်က သူ့၏ လက်မောင်များအား သူ့ဘေးသို့ ချုပ်နှောင် ထားသကဲ့သို့ ခံစားခဲ့ရသည်။

တစ်စုံတစ်ယောက်မှာ သူ့၏ ဦးခေါင်း အနောက်ဘက်မှ သူ့အား ဆွဲနေသကဲ့သို့ ခံစားရပြီးနောက် သူ့၏ ခန္ဓာကိုယ်မှာ ရုတ်တရတ် အနောက်သို့ ယိုင်တိုင်တိုင် ဖြစ်သွားခဲ့သည်။

"သတိထား!!" နန်းတွင်းသက်တော်စောင့်ကျို့ တဟုန်ထိုး ပြေးကာ ကျယ်လောင်သည့် အသံဖြင့် အော်လိုက်သည်။

ချင်းကျီ၏ အမြင်အာရုံမှာ မှောင်မည်း သွားခဲ့ပြီး သူသည် ရေတွင်း အတွင်းသို့ ပြုတ်ကျ တော့မည် ဖြစ်သည်။

ထို အကျပ်အတည်း အခိုက်အတန့်တွင် သူ့၏ ရင်ဘတ်တွင် ပူလောင်နေသည့် အထိအတွေ့အား ရုတ်တရပ် ခံစားလိုက်ရသည်။

ထို ပူလောင်နေသည့် အထိအတွေ့သည် သူ့အား ပြုတ်ကျတော့မည့် အခြေအနေမှ အသိတရား ပြန်ရရှိ လာစေခဲ့သည်။ သူ၏ လက်သည် ရေတွင်း၏ နံရံမှ ငေါထွက်နေသည့် ကျောက်တုံးအား အောင်မြင်စွာ ဖမ်းဆုပ် နိုင်ခဲ့သည်။

နန်းတွင်းသက်တော်စောင့်ကျို့ နှင့် တစ်ခြားလူများ သည် သူ့အား ကူညီရန် ချက်ချင်း ပြေးလွှား လာခဲ့သည်။

အနက်ရောင် ဝတ်ရုံဖြင့် လူသုံးဦးအား အနိုင်ယူပြီးနောက် သူတို့သည် သူ့အား ရေတွင်း အပြင်သို့ လျင်မြန်စွာ ဆွဲထုတ် လိုက်သည်။ သူတို့သည် သူ့အား ကြည့်လိုက်သောအခါ ထိုလူမှာ သူ့၏ ခြေထောက်ပေါ်တွင် ရပ်နိုင်နေသော်လည်း သူ့၏ ခါးမှာ ဘာကြောင့်မှန်းမသိ ဖြတ်ခံထားရသည်။ သူ့၏ အဝတ်အစားများမှလည်း သွေးများ စိမ့်ထွက်နေသည်။ အလွန် ကြောက်စရာ ကောင်းသော မြင်ကွင်းပင် ဖြစ်သည်။

ခဏကြာပြီးနောက် အနက်ရောင်ဝတ်ရုံ ဝတ်ဆင်ထားသည့် တစ်ချို့ လူများမှာ သေဆုံး နေကြပြီး ကျန်လူများမှာလည်း ထွက်ပြေး ကုန်ကြသည်။

ချင်းကျီ ရှုပ်ထွေး နေခဲ့သည်။

သူတစ်ယောက်တည်း မဟုတ်ပေ။ တစ်ခြားလူ အားလုံးမှာလည်း ရှုပ်ထွေး နေကြသည့်ပုံပင်။

သူ့၏ခါးရှိ ဒဏ်ရာမှာ အလွန်အမင်း သွေးထွက်နေခဲ့သော်လည်း ဒဏ်ရာမှာ သူ၏ အရေးကြီးသော အင်္ဂါအစိတ်အပိုင်းများ အထိတော့ မရောက်ရှိခဲ့ပေ။ သူသည် အပြင်းအထန် ဒဏ်ရာ ရရှိခြင်း မဟုတ်သောကြောင့် သူ့၏ မျက်နှာပေါ်တွင် ဖျော့တော့သော အသွင်ဖြင့် လူတိုင်းအား စကားပြော နေနိုင်သေးသည်။

"သက်တော်စောင့်ကျို့ ငါ့ကိုပြောပါ။ အခု အမတအရှင်ရှဲ့ ရှေ့မှာ ဒူးထောက်ဖို့ နောက်ကျ သွားပြီလား?" ချင်းကျီသည် သူ့၏ လည်ပင်း အတွင်းမှ တင်းကျပ်မှု ကို ခံစားလိုက်ရပြီး သူ့ဘဝ အဆုံးသတ်တော့မည်ကို ကြောက်ရွံ့နေခဲ့သည်။

သက်တော်စောင့်ကျို့ သူ့ကိုယ်ပေါ်တွင်ထားပေးခဲ့သော လုံခြုံရေး အဆောင်အား ထုတ်ကြည့် လိုက်မိသည်။

'အဲ့တာက ပြာအဖြစ် ပြောင်းသွားပြီ?'

"......" ချင်းကျီသည် သူ့၏ ဘဝမှ ယနေ့မှပင် လွတ်မြောက် လာခဲ့သော်ငြားလည်း ထိုကဲ့သို့ ကြောက်ရွံ့မှုမျိုးအား တစ်ခါမျှ မတွေ့ကြုံ ခဲ့ရဖူးပေ။

"အမေရေ...ဒါဆို ချင်းကျီ အိမ်မှာ ရှိနေတဲ့ တစ်ယောက်က မိဘအရင်း မဟုတ်ဘူးပဲ....."

••••••••••

All Chapters