ရောက်ရှိခဲ့ပြီ
Vol. 3 Ch. 36
သွေးသောက် ညီအစ်ကို များထဲမှ တစ်ယောက်သည် မကူညီနိုင်စွာဖြင့် ရေရွတ်လေ
သည်။
ထိုအရာကို ချင်းကျီ ကြားသောအခါ သူ၏ မျက်နှာမှာ မည်းမှောင် သွားခဲ့သည်။ "အရူးကောင် အမတတစ်ပိုင်း တစ်ယောက်က အရာအားလုံးကို အရမ်းတိကျအောင် ခန့်မှန်းနိုင် နေရင် ဘာလို့ သူမကို အမတ တစ်ပိုင်းလို့ ခေါ်နေမှာလဲ? ငါတို့ သူမကို နတ်ဘုရားလို့ ခေါ်လိုက် မှာပေါ့။ အမတအရှင်ရှဲ့က ငါ့ဆီမှာ အန္တရာယ် ကျရောက် လိမ့်မယ်ဆိုတာ ခန့်မှန်းနိုင် ခဲ့ပေမယ့် သူမက ငါ့မိသားစုဆီ ကျရောက်မယ့် အကြောင်းတွေကိုတော့ မခန့်မှန်း နိုင်ခဲ့ဘူးလေ။ သူမ လုပ်နိုင်ခဲ့လို့လား?"
"မင်းက အခုအချိန်ထိ ပြောရခက်တုန်းပဲ။အခုပဲကြည့် သူမ အခုလေးတင် မင်းအသက်ကို ကယ်ခဲ့တာလေ " နန်းတွင်းသက်တော်စောင့်ကျို့သည် သူ၏ ခေါင်းအား လှုပ်ယမ်း လိုက်သည်။
ထို့နောက် လည်ပင်းအားဆန့်ကာ ရေတွင်းအား စစ်ကြည့်လိုက်ရင်း အောက်ခြေသို့ ညွှန်ပြကာ "ကိုယ့်ဟာကိုယ်သာ ကြည့်ကြည့်လိုက်တော့။"
ချင်းကျီသည် သူ့၏ လည်ပင်းအား ဆန့်ထုတ်ကာ
တစ်ချက် ကြည့်ရုံ ဖြင့်ပင် သူ၏ နားထင်တစ်လျှောက် တစ်ဒုတ်ဒုတ် ကိုက်ခဲ သွားလေသည်။
အို ဘုရားရေ!
ဤသည်မှာ ခြောက်သွေ့နေသော ရေတွင်း တစ်ခုပင်။ အရမ်းမနက် သော်လည်း အောက်ခြေတွင် ရေညှိများ၊ ပေါင်းပင်များဖြင့် ဖုံးကွယ်ခံ ထားရလေသည်။ ဖုန်မှုန့် အညစ်အကြေးများ ပေါ်တွင် စွန့်ပစ်ခံ ထားရသော တိရစ္ဆာန် ထောင်ချောက် တစ်ခု ရှိနေလေသည်!
ထောင်ချောက်မှာ ပျက်နှင့်ပြီးသား ဆိုသော်ငြား အထက်သို့ မျက်နှာမူ၍ ထောင်ထားသော ထက်မြသည့် ဓားသွား အစုံလိုက် ရှိနေပေ၏။ အကယ်၍ သူသာ ရေတွင်းထဲသို့ ပြုတ်ကျပြီး ထိုအရာပေါ်သို့ ခေါင်းနှင့် အရင်ကျပါက...
သေချာပေါက်ကို သွေးများမှာ နေရာအနှံ့သို့ ပက်ဖြန်း သွားလိမ့်မည်။ ချက်ချင်း အသက်ထွက်သွား နိုင်လေသည်။
"မင်းမှာ လျင်မြန်တဲ့ အလိုအလျောက် တုန့်ပြန်မှု ရှိတာ ကောင်းတဲ့အရာ တစ်ခုပဲ ညီအစ်ကို။" တစ်ယောက်က သူ့ပခုံးအား ပုတ်လိုက်သည်။ "မင်း သေခြင်းတရားကို လက်မလေးတင် ကျော်လွှား နိုင်ခဲ့တာ။"
"ငါ....အဆောင်က လောင်ကျွမ်း သွားခဲ့တယ်။ အဲတာကပဲ ငါ့ကို လန့်သွားစေပြီး အသိစိတ် ပြန်ဝင်စေခဲ့တာ..." ချင်းကျီ၏ ခံတွင်းမှာ ခြောက်သွေ့ နေခဲ့သည်။
"ဟုတ်တယ်၊ ငါ့ရဲ့ စွမ်းဆောင်ရည်က ကောင်းမွန်တယ် ဆိုတာ မင်းသိတာပဲ။ အဲ့ဒီသုံးယောက်ကို ကိုင်တွယ်နိုင်ဖို့ အရည်အချင်း ပြည့်မှီတာထက် ပိုပါတယ်။ ဒါပေမယ့် အကြောင်းအရင်း တစ်ချို့ကြောင့် အဲဒီအချိန်တုန်းက ငါအသိစိတ် လွတ်သွားခဲ့တယ်။ တစ်ယောက်ယောက်က ငါ့ကို လည်ပင်း ညှစ်ထားသလိုမျိုး..."
သူ ပြောလိုက်သည့် အချိန်တွင် သူ့အနားမှ သွေးသောက် ညီအစ်ကိုများမှာ နောက်သို့ တစ်ဟုန်ချင်း ဆုတ်သွား ကြလေသည်။
သူတို့သည် သူ့အား တတ်နိုင်သမျှ အတိုင်းအတာတစ်ခုအထိ ဝေးဝေးနေလိုက်ကြ၏။
"မင်းတို့ ကောင်တွေက လွန်လွန်းတယ်။ ငါ သေတော့မလိုထိ ဖြစ်ခဲ့တာကို!" ချင်းကျီ ကြေကွဲစွာ ပြောလိုက်သည်။
"မဟုတ်ဘူး၊ မင်းရဲ့ စကားတွေက ကျောချမ်းဖို့ကောင်းတယ်။ မင်းအပေါ်မှာ မသန့်စင်တဲ့အရာ တစ်ခုခု ရှိမနေရင် ပိုကောင်းလိမ့်မယ်။"
"ယုတ်ညံ့တဲ့ အရာလို့ မင်းကိုယ်တိုင် ပြောခဲ့တာလေ။ အဲလိုမင်းတွေးခဲ့တာကို ငါတို့ကို ဘယ်လိုတောင် အပြစ်တင် နိုင်ရတာလဲ? ငါတို့က မင်းကို သံသယဝင်တာရဲ့ အကျိုးသက်ရောက်မှုကို ပြောပြနေတာ။"
"ချင်းကျီ " နန်းတွင်းသက်တော်စောင့်ကျို့၏ မျက်နှာမှာ တင်းမာ ခက်ထန် လာခဲ့သည်။ " ကြီးမြတ်တဲ့ အမတအရှင်က မင်းမှာ ပြဿနာကြီး အချို့ ရှိနေတယ်လို့ ပြောခဲ့တယ်။ ငါတို့တွေ ပြဿနာကို အမြစ်ကနေ ရှင်းလင်းသင့်တယ်။ မဟုတ်ရင်...နောက်ဆုံးကျ ဒုက္ခက တံခါး လာခေါက်လာလိမ့်မယ်။"
သူ ထိုအကြောင်း ပြောလိုက်ချိန်တွင် လူတိုင်း ခြေတစ်လှမ်း ထပ်၍ဆုတ်သွား ကြလေသည်။
လောလောဆယ် အဓိကပြဿနာက သူက သေတော့မယ့်လူလို့ ဆိုလိုတာလား?
"ကျို့...လူကြီးမင်းကျို့ရေ၊ ကျွန်တော့်ကို မခြောက်ပါနဲ့။" ချင်းကျီ၏ မျက်နှာမှာ စိမ်းဖန့်နေလေပြီ။
နန်းတွင်းသက်တော်စောင့်ကျို့သည် စိတ်လှုပ်ရှားစွာဖြင့် "အမတအရှင်က နန်းမြို့တော်ကို ထွက်သွားပြီ။ နောက်ပိုင်း...ငါတို့တာဝန် ပြီးသွားတဲ့အချိန်ကျ ရွှေယွဲ့တာအို ဘုရားကျောင်းကို သွားကြရအောင်။ ကြီးမြတ်တဲ့ အမတအရှင်ရဲ့ ဆရာသခင်က မင်း ပြဿနာတွေကို သေချာပေါက် ဖြေရှင်း ပေးနိုင်မှာပဲ!"
၎င်းကို ကြားလိုက်ရချိန်တွင် ချင်းကျီ၏ မျက်လုံးများ ဝင်းလက် သွားခဲ့သည်။
သူ ကယ်တင် ခံလိုက်ရတာပဲ!
"ကောင်းသားပဲ ။ ပထမဆုံး အနီးတဝိုက်ကို အရင်ရှာကြတာပေါ့။ မှောင်သွားတဲ့ အချိန်ကျမှဆိုရင် ရှာရ ခက်ခဲသွားလိမ့်မယ်။"
နန်းတွင်းသက်တော်စောင့်ကျို့၏ သုံးသပ်ချက်ဖြင့် လူတိုင်း အလုပ် ပြန်လုပ် ကြတော့သည်။
ကျောက်ရွှမ်ကျင်း သူ၏ သီးသန့် အခန်းတွင်းသို့ ဝင် သွားခဲ့၏။ စေ့စေ့စပ်စပ် ရှာဖွေ ပြီးနောက် ထိုနေရာတွင် ကျောက်ပြား အမှန်တကယ် ရှိနေလေသည်။ ထိုအရာ၏ အောက်၌ စတုရန်းပုံ သေတ္တာတစ်လုံးအား ရှာတွေ့ခဲ့သည်။
သူ့မျက်နှာမှာ အခက်တွေ့ နေပုံပေါ်လေသည်။
ယခု ထိုပစ္စည်းအား သူရှာတွေ့သွားခဲ့ပြီ ဖြစ်ရာ ကျောက်ရွှမ်ကျင်းသည် သူ့လူများ အားလုံးကို စုဝေးလိုက်၍ မဆိုင်းမတွပင် ထွက်ခွာခဲ့သည်။
~~~~~~
ရှဲ့ချောင်မှာ သူမ၏ လက်ဆောင်က တစ်စုံတစ်ယောက်အား ကယ်တင်ပြီး ဖြစ်သည်ကို မသိခဲ့ပေ။ သူမ ကယ်တင်ခဲ့ လျှင်တောင်မှ သူမသည် ထိုအကြောင်းအား အများကြီး တွေးနေလိမ့်မည် မဟုတ်ချေ။
ပေးချေမှု နှင့် လဲလှယ်ခြင်း ဝန်ဆောင်မှုတွင် ကုန်ပစ္စည်းများမှာ လွှဲပြောင်းခဲ့ပြီး ဖြစ်၍ အရောင်း အဝယ်သည်လည်း ပြီးဆုံးသွားပြီဖြစ်သည်။ နောင်တွင် မည်သို့ပင် ဖြစ်လာပါစေ သူမ၏ အပူ မဟုတ်တော့ပေ။
သူမ နန်းမြို့တော်နှင့် နီးကပ် လာသည်နှင့်အမျှ ရှဲ့ချောင်သည် ပိုမို တည်ငြိမ် လာလေသည်။
နေ့စဥ် နေ့တိုင်း သူမသည် သာ့ရှုန်းနှင့်သာ စကားပြောပြီး အမေလုနှင့်သူမသမီး ဘယ်ဆီ ဘယ်ဝယ် ရှိနေသည်အား ဂရုပင် မစိုက်ချေ။
သခင်မလု၏ အဖွဲ့သည် အလျင်လို နေခဲ့ရာ သူတို့သည် ရပ်တန့်မည့်ပုံ မပေါ်ပေ။ ရှဲ့ချောင်သည်လည်း ထိုအတိုင်းသာ လိုက်လုပ် လေသည်။ သူမ၏ ရထားလုံးမောင်းသမား လက်ထဲသို့ အလုပ်ကြိုးစားမှုကြောင့် ငွေစအချို့ တိတ်တိတ်လေး ပေးခဲ့သည်။
နန်းမြို့တော် ဆီသို့ သွားသော ပုံမှန်လမ်းခရီးသည် အနည်းဆုံး တစ်လခွဲ ကြာမည်ဖြစ်သည်။ မည်သို့ပင် ဖြစ်စေ သူတို့သည် တစ်လတည်းဖြင့် ရအောင်သွားခဲ့လေသည်။
မြို့တော်ဂိတ်ပေါက်သို့ ရောက်ရှိ သောအခါ ရှဲ့မိသားစုထံ ကြိုတင်၍ သတင်းပို့ရန် ဆက်သား တစ်ယောက် စေလွှတ် လိုက်လေသည်။
ထိုမှသာ သူတို့အိမ်သို့ ရောက်ရှိချိန်တွင် အိမ်တော်မှလူများသည် သူတို့၏ ဆိုက်ရောက်မှုအတွက် အဆင်သင့် ဖြစ်နေ ပေလိမ့်မည်။
စွမ်းအင် အချို့ကို စုစည်းထား နိုင်သော ရှဲ့ချောင်၏ ရှားပါးသော အခိုက်အတန့်တွင် သူမသည် လူမမာ တစ်ယောက်နှင့် တူမနေတော့ချေ။
သူမသည် အိမ်နှင့် နှစ်ပေါင်းများစွာ ဝေးကွာခဲ့ရသည်။ ဒုတိယအကြိမ် သူမ အိမ်ပြန်လာသည့် အချိန်ကကဲ့သို့ စိုးရိမ်ဖွယ် ကောင်းသည့် မိသားစု မဟုတ်တော့ပေ။
ရှဲ့နျိုရှန်းသည် အဆင့်နိမ့်သော အဆင့်၄ အရာရှိတစ်ဦးသာ ဖြစ်သည်။ အိမ်တော်အား သူကိုယ်တိုင် ဝယ်ထား ခဲ့ခြင်းဖြစ်ပြီး အခြား အဆင့်နိမ့် အရာရှိများ၏ အိမ်တော် များလည်း ဝန်းရံ နေလေသည်။
"သခင်မလေး သူတို့ အရှေ့မှာ ရပ်လိုက်ကြပြီ။ ကျွန်မတို့ ရောက်ပြီထင်တယ်။"
••••••••