အကြီးဆုံး သခင်မလေး
Vol. 3 Ch. 37
ရှဲ့ချောင်သည် လိုက်ကာစအား လှစ်ဟလိုက်ကာ အပြင်သို့ ကြည့်လိုက်၏။
ရှဲ့မိသားစုအိမ်တော်အား ဝန်းရံထားသောနံရံသည် သူမမျက်စိရှေ့တွင်ပင်။ အရှေ့ဝင်ပေါက်တွင် လူများစွာရှိနေသော်လည်း ထိုသူတို့ မည်သည့်ပုံစံရှိကြမှန်း သူမ မမြင်ရပေ။
ရှဲ့မိသားစု၏ အိမ်တော်ထိန်းသည် တံခါးဝ၌ စောင့်ကြိုနေလေသည်။
ရိုသေ လေးစားသော အကြည့်ဖြင့် အိမ်တော်ထိန်းသည် ရှေ့သို့ထွက်လာကာ ရထားလုံးထဲမှ သခင်မလု ထွက်လာမည်အား စောင့်ဆိုင်းနေပေ၏။
" သခင်ကြီး ဘယ်မှာလဲ? " သခင်မလု ရထားလုံးထဲမှ ထွက်လာပြီးနောက် အစေခံများကိုသာ မြင်လိုက်ရသည်။ သူမ၏ ခင်ပွန်းနှင့် ခင်ပွန်းဘက်မှကလေးများကို မမြင်ရသောအခါ သူမ အနည်းငယ် မျက်မှောင်ကြုတ်သွားခဲ့သည်။
"သခင်ကြီးနဲ့ အကြီးဆုံးသခင်လေးက အခုထိ တပ်စခန်းမှာပဲ ရှိပါသေးတယ်။ သခင်မတို့ လဝက်လောက်နေမှ ပြန်ရောက်လိမ့်မယ်လို့ ကျွန်တော် ထင်ထားခဲ့တာ။ ဒီလောက်စောလိမ့်မယ်လို့ မမျှော်လင့်ထားမိခဲ့ပါဘူး။ သခင်ကြီးတို့ဆီ သတင်းပို့ဖို့ ကျွန်တော် လူတစ်ယောက် လွှတ်ပြီးပါပြီ။ ဒုတိယသခင်လေးနဲ့ အငယ်ဆုံးသခင်မလေးက အခု ကျောင်းတော်မှာပါ" အိမ်တော်ထိန်းမှ လျင်မြန်စွာ ဖြေကြားလိုက်၏။
" ကျောင်းတော်? " ရထားလုံးအပြင်သို့ ဖေဝမ်ယွဲ့ ထွက်လာပြီးနောက် ပဟေဠိဖြစ်စွာ အားနည်း၍ အနည်းငယ်ကွဲအက်နေသော အသံဖြင့် ပြောလိုက်သည်။
" ဪ အဲတာက တော်ဝင်မိသားစုက ဖွင့်ထားတာ။ ဦးလေးရှဲ့... မင်းရဲ့အဖေက သူတို့အငယ်နှစ်ယောက် ကျောင်းဝင်ခွင့်ရဖို့ ခက်ခက်ခဲခဲနဲ့ ငွေတော်တော်များများကို သုံးထားရတာ" သခင်မလုမှ ပြန်ဖြေ၏။
ဖေဝမ်ယွဲ့သည် သူမနှုတ်ခမ်းအား စုဝိုင်းလိုက်ကာ "မိန်းကလေးတွေလည်း ကျောင်းတော်ကို သွားလို့ရမယ်လို့ သမီးမမျှော်လင့်ထားခဲ့ဘူး။ လျောင်ကျို့မှာဆို ဒီလိုမျိုးမရှိဘူး..."
" အင်း လျောင်ကျို့က နေရာသေးသေးလေး။ ပြီးတော့ တော်တော်လေး အစွန်အဖျားကျပြီး ခေါင်တယ်။ အမျိုးသမီးတွေက တင်းကြပ်တဲ့စောင့်ကြည့်မှုအောက်မှာ အိမ်မှာပဲ နေရပြီး ကျောင်းတော်တွေမှာ လေ့လာခွင့်မရှိတာ အံ့ဩစရာတော့ မဟုတ်ပါဘူး။ နန်းမြို့တော်မှာ အမျိုးသမီးတွေကိုလက်ခံပြီး လူတိုင်းသိကြတဲ့ ကျောင်းတော်ကြီး (၃)ကျောင်း ရှိတယ်။ တခြား အနီးတဝိုက်က မြို့တော်တွေမှာလည်း အခြေအနေတူတူပဲ။ ဒါတွေအားလုံးက မယ်တော်ကြီးရဲ့ ကျေးဇူးကြောင့်ပါပဲ" သခင်မလု ရှင်းပြလိုက်လေ၏။
ဤမယ်တော်ကြီးမှာ ယခင်ဘုရင်အပေါ်၌ လေးနက်သောချစ်ခြင်းမေတ္တာ ရှိလေပြီး သူတို့ ငယ်စဥ်ကတည်းက သူမသည် သူ၏ ငယ်ချစ်ဖြစ်လေသည်။
မယ်တော်ကြီးသည် အကြီးအကဲမိသားစုထဲတွင် မွေးဖွားလာခဲ့ခြင်း ဖြစ်ပေသည်။ သူမတွင် လှိုက်လှဲဖော်ရွေကာ သဘောထားကြီးသော ပင်ကိုယ်စရိုက်ရှိလေသည်။ သူမ ဘုရင်မဖြစ်သည့် နေ့မှစ၍ မိန်းကလေးများအား ကျောင်းတော်များတွင် စာရင်းသွင်းရန် အားပေးအားမြှောက်ပြုခဲ့၏။
ဤအရာမှာ ကြီးမားသည့်တော်လှန်မှုနှင့် ရင်ဆိုင်ခဲ့ရသော်လည်း အချို့သော တိုးတက်မှုများကို ပြုလုပ်နိုင်ခဲ့သည်။
မိသားစုကြီးများမှ ဆင်းသက်လာသည့် မိန်းကလေးအများစုမှာ ဒဿနိကဗေဒအား လေ့လာသင်ယူကြရပေသည်။
လူများစွာသည် ထိုကျောင်းတော်များမှ ပညာအရည်အချင်းမြင့်မားသည့် ဇနီးများကို လက်ထပ်ချင်ကြသည်။ နောက်ဆုံးတွင် ဇနီးသည် ပညာတတ်ဖြစ်ပါက သူမ၏ ကလေးများကို အနာဂတ်တွင် ကောင်းစွာသင်ပြပေးနိုင်လိမ့်မည်ပင်။
ဖေဝမ်ယွဲ့သည် တောင့်တနေလေသောပုံစံအား ပြသလေ၏။
"အမေ လျောင်ကျို့က သမီးအိမ်မှာ နေခဲ့တုန်းက သမီး... စာအုပ်တွေ ဖတ်ခဲ့ဖူးတယ်" ဖေဝမ်ယွဲ့သည် အလွန်မှိန်ဖျော့သောအသံဖြင့် ပြောလိုက်သည်။
သခင်မလု ဆွံ့အသွားခဲ့ပြီးနောက် သူမသမီးဖြစ်သူ၏ ဆိုလိုရင်းအား နားလည်သွားခဲ့သည်။ သူမ တည်ငြိမ်စွာ ပြောလိုက်၏။ "မင်းအဖေ ပြန်လာတဲ့အချိန်ကျရင် ငါသူ့ကို ဒီအကြောင်း ပြောပြလိုက်မယ်။ တော်ဝင်ကျောင်းတော်က တစ်ယောက်အတွက်တောင် ဝင်ခွင့်ရဖို့ မလွယ်ဘူး။ ဒါပေမယ့် တခြားကျောင်းတော်နှစ်ခုကို သွားဖို့ကတော့ ဖြစ်နိုင်ပါသေးတယ်"
ဖေဝမ်ယွဲ့သည် မတတ်နိုင်ဘဲ လက်သီးကိုသာ တင်းတင်း ဆုပ်လိုက်သည်။
'ငါသာ ကျောင်းတော်ကို သွားဖို့ဆန္ဒရှိတယ်ဆိုရင် ငါသေချာပေါက်ကို တော်ဝင်ကျောင်းတော်ကိုပဲ သွားမှာ!'
'ဘယ်သူကများ ကောင်းမွန်တဲ့ ပညာရေးကို မရချင်တာ ဒါမှမဟုတ် မင်းမှုထမ်းဝင်ခွင့်စာမေးပွဲမှာ ထိပ်တန်းအမှတ်ရတဲ့သူ မဖြစ်ချင်မှာတဲ့လဲ?'
ဖေဝမ်ယွဲ့သည် ဤသည်အား တိုက်ရိုက်မပြောရဲပေ။ သူမ ခေါင်းကိုသာ အသာညိတ် ပြလိုက်လေသည်။
ထို့နောက် အချိန်မဆိုင်းပေ အိမ်တော်ထိန်းသည် သူ့လူများအား ပစ္စည်းများကိုချရန် စတင် ညွှန်ကြားလိုက်၏။ သူတို့ အလုပ်သို့သွားရန် ပြင်ဆင်ခဲ့ကြသည့် အတိုင်းပေ ရှဲ့ချောင်သည် ရထားလုံးအပြင်သို့ ထွက်လိုက်သည်။
အိမ်တော်ထိန်းသည် ထိတ်လန့်သွားပေသည်။
" အသင်က... အကြီးဆုံး သခင်မလေးလား?" အိမ်တော်ထိန်းသည် အံ့ဩမှုဖြင့် သူမအနားသို့ ရောက်သွားခဲ့သည်။
'ငါ ထူးဆန်းသလို ခံစားရတယ်။ သခင်မလုဘေးမှာ မိန်းကလေးတစ်ယောက်ပဲရှိပြီး ဒီမိန်းကလေးက သခင်မလေးရှဲ့လား၊ သခင်မလေးဖေလားဆိုတာကို မေးဖို့ တုံ့ဆိုင်းနေခဲ့တာ။ ငါသာ သူမကို မှားခေါ်ခဲ့မိလို့ကတော့ သခင်မလု သေချာပေါက် ဒေါသထွက်မှာပဲ'
သခင်မလုသည် အမှန်တကယ်ကို ရှဲ့ချောင်အား မေ့လျော့နေခဲ့လေသည်။
တစ်လျှောက်လုံးတွင် ရှဲ့ချောင်၏တည်ရှိမှုသည် သခင်မလုအတွက် အရေးမကြီးခဲ့ရုံသာဖြစ်သည်လေ!
အိမ်တော်ထိန်းပြောလိုက်ချိန်တွင် သခင်မလု၏ မျက်နှာအမူအရာမှာ လုံးဝ ပြောင်းလဲသွားခဲ့သည်။ "ချောင်အာ ဒါက အိမ်တော်ထိန်း ယွမ်ရုန်။ သူက အရင်တုန်းက သခင်ကြီးနောက်ကို လိုက်ခဲ့တဲ့ လူဟောင်းပဲ။ မင်းအကူအညီတစ်ခုခု လိုအပ်ရင် သူ့ကိုသာ ပြောလိုက်"
"အကြီးဆုံး သခင်မလေးကို တွေ့ဆုံရလို့ ယွမ်ရုန် ဝမ်းမြောက်မိပါတယ်" အိမ်တော်ထိန်းသည် ရှဲ့ချောင်အား တစ်ချက် အကဲခတ်ကာ အနည်းငယ် အံ့အားသင့်သွားခဲ့သည်။ သူ၏ မျက်ခုံးများအား အနည်းငယ် ပင့်မြှောက်လိုက်ကာ စိတ်ပေါ့ပါးသောလေသံဖြင့် ပြောလိုက်သည်။ "အကြီးဆုံး သခင်မလေးရဲ့ ခြံဝင်းက အသင့်ပါပဲ။ ကျွန်တော် အဲဒီကို ခေါ်ဆောင်သွားပါ့မယ်"
ရှဲ့ချောင် အနည်းငယ် ခေါင်းညိတ်ပြလိုက်၏။
လူတိုင်းသည် အကြီးဆုံးသခင်မလေးအပေါ် အလွန်စပ်စုချင်နေကြပြီး ၎င်းတို့မှာ မတတ်နိုင်သော်လည်း ထိုအချိန်တွင် သူမအား အနည်းငယ်သာ ဖျတ်ခနဲ ကြည့်နိုင်ကြလေသည်။
သူတို့၏ နှလုံးသားထဲတွင် အလွန်ထိတ်လန့်နေခဲ့ကြသည်။
၎င်းတို့သည် အခြားတစ်နေရာတွင် ကြီးပြင်းခဲ့ရသော အကြီးဆုံးသခင်မလေး အိမ်ပြန်လာခဲ့ပြီဟု ကြားခဲ့ကြသည်။ အမျိုးသမီးအစေခံများနှင့် မိသားစု၏အိမ်စေများမှာ အချိန်ခဏတော့ သိချင်နေခဲ့ကြလေ၏။
အကြီးဆုံး သခင်မလေးနှင့် အကြီးဆုံး သခင်လေးတို့သည် မိခင်၏ အချင်းတစ်ခုတည်းအား မျှဝေနေထိုင်ခဲ့ကြသည့် အမွှာများဖြစ်ကြောင်းကို သူတို့အားလုံး သိကြလေသည်။ ထို့ကြောင့် အကြီးဆုံးသခင်မလေး၏ ရုပ်ဆင်းသွင်ပြင်မှာ သိပ်မထူးခြားနားဖြစ်လောက်မည်ဟု သူတို့ခံစားခဲ့ကြရသည်။
သူမအား ဤကဲ့သို့ ပြီးပြည့်စုံသည့်မိန်းမလှလေးတစ်ယောက်အဖြစ် ကြီးပြင်းလာမည်ဟု သူတို့ လုံးဝ မျှော်လင့်မထားကြခဲ့ပေ!
•••••••••••