← Chapters

ရေတွင်းကို ဖို့လိုက်

Vol. 3 Ch. 38

ရေတွင်းကို ဖို့လိုက်

Vol. 3 Ch. 38

သူမသည် သခင်ကြီးနှင့် လုံးဝကို မတူပေ!

သူတို့သည် စကားပြောမကောင်းကြပေ။မျက်နှာချိုသွေးရန် ကြိုးပမ်းနေကြခြင်းလည်း မဟုတ်ပေ။ သူတို့သိသည့် တစ်ခုတည်းသောအရာမှာ ဤသခင်မလေး၏ လှပကျော့ရှင်းမှုသာ ဖြစ်သည်။ သူမသည် မည်သည့်အချိန်တွင်မဆို နန်းမြို့တော်ရှိ မိန်းကလေးအားလုံးထက် လှပလေသည်။ သူမသည် အလင်းရောင်ခြည်များထုတ်လွှတ်ပေးနေသလိုပင်။ မည်သူတစ်ဦးတစ်ယောက်ကမျှ သူမထံမှ အကြည့်မလွှဲနိုင်ကြပေ။

ဝမ်မျိုးရိုးများသည် ရှဲ့ချောင်၏ ဝါးခြင်းတောင်းကို သယ်ကာ ချွင်းအာသည်တော့ ကြက်ဖကြီးအား သယ်လာလေသည်။

ကျန်ရှိနေသော ပစ္စည်းများမှာ အရေးမကြီးသောကြောင့် ရှဲ့မိသားစုအစေခံများအား ကူသယ်ခွင့်ပေးလိုက်၏။

ရှီးဖန်မြို့နှင့်ပတ်သက်၍ သူတို့သည် အစောပိုင်းကတည်းက ရထားလုံးမောင်းသမားနှင့် ဆွေးနွေးခဲ့ကြပြီး ဖြစ်သည်။ သူမကို ဤနေရာသို့ ပို့ပြီးနောက် သူတို့သည် လာရာလမ်းအတိုင်း ပြန်ကြမည်ဖြစ်သည်။

"ဒီခြံဝင်းကို သခင်ကြီးကိုယ်တိုင် ရွေးထားခဲ့တာပါ။ နည်းနည်းတော့ ဝေးပေမဲ့ ဒီနေရာက တိတ်ဆိတ်တယ်လို့ ပြောလို့ရပါတယ်။ ခြံထဲမှာ သစ်တော်သီးပင်တွေလည်း အများကြီး ရှိပါတယ်။ မကြာခင်မှာ အသင့်ခူးပြီး စားလို့ရတော့မှာမို့ သခင်မလေး သဘောကျလောက်မှာပါ" အိမ်တော်ထိန်းသည် အေးဆေးစွာ ပြောပြ၏။

သခင်မလုအပေါ် အရေးတယူဂရုတစိုက်ရှိသော သူ၏ အပြုအမူများနှင့်ယှဥ်လျှင် ရှဲ့ချောင်အပေါ် သူ၏ ပြုမူပြောဆိုပုံများသည် ပို၍ ရိုးရှင်းကာ သာမန်ကာလျှံကာ ဖြစ်လေသည်။

ရှဲ့ချောင်သည် အများကြီးမပြောဘဲ အင်း အဲ မျှသာ တုံ့ပြန်လေသည်။

ခြံဝင်းသည် တကယ့်ကို တော်တော်လေးဝေးလေ၏။

ဤသည်မှာ ရှဲ့အိမ်ထောင်စု၏ အဝေးကွာဆုံး အရှေ့မြောက်အရပ်တွင် ရှိလေသည်။

ခြံဝင်းမှာ သန့်ရှင်းပြီးဖြစ်ကာ အလွန်ကျယ်ဝန်း၏။ ကြာပန်းများရှိသော ကြီးမားသော ကန်အချို့လည်း ရှိလေသည်။ အိမ်အတွင်းပိုင်းမှာ ရိုးရှင်းသော်လည်း ပရိဘောဂ အသုံးအဆောင်များ ပြည့်စုံစွာ ရှိလေသည်။ အသစ်ပြင်ဆင်ထားသော စားပွဲများနှင့် ဗီရိုအလွတ်တစ်လုံး ရှိလေသည်။

အကုန်ခြုံငုံကြည့်လိုက်လျှင် အတော်လေး စိတ်ကျေနပ်ဖွယ်ကောင်းပေ၏။

ထိုအခြင်းအရာသည် နေရာတစ်ခုလုံးအား အသစ်ပြုပြင်ရခြင်းနှင့် အလှဆင်ရသည့် အင်အားကို ချွေတာပြီးသားဖြစ်လေ၏။

နေရာတစ်ခုလုံးအား ဖြိုချပစ်ရန်မလိုအပ်သော်လည်း မွမ်းမံမှုအချို့ပြုလုပ်ရန် လိုအပ်နေသေးသော အပိုင်းတချို့ရှိလေသည်။

" သခင်မလေးရဲ့ အကြိုက်နဲ့ မကိုက်ညီတဲ့ တစ်စုံတစ်ခုများ ရှိပါသလား? " အိမ်တော်ထိန်းသည် သူမလှည့်ပတ်ကြည့်နေသည်အား မြင်ပြီးနောက် မေးလိုက်၏။

"ကျွန်မရဲ့ ခြံဝင်းထဲမှာ ဘာရေတွင်းမှ မရှိဘူးလား? " ရှဲ့ချောင် မေးလိုက်သည်။

" ရှိပါတယ်။ ဘေးဘက်မှာ မီးဖိုချောင်အသေးလေးတစ်ခု ရှိပြီး ညအချိန်တွေကျ သခင်မလေးဗိုက်ဆာတဲ့အခါ အသုံးပြုလို့ရပါတယ်။ မီးဖိုချောင်အသေးလေးရဲ့ အပြင်ဘက်မှာ ရေတွင်းတစ်ခု ရှိပါတယ် " အိမ်တော်ထိန်းမှ ပြောလိုက်သည်။

ထိုအရာအား လေ့လာရန် ရှဲ့ချောင် သွားလိုက်၏။ သူမ မထိန်းနိုင်ဘဲ မျက်မှောင်ကြုတ်လိုက်သည်။ "ဒီရေတွင်းကို သဲတွေနဲ့ ဖို့လိုက်ပါ။ပြီးရင် ကျွန်မ အခုရပ်နေတဲ့နေရာမှာ ရေတွင်းအသစ်တစ်ခု တူးပေးပါ"

ရေတွင်းများနှင့် မီးဖိုသည် တစ်ခုနှင့်တစ်ခု ဆန့်ကျင်ဘက် မထားသင့်ပေ။ ဤနေရာသည် နွားထီးအနေအထားတွင်လည်း ရှိနေသေးသည်။ ဤအ‌နေအထားတွင် ရေတွင်းတူးခြင်းသည် မောင်ရင်းနှမများကြား၌ သဟဇာတဖြစ်သော ချစ်ကြည်မှုကို ယူဆောင်လာပေးမည် မဟုတ်ချေ။ ဤနေရာသည် အတော်လေး အစွန်အဖျားကျသည်။ သို့ပေမည့် မိသားစုသည်လည်း လာရောက်ခဲလှရာ ကိစ္စမရှိပေ။ မည်သို့ပေဖြစ်စေ ယခု သူမသည် ကောင်းရန်အတွက် ပြောင်းရွေ့ခဲ့သည်ဖြစ်ရာ ပြောင်းလဲရမည့်အရာများသည် ပြောင်းလဲလိမ့်မည်ပေ။

"ရေတွင်းကို ဖို့ရမယ်?!" အိမ်တော်ထိန်းမှာ ကြက်သေသေသွားခဲ့သည်။

အိမ်တော်ထိန်း အနောက်ရှိ အခြားသူများသည်လည်း ဆွံ့အသွားခဲ့ကြသည်။

၎င်းတို့ ထင်ထားသည်မှာ ပန်းချုံအနည်းငယ် ဒါမှမဟုတ် စိမ်းလန်းသော အပင်တစ်ချို့အား ဖြည့်စိုက်ပေးရမည်ဟုပင်။ သို့သော် ဤမိန်းကလေးငယ်မှာ ရေတွင်းအသစ်တစ်ခုအတွက် လက်ရှိရေတွင်းအား ဖို့ခိုင်းမည်ဟု မမျှော်လင့်ထားခဲ့ကြပေ။

"သခင်မလေး ရေတွင်းတစ်ခုကို ဖို့ရတာက အရမ်းဒုက္ခမများလွန်းဘူးလား? ပြီးတော့ ဒီရေတွင်းက သခင်မလေးကို ဘယ်လိုအဆင်မပြေမှုတွေများ ဖြစ်စေလို့ပါလဲခင်ဗျာ?" အိမ်တော်ထိန်း မျက်မှောင်ကြုတ်လိုက်၏။

"ဒါကိုလုပ်မယ်ဆိုရင် ငွေစဘယ်လောက်ကုန်လောက်မလဲ?" ရှဲ့ချောင် ထိုသူအား ပြန်စိုက်ကြည့်လိုက်၏။

အိမ်တော်ထိန်း ဆွံ့အသွားပြန်သည် " သိပ်မကုန်ပါဘူး..."

အဲဒါက ရေတွင်းတစ်ခု တူးရုံလေးပဲလေ။ ရှဲ့အိမ်တော်က နန်းတွင်းအမှုထမ်းတွေကြားမှာ ဆင်းရဲတယ်လို့ ယူဆခံထားရတယ်ဆိုရင်တောင် နန်းတွင်းအမှုထမ်းတွေ ဖြစ်နေတုန်းပင်။ ဒီလိုအသေးစား အသုံးစရိတ်လေးကို သူတို့က ဘယ်လိုလုပ် မတတ်နိုင်ရမှာလဲ?

"အဲဒါက အရမ်းမကုန်ကျဘူးဆိုရင် ကျွန်မပြောတဲ့အတိုင်း လုပ်လိုက်ပါ" ရှဲ့ချောင် သူမစကားအား မပြောင်းလဲပေ။

တကယ်ဆိုရင် အဲဒီသစ်တော်ပင်နှစ်ပင်ကိုပါ သူမ ခုတ်ချပစ်ချင်တာ ဖြစ်သည်။

သဘောတရားအရ ခြံဝင်းအတွင်း သစ်တော်ပင်များ စိုက်ထားခြင်းမှာ နိမိတ်မကောင်းပေ။ သို့ပေမည့် လက်ရှိ အပင်များသည် ပြည့်စုံသည့်အနေအထား၌ ရှိနေလေသည်။ အချို့သော ဆင်ခြင်ရမည့် အရာများအား မစဥ်းစားခြင်း မဟုတ်ပေ။ ထို့အပြင် ထိုအရာများသည် သူမအစ်ကို၏ ကြင်နာမှုကိုပြသခြင်း ဖြစ်နေသေးသဖြင့် ဒီအတိုင်း ထားထားသည်က ပိုကောင်းလေသည်။

အိမ်တော်ထိန်း၏ နှလုံးမှာတင်းကြပ်သွားလေသည်။ သူ့ထံတွင် ထပ်မံပြောပိုင်ခွင့်မရှိတော့သောကြောင့် ခေါင်းကိုသာ ညိတ်ပြနိုင်လေ၏။

"ရှင်က အရင်ကတည်းက ကျွန်မအဖေရဲ့အနားမှာ ရှိခဲ့တာဆို? ဒါဆိုရင် ရှင် ကျွန်မအမေကို မြင်ဖူးလား?" ရှဲ့ချောင် ညင်သာစွာ ပြောလိုက်၏။

"ကျွန်တော် သခင်ကြီးလက်အောက်မှာ တာဝန်ထမ်းဆောင်ဖို့လာခဲ့တုန်းက ပထမသခင်မက ဆုံးပါးသွားပါပြီ။ ဒုတိယသခင်မပဲ ရှိနေခဲ့တာပါ" အိမ်တော်ထိန်းမှ ထုတ်ပြောလိုက်သည်။

ဒုတိယသခင်မ?

လွန်ခဲ့သောနှစ်များစွာတွင် ရှဲ့ချောင်မှာ အိမ်တော်တွင် မရှိခဲ့သော်လည်း ရှဲ့မိသားစု၏ အတွင်းရေးများအား သူမ သတိမူထားဆဲပင် ဖြစ်သည်။

ဒုတိယသခင်မ၊ သခင်မလင်းသည် သူမမွေးချင်း

မောင်နှမ၏ မိခင်ရင်းဖြစ်သည်။ သူမ(သခင်မလင်း)သည် တောင်များဆီသို့သွားရန် ဖိအားပေးခံခဲ့ရကာ သူမ၏မိခင် ဆုံးပါးသွားချိန်တွင် သူမအဖေနှင့် လက်ထပ်ခဲ့သည်။ သခင်မလင်းအပေါ်၌ အဖေသည် အများကြီးအရေးပေးခဲ့သော်လည်း သူမ(သခင်မလင်း)သည် အမွှာများအား သူမအဖေထံ ပေးပြီးနောက် ပျောက်ကွယ်သွားခဲ့သည်။

•••••••••••••

All Chapters