← Chapters

ကျန်းမာရေး မကောင်းဘူး?

Vol. 3 Ch. 39

ကျန်းမာရေး မကောင်းဘူး?

Vol. 3 Ch. 39

ရှဲ့ချောင် သူမ၏လက်ကို ဝေ့ယမ်းလိုက်ကာ ယွမ်ရုန်အား နောက်ဆုတ်ရန် အမူအရာပြလိုက်သည်။

'ငါ့အဖေက လူတွေကို အကဲခတ်တဲ့ နေရာမှာ အရမ်းမတော်ဘူး။ အထူးသဖြင့် ဒီအိမ်တော်ထိန်းကိုပေါ့...'

အိမ်တော်ထိန်း၌ ကြီးမားသော မျက်လုံးများ ရှိကာ ထိုအခြင်းအရာက ၎င်းထံတွင် ဆိုးရွားသော ဒေါသစိတ်ရှိကြောင်း ရည်ညွှန်းလေ၏။ သူ၏ ထူထပ်သော ဆံပင်များနှင့် ပါးသိုင်းမွှေးများက သူ့ထံတွင် ကောင်းမွန်သောအမြင်မရှိကြောင်းကို ညွှန်ပြနေသည်။ သူ၏ အားမာန်ပြည့်ဝသည့်စွမ်းအင်နှင့်ဆိုလျှင် သူ့ထံ၌ ယုတ်ညံ့သောနှလုံးသားရှိလိမ့်မည်။ ထို့အပြင် သူ၏ ကျဥ်းမြောင်းသော မျက်နှာကျနှင့် ချွန်ထက်သောသွားများက သူသည် လောဘကြီးသော လူတစ်ယောက်ဖြစ်ကြောင်း ပြသနေလေသည်။

ရှဲ့ချောင် သက်ပြင်းခပ်ဖွဖွချလိုက်၏။

ယွမ်ရုန်မှာ ဤကဲ့သို့ ဖယ်ထုတ်ခံရမည်ဟု မမျှော်လင့်ထားခဲ့ပေ။

မိသားစုထဲသို့ သခင်မလု လက်ထပ်ဝင်လာစဥ်အချိန်အား ပြန်စဥ်းစားမိသည်။ လက်ဆောင်အသေးလေးတစ်ခု ပေးအပ်ခံခဲ့ရပြီး သူမသည် သူ့အပေါ် အင်မတန်ယဥ်ကျေးခဲ့သည်။

'ဒီအကြီးဆုံးသခင်မလေးက ဘယ်လိုတောင် ငါ့ကို အလေးမထားရဲတာလဲ'

'တကယ်လို့ သူမသာ မျက်နှာသာပေးခံရတယ်ဆိုရင် ဒါက အဆင်ပြေသေးတယ်။ ဒါပေမဲ့ ဒီအကြီးဆုံးသခင်မလေးက အပြင်မှာ ပျိုးထောင်ခံခဲ့ရပြီး သခင်ကြီးနဲ့ အကြီးဆုံးသခင်လေးက သူမနေထိုင်ဖို့ အစွန်အဖျားကျပြီး တိတ်ဆိတ်ခြောက်ကပ်တဲ့ ခြံဝင်းအသေးလေးကို အထူးတလည် ရွေးချယ်ထားခဲ့တာ။ သူတို့ရဲ့ နှလုံးသားထဲ သူမက ဘယ်လိုများ နေရာရှိနိုင်မှာတဲ့လဲ?'

'သူမနေရာသူမ မသိဘူးဆိုရင် မကြာဘူး သေချာပေါက် ဆုံးရှုံးရလိမ့်မယ်!'

"သခင်မလေး ဒီနေရာက သခင်မလေးအတွက် အရမ်းဝေးလွန်းနေလားလို့?" ချွင်းအာသည် စိတ်ပူနေပြီး သခင်မလေး  ရှုံးနိမ့်နေသည်ဟု ခံစားနေရသည်။

"အရမ်းကောင်းပါတယ်" ရှဲ့ချောင် အမှန်အတိုင်း ပြောလိုက်၏။ "ကျွန်မအတွက် ဆူညံရှုပ်ယှက်ခက်နေတဲ့ ခြံဝင်းတစ်ခုကိုသာ စီစဥ်ပေးထားခဲ့ရင် ကျွန်မ အဲ့တာကို ပြောင်းလဲပစ်မှာပဲ"

သူမမျက်နှာထက်၌ မပျော်ရွှင်သော အရိပ်အယောင်မတွေ့သည်ကို မြင်ရသောအခါ ချွင်းအာ စိတ်သက်သာရာရသွားလေသည်။

"တာ့ရှုန်းကြည့်ရတာ နည်းနည်းပင်ပန်းနေပြီထင်တယ်။ ကျွန်မ သူ့ကို နားလို့ရအောင် ခြံဝင်းထဲ ထားထားလိုက်ပါ့မယ်" ချွင်းအာ ထပ်မံပြောလိုက်လေ၏။

" သူ့ကို အခြောက်ခံထားတဲ့ ပိုးကောင်တစ်အိုးပေးလိုက်ပါ" သူမ၏ ကြက်ဖကြီးအကြောင်းအား ပြောသည့်အခါတိုင်း ရှဲ့ချောင်၏အသံမှာ ကြည်လင်ပြတ်သားလာလေသည်။

ချွင်းအာမှာ မတတ်နိုင်ဘဲ ဆက်ရယ်မောနေလေ၏။

"သခင်မလေး ဒီကြက်ဖကြီးကို ဆက်ဆံတဲ့ပုံက ကိုယ့်ကိုကိုယ်ဆက်ဆံတဲ့ပုံထက်တောင် ပိုကောင်းနေသေးတယ်!"

ဤသည်မှာ ထူးခြားသည့်ဖြစ်ရပ်ဟု ချွင်းအာ ခံစားရလေသည်။ သို့သော် ထို့နောက်တွင် ဤကြက်ဖကြီးမှာ သူ၏သခင်ကို မှတ်မိကြောင်း သူမ သိလိုက်ရလေ၏။ ထိုအခြင်းအရာမှာ ရှဲ့ချောင်မှ ၎င်းအား ကောင်းမွန်စွာ ဆက်ဆံရသည့်အကြောင်းဖြစ်ကြောင်း သူမ သဘောပေါက်လိုက်လေသည်။

'သူတို့ရဲ့သခင်ကို မှတ်မိတဲ့ ခွေးတွေ အများကြီးရှိနိုင်ပေမဲ့ သူ့ရဲ့သခင်ကို မှတ်မိနိုင်တဲ့ ကြက်ဖတစ်ကောင်ကတော့...

... တစ်ကောင်ထဲသာ ဖြစ်နိုင်မည်လား?

'သူမက အရမ်းရှားပါးတဲ့ ဒီကြက်ဖကြီးကို ဒီအတိုင်းလေး မွေးထားချင်တာ ထင်ပါရဲ့'

ရှဲ့ချောင် ခါးခါးသီးသီး ပြုံးလိုက်၏။

သူမ တာ့ရှုန်းအပေါ် ကောင်းပေးသည့် အကြောင်းအရင်းမှာ ဤကြက်ဖကြီးအား သူမဘာသာသူမ ပြုစုပျိုးထောင်ခဲ့ရသောကြောင့် ဖြစ်သည်။ အခြားတစ်ဖက်တွင် သူမ၏ ကြက်ဖကြီးသည် မကောင်းဆိုးဝါးဝိညာဥ်များအား မောင်းထုတ်ပေးသောကြောင့်ဖြစ်ပြီး တာ့ရှုန်းအား အမျိုးစုံလှသော အာနိသင်ရှိသည့် ပိုးကောင်များနှင့် မှော်အက္ခရာများကို ကလေးဘဝကတည်းက ကျွေးခဲ့သောကြောင့် ဖြစ်သည်။ သူ၏ ယန်စွမ်းအင်သည် ယခင်ကထက် ပိုအားကောင်းလာခဲ့သည်။ ၎င်းအား သူမနံဘေး၌ ရှိနေစေခြင်းဖြင့်ပေ သူမကို ကောင်းမွန်စွာ အိပ်စက်နိုင်အောင် အာမခံနိုင်လေ၏။

ရှဲ့ချောင်၏ ခန္ဓာကိုယ်သည် ခရီးရှည်ကြီးပြီးနောက် ပင်ပန်းနွမ်းနယ်မှုများဖြင့် လွှမ်းမိုးနေလေသည်။

သူမ အိပ်ရာပေါ်သို့ လှဲချပြီး အချိန်ခဏအတွင်း၌ အိပ်ပျော်သွားလေတော့သည်။

သူမ နိုးလာချိန်တွင် ရှဲ့နျိုရှန်း၊ သူမ၏အစ်ကိုနှင့် မောင်နှမငယ်များ အိမ်တော်သို့ပြန်ရောက်လာပြီဖြစ်ကြောင်း ချွင်းအာမှ လာရောက်သတင်းပို့လေ၏။

သူမအား ညစာလာစားရန် ဖိတ်ကြားခံရလေသည်။

ကြာပန်းအရောင်ဝတ်စုံအား ရှဲ့ချောင် လဲဝတ်လိုက်လေသည်။ ဤအဝတ်အစားနှင့် သူမသည် အနည်းငယ်ပို၍ တက်ကြွလန်းဆန်းပုံ ထင်မြင်ရ၏။

ထိုအချိန်၌ ရှဲ့နျိုရှန်းသည် သခင်မလုနှင့် သူမသမီးဖြင့်အတူ ရှိနေလေသည်။

"မင်းတို့နှစ်ယောက် စောစောပြန်ရောက်တာပဲ။ မင်းတို့ရဲ့ အကြီးဆုံးအစ်မကို တွေ့ပြီးကြပြီလား?" ရှဲ့ဖင်းဟွိုက်နှင့် ရှဲ့ရှီအား ရှဲ့နျိုရှန်းမှ မေးလိုက်၏။

သူ၏အသံမှာ အတော်လေးခက်ထန်နေလေပြီး ရှဲ့ဖင်းဟွိုက် သူ၏ခေါင်းအား ကျုံ့လိုက်လေသည်။

"မတွေ့ရသေးပါဘူး။ ကျွန်တော် တစ်ယောက်ကို လွှတ်ခဲ့ပေမဲ့ အကြီးဆုံးအစ်မက အိပ်နေတုန်းလို့ ပြောတာကြောင့် ကျွန်တော်သူမကို အနှောင့်အယှက်မပေးချင်တာနဲ့ ညီမလေးနဲ့ပဲ အရင် ကစားနေလိုက်တာ" ရှဲ့ဖင်းဟွိုက် လျင်မြန်စွာ ပြောလိုက်၏။

ရှဲ့နျိုရှန်း သူ၏အကြည့်များအား ဖေဝမ်ယွဲ့အပေါ်သို့ ပြောင်းလိုက်သည်။

ဖေဝမ်ယွဲ့ အလျင်အမြန် ထွက်လာပြီး ရှဲ့နျိုရှန်းအား ဦးတိုက်လိုက်သည် " ဝမ်ယွဲ့ ဖေဖေ့ကို ဒီနေရာမှာ နှုတ်ခွန်းဆက်သလိုက်ပါတယ်"

ရှဲ့နျိုရှန်း ထိတ်လန့်သွားလေကာ " ဘယ်လိုမျိုး ငါ့ကို နှုတ်ဆက်တာလဲ? "

ဖေဝမ်ယွဲ့ အရှက်ရမှုကြောင့် မျက်နှာနီမြန်းသွားလေသည်။

"ဒီလိုမျိုး နှုတ်ဆက်ဖို့ သူ့ကို ကျွန်မပြောခဲ့တာပါ။ သူက ကျွန်မသမီးလေ။ အခု ကျွန်မနောက်လိုက်လာပြီဆိုတော့ သူမက သခင်ကြီးကို သဘာဝကျကျပဲ သူမရဲ့အဖေအနေနဲ့ နှုတ်ဆက်ချင်တာပါ" သခင်မလု လျင်မြန်စွာ ပြောလိုက်၏။

ဤသည်ကို ကြားလိုက်ရချိန်တွင် ရှဲ့နျိုရှန်း အရမ်းပျော်ရွှင်သွားခဲ့သည်။ "ကောင်းတာပေါ့။ သူမက တကယ့်ကို ကြည့်ကောင်းပြီး ချိုမြိန်တာပဲ"

ထိုအရာကိုပြောလိုက်သည်နှင့်အတူ သူ၏လက်မောင်းများထဲမှ ဓားမြှောင်အသေးတစ်ချောင်းကို ထုတ်ယူလိုက်ကာ "ဒါကိုယူပြီး ကစားလိုက်!"

"..." ဓားမြှောင်အား လှမ်းယူလိုက်ချိန်တွင် ဖေဝမ်ယွဲ့၏လက်များ ပြုတ်ကျသွားခဲ့သည်။ ကြည့်ကောင်းသော ဓားမြှောင်သည် အမှန်တော့ ကျောက်မျက်ရတနာတုံးများ မြှုပ်သွင်းစီခြယ်ထား၏။ သူမအတွက်တော့ ဓားမြှောင်က ရတနာများဖြင့် အစားထိုးလိုက်လျှင် ပိုကောင်းမည်ဖြစ်သည်။

"ကျေးဇူးတင်ပါတယ် ဖေဖေ" ဖေဝမ်ယွဲ့မှာ အလွန့်ကို ကျိုးနွံနေလေသည်။ သူမ စကားပြောခြင်းကို အဆုံးသတ်လိုက်ပြီးသည်နှင့် ချောင်းဆိုးလိုက်လေ၏။

"ဘာဖြစ်တာလဲ? နေလို့မကောင်းဘူးလား?" ရှဲ့နျိုရှန်း အလွန်တရာကို မျက်မှောင်ကြုတ်ထားသည်မှာ သူ၏နဖူးကြောများကြား၌ ယင်ကောင်တစ်ကောင်အား ညှပ်ထား၍ပင် ရလေသည်။

•••••••••••

All Chapters