← Chapters

ကြိုဆိုလက်ဆောင်

Vol. 4 Ch. 41

ကြိုဆိုလက်ဆောင်

Vol. 4 Ch. 41

ရှဲ့ဖင်းဟွိုက် မှာ ဒေါသ ထွက်နေ သော်လည်း ဒေါသကို ထုတ်မပြရဲပေ။ ဒေါသထွက်သော်လည်း သတ္တိနည်းလေ၏။

သူ၏ အမေသည် သူ့အား အိမ်ပြန်ရောက်ချိန်တွင် ငွေစအနည်းငယ် ပေးထားလေသည်။

နှစ်နာရီပင် မပြည့်သေး ရှိသမျှ အကုန်ပါသွားခဲ့ လေပြီ။

ရှဲ့ဖင်းကန်း မှာမူ အလွန်ပီတိ ဖြာနေပြီး ဖေဝမ်ယွဲ့၏ မျက်လုံးများ မှာတော့ ဆက်စပ်၍ မရသည့် အရိပ်အယောင် များဖြင့် ပြည့်နှက် နေသည်။

သူတို့တွေက တကယ်ပဲ သူမ(ရှဲ့ချောင်)၏ အဖေတူ မွေးချင်း မောင်နှမ တွေလား? သူမ(ဖေဝမ်ယွဲ့)လည်း ဒီနေရာမှာ ရှိနေပေမဲ့ ဘာကြောင့်များ သူတို့က သူမအား ကြိုဆိုသည့်ပုံ မပြကြကြောင်း သူမ မသိပေ။

ငွေစငါးဆယ် သည် အေးစက်နေသည့်ဓားမြှောင် ထက်တော့ သာသည် မဟုတ်လား။

သို့သော်  သခင်မလုမှာ မိုးမမြင် လေမမြင် ဖြစ်နေသည်။

ထိုအရာမှာ သူမအတွက် သာမည ဓားမြှောင်သာသာ မဟုတ်ပေ။ သူ့ခင်ပွန်းသည်၌ ကြမ်းတမ်းသော အပြုမူများ မှလွဲ၍ အခြားဝါသနာ မရှိသလောက်ပင်။ ထိုဓားမြှောင်ကို ရှဲ့နျိုရှန်း ဓားပြ ဖြစ်ခဲ့စဉ်က ရရှိခဲ့ခြင်းဖြစ်သည်။ ၎င်းဓားမြှောင် ပေါ်ရှိ ကျောက်များသည် အလွန် တန်ဖိုးကြီးသည်။ အနည်းဆုံး ငွေစ တစ်ထောင်ဖြင့် ရောင်းချနိုင်သည် ။

ဒါပေမဲ့ သူတို့တွေ ရှဲ့ချောင်ကို ပေးကြတာ ဘာတွေလဲ?

ငွေစက္ကူတွေ လား?

သခင်မလုမှာ မျက်ဝန်းများကပင် ကွေးညွှန့်နေသည်။ သူမသည် ရှဲ့ဖင်းဟွိုက်ကို ချစ်မြတ်နိုးစွာ ကြည့်ပြီး ခေါင်းကို ပွတ်သပ်လိုက်ကာ ပြောလိုက်သည်။ "အိမ်ရောက်တဲ့အခါ အမေပိုပေး မယ်နော်။"

ထိုစကားကို ကြားသောအခါ ရှဲ့ဖင်းဟွိုက်မှ မထိတထိ ပြုံးကာ “ကောင်းလိုက်တာ!”

ရှဲ့ဖင်းကန်းသည် ရှဲ့ဖင်းဟွိုက်အား နှာခေါင်းရှုံ့ပြ လိုက်သည်။ ရှဲ့ဖင်းဟွိုက်သည် အလွန်  ကြောက်သွားပြီး သူ့ခေါင်းအား အမြန်ဖွက် လိုက်ကာ စကားပြောမည့် အချိန်တွင် ရှဲ့ချောင် ရောက်လာခဲ့သည်။

အကုန်လုံး လှည့်၍ ကြည့်လိုက် ကြ၏။

ရှဲ့နျိုရှန်း၏ မျက်လုံးများ ပြူးသွားကာ အရောင်များပင် လက်သွားသည်။ ချက်ချင်းပင် လမ်းလျှောက်ကာ သူမနားသို့ သွားပြီး  "သမီး၊ မင်းကငါ့သမီးလား?”

ရှဲ့ချောင်၏ မျက်ခွံများ လှုပ်သွားသည်။

သူမ၏ ပခုံးများကို ရှဲ့နျိုရှန်းက ဖိကိုင်ထားပြီး သူ့မျက်လုံးများ သည်လည်း  နွားမျက်လုံးများ ကဲ့သို့ ပြူးကျယ် နေသည်။ " ကျွတ်ကျွတ်ကျွတ်၊ ဒီလောက်လှတဲ့ သမီးလေးကို ငါပဲမွေးနိုင်တာ၊  မနေ့က ခွေးသား တစ်ကောင်က ငါ့သမီးကိုများ ဝက်ဝံလောက် က်ြီးလိမ့်မယ် လို့ ပြောသေး၊ သမီးနဲ့လက်ဆက်ပေးဖို့ တင်တောင်း ငွေတောင် ထပ်ပေး ရဦးမယ်ဆိုပဲ၊ အခုငါ့သမီးကို ကြည့်စမ်း၊ ဘယ်သူက ယှဉ်နိုင်မှာတဲ့လဲ။"

ရှဲ့နျိုရှန်း၏ မျက်နှာပေါ်တွင် ဂုဏ်ယူခြင်းများ အပြည့်ပင်။

ရှဲ့ချောင်ကမူ တိတ်တဆိတ် မျက်စောင်းထိုး လိုက်သည်။

ထို့နောက် ရှဲ့ဖင်းကန်းသည်လည်း မတ်တပ် ထရပ်လိုက်ပြီး သူမဆီသို့ လျှောက်လာသည်။

ရှဲ့ချောင်သည် သူမနံဘေး၌ တံတိုင်းကြီး နှစ်ခု ရောက်လာ သလိုပင် ခံစားလိုက် ရသည်။

အစ်ကိုအကြီးဆုံးသည် အနည်းဆုံး ၂ မီတာ လောက် အရပ်မြင့်ကာ ကြွက်သား အပြိုင်းပြိုင်းနှင့် သူတို့မှာ အလွန် ကြောက်စရာကောင်းပြီး အသားညို ကြသည်။ မည်သူမျှပင် ကြာကြာ မကြည့်ရဲ လောက်သော သူတစ်ယောက်ပင်။

နောက်ပြီး သူ့အဖေ...

ဒီလောကတွင် သူနေထိုင်ခဲ့သည်မှာ နှစ်ပေါင်း မနည်းတော့ပေ။ နှစ်စဉ် နှစ်တိုင်း အိမ်သို့ စာများ ပို့ခဲ့ခြင်း ကလွဲလျှင် သူမ၏ဖခင်အား မွေးဖွားစဉ်က တစ်ကြိမ်သာပင် တွေ့ခဲ့ဖူးသည်။

သို့အတူ သူမ၏အမေ ဆုံးပါးသွားသည်နှင့်တစ်ပြိုင်နက် သူမအဖေသည် မကျေမချမ်းဖြစ်ကာ သူမအား အရိပ်မည်းကြီး တစ်ခုတွင်း၌ ထားခဲ့လေသည်။

ငယ်စဉ် ကလေးဘဝ တွင်တော့ ရှဲ့နျိုရှန်းသည် သူမ၏ စိတ်ထဲတွင် နေရာအတော်လေး ရခဲ့သူ ဖြစ်ခဲ့သည်။ ယခု ကြည့်လိုက်သည်နှင့် ဒီလူသည် အသက် ၄၀ လောက် ရှိလောက်မည်ပင်။ ယခင်ကလို မျက်စိဆံပင်မွှေး စူးစရာ မဟုတ်တော့ချေ။

“အဖေ ဟို တာအိုကျင့်ကြံတဲ့ အဘိုးကြီး မော့လင်းကျစ်က သူမကို ပြန်ပေးဆွဲသွားတာလား? ကျွန်တော်တို့ နဲ့လည်း မတူဘူး။” ရှဲ့ဖင်းကန်း ဆက်စပ်လို့ကို မရပေ။ သူ့မိသားစုဝင်များ၏ အသွင်ပြင်အား သူအသိဆုံးပင် မဟုတ်လား။

ရှဲ့နျိုရှန်း မှာ စစချင်း အံ့အားသင့် သွားခဲ့ပြီး  နောက်ကျ စိတ်ဆိုးသွား ခဲ့သည်။ "အဓိပ္ပာယ်မရှိလိုက်တာ။ သူ့နှာခေါင်းနဲ့ မျက်လုံးတွေကို ကြည့်စမ်း။ ငါနဲ့တစ်ပုံစံတည်းပဲကို။”

ကြည့်လိုက် ရုံနှင့် ဤကလေးသည် သူ့ကလေး ဟုပြောနိုင်သည်။

"အဖေ၊ သမီးကို အရှက်ခွဲ နေတာ တော်ပါတော့။" ရှဲ့ချောင်က ကူကယ်ရာ မဲ့စွာပြောသည်။

ရှဲ့နျိုရှန်း အနည်းငယ် ထိတ်လန့် သွားသည်။ရှဲ့ဖင်ကန်းမှာမူ  အလွန်ဝမ်းသာစွာဖြင့် ပြောလိုက်သည်။ "ဟုတ်တယ်၊ မင်းက ငါ့ညီမပဲ  သေချာတယ်။"

ရှဲ့နျိုးရှန်းမှာ ချောင်း ဟန့်လိုက်၏။

"အကြီးဆုံးအကို" ရှဲ့ချောင် ခေါ်လိုက်သည်။

"ညီမလေး၊ အိမ်ပြန် ရောက်လာတာ အရမ်းကောင်းတယ်" အလွန်မင်း ဝမ်းသာ ပြီးနောက် ရှဲ့ဖင်းကန်း၏ အပြုမူများ တည်ငြိမ်သွားသည်။

ရှဲ့နျိုရှန်း တစ်ခုခုအား သတိရသွားပုံရပြီး ယခင်က ကဲ့သို့ တောက်ပစွာ မပြုံးနိုင်တော့ချေ။

“ဒါက သမီးရဲ့ မောင်လေးနဲ့ ညီမလေး၊ သူတို့နှစ်ယောက်လုံးက ဘာမှ အဖြစ်မရှိဘူး။”  ရှဲ့နျိုရှန်း ပြောသည်။

ရှဲ့ဖင်းဟွိုက်နှင့် ရှဲ့ရှီတို့သည် ရှဲ့ချောင် ကို တိတ်တဆိတ် ကြည့်နေ ကြသည်။

အကြောင်း အရင်းမှာ သူမအကြောင်း ကြားဖူး သော်လည်း မမြင်ဖူး သောကြောင့်ဖြစ်သည်။ ထို့ကြောင့် ရှဲ့ချောင် သည် သူတို့အတွက် သူစိမ်းလို ဖြစ်နေသည်။

“အကြီးဆုံးမမ” သူတို့နှစ်ဦး သံပြိုင် ခေါ်လိုက် ကြသည်။

ရှဲ့ချောင်က ခေါင်းညိတ် ပြလိုက်ပြီး သူမပိုက်ထားသော အရာနှစ်ခုကို ထုတ်ပေး လိုက်သည်။ "ဒါက မမတို့ ပထမဆုံး အကြိမ်တွေ့ဖူးတာပဲနော်။ ရော့ ဒါလေးတွေက မင်းတို့အတွက်။"

•••••••••••

All Chapters