← Chapters

လုယူခြင်း

Vol. 4 Ch. 42

လုယူခြင်း

Vol. 4 Ch. 42

၎င်းတို့မှာ အရွယ်အစားတူ အိတ်နှစ်ခုဖြစ်သည်။

ရှဲ့ချောင် လက်ဆောင်များ ပေးပြီး သည်နှင့် ဖေဝမ်ယွဲ့မှာ သူမ လက်ဗလာနှင့် ရောက်လာခဲ့ကြောင်းကို ပြန်သတိရ သွားသည်။ ထို့ကြောင့် သူမ အနည်းငယ် ထိတ်လန့် သွား၏။ သူမ ချက်ချင်း စဉ်းစား လိုက်ကာသူမခန္ဓာကိုယ် ပေါ်ရှိ အသုံးအဆောင် နှစ်ခုကို ဖြုတ်လိုက်သည်။

မိန်းကလေး ဖြစ်သည့် သူမ အတွက်တော့အသုံးဆောင်များ ပေးခြင်းသည် အကောင်းဆုံးပင် ဖြစ်သည်။

သို့သော် ရှဲ့ရှီအား ထိုအသုံးအဆောင်များ ပေးခြင်းသည် အဓိပ္ပာယ်ရှိ သော်လည်း ရှဲ့ဖင်းဟွိုက်ကို ပေးခြင်း ကတော့ အနည်းငယ် ထူးဆန်း နေသည်။

ဖေဝမ်ယွဲ့မှာ ဟိုလိုလုပ်ရင် ကောင်းမလား၊ ဒီလိုလုပ်ရင် ကောင်းမလား နှင့် မသေမချာ ဖြစ်နေသဖြင့် ထိုနေရာတွင်သာ ရပ်နေမိသည်။

“ဟွိုက်အာက ယောက်ျားလေးမို့ ဒါတွေကိုသဘောမကျ လောက်ဘူး။ ဒုတိယအစ်မက နောက်တစ်ကြိမ်ကျ လက်ဆောင်ပေးမှာ ဟုတ်ပြီလား။" သခင်မလုက သူ့သမီး ကိုယ်စား ပြောပေးသည်။

ရှဲ့ဖင်းဟွိုက်သည် ရိုးရိုးသားသား ခေါင်းညိတ် လိုက်ပြီး ရှဲ့ချောင် ပေးသောလက်ဆောင်ကို ကြည့်လိုက်သည်။

ကြည့်လေ နားမလည် နိုင်လေ ဖြစ်ကာ စိတ်ရှုပ် နေပုံရသည်။

"အဲမမက ဘာပေး တာလဲ။" ဖေဝမ်ယွဲ့က မေးသည်။

ရှဲ့ဖင်းဟွိုက်သည် တစ်ခါတည်း ထုတ်ယူလိုက်ပြီး လူတိုင်းကို ပြလိုက်သည်။

ရှဲ့ဖင်းကန်းသည် ထိုအရာကို မြင်သောအခါ လုယူ လိုက်သည်။ "ဒါက ကျောက်စိမ်းသင်္ဘော သေးသေးလေး လား? လက်ရာက ကောင်းလိုက်တာ... ခဏလေး..”

သူ၏ခေါင်းပေါ် တင်ထားတော့ မတတ်ပင် အနီးကပ် ကြည့်နေ၏။ ထို့နောက် မျက်နှာ အမူအရာသည် အမျိုးမျိုး ပြောင်းလဲ သွားပြီး ထိုအရာအား သူ့ရင်ခွင် ထဲတွင် တင်းကြပ်စွာ ဆွဲထည့် ထားတော့သည်။

"အကြီးဆုံး အကို?" ရှဲ့ဖင်းဟွိုက်မှာ အံ့ဩနေပုံ ရသည်။

ဘာများလဲ၊ ဒီဟာက ကျောက်စိမ်း သက်သက်ပဲ မဟုတ်ဘူးလား? အကြီးဆုံး အကိုက ဒါကိုပါ လုယူ ချင်နေ တာလား?

"ဒါက မင်းအတွက် အလဟဿ ဖြစ်နေလိမ့်မယ်။" ရှဲ့ဖင်းကန်း အတည်ပေါက် ပြောလိုက်သည်။

“မင်းက စည်းကမ်းမရှိတဲ့ လူမို့လို့ လျှောက်သယ် သွားရင်း ကွဲသွားရင်  ဘယ်လို လုပ်မလဲ? ငါသိမ်းထား ပေးမယ်။ မင်း အရွယ်ရောက်လာပြီးမိန်းမယူတဲ့ အခါကျ ပြန်ပေးမယ်။"

ရှဲ့နျိုရှန်းမှာ သူ၏ ဆိုးဝါးသော သားအကြီးဆုံး၏ သဘောထားကို သတိပြုမိလိုက်ကာစောင့်ကြည့် နေလေသည်။

"သမီးကြီး၊ ဘာတွေ ပေးလိုက် တာလဲ?" ရှဲ့နျိုရှန်းက မေးသည်။

“ဘာမှ ရှားရှား ပါးပါး မဟုတ်ပါဘူး။ တောက်သဲ့ကျင်း လို့စာထွင်း ထားတဲ့ ကျောက်စိမ်း ပန်းပု ရုပ်လေးပါပဲ။" ရှဲ့ချောင် တည်ငြိမ်စွာ ပြောလိုက်သည်။ သူမသည် တည်ငြိမ်လွန်း သဖြင့် ရှဲ့နျိုရှန်းသည် ထိုအရာသည် အမှန်တကယ်ပင် တန်ဖိုးမရှိ ဟု ထင်သွားသည်။

ရှဲ့ဖင်းကန်း သက်ပြင်း တစ်ချက် ချလိုက်သည်။

ကျောက်စိမ်း ပန်းပုရုပ်လား?

၎င်းသည် ကျောက်စိမ်း စစ်စစ် ဖြစ်သော်လည်း အကောင်းဆုံး အရည်အသွေး မဟုတ်ပေ။

သို့သော် ပန်းပု လက်ရာမှာ အံ့မခန်းပင်။ ဒါတင် မကဘဲ အောက်ခြေတွင် ရေးထွင်းထားသည့် 'ယွင်ဝေ့' ဆိုသော စကားလုံး နှစ်လုံးလည်း ပါရှိ နေတာကို သူတွေ့ခဲ့သည်။ ထို့ကြောင့် ဆရာကြီးတစ်ဦးမှ ဤအရာကို ထွင်းထုခဲ့ခြင်း ဖြစ်နိုင်သည်။ ပြန်လည် ရောင်းချလျှင် ငွေစ ၇၀၀ မှ ၈၀၀ ကြားရနိုင် သည်ပင်။

နှမြောစရာပင်။ အရည်အသွေးမြင့် ကျောက်စိမ်း ဖြစ်လျှင် ငွေအဆ အနည်းငယ် ပိုကာ ရနိုင်သည်။

အကြောင်းအရာကို ပြောင်းလဲရန်အတွက် ရှဲ့ဖင်းကန်း သည် ငွေစက္ကူ ၅၀ ကို ရှဲ့ချောင် လက်ထဲသို့ ထိုးထည့် ပေးလိုက်သည်။ "အခုမှ နန်းမြို့တော် ကိုရောက်တာ ဆိုတော့ အိမ်ထဲမှာပဲ မနေနဲ့။ အရမ်းပျင်းနေ လိမ့်မယ်။ အဖေ့ကို ခေါ်သွား၊ အော် မှားလို့  အားတဲ့အချိန်မှာ ဒုတိယညီမကို ခေါ်ပြီး စျေးဝယ်ထွက် လို့ပြောချင်တာ၊ ကလိစရာ ဟိုဟာ၊ဒီဟာလေး ဝယ်ပေါ့။"

သူ အနည်းငယ် လန့်သွားသည်။

ငွေစက္ကူ ၅၀မှာ အလွန် နည်းပုံပေါ်သည်...

သူ့မှာ ရွေးချယ်စရာ မရှိပေ။ နောက်လ မုန့်ဖိုးလျော့သုံးပြီး ပိုပေးရန်သာ တတ်နိုင်သည်။

ရှဲ့နျိုရှန်း သည်လည်း အလွန်နည်းသည် ဟု ထင်သောကြောင့် ငွေစက္ကူများ ထပ်ပေးခဲ့သည်။

ရှဲ့ချောင်သည် ငွေစက္ကူ များအား တည်ငြိမ်စွာ ယူလိုက်သည်။

ရှဲ့ဖင်းကန်းမှာ သူ့ခေါင်းကို မော့လိုက်ပြီး "ညီမလေး လက်ထဲက အဲဒါ ဘာလဲ?" ဟုမေးလိုက်သည်။

ရှဲ့ရှီ၏ မျက်နှာငယ်လေးသည် ယခုအခါတွင်  တင်းမာ လာသည်။ သူမသည် ထိုအရာအား သူမ၏ ရင်ခွင်ထဲသို့ သွင်းလိုက်ပြီး ရှဲ့ဖင်းကန်း ကိုကြည့်ရင်း “ကျောက်တုံးလေးပါ၊ ကျောက်တုံးသေးသေးလေး။” ဟု ခပ်လေးလေး ပြောလိုက်သည်။

ရှဲ့ဖင်းကန်း၏ မျက်ဝန်းများ တုန်လှုပ် သွားသည်။

ကျောက်တုံးဟု ပြောလိုက်သည်နှင့် သူနားလည်လိုက်သည်။

သူ့ညီမ ရှီအာ အကြိုက်ကို သူသိသည်။ အိတ်ထဲမှာ ငွေစများ ရှိလိမ့်မည်။

အလေးချိန် အားဖြင့် ကြည့်လျှင် ငွေစ၂၀ ရှိလျှင် ကောင်းမည်။ သို့သော် နည်းပါးတဲ့ ငွေပမာဏမို့ သူဂရုမစိုက်ပေ။

ရှဲ့ချောင်မှ ရှဲ့ရှီကို ကြည့်လိုက် သောအခါ မျက်လုံးထဲတွင် နှစ်သက်သည့် အရိပ်အယောင်များ ရှိနေသည်။

ထိုကလေးမလေးမှာ လှပပြီး ချစ်စဖွယ် ကောင်းသည်။

ကံမကောင်း စွာပင် သူမသည် လောက ထဲသို့ဝင်ရောက် လာချိန်၌ သခင်မလင်း၏ ဗိုက်ထဲတွင် အကြာကြီး ပိတ်မိနေခဲ့ သောကြောင့်ဉာဏ်ရည် ဖွံ့ဖြိုးမှု အားနည်းသည်။ သို့သော် သူမသည် တုံးနေသည် ဟုလည်း  ယူဆ၍ မရပေ။ သူမသည် ပုံမှန် လူများထက် နှေးကွေးခြင်းသာ...။

သူမထံ နှစ်စဥ် တစ်ယောက်ယောက်ကို ဌားကာ စာတစ်နှစ် တစ်စောင်နှုန်းနှင့် နှစ်တိုင်း ရေးပေးကာပို့နေသော ရှဲ့နျိုရှန်း ထံမှ ထိုအရာ အားလုံးကို သိရှိခဲ့ခြင်းဖြစ်သည်။

ထို့ကြောင့် သူမသည် ဤနေရာတွင် ဖြစ်ပျက်နေသည့် အရာများကို နားလည် သလောက်ပင်ဖြစ်သည်။

••••••••••••

TN- တောက်သဲ့ကျင်း သည် ဒဿနိက ဗေဒနှင့် ဘာသာရေး ဆိုင်ရာ တာအိုဘာသာ နှစ်ခုစလုံး အတွက် အခြေခံစာသား ဖြစ်သည်။ ၎င်းသည် တရုတ်နိုင်ငံသို့စတင် မိတ်ဆက်ချိန်တွင် တာအိုဘာသာ စကားလုံးများနှင့် အယူအဆများကို အသုံးပြုခြင်းဖြင့် အများစု အဓိပ္ပာယ် ဖွင့်ဆိုထားသည့် တရားဥပဒေ စိုးမိုးရေး၊ ကွန်ဖြူးရှပ် အယူဝါဒနှင့် ဗုဒ္ဓဘာသာ အပါအဝင် တရုတ်ဒဿနနှင့် ဘာသာရေးဆိုင်ရာ အခြားကျောင်းများ အပေါ် ပြင်းထန်စွာ လွှမ်းမိုးမှု ရှိခဲ့သည်။

••••••••••••••

All Chapters