← Chapters

တရားဝင် တောပုန်း ဓားပြ

Vol. 4 Ch. 43

တရားဝင် တောပုန်း ဓားပြ

Vol. 4 Ch. 43

ရှဲ့ရှီအား ရှဲ့ချောင် ပေးလိုက်သည့် လက်ဆောင်မှာ ရွှေတုံး တစ်တုံး ဖြစ်သည်။

ရှဲ့ဖင်းကန်းမှာတော့ ကျောက်စိမ်း ရုပ်ထုကို အရူးတစ်ယောက် သကဲ့သို့ ပွေ့ထားရင်း ၎င်းအား လုယူရန် အခွင့်အရေးအား လက်လွှတ် လိုက်ရသည်။

"အဖေတို့ စကားစမြည် ပြောရင်း ထမင်းစားရအောင်။" ရှဲ့နျိုရှန်းက ပြောလိုက်သည်။ ဤမြင်ကွင်းအား ကြည့်နေရင်း သူ အရမ်းပျော်နေသည်မှာ အမှန်ပင်။

"အဖွားဆီ သွားမလို့လား?" ရှဲ့ချောင် ရုတ်တရက် မေးလိုက်သည်။

ထိုစကားကို ကြားသောအခါ ရှဲ့နျိုရှန်း၏ မျက်နှာ တင်းသွားသည်။

ရှဲ့မိသားစုမှာ ဓားပြဖြစ်ရာမှ ကြွယ်ဝ ချမ်းသာ လာကြ သော်လည်း သူတို့တွင် အမျိုးများစွာ ရှိသည်။

ရှဲ့နျိုရှန်း ဓားပြ ဖြစ်စဉ် အခါက သူ့အမေနှင့် ညီအစ်ကို များအား ပြသနာတွင်း ဆွဲမခေါ် မိစေရန် ရှဲ့မိသားစုနှင့် အဆက်အသွယ် ဖြတ်ခဲ့သည်။ အရာရှိ ဖြစ်လာခဲ့ပြီးနောက်ပိုင်းတွင် နှစ်ပေါင်းများစွာ ပြုစု ပျိုးထောင် ပေးခဲ့သော သူ့မိခင်အား နှိပ်စက် ညှဉ်းပန်း မိသည်ဟု အပြစ်ရှိဟန် ခံစားလာရသည်။ ထို့ကြောင့် သူသည် သူမအား ခေါ်၍ သူ့အိမ်တွင် နေထိုင်စေခဲ့သည်။

အမျိုးသမီးအိုကြီးကို ပြုစု စောင့်ရှောက် မည်ဆိုကတည်းက သဘာဝကျစွာပင် သူမ၏ အခြားသားမြေးများကိုပါ ပြုစုစောင့်ရှောက် ရမည်ပင်။

ရှဲ့ချောင် သိထားသလောက် ဆိုလျှင် အဘွားသည် ဤနေရာတွင် မနေပေ။ ရှဲ့နျိုရှန်းသည် များပြားလှသော ငွေစများကို ရှဲ့ မိသားစု၏ ဇနီးနှစ်ယောက်အား အိမ်တစ်လုံးစီ ဝယ်ရန် ပေးအပ်ခဲ့ပြီး ဖြစ်သည်။

ကျန်တာတော့ သူမ မသိပေ။

သူမ ရှဲ့မိသားစုတွင် နေမည်ဆိုလျှင်  သက်ကြီးရွယ်အိုများအား မတွေ့ဆုံပါက ရိုင်းရာကြမည် မဟုတ်ပါလား။

အတတ်နိုင် ဆုံးတော့ မေးလိုက် ခြင်းသည် အဆင်ပြေ မည်ပင်။

ရှဲ့နျိုရှန်းမှာ နေရ ခက်နေသည်။ ရှဲ့ဖင်းကန်း ကတော့ တည့်တိုး ဆန်သည်။  "အဘွားကြီးက ငါတို့ကို မကြိုက်ဘူး။ အရေးကြီးတဲ့ ကိစ္စမရှိရင် သူ့ကို လိုက်ရှာ မနေနဲ့။ ဘာကောင်းတာ တစ်ခုမှ ဖြစ်လာမှာ မဟုတ်ဘူး။”

"ဟား" ရှဲ့နျိုရှန်း လုပ်ရယ် ရယ်လိုက်သည်။

သူမ၏ ခင်ပွန်း မျက်နှာပျက်နေသည်အား သတိပြု မိသော သခင်မလုက "ချောင်အာရယ် အဖွားကို အပြစ် မမြင်ပါနဲ့၊ အဖွားက စည်းကမ်း ကြီးတယ်လေ၊ သမီးအဖေက အဲဒီတုန်းက ဓားပြ ဖြစ်သွားတာကို သဘောမကျခဲ့ဘူးလေ၊ အဲ့ဒါကြောင့် သမီးနဲ့ ကန်းအာကို သိပ်မကြင်နာတာပါ။”

ရှဲ့ချောင် မျက်ခုံးကို အနည်းငယ် ပင့်လိုက်သည်။

များများ ပြောစရာ မလိုဘဲ  သူမနားလည် ပေသည်။

သူမနှင့် အကြီးဆုံးအစ်ကို၏ မိခင်အရင်း ဖြစ်သောသခင်မဖုန်သည် သူ့ဖခင်ထက်ပင် ပို၍ ဝါရင့်သော ဓားပြတစ်ဦး ဖြစ်သည်။

သူမ၏ အဘိုးမှာ ဓားပြအဖွဲ့၏ ခေါင်းဆောင်ဟောင်း ဖြစ်သည်။ သူမအဖိုးသည် ရှဲ့နျိုရှန်းအား သူ့သားမက် ဖြစ်လာအောင် ဆွဲဆောင်ပြီး တောင်ပေါ်ရှိ ခံတပ်အား အမွေဆက်ခံရန် စည်းရုံးခဲ့သည်ဟု ပြောနိုင်သည်။

ထို့ကြောင့် အဘွားကြီး အတွက် သူမနှင့် ရှဲ့ဖင်းကန်းမှာ ဓားပြသွေးသား များပင် ဖြစ်သည်။

ရှဲ့ဖင်းဟွိုက် နှင့် ရှဲ့ရှီကိုမူ သခင်မလုက မွေးထုတ် ပေးခဲ့ခြင်း ဖြစ်သည်။ သူမသည် လူကောင်းတစ်ယောက် ဖြစ်သည်။

ရှဲ့ဖင်းကန်း  နှာခေါင်း ရှူံလိုက်သည်။ "ဘာစည်းကမ်းလဲ၊ အသက်ကြီးပြီး မိုက်မဲတာပဲလေ၊ ကျုပ်အမေသာ မရှိရင် အခုလို အိမ်မှာ ဘုရင်မလို နေနိုင်ပါ့မလား? ရှဲ့ မိသားစုရဲ့ တခြား မိုက်မဲတဲ့ဇနီး တွေက သူမကို ဒီလိုနေနိုင်အောင် လုပ်ပေး နိုင်မယ်လို့ ထင်လို့လား။"

"ငါက မင်းရဲ့ ဘာလဲ? ငါ့ရှေ့မှာ ငါ့အမေကို မင်းက ဘာကိစ္စ ဝေဖန် ရဲတာလဲ?” ထိုစကားကိုကြားလိုက်သော ရှဲ့နျိုရှန်းသည် စိတ်တိုသွားကာ ရှဲ့ဖင်းကန်း၏ ပေါင်အား လှမ်းကန်လိုက်၏။

မထင်မှတ်ပဲ ရှဲ့နျိုရှန်းမှာ လှမ်းကန်ပြီး နောက်ဆုတ်လိုက်လေသည်။

သူ(ရှဲ့ဖင်းကန်း) အလွန် စိတ်ဆိုး နေပြီ!

ရှဲ့ဖင်းကန်းသည် ခေါင်းအား လှည့်၍ စိုက်ကြည့်လိုက်သည်။

ရှဲ့နျိုရှန်းက မေးဆတ် ပြလိုက်ပြီး"ငါက မင်းအဖေပဲ။ ကန်လို့ မရဘူးလား?”

“ဟမ်၊ ခင်ဗျားရဲ့ စစ်သူကြီး ရာထူးကို ဘယ်လိုရခဲ့တယ် ဆိုတာကို မမေ့နဲ့။ ကျုပ်က ယောက်ျား ဖြစ်နေလို့ အဲ့လို အသက်ကြီးပြီး အချိန်မစီးတဲ့ မိန်းမကြီးနဲ့ ပတ်သက်ပြီး မပြောချင်ဘူး။ အချိုးပြေပြေ နေခိုင်း ထားလိုက်၊ မဟုတ်လို့ ကတော့ ထိုးလိုက်တာနဲ့ မျက်လုံးတစ်လုံးပါ ကျွတ်သွားမယ်။" ရှဲ့ဖင်းကန်း ကထေ့ငေါ့လိုက်သည်။

ရှဲ့နျိုရှန်းမှာ ကူကယ်ရာ မဲ့နေဟန် ခံစား နေရသည်။

သူမက သူ့အမေလေ!

သေစမ်းကွာ!

ဖေဝမ်ယွဲ့မှာ ကြည့်နေရင်း ကြက်သေ သေနေသည်။

ဤမျှ ရိုင်းစိုင်းသော မြေးကို သူမ တစ်ခါမှ မမြင်ဖူးပေ။

ရှဲ့ဖင်းကန်း ပြောခဲ့သည် များမှာ စိတ်ရင်း မဟုတ်ပေ။ သူသည် ရက်စက်ပုံ ပေါက်သော်ငြား သူ့အဖေနှင့် အမှန်တကယ် ရန်ဖြစ်မည့် သူမဟုတ်ချေ။ သူ့နေရာတွင် တည်ငြိမ် စွာပင် ထိုင်နေလိုက် သေးသည်။

အခြေအနေကို သိပြီးနောက် ရှဲ့ချောင်သည် သဘာဝအတိုင်း ထိုအဘွားအား တွေ့ရန် မတောင်းဆို တော့ပေ။သူမသည် အရှက်မဲ့သူ မဟုတ်ပေ။

ထမင်းစားပွဲ၌ စကားစမြည် ပြောရန် ရှဲ့နျိုရှန်း တစ်ယောက် စကားစ လာပြန်သည်။

ထိုအကြောင်းမှာ သူသည် တပ်စခန်း၌ မည်မျှပင် စွမ်းဆောင်ခဲ့ကြောင်း ကြွားဝါ နေခြင်းသာ။ နိမ့်ကျသော နောက်ခံ ကြောင့်သာ မဟုတ်လျှင် ယခု ရာထူးတိုး ခံရနေရပြီ ဖြစ်ကြောင်း၊ ယခုအချိန်တွင် နိမ့်ပါးသော အဆင့်လေး စစ်သူကြီး ရာထူးနှင့် ရပ်တန့်နေမည် မဟုတ်ကြောင်း ပြောနေလေသည်။

“အဲဒါတွေ ပြောနေ လို့လည်း အသုံးမဝင် ပဲနဲ့။ ဘဏ္ဍာတိုက် ထဲက ငွေတစ်ချို့ ထုတ်လာပြီး ကျုပ်အကြီးဆုံးညီမ  ကျောင်းတော်ကို ဝင်ခွင့်ရအောင် ဝယ်ပြီး လမ်းရှာလိုက် ပါတော့လား?  အဲဒီမှာမှ အရည်အချင်းပြည့်မီပြီး သင့်တော်တဲ့ သူကို ရှာတွေ့နိုင်မှာ။”  ဝေဖန်အကဲဖြတ်နေချိန်မှာပင် ရှဲ့ဖင်းကန်းသည် အပျော်ကို ဖျက်ဆီးလိုက် ပြန်သည်။

•••••••

All Chapters