← Chapters

ဖြတ်လမ်းဖြင့် ယူခြင်း

Vol. 4 Ch. 44

ဖြတ်လမ်းဖြင့် ယူခြင်း

Vol. 4 Ch. 44

မည်သို့ပင် ဆိုစေကာမူ ရှဲ့ဖင်းကန်း ပြောလိုက်သည့် စကားမှာ ရှဲ့နျိုရှန်းအား သတိရသွားစေခဲ့ပြီး သူ့၏ အိုမင်းနေသော မျက်နှာမှာ ချက်ချင်း ဆိုသလို ရှုံ့မဲ့ သွားလေသည်။ “အဲ့ဒါက မလုံလောက်ဘူး။ တော်ဝင်ကျောင်းတော်က  အဖေတို့ မိသားစုကနေ ပို့ထားတဲ့ သုံးစားမရတဲ့ နှစ်ယောက်ကိုလည်း လက်ခံပေး ထားတယ်လေ။ နောက်ထပ် တစ်ယောက်သာ ထပ်ပို့ ပေးလိုက်ရင် ကျောင်းအုပ်ကို ငွေဘယ်လောက် ထပ်ပေးရမလဲ တောင် မသိ တော့ဘူး။”

"ယွဲ့အာက ချောင်အာထက် နည်းနည်း ငယ်ပေမယ့်  ညီအစ်မတွေ ဆိုတာ အတူတူ ရှိရမယ် မဟုတ်လား။ အဲ့တော့ နှစ်ယောက်စလုံးကို ပို့လိုက်တာ မကောင်းဘူးလား။" သခင်မလု ပြောလိုက်သည်။

အခြားသူ၏ သွေးသားကိုပါ ပြုစု ပျိုးထောင် ရမည်ဖြစ်ကြောင်း ရုတ်တရက် ရှဲ့နျိုရှန်း သဘောပေါက် သွားသည်။

စိတ်ဓာတ်ကျ သွားသည် ဆိုလျှင် ပိုမှန်မည်။

'ဓားပြလုပ်ခဲ့ တုန်းကတောင် ပိုက်ဆံအတွက် တစ်ခါမှ တွေးမပူခဲ့ရဘူး။ အခုအရာရှိ ဖြစ်လာမှ ရွှေမပြောနဲ့ ငွေတောင် မရှိတော့ဘူး။ တော်တော်လေးကို သောက်ရေး မပါတဲ့ ဘဝနဲ့ နေနေရတာပဲ။' တွေးလေ ဒေါသထွက်လေ ဖြစ်နေသည်။

နန်းမြို့တော် တရားရုံးတော်သည် အလွန်ယုတ်မာသော ခွေးသားများ စုနေသည့် နေရာဟုပင် ပြောရမည်။

"အို..ဖေဖေက အရာရှိ ဖြစ်ရတာ နောင်တရ နေတာလား? အဲ့ဒါဆိုလည်း အလုပ်ထွက်ပြီး တောင်ပေါ် ပြန်သွားလို့ ရတာပဲလေ။" ရှဲ့ချောင် ပေါ့ပေါ့ ပါးပါး ပြောလိုက်သည်။

ရှဲ့နျိုရှန်း၏ မျက်ခွံများ လှုပ်သွားလေသည်။ “ဘယ်လိုလုပ် ဖြစ်မှာလဲ?”

ယခင်က နယ်စပ် အနှံ့ ပရမ်းပတာ ဖြစ်သွားခဲ့ဖူးသည်။ နန်းမြို့တော် တရားရုံးမှ ယင်းကိစ္စကို မကိုင်တွယ် နိုင်သဖြင့် ရှဲ့ချောင်သည် စာချွန် ပေးပို့ပြီး ပြည်သူများအား အကာအကွယ်ပေးဖို့ တောင်းဆို ခဲ့ဖူးသည်။ ထို့ကြောင့် နိုင်ငံသားကောင်း တစ်ဦးဖြစ်လာရန် အခွင့်အလမ်း ပေးအပ်ခံ ခဲ့ရခြင်းဖြစ်သည်။

ပုန်ကန်မှုများနှင့် ပတ်သက်၍ စစ်ရေးအကြံပေးအမတ်နှင့် ဆွေးနွေး ခဲ့ပြီး ထိုအရိုင်းစိုင်းများအား အထင်အမြင်သေးသည်ဖြစ်၍ တိုက်ခိုက် ခဲ့ခြင်းပင်။

သို့သော် လိုတာထက် ပိုလုပ်မိသွား သလိုဖြစ်သွားပြီး ထိုသူပုန်များ၏ ခေါင်းကို ဖြတ်လိုက် မိလေသည်။ ထို့အတွက် တရားရုံးတော်တွင် အလိုရှိ စာရင်းသွင်းခံ ခဲ့ရလေသည်။

နန်းမြို့တော် တရားရုံးအား အယုံသွင်းရန် အတွက်  သူ၏ တောင်ပေါ်စခန်း တစ်ခုလုံးအား ဖြိုခွဲခဲ့ရသည်။ ရရှိခဲ့သော ရွှေငွေများ အပြင် နယ်စပ်ဒေသများ၌ လုယူထားသော အရာများကိုပါ နန်းမြို့တော် တရားရုံး လက်အောက် ပေးအပ် ခဲ့သည်။

စိတ်ရင်း အမှန်ဖြင့် လုပ်ဆောင်ခဲ့ သောကြောင့် အဆင့်လေး စစ်သူကြီးရာထူး ပေးအပ်ခြင်း ခံခဲ့ရသည်။

သို့သော်  ထိုစဉ်က ငွေအမြောက်အမြား ဆုံးရှုံးခဲ့ ရသောကြောင့် ရှိသလောက် ကိုသာ တင်းတင်းကြပ်ကြပ် စုဆောင်း ဆုပ်ကိုင် ထားနိုင်ခဲ့ပြီး ထိုနှစ်များအတွင်း အဆင်ပြေအောင် နေထိုင်ခဲ့ရသည်။ အလွန်ခံရခက်သော အရာပင်။

ထုံးစံအတိုင်း အရာရှိ လုပ်ခြင်းသည် ဓားပြလုပ်ခြင်းထက်တော့ များစွာ သာလွန်သည်။

အနည်းဆုံးတော့ သူ့အိမ်တွင်ရှိသောဆန်ကုန် မြေလေးများ အပြင်ထွက်လျှင် ရှက်စရာမလိုတော့ပေ။ တောင်ပေါ်စခန်း၌ ပုန်းအောင်း နေစရာလည်း မလိုတော့ပေ။

"ဘယ်ကျောင်းတော်ကို သွားချင်လဲ ချောင်အာ? တော်ဝင်ကျောင်းတော်ကတော့ အရမ်း စျေးကြီးတယ်။ အဲ့က ကျောင်းအုပ်က ငွေကို သူ့ဘဝလောက်ကို အရေးကြီးတယ် လို့ သဘော ထားတာ။ လာဘ်ထိုးပြီး ဝင်ခွင့် ရအောင် လုပ်ရင်တောင် အနည်းဆုံး ငွေစ၅၀၀၀ ပေးမှ ရတာ။ အခုက အဖေ့မှာလည်း ကြပ်တည်း နေတယ်။” ရှဲ့နျိုရှန်းမှာ တာဝန်မကျေပွန်သူ အဖြစ် ခံစားနေရသည်။

ပိုက်ဆံ မရှိ၍ မဟုတ်။

အဓိကက ဆန်ကုန် မြေလေးများ အိမ်ထောင် မကျသေး၍ ဖြစ်သည်။

သူတို့ မင်္ဂလာပွဲအတွက် ပိုက်ဆံ အလုံအလောက် ရှိအောင် ပိုက်ဆံစုထား နေရခြင်း ဖြစ်သည်။

အထူးသဖြင့် ထွားကျိုင်း လွန်းသော သားအကြီးဆုံး အတွက် ဖြစ်သည်။ သူ့ကိုမြင်သော မိန်းမပျိုတိုင်းသည် လန့်သွား နိုင်သည်။ မည်သူမှ လက်ထပ်ဖို့ ရဲမည် မဟုတ်ပေ။ အသက်ပင် ၂၀ကျော် နေပြီ။ အခုထိ ကြင်သူ ရှာမတွေ့သေး။

နောက်ထပ် ငွေဘယ်လောက်များ ထပ်ပြီး ကြိုပြင်ထားပေး ရဦးမှာလဲ?

“သမီးက ကျောင်းတော်ကိုသွားလို့ မရတာလား?" ရှဲ့ချောင် မေးလိုက်သည်။

ရှဲ့နျိုရှန်းသည် တုံ့ဆိုင်းစွာဖြင့် “မရတာတော့... မဟုတ်ပါဘူး။”

"သွားမှ ဖြစ်မှာပေါ့။” ရှဲ့ဖင်းကန်းသည် တည့်ပြော လိုက်သည်။ “ညီမလေး တစ်သက်လုံး လှောင်စရာအဖြစ် မနေချင်ရင် သွားရမယ်။ ညီမလေး အဖေက ဘာပဲဖြစ်ဖြစ် အရာရှိပဲလေ သာမန် အရပ်သားနဲ့တော့ ပေးစားဖို့ ဆိုတာ မဖြစ်နိုင်ဘူး။ အခု နန်းမြို့တော် ထဲမှာ စည်းမျဉ်း အသစ်တွေ ထွက်လာတယ်။ အရာရှိမိသားစုထဲက မိသားစုဝင်တွေ အားလုံး ကျောင်းတော်ကြီးက ထွက်တဲ့ မိန်းမပျို နဲ့ပဲ လက်ဆက်ခွင့် ရှိတယ်တဲ့။”

"ဟုတ်တယ်၊ ဟုတ်တယ်။ အဲ့ဒါ စည်းကမ်းပဲ။” ရှဲ့နျိုရှန်း ထောက်ခံ လိုက်သည်။ “အများကြီး လေ့လာစရာ မလိုပါဘူး။ အဲဒီမှာ အချိန် ဖြုန်းနေရုံပဲ။"

သူ့သမီးလေးကို ပညာရေးတွင် တိုးတက် လာဖို့ သူ မမျှော်လင့် ထားပေ။

ဒီမိန်းကလေးသည် တာအို ဘုရားကျောင်းတွင် ကြီးပြင်း လာတာသူ ဖြစ်သဖြင့် သူမ ဘာမျှ မသိနိုင်ပေ။

ဖေဝမ်ယွဲ့သည် သူမ၏ သတ္တိများကို စုစည်းကာ “မမက လျစ်လျူရှု ခံခဲ့ရတာ ကြာနေပြီ။ အခု တော်ဝင်ကျောင်းတော် မှာ ကျောင်းတက် ရရင် သူမရဲ့ ပုံရိပ် အတွက် ပိုကောင်းမယ်။ တခြားကျောင်းတော် နှစ်ခုထက် ပိုသင့်တော်တယ် မဟုတ်လား။”

သူမ ပြောလိုက် သည်နှင့် ထမင်းစားပွဲမှာ တိတ်ဆိတ် သွားသည်။

ရှဲ့ဖင်းကန်းမှာ ဘာမျှ ဝင်မပြောပေ။

ရှဲ့နျိုရှန်းမှာ ခေတ္တ တုံ့ဆိုင်း သွားသည်။ “အဲဒါက အဓိပ္ပာယ် ရှိတယ်။ စဉ်းစား ပါရစေဦး။"

ရှဲ့ချောင်လည်း ပြောလိုက်သည်။ "အဖေ စိတ်မပူပါနဲ့။ ငွေအတွက်ဆို သမီး လုပ်လိုက်မယ်။"

"သမီး? သမီးမှာ ငွေရှိ တာလား? သမီးမှာ ငွေစ၅၀၀၀ ပါရင်တောင် သူတို့က လက်မခံဘူး။ အဲကကျောင်းအုပ်နဲ့ သိလို့သာ  ဖြတ်လမ်း လိုက်လို့ ရတာ။” ဟု ရှဲ့နျိုရှန်း ရှင်းပြ လိုက်သည်။

••••••••••

All Chapters