ငွေအမြောက်အများ
Vol. 4 Ch. 46
အစတုန်းကတော့ ဤကိစ္စအား ရှဲ့နျိုရှန်းသိပ်မတွေးခဲ့ပေ။ သတိပြန်ဝင်လာပြီးနောက် သူ့သမီးလေး နာမည်ရဖို့ လမ်းကြောင်းအတွက် ဖြတ်လမ်းလိုက်ပြီး ငွေ စ ၅,၀၀၀ သုံးရမည်ဖြစ်ကြောင်း သတိရသွားသည်။
သို့သော် ဖေမိသားစုမှ မိန်းကလေးကပါ လိုက်ဝင်ချင်နေသည်…
ပမာဏမည်မျှတောင် ပေးရမည်လဲ။
ရှဲ့နျိုရှန်းမှာ ရှဲ့ဖင်းဟွိုက်အား မျက်ထောင့်နီကြီးနှင့်ကြည့်ကာ "ငွေကဘယ်လောက်တောင်ကုန်မှာလဲ?"
“အနည်းဆုံးငွေစ ၅၀၀၀၀ လောက်ပေါ့ ကျောင်းမှာက အတန်းတွေအများကြီးခွဲထားတယ် အနည်းဆုံးငွေစ ၅၀၀၀၀ လောက်ပေးရင်တောင် အနိမ့်ဆုံးအတန်း(၄)မှာပဲ တက်လို့ရမှာ” ရှဲ့ဖင်းဟွိုက် ဖြည်းညင်းစွာ ပြောလိုက်သည်။
"အတန်း၄ ! အဲ့လောက်ပေးရတာတောင် အနိမ့်ဆုံးအတန်းတဲ့လား?"အော်ရလွန်းသဖြင့် ရှဲ့နျိုရှန်း၏အသံမှာ ပျောက်လုနီးပါး ဖြစ်သွား၏။
ထိုအကြောင်းမှာ ဖေဝမ်ယွဲ့အား အလွန်ကြောက်သွားစေပြီး သူမ၏မျက်ဝန်းများမှာ ချက်ခြင်းပင် ရဲတက်သွားလေသည်။
“တော်ဝင်ကျောင်းတော်ကို ငွေစ၅၀၀၀၀ လောက်နဲ့ သာမန်လူတန်းစားတွေ တက်နိုင်အောင် လုပ်ပေးထားတာပဲတော်ရောပေါ့ ပိုကောင်းတဲ့အတန်းတွေတက်ချင်ရင် ပိုပေးရမှာ သဘာဝပဲလေ။ချန်၊ ခွင်၊ ရိ ၊ ယွဲ့ ၊ (၁) ၊ (၂) ၊ (၃) နဲ့ (၄) ဆိုပြီးရှိတယ်။ ငွေရှိရင် ရှိသလောက် တော်ဝင်မင်းသားတွေနဲ့ တစ်တန်းတည်းတောင် တက်နိုင်တယ်။" ရှဲ့ဖင်းဟွိုက် လှောင်ပြုံး ပြုံးလိုက်သည်။
ဖေဝမ်ယွဲ့မှာ အလွန်ကြည့်ရဆိုးနေပေပြီ။
"မင်းသားတစ်ယောက်နဲ့ အတန်းတူဖို့ငွေဘယ်လောက်လိုတာလဲ...” ဖေဝမ်ယွဲ့ အတွေးထဲတွင်တောင် ထည့်မမက်ရဲပေ။
ရှဲ့ဖင်းဟွိုက်တစ်ယောက် မကျေနပ်သောမျက်နှာထားဖြင့် "မင်းမို့လို့မေးရဲတယ်"
ဖေဝမ်ယွဲ့မှာ ထိတ်လန့်သွားပြီး "မဟုတ်ပါဘူး သိချင်ရုံပါ"
"ကောင်စုတ်လေး" ရှဲ့ဖင်းဟွိုက်၏ခေါင်းအား ရှဲ့နျိုရှန်းရိုက်လိုက်ပြီး "ဘယ်လောက်လဲသာပြောစမ်းပါ ငါကြောက်တတ်တယ်ထင်လို့လား?"
"ချန်အတန်းမှာ သာမန်လူတန်းစားတစ်ယောက်ပဲရှိတယ်။ သူက တောင်ပိုင်းမျိုးနွယ်စုကြီး တစ်ခုက လာတာ။ သူ့မိသားစုက ဘာမှမကူညီခဲ့ပေမဲ့ ချမ်းသာတယ်လေ မျိုးနွယ်စုကလည်း ကြီးတယ်။ ငွေစ ၁သန်း တောင် သုံးခဲ့ရတယ်လို့ ကြားတယ် ဒါပေမဲ့ ချန်အတန်းက လူအများစုကအပေါ်ယံရွှေမှုန်ကျဲတွေသာသာပါပဲ။ သူသာ အတန်း (၁)၊(၂)၊(၃) ဒါမှမဟုတ် (၄)မှာတက်မယ်ဆိုရင် ကြောက်နေရမှာ မဟုတ်ဘူး” ရှဲ့ဖင်းဟွိုက်ဆိုလိုက်သည်။
အနီးနားရှိလူတိုင်း ထိတ်လန့်သွားကြသည်။
တော်ဝင်ကျောင်းတော်ကို သွားပြီးအချိန်ဖြုန်းဖို့သာသာလောက်ကို ငွေစ ၁သန်း တောင်ပေးလိုက်ရတယ်လား?
“အဲဒီငွေပမာဏက ရုံးတော်မှာ ရာထူးတစ်နေရာကိုတောင် ဝယ်လို့ရတယ်။" ရှဲ့ဖင်းကန်း၏စကားများက လူအများကို အံ့အားသင့်စေခဲ့သည်။
“အဲဒီတုန်းက ငါအရာရှိတစ်ယောက်ဖြစ်ဖို့ အများကြီးမသုံးခဲ့ဘူးမလား .. ငါသုံးခဲ့မိလား?" ရှဲ့နျိုရှန်း ပြောလေသည်။
ဓားပြဖြစ်ခဲ့စဉ်နေ့ရက်တွေတုန်းကတော့ အတော်လေး ပြည့်စုံခဲ့သည်။ အထူးသဖြင့် လူရိုင်းများကို တိုက်ခိုက်ပြီး သူတို့၏စုဆောင်းမှုကို လုယက်ခဲ့စဉ်က ငွေစ ၇သန်း မှ ၈သန်း လောက်ထိပင် ရရှိခဲ့သည်။
နန်းမြို့တော်တရားရုံးအား အများစုပေးလိုက်ရ၍ သူ့ထံ ပိုင်ဆိုင်မှု ၃၀%သာကျန်ခဲ့တော့သည်။
ပိုင်ဆိုင်သမျှငွေ ၃၀% နှင့် အိမ် စသဖြင့် လိုအပ်သည်များဝယ်လိုက်ရာ တစ်ပြားမှမကျန်တော့ပေ။
"အဖေရဲ့ စစ်သူကြီးရာထူးရတာနဲ့ ဘယ်လိုလုပ်တူမှာလဲ။ ငွေနဲ့ဝယ်တယ်လို့ ပြောမယ့်အစား လူရိုင်းတွေရဲ့ ခေါင်းတွေကို လဲလှယ်ပြီး ရခဲ့တာလို့ ပြောသင့်တာ မဟုတ်ဘူးလား” ဟု ရှဲ့ချောင်မှ ပြောလိုက်၏။
ရှဲ့နျိုရှန်း ခေါင်းညိတ်လိုက်သည်။
သူမပြောသောစကားသည် အဓိပ္ပါယ်ရှိသည်။ ထိုဘွဲ့တံဆိပ်မှာ သူ၏သတ္တိပေါ် မူတည်ပြီး ရရှိလာခြင်း ဖြစ်သည်။ သူ အရာရှိဖြစ်ရန်အတွက် အခကြေးငွေပေးခဲ့သည်ဟု ပြောသည့် ထိုအပြင်မှလူများမှာ အရူးများသာ။
"ဒါဆို ယွဲ့အာက တော်ဝင်ကျော်တော်ကြီးမှာ တက်လို့ မရနိုင်တော့ဘူးလို့ပြောနေတာလား" သခင်မလုမှာ အတော်ပင် ဝမ်းနည်းနေလေသည်။
ဖေဝမ်ယွဲ့မှာ သူမလက်ကိုင်ပုဝါအား ဖျစ်ညှစ်ကာ လက်နှစ်ဖက်အား ပွတ်သပ်လိုက်သည်။
ရှဲ့ချောင်မှာတော့ စာမေးပွဲဖြေစရာမလိုဘဲ ကျောင်းတော်သို့ ၀င်နိုင်လေသည်။ငွေစ ၅၀၀၀ သာ ပေးရန်လိုသည်။ ချန်၊ခွင်၊ရိ၊ယွဲ့ စသော အတန်းများတွင် မတက်နိုင်လျှင်တောင် သူမသည် အဆင့်လေး အရာရှိ၏ပထမဇနီးမှ မွေးလာသောအကြီးဆုံးသမီးဖြစ်သည့်အတွက် အတန်း(၁)တွင်တော့ သေချာပေါက် တတ်ရောက်နိုင်မည်ပင်။
ဖေဝမ်ယွဲ့အတွက်ကရော?
နောက်ဆုံးအတန်း၌တက်နိုင်ရန်ပင် သူမအနေဖြင့် ငွေစ ၅၀၀၀၀ ခန့်ပေးချေရမည်ဖြစ်သည်။
ထိုထက်ပိုကောင်းသောအတန်းတက်ချင်လျှင်ရော....
ထိုသို့လုပ်ဆောင်ရန် အနည်းဆုံး ငွေစ ၁သန်း မှ ၂သန်း လိုအပ်ပေမည်။ ရှဲ့ချောင်ကဲ့သို့ အခွင့်အရေးမရနိုင်ပေ။
'အမေပြောတော့ အခုချိန်ကစပြီး ရှဲ့မိသားစုရဲ့ သမီးတစ်ယောက်ဖြစ်သွားပြီဆို ဒါကသူတို့သမီးကို ဆက်ဆံတဲ့ပုံစံလား။'
ဖေဝမ်ယွဲ့၏ခေါင်းငိုက်ကျသွား၏။
သခင်မလုသည် ရုတ်တရက်အကြံရသွားကာ
"ယွဲ့အာရဲ့ မိသားစုမျိုးရိုးနာမည်ကိုပြောင်းပြီး သူမနာမည်ကို မျိုးရိုးစဉ်ဆက်စာအုပ်မှာ ထည့်လိုက်ရင်ရော ပြဿနာမရှိတော့ဘူးမဟုတ်လား။"
ရှဲ့နျိုရှန်း အံ့အားသင့်သွားသည်။
ရှဲ့ဖင်းကန်းသည် စိတ်ရှုပ်ထွေးစွာဖြင့် သူမအား ကြည့်လိုက်သည် ။
"သခင်ကြီး... ဒီကလေးမက အခုကစပြီး ကျွန်မတို့နောက်ကို လိုက်တော့မှာလေ။ ရင်းနှီးအောင်လုပ်ဖို့ ဒီကိုလည်းပြန်ခေါ်လာပြီဆိုတော့ လူတွေက သူမကို သခင်မလေးဖေလို့ ခေါ်ကြရင် မသင့်တော်တော့ဘူးလားလို့… သူကကျွန်မတို့နဲ့ မျိုးရိုးမတူဘူးဆို၊ လူတွေကပြောနေလောက်တယ်….” သခင်မလု က စိတ်လှုပ်ရှားစွာဖြင့် “အဲဒါ အခုပဲ တွေးလိုက်မိတာ…”
•••••••••••