← Chapters

ငွေဝှက်ခြင်း

Vol. 4 Ch. 48

ငွေဝှက်ခြင်း

Vol. 4 Ch. 48

'ငါက အရှက်ကွဲမယ်?'

ရှဲ့ချောင်၏ မျက်ခုံးများ မြှောက်တက်သွားသည်။

သူမမွေးကတည်းက ဤကဲ့သို့သောမှတ်ချက်မျိုးကြားရသည်မှာ ပထမဆုံးအကြိမ် ဖြစ်သည်။

သူမ ရှဲ့ဖင်းကန်းအားကို ကြည့်ရန် ခေါင်းအား မော့လိုက်သည်။ ထိုအရူးမှာ သူ ဂရုစိုက်ခဲ့သည် ဟုထင်ကာ အစ်ကိုကြီးတစ်ယောက်၏ နွေးထွေးသောအပြုံးကို ပြလာလေသည်။ မြင်လိုက်ရသည့် ရှဲ့ချောင်၏ မျက်လုံးများ နာကျင်လုနီးပါးပင်။

"အစ်ကိုကြီး၊ ကျွန်မကို မပြုံးပြပါနဲ့လား"ရှဲ့ချောင် မျက်မှောင်ကြုတ်လိုက်သည်။ “ထမင်းစားနေလို့  မအန်ချင်ဘူးရယ်"

ရှဲ့ဖင်းကန်း တစ်ယောက်စကားတောင် မပြောနိုင်တော့ဘဲ မျက်ခွံများပင်တွန့်သွားလေသည်။ သူ့လက်အား မြှောက်လိုက်ပြီး ရှဲ့ချောင်အားရိုက်လုနီးပါးပင်။

ဤမိန်းကလေးသည် ဝါးချောင်းကဲ့သို့ပင် ပိန်လှီနေပြီး ရှဲ့ဖင်းဟွိုက်လောက် မသန်မာသောကြောင့် သူမအား မထိရက်ပေ။ "မင်း တာအိုဘုရားကျောင်းမှာ အစာရောစားခဲ့ရရဲ့လား ပါးမှာဆိုအရေပြားပဲ ကျန်တော့တယ်။ တစ်ကယ်လို့ဒီနှစ်သာ အစာရေစာခေါင်းပါးတဲ့ နှစ်ဆိုရင် မင်း သူပုန်တွေထဲ ရောက်သွားရင်တောင် နင့်လိုအရိုးပေါ်အရေတင်ကိုစားကြဖို့မပြောနဲ့ သူတို့ အားပါအကုန်ကုန်သွားမယ်"

ရှဲ့ချောင် ရယ်မောလိုက်သည်။ ထိုရယ်မောသံမှာ အတော်လေး ကျောချမ်းစရာပင်။

ရှဲ့ချောင်စကားလွှဲလိုက်သည်။ "အာ ဟုတ်သား..ချမ်းသာတဲ့သူတွေရှိတာကလွဲရင် တော်ဝင်ကျောင်းတော်မှာ တခြား ဘာထူးခြားတာရှိသေးလဲ?"

ထွေထွေထူးထူး မရှိလျှင်တော့ တခြားကျောင်းကို သွားတာက ပိုကောင်းဦးမည်။

" အများကြီးပဲရှိတယ်။" ရှဲ့ဖင်းဟွိုက်စကားစလိုက်သည်။ “တခြားကျောင်းတော်နှစ်ခုမှာ ထူးချွန်တဲ့သူတွေ အများကြီးရှိပေမဲ့ တော်ဝင်ကျောင်းတော်မှာ တက်ရင်ရမယ့် ပံ့ပိုးမှုနဲ့ယှဉ်လို့ မရဘူး သူတို့မှာ စာအုပ်တွေအများကြီးစုထားကြတယ် အခြားကျောင်းတော်နှစ်ခုက ကျောင်းသားတွေက အမြဲတမ်းပြန်ဌားရတယ် ဒါပေမဲ့ အဲဒီစာအုပ်တွေရဖို့ အတွက် နည်းနည်းတော့ ကြိုးစားရမှာပေါ့။”

အခြားကျောင်းတော်နှစ်ခုတွင် စာအုပ်များချို့တဲ့နေခြင်းမဟုတ်ပါ။ တော်ဝင်ကျောင်းတော်၌ နွားမွေးထက်ပင် စာအုပ်များ ပိုများနေခြင်းကြောင့်ဖြစ်သည်။

တော်ဝင်ကျောင်းတော် တည်ထောင်ပြီးနောက် စာအုပ်အားလုံးအား တော်ဝင်စာကြည့်တိုက်မှ ရွှေ့ပြောင်းထားသည်ဟု ဆိုကြသည်။

ထိုစကားကို ကြားသောအခါ ရှဲ့ချောင် ၏ မျက်လုံးများ တောက်ပလာသည်။ သူမက ပြုံးလျက်ပင် “ မင်းတို့နှစ်ယောက်က ဘယ်အတန်းကလဲ။ ဘယ်လိုနေလဲ?"

နှစ်ယောက်လုံး လန့်သွားသည် ။ တစ်ယောက်ကခေါင်းငုံ့ကာ နောက်တစ်ယောက်က ငိုင်နေလေသည်။

"သူတို့လား? ဒီငတုံးနှစ်ကောင်ဆီက ဘာတွေမျှော်လင့်နေတာလဲ" ရှဲ့ဖင်ကန်း ရွဲ့လိုက်သည်။ “ပြီးခဲ့တဲ့ လက ဖင်းဟွိုက် သူများခြေထောက်ကိုချိုးလိုက်တာ ငါကိုယ်တိုင် ငွေတုံးတွေသွားလျော်ပေးခဲ့ရသေးတယ်"

လျော်ကြေးဆိုသည်ထက် ခြိမ်းခြောက်သည်ဆိုပိုမှန်မည်။

“ပြီးတော့ ဒီဟာလေး” ရှဲ့ရှီကိုလက်ညှိုးထိုးပြလိုက်ပြီး “သူကကျတုံးတယ် ဆရာတွေ သင်ပေးလိုက်တဲ့ သိပ်အရေးမကြီးတဲ့ ဟာတွေကို မမှတ်မိဘူးဆိုတာကို ထားလိုက် ဆရာမရဲ့ ပိုက်ဆံအိတ်ထဲတောင် ငွေစကို မှားပြီး သွားထည့်တယ်လေ ပြီးတော့အိမ်ပြန်လာပြီး တစ်နေကုန် ငိုနေတယ်။ ငါပဲ သူ့အတွက် ပြန်တောင်းပေးလိုက်ရတာ”

ရှဲ့ချောင် မယုံနိုင်ပေ။

သူမ၏ မောင်နှမများ ဘယ်လိုမှ မဖြစ်နိုင်ပေ။

"ဘာလို့ သူများပိုက်ဆံအိတ်ထဲ ထည့်လိုက်တာလဲ။" ရှဲ့ချောင်က သူမအားစိုက်ကြည့်လိုက်သည်။

ရှဲ့ရှီ၏ မျက်လုံးများမှာ ဒေါသထွက်နေဟန်ဖြင့် “ဆရာမပိုက်ဆံအိတ်ကို ဘယ်သူကထိရဲမှာလဲ  ကိုယ့်ပိုက်ဆံအိတ်ထဲပဲ ခဏထားခဲ့တာ ဒါပေမဲ့ အဲ့ဒါကို သူများက ယူသွားတာ”

"ခဏဟုတ်လား။ ဟားဟား" ရှဲ့ဖင်းကန်းက ဒေါသတကြီး ခနဲ့လိုက်သည်။

“ညီမလေး နင်လုပ်စရာမရှိရင် ဂေါ်ပြားသေးသေးလေးယူထား အိမ်တစ်ဝိုက်မှာ လိုက်တူးပါလား ငွေတွင်းကြီးများ တွေ့မလားလို့” ရှဲ့ဖင်းကန်းပြောသည်။

ရှဲ့ချောင် ရယ်ချင်လာသည်။ ဒီကောင်မလေးက ချစ်ဖို့ကောင်းသည်ဟု သူမထင်နေသည်။

သူမက ပိုက်ဆံ ဖွက်ရတာကိုကြိုက်တာလား။

အကျင့်ကောင်းတစ်ခုဖြစ်သည်။

သို့သော် သူမငွေဖွက်ထားသောနေရာအား မေ့သွားသည်မှာ အနည်းငယ် ရယ်စရာကောင်းသည်။

ရှဲ့ရှီ ခေါင်းငုံ့ထားသည်။ သူမ ထိတ်လန့်နေပုံပင်။

“နောက်တစ်ခါ မမခြံထဲမှာ ဖွက်။ မမခြံထဲမှာ ရှိနေသရွေ့ ညီမလေး သေချာပေါက် ရှာတွေ့မယ်လို့ အာမခံရဲတယ်" ဟု ရှဲ့ချောင်က ပြုံးပြီး ပြောလိုက်သည်။

မည့်သို့ပင် တွက်တွက် သူမ၌ကောင်းသောမှတ်ဉာဏ်ရှိသည်။ ပန်းများ၊ မြက်ပင်များ၊ သစ်ပင်များစသဖြင့် ပြောင်းလဲမှုအနည်းငယ် ရှိနိုင်သော်လည်း သူမ၏မျက်လုံးများမှ လွတ်မြောက်နိုင်မည်မဟုတ်ပေ။

ထိုစကားကို ကြားသောအခါ ရှဲ့ရှီ၏ မျက်လုံးများ တောက်ပလာသည်။ "တကယ်လား?"

"ဒါပေါ့ နောက်တစ်ခါလုပ်ကြည့် ညီမလေးရဲ့ငွေကို မမ မယူဘူး” ရှဲ့ချောင်ပြောလိုက်သည်။

“ဟုတ်ကဲ့!” ရှဲ့ရှီ အလွန်ပျော်သွားပုံရသည်။

အကြည့်တစ်ချက်နှင့် သေလောက်မည်ဆိုလျှင် ဖေဝမ်ယွဲ့၏ မနာလိုသော မျက်လုံးများကြောင့် သူမရှေ့ရှိပန်းကန်ပြားများပင် ကွဲနေလောက်ပြီဖြစ်သည်။

•••••••••

All Chapters