← Chapters

ကံကြမ္မာဆိုး

Vol. 4 Ch. 50

ကံကြမ္မာဆိုး

Vol. 4 Ch. 50

ရှဲ့ဖင်းကန်းမှာ စိတ်သဘောထား သေးသိမ်သူ မဟုတ်ပေ။ ဖေမိသားစုမှ ညီမလေးသည် ဖခင်အရင်းကို ဆုံးရှုံးလိုက်ရပြီး သူမဘဝမှာ ခက်ခက်ခဲခဲ ဖြစ်ခဲ့ရသည်။ ဤအတွက် သူမ၏ အမေမှာ သူမအား ကောင်းသော အရာများ ပေးကာ အလိုလိုက် ချင်သည်မှာ မဆန်းပေ။ ထို့အတွက် သူ ဘာမျှ ဆက်မပြော တော့ချေ။

“အဲဒါကို သုံးခဲ့ပြီးပြီ ဆိုတော့ စိတ်မပူ ပါနဲ့တော့။" ရှဲ့ဖင်းကန်း ပြောလိုက်သည်။ “ဒါပေမယ့် စာသင်တာနဲ့ ပတ်သက်ပြီး ညီမဖေဘက်က ကျွန်တော်တို့ မိသားစုရဲ့ အခြေအနေကို နားလည် နိုင်မယ်လို့ မျှော်လင့် ပါတယ်။ ငွေစ၅၀၀၀၀ ကို တစ်ခါတည်း မပေးနိုင်လို့ပါ။”

ဖေဝမ်ယွဲ့ စိတ်ရင်းဖြင့် ခေါင်းငြိမ့် ပြလိုက်သည်။သူမ၏ အသံသည် ခြင်တစ်ကောင်ကဲ့သို့ တိုးညှင်းနေသည်။ "ကျွန်မ သိပါတယ်။"

သူမကို ဤသို့ မြင်လိုက် ရသော ရှဲ့နျိုရှန်းမှာ အလွန်သနားသွားသည်။ သူ့မိသားစုသည် ဤမိန်းမငယ်လေးအား အနိုင်ကျင့် နေသည့်ပုံ ဖြစ် နေသည် မဟုတ်လား။

ဤနေရာထိပင် တောက်လျှောက် လာခဲ့ပြီးမှ အကယ်၍ သူမ အတွက် ငွေကြေးအနည်းငယ် သုံးစွဲရန် ဆန္ဒ မရှိပါက သတင်းများ ထွက်လာလျှင် သူတို့မိသားစု အရှက်ရမည်မဟုတ်လား။

ရှဲ့နျိုရှန်း ခေါင်းကို မော့လိုက်ပြီး "တစ်ယောက်ယောက် ဆီက ချေးလိုက် ရမလား?"

သခင်မလုမှာ ကျေးဇူးတင် နေပုံရသည်။

ရှဲ့ဖင်းကန်းမှာတော့ ခနဲ့ လိုက်သည်။ “သူများဆီက ချေးလို့ ရတယ်။  မဆပ် နိုင်မှာကို စိုးရိမ်တာ။  အကြွေးတွေ တင်နေရင် ဟိုအဘွားကြီးနဲ့ ဦးလေးတို့ကို ကျွေးမွေး နိုင်မှာ မဟုတ်တော့ဘူးလေ။”

ရှဲ့နျိုရှန်း စိတ်လိုက် မာန်ပါ လုပ်မည့် စိတ်များပျောက်ကွယ်သွားသည်။

“ဒါဆို…ဘာမှ မတတ် နိုင်ဘူး။ တကယ်ကို  ငါ့သမီးတစ်ယောက်တည်း ကိုပဲ တော်ဝင်ကျောင်းတော်ကို ပို့ဖို့ ပိုက်ဆံ ရှိတယ်။ မိန်းကလေးဖေက တခြားကျောင်းတော်ကို သွားမှ ရမယ်။ အဲဒီက ကျောင်းအုပ်နဲ့ စကားပြော လိုက်မယ်။ ငွေစ၂၀၀၀နဲ့ ၃၀၀၀ ကြားဆို အဆင်ပြေမှာပါ။” ဟု ရှဲ့နျိုရှန်း ပွင့်ပွင့်လင်းလင်းပြောလိုက်သည်။

ဖေဝမ်ယွဲ့လက်ထဲရှိ လက်ကိုင်ပုဝါမှာ စုတ်ပြဲ လုနီးပါး ဖြစ်သွားသည်။

စားချင်စိတ် သည်လည်း ပျောက်သွားလေပြီ။

သို့သော် လက်ရှိ အခြေအနေကို ပြောင်းလဲ၍ မရကြောင်း သူမ သိသည်။

စင်စစ်တွင်မူ မည့်သည့် ကျောင်းတော် မဆို တက်ရလျှင် အဆင်ပြေသည့် သူမှာ ရှဲ့ချောင် ဖြစ်သည်။

သို့သော် ယခုတွင် တော်ဝင်ကျောင်းတော်တွင် မရေမတွက် နိုင်သော စာအုပ်များ ရှိကြောင်း သူမ သိလိုက် ရသည်။ ထို့ကြောင့် သူမ တိတ်တဆိတ် စိတ်လှုပ်ရှား နေမိသည်။ သူမ တော်ဝင်မင်းသားများကို စိတ်မဝင်စားပါ။ သို့သော် ထိုစာအုပ်များမှာ အဖိုးမဖြတ် နိုင်ပေ။ စာများများ ဖတ်ရတော့မည်ဖြစ်သည့် အတွက် သူမ ပျော်နေ မိသည်။

ထမင်းစား နေစဉ်တွင်ပင် ထိုကိစ္စများ ပြေလည် သွားသည်။

ရှဲ့ချောင်မှာ သူမအတွက် ပိုက်ဆံ မသုံးစေချင်ကြောင်း ပြောခဲ့သည်။ သူတို့ ကိုယ်တိုင်က စေတနာဟု ပြောခဲ့ခြင်း ဖြစ်သည်။

သူမ ရှင်းပြရန် အတွက် မကြိုးစား တော့ပေ။ အချိန်ရလျှင် ရသလို တော်ဝင်ကျောင်းတော်အကြောင်း ပိုမို သိရှိရန် သူမ ကြိုးစား တော့သည်။

ရှဲ့မိသားစုမှ ယောကျာ်းသားများသည် အလုပ်များ ကြသည်။ အငယ်နှစ်ယောက် မှာလည်း အတူတူပင်။ စကားများများ ပြောရန်ပင် အချိန်မရှိ ကြချေ။

ထို့အပြင် သူမတွင် ကံကြမ္မာဆိုး ရှိသည်။

အမှောင် စွမ်းအင်များမှာ သူမ ခန္ဓာကိုယ် ထဲတွင် ရှိနေတုန်းပင်။ သို့သော် ပြင်ပလူများအား မထိခိုက်နိုင်ပေ။ ဒါပေမဲ့ သူမသည် သူမ၏ သွေးသားရင်းများနှင့် နီးကပ် မနေသင့်ချေ။ မဟုတ်လျှင် သူတို့ကို ထိခိုက်စေ နိုင်သည်။ နတ်အဆောင် လက်ဖွဲ့များကို သူမနှင့်အတူ သယ်ဆောင် သွားလေ့ ရှိသည်။ မကောင်းမှု မှန်သမျှကို တားဆီးနိုင်ရန် သူတို့နှင့် ခပ်ဝေးဝေးတွင် ရှဲ့ချောင် နေထိုင်ခဲ့သည်။

သခင်မလု၊ ဖေဝမ်ယွဲ့နှင့် အစေခံများသည် ထိုကိစ္စအား ဘာမှ မသိကြပေ။

သို့သော် ရှဲ့နျိုရှန်း နှင့် ရှဲ့ဖင်းကန်း တို့သာ ထိုအကြောင်းကို သိကြလေသည်။

"သမီးရဲ့ ဝင်ခွင့်လွှာကို သိပ်ကြာရင် လက်ခံတော့မှာ မဟုတ်ဘူး။ ဘာမှ လုပ်စရာ မရှိရင် ခြံထဲမှာနေပါ။ အိမ်ရှေ့ကို မသွားနေနဲ့။" ရှဲ့နျိုရှန်း စကားပြော ပြီးသည်နှင့် အငယ်နှစ်ယောက်ကို ပြောလိုက်သည်။ “မင်းတို့လည်း အတူတူပဲ။ တစ်ခါတစ်လေ ကစားဖို့ အကြီးဆုံးအစ်မရဲ့ ခြံထဲကို သွားလို့ရတယ်။ ဒါပေမယ့် နေ့တိုင်းတော့ မဟုတ်ဘူး။ အကြီးဆုံးအစ်မကို အရမ်း မနှောင့်ယှက်နဲ့။ မဟုတ်ရင် တုတ်ကောက်ပြီး စောင့်နေ။"

“သမီးကြီး ပြဿနာ တစ်ခုခု ကြုံလာရင် သမီး အမေဆီ သွားနော်။” သူ စကားပြောပြီးသည်နှင့် ရှဲ့ချောင်အား လက်ပြ နှုတ်ဆက်လိုက်သည်။

ရှဲ့နျိုရှန်း၏ သဘောထားအား သခင်မလု နားမလည် နိုင်ခဲ့ချေ။

သူမ ရှဲ့ဖင်းဟွိုက်အား ချောင်းကြည့် လိုက်ရာ ခေါင်းညိတ် သဘောတူ နေသည်ကို တွေ့လိုက် ရသည်။

သူမ ယခု ပို၍ပင် ခေါင်းရှုပ် သွားသည်။

သူ့၏ အပြုအမူကို ကြည့်ရသည်မှာ ရှဲ့ချောင်အား ချစ်သည့်ပုံ မပေါ်ပေ။

ရှဲ့နျိုရှန်းက သူ့ဒီသမီးကို သဘောကျတာလား မကျတာလား?

သခင်မလု နားမလည် နိုင်ခဲ့ပေ။

အစေခံများ သည်တော့ အဖေဖြစ်သူနှင့် အစ်ကိုဖြစ်သူက ရှဲ့ချောင်အား လုံးဝ မနှစ်မြို့ကြ ဟုထင်နေကြသည်။

ခြံဝင်း၏ထောင့်တွင် နေထိုင်ရန် စီစဉ်ပေး ခံရရုံတင်မကဘဲ အိမ်ရှိ သခင်လေး၊ သခင်မလေး တို့နှင့်ပါ ရင်းနှီးမှုရရှိရန် အတူကစားပေး ရအုန်းမည်။ သူတို့သည် သူမအား အထင်အမြင်သေး နေခြင်း ဖြစ်လိမ့်မည်။

••••••••••

All Chapters