← Chapters

စာမတတ်ပေမတတ်

Vol. 4 Ch. 52

စာမတတ်ပေမတတ်

Vol. 4 Ch. 52

ရှဲ့ချောင်သည် သူမ ပန်းချီကားတွင် အာရုံအပြည့်အဝ စူးစိုက်ထားသည်။ နဖူးမှ ချွေးအား သုတ်လိုက်ပြီးနောက် သူမ မျက်နှာမှာ ပိုပြီး ဖျော့တော့လာလေသည်။

ပန်းချီကား ဆွဲပြီးသွားချိန်တွင် သူမမှာ ပိုအားနည်းပုံပေါ်နေလေပြီ။ သူမ သက်ပြင်းသာသာလေး ချပြီး ဝါးခြင်းတောင်းထဲသို့ လှန်လှော်ရှာဖွေလိုက်ရာ နောက်ဆုံးတွင် ကျောက်စိမ်းတံဆိပ်တုံးလေး တစ်ခုအား ရှာတွေ့သွားသည်။

မှင်ခံထဲသို့ တံဆိပ်တုံးကို ဖိလိုက်ကာ အသက်ရှုထုတ်လိုက်ပြီး သူမ ကြိုးကြိုးစားစား ဆွဲထားသော ပန်းချီကားပေါ်တွင် တံဆိပ်တုံး ထုလိုက်သည်။

ရှဲ့ချောင်သည် သူမပန်းချီကားအပေါ် အတော်လေး ကျေနပ်နေမိသည်။

ရွှေယွဲ့တာအိုဘုရားကျောင်းတွင် နေခဲ့စဥ်က သူမ ပန်းချီဆွဲခဲသည်။ အလေ့အကျင့်အနေဖြင့် ပန်းချီဆွဲရုံက လွဲ၍ ကြည့်ကောင်းသော ပန်းချီကားအနည်းငယ်သာ ဆွဲဖြစ်သည်။

အခု တော်ဝင်ကျောင်းတော်ထဲ ဝင်ရနိုင်ရန် သူမ အတော်လေး ကြိုးစားအားထုတ်ထားသည်။

အမှန်မှာ သူမ ရှဲ့မိသားစု၏ ငွေအား လက်မခံခြင်း မဟုတ်ပေ။

သူမတွင် ငွေရှိနေဆဲဖြစ်သောကြောင့်ပင်။ ထို့ပြင်… ရိုးရိုးသားပြောရလျှင် သူမ၏ သေစေနိုင်သော ကံကြမ္မာဆိုးနှင့် သူမခန္ဓာကိုယ်ထဲရှိ အမှောင်စွမ်းအင်ကြောင့်သာ မဟုတ်လျှင် သူမအား မွေးချိန်၌ သခင်မဖုန် သေမည်မဟုတ်ပေ။ ထို့ကြောင့် ရှဲ့နျိုရှန်း နှင့် ရှဲ့ဖင်းကန်းအပေါ် သူမ အပြစ်ရှိသလိုခံစားနေမိသည်။

ထိုကြောင့်သာ မဟုတ်ခဲ့လျှင် သူမ သခင်မလုကို တတ်နိုင်သလောက် ရှောင်မှာ မဟုတ်ပေ။

သခင်မ လုက ဘောင်မကျော်လာသ၍ သူမလည်း သခင်မ လုအပေါ် ကောင်းကောင်းမွန်မွန် ဆက်ဆံနေလိမ့်မည်။

ပန်းချီကားမှင်ခြောက်သွားပြီးနောက် ရှဲ့ချောင်သည် သူမဘာသာ ပန်းချီကားကို ဘောင်ကွပ်လိုက်သည်။

သုံးရက် ကြာပြီးသော် ရှဲ့နျိုရှန်းသည် သူမအား တော်ဝင်ကျောင်းတော်ဆီသို့ ခေါ်သွားရန် ရောက်လာခဲ့သည်။

ကျောင်းသူ တစ်ယောက် ဖြစ်လာခြင်းသည် ပထမအဆင့်သာ ရှိသေးသည်။

သဘာဝကျစွာပင် ငွေပမာဏနှင့် ကိုယ်က ဘယ်သူဘယ်ဝါဆိုတာက တော်ဝင်ကျောင်းတော်

တွင် ကျောင်းသူဖြစ်လာရန် လိုအပ်သည့် အပြင် ပထမဆုံးအနေဖြင့် ကျောင်းသူသည် အမှန်တကယ် ပညာသင်ယူချင်လားဆိုသည်အား ကြည့်သေးသည်။ ကျောင်းသူများက ငွေပေးပြီးလျှင်တောင် သူတို့သည် စာလုံးဝ မတတ်တာ မဟုတ်ကြောင်း သက်သေပြသည့်အနေဖြင့် စာအနည်းငယ် ရေးပြရသည်။

အထူးသဖြင့် အဆင့်သုံး နှင့် ထိုထက် နိမ့်သော မှူးမတ်များ၏သမီးများ ကျောင်းအပ်လျှင် ဖြစ်သည်။ အငယ်ဆုံးအရွယ်မှာ ဆယ်နှစ် ဖြစ်သည်။

ကျောင်းအပ်ရာတွင် ၁၆နှစ် သို့မဟုတ် ၁၇နှစ်အရွယ် မိန်းမပျိုများ အများကြီး မရှိသော်ငြား ရှိတော့ ရှိသေးသည်။

သို့သော် ထိုအရွယ်တွင် စာပေမတတ်သေးလျှင်သင်ယူချင်သော ဆန္ဒရှိနေရင်တောင် ကျောင်းတော်တွင် သင်ကြားဖို့ရန် နောက်ကျလွန်းနေပြီ ဖြစ်သည်။

ထို့ကြောင့် ကျောင်းလာအပ်သော ကျောင်းသူများသည် အနည်းဆုံး စာရေးနိုင်၊ ဖတ်နိုင်ရမည်။

ရှဲ့နျိုရှန်းကိုယ်တိုင် ရှဲ့ချောင်အား ကျောင်းသို့ ခေါ်လာခဲ့သည်။

သူတို့ ထွက်သွားကြသော် ဖေဝမ်ယွဲ့ မျက်နှာပေါ်တွင် ဝမ်နည်းမှုပေါ်လာကာ ရှဲ့နျိုရှန်းအား သနားသွားစေသည်။

မိသားစုတွင် ပိုက်ဆံမရှိ၍ မဟုတ်ပဲ သူက ဒီမိန်းကလေးကို လွယ်လွယ်ကူကူပဲ ခေါ်လာခဲ့ခြင်းဖြစ်သည်။

“ ယွဲ့အာက ကျွန်မကို ပြောတယ်၊သူ ဒီမှာ သူ့အမ နဲ့နေရတာကို ကြိုက်တယ်တဲ့၊ သူမက ချောင်နဲ့ အတူနေချင်တာ၊ အခု ချောင်အာက တော်ဝင်ကျောင်းတော်ကို တက်ရတော့မယ်၊ ယွဲ့အာက တခြားနေရာကို သွားရမယ်၊ ညီအစ်မတွေ အတူတူ မရှိနိုင်ရှာတော့ဘူး…” သခင်မ လု စိတ်မကောင်းဖြစ်နေသည်။

ရှဲ့ချောင် ညင်သာစွာမျက်မှောင်ကြုံ့လိုက်ကာလေးလေးနက်နက်ပြောလိုက်သည်။

“သူမ အဲဒီလို တစ်ခါမှ မပြောဖူးပါဘူး။”

သခင်မ လု ဆက်ခနဲ တွန့်သွားရင်း “ဘာကိုလဲ?”

“ သူမက ကျွန်မနဲ့ အတူရှိချင်တယ်လို့ တစ်ခါမှ မပြောဖူးပါဘူး၊ ကျွန်မ သူ့ သူငယ်ချင်းလည်း မဖြစ်ချင်ဘူး၊ အဲဒါကြောင့် ကျွန်မတို့ ပြောစရာစကားလည်း မရှိဘူး၊ အမေက ဖေဝမ်ယွဲ့ကို တော်ဝင်ကျောင်းတော် အရမ်း ပို့ချင်နေရင် အဖေ့ကို ကြိုက်သလောက် အကူအညီ တောင်းနိုင်တာပဲ၊ ကျွန်မ မတားဘူး၊ ဒါပေမဲ့ ကျွန်မကိုတော့ ဒီကိစ္စထဲ လာဆွဲမထည့်နဲ့၊ အရင်ကလည်း အဲအကြောင်း ရှင်းရှင်းလင်းလင်း ပြောခဲ့ပြီးသားနော်” ရှဲ့ချောင်က ပြောလိုက်သည်။

သခင်မ လုက ထိုသို့ ပြောလိုက်ခြင်းအပေါ် စိတ်မသက်မသာဖြစ်သွားခဲ့သည်။ “ဒါ..ဒါက သမီး ယွဲ့အာကို အထင်သေးနေတာလား? သူ..သူမက သမီးရဲ့ ညီမပဲလေ…”

“ ကျွန်မ သူ့ကို အထင်မသေးပါဘူး၊ သူက သူဘာသာသူ အထင်သေးနေတာပါ” ရှဲ့ချောင်က ပေါ့ပေါ့ပါးပါး ပြုံးလိုက်သည်။ “ သူက ကျွန်မကို နေရာတိုင်းမှာ လိုက်ပြိုင်နေတာ၊ သူဘာလို့ အဲလို ကိုယ့်ကိုယ်ကို ညှင်းပန်းနေရတာလဲ?”

ရှဲ့ချောင်က စကားပြောရင်း မြင်းလှည်း၏ လိုက်ကာကို ချလိုက်သည်။

သခင်မ လု အပြင်မှ ကာဆီးခံလိုက်ရ၍ သူမ မျက်နှာအမူအရာသည် ထိုင်းမှိုင်းနေပုံပေါ်သည်။

ရှဲ့ချောင် ဘာတွေ ဖြစ်နေလဲဆိုတာ မသိတာ မဟုတ်ပေ။

ဖေဝမ်ယွဲ့ ရှဲ့ချောင်အား မျက်ထောင့်နီဖြင့် ပထမဆုံးအကြိမ် ကြည့်နေခဲ့သည်။ သူမထိုသို့ကြည့်လိုက်ခြင်းကြောင့် ရှဲ့ချောင် ပို၍ရုပ်ဆိုးလာစေရန် မျှော်လင့်မိသည်။

ရှဲ့နျိုရှန်း သူ့သမီး၏ တည့်ထိုးပြောလိုက်သော စကားများကြောင့် ထိတ်လန့်သွားခဲ့သည်။ သူ အနည်းငယ် မျက်မှောင်ကြုံ့သွားလေသည်။

သခင်မ လု ထိုအချင်းအရာအား သတိထားမိ၍ ထိခိုက်နာကျင်ဟန်ဖြင့် သူမက ရုတ်တရက် ပြောလိုက်သည်။ “ ကျွန်မက သူတို့ ညီအစ်မဆက်ဆံရေး ပြေလည်စေချင်တာပါ၊ ဒီကောင်မလေး ဒီလောက် အေးစက်စက်နိုင်မယ်လို့ ဘယ်သူကထင်မှာလဲ? ယွဲ့အာက သူမနဲ့ အချိန်နည်းနည်း အတူတူ ကုန်ဆုံးချင်တာ၊ ဒါပေမဲ့ သူမက ယွဲ့အာကို မောက်မောက်မာမာနဲ့ ငြင်းလိုက်တော့ ကျွန်မလည်း ဘယ်တတ်နိုင်ပါ့မလဲလေ။"

••••••••••••

All Chapters