← Chapters

အရှက်မဲ့ခြင်း

Vol. 4 Ch. 53

အရှက်မဲ့ခြင်း

Vol. 4 Ch. 53

သခင်မလု စကားပြော မှားသွားကြောင်း ခံစားမိလိုက်သည်။ထို့ကြောင့် “ ကျွန်မ သိတယ် ရှင် ယွဲ့အာကို သဘောမကျတာ၊ တကယ်တော့ သူမက ရှင့် ကလေးမှ မဟုတ်တာ…ဒါပေမဲ့ ကျွန်မ ပြောခဲ့ဖူးတာပဲ၊ သူမမိသားစုနာမည်ကို ပြောင်းချင်တယ်၊ ဒါမှ သူမလည်း ရှဲ့မိသားစုရဲ့ သမီး အပြည့်အဝ ဖြစ်လာမှာ၊ ဒါပေမယ့်လည်း ရှင် အဲအကြောင်း ဘာမှ မပြောခဲ့ဘူး၊ ကျွန်မ သမီးက ဆိုးလို့လား? သူက အနုပညာ နယ်ပယ်၄ရပ်မှာလည်း တော်တယ်၊ ရှဲ့ချောင်လောက် မလှတာပဲ ရှိတာ၊ ဘယ်လိုပဲပြောပြော နန်းမြို့တော်က လူတွေနဲ့ ယှဥ်ရင် သူ ပိုတော်တာပဲ!”

သခင်မလု မှားသွားပြီမှန်း သိလိုက်သည်။

သူမ မျက်လုံးတွေ နီနေသည်။

ရှဲ့နျိုရှန်းသည် သူမအား ဆွဲဆောင်မှု ရှိ၍ သဘောကျလေသည်။

သူမ ငိုနေပြီမို့ ရှဲ့နျိုရှန်း စိတ်ထိခိုက်ရသည်။ “ မင်းဘာလို့ ငိုနေတာလဲ? ငါ သူ့ကို မတော်ဘူးလို့ ဘယ်တုန်းက ပြောခဲ့လို့လဲ? ငါ အိမ်မှာ သူ့ကို ကောင်းကောင်း မဆက်ဆံလို့လား? ကုလန်ကျောင်းမှာ ပါရမီရှိတဲ့လူတွေ အများကြီးရှိတယ်၊ အနာဂတ်မှာ သူမ ပါရမီထူးချွန်တဲ့သူ ဖြစ်လာအောင် အဲကျောင်းက လုပ်ပေးနိုင်တယ်လို့ ငါ အာမခံတယ်!”

“ သူမ ပါရမီထူးချွန်တဲ့ မိန်းကလေးဖြစ်လာလာ မလာလာ ဘာအရေးပါလို့လဲ? ကျွန်မ ဂရုစိုက်တာက ရှင် သူမကို မိသားစုဝင် တယောက်အနေနဲ့ လက်ခံလား၊ လက်မခံဘူးလားဆိုတာပဲ!” သခင်မ လု ခြေဆောင့်ပြီး လှည့်ထွက်သွားသည်။

သူမ ဝမ်းနည်းပြီး ဒေါသထွက်နေပုံရသည်။

ထိုအရာက ရှဲ့နျိုရှန်း၏ အားနည်းချက် ဖြစ်သည်။ သူ့မှာသာ လုပ်စရာ ကိစ္စလေးတွေ မရှိလျှင် သူ အခုလောက်ဆို သူမဘေးကို အမြန်ပြေးလိုက်သွားလောက်ပြီ။

ရှဲ့ချောင် မြင်းလှည်းအတွင်းမှ ပြောလိုက်သည်။

“ မြင်းလှည်းသမားက တော်ဝင်ကျောင်းတော် သွားရမဲ့ လမ်းကို သိတယ်၊ ကျွန်မဘာသာ သွားလိုက်မယ်”

“ ဇနီးမယားကောင်းကို လက်ထပ်ရဖို့ဆိုတာ ခက်တယ်၊ ငါ သူမကို လက်ထပ်ရဖို့ တော်တော်လေး ကြိုးစားခဲ့ရတာ၊ အခု သူမ စိတ်ဆိုးသွားတော့ မထိခိုက်သွားဘူးလား?” ရှဲ့နျိုရှန်း မပွင့်တပွင့် ပြောလေသည်။

သို့သော် သူ ခဏကြာတော့ မြင်းလှည်းပေါ် တက်လာသည်။ သူအလုပ်ကိစ္စပြီးလျှင် အိမ်အမြန်ပြန်ပြီး သူ့ဇနီးကို နှစ်သိမ့်နိုင်သည်။

အမှန်မှာ သခင်မ လုက ရှဲ့နျိုရှန်းအား ချော့စေချင်သည်။ အရင်ကလည်း သူမ စိတ်ဆိုးစိတ်ကောက်ဖူးသည်။ ရှဲ့နျိုရှန်းက သူမအား အမြဲ လွှတ်ထားခဲ့သည်။

ယောကျ်ားတွေကို အလိုမလိုက်သင့်ဘူးဆိုတာ သူမ သိသည်။ လင်နဲ့ မယားကြား အခါအခွင့်သင့်သော စိတ်ကောက်ခြင်းသည် အကျိုးရှိသည်။

ရှဲ့နျိုရှန်းက ယခု ထွက်သွားပြီမို့ သူမ စိတ်မသက်မသာ ဖြစ်မိသည်။

“ ကျွန်မကို ကျောင်းပို့တာက လွဲလို့ ဒီနေ့ အဖေ လုပ်စရာရှိသေးလား?” ရှဲ့ချောင်က မြင်းလှည်းထဲတွင် မေးလိုက်သည်။

“ ဒီနေ့ အဖေ့ နားရက်၊ အဖေ ကျောင်းမှာ မျက်နှာပြရုံပဲ၊ ကျန်တာက သမီး ကိုယ့်ဘာသာ ကိုယ် အားကိုးရမှာ၊ ပြီးရင် အရက်သောက်ဖို့ လောင်းကစားရုံသွားမယ်” ရှဲ့နျိုရှန်းက ပြောပြီးပြီးချင်း ရုတ်တရက် မေးလိုက်သည်။ “ ဒါနဲ့ နေပါဦး၊အဖေ သမီးကို အခြေခံစာဖတ်တတ်လားလို့ မမေးရသေးဘူးမလား?”

ရှဲ့ချောင် ပြန်မပြောခင် ရှဲ့နျိုရှန်း မျက်မှောင်ကြုံ့နေခဲ့သည်။ “ သမီး အရင်က အဖေ့ဆီ ရေးတဲ့ စာတွေမှာ ကျယ်ပြန့်တဲ့အသုံးအနှုန်းတွေ သုံးထားတာ တွေ့တယ်၊ အဲဒါ ကလေး တစ်ယောက် ရေးတဲ့ စာမဟုတ်တာတော့ သိသာပါတယ်၊ ဒါပေမဲ့ အဖေ မင်းကို အဲကိစ္စ မမေးရသေးဘူးပဲ! တာအို ဆရာအိုကြီးက သမီးကို စာဖတ်တတ်အောင် မသင်ပေးလိုက်ဘူးလို့တော့ မပြောဘူးမလား? ဒီကျောင်းမှာက သမီး စာအုပ်တစ်အုပ်လုံးကို မမှတ်မိရင်တောင် စာဖတ်တတ်ဖို့တော့ လိုတယ်!”

ထိုသို့ မဟုတ်လျှင် သူတို့ ပိုက်ဆံ မည်မျှပေးစေကာမူ သူမအား ကျောင်းမှ လက်မခံမည်မဟုတ်ပေ။!

“ စိတ်မပူပါနဲ့ အဖေ၊ ကျွန်မ လုပ်နိုင်ပါတယ်” ရှဲ့ချောင်က ဘာမှမဖြစ်သလို ပြောလိုက်သည်။

ရှဲ့နျိုရှန်းက သူမ လုပ်နိုင်ပါတယ်လို့ ပြောလိုက်သည့်အပေါ် အပြစ်ရှိသလို ခံစားလိုက်ရသည်။

“ သမီးသာ လိမ်လိမ်မာမာ နေပေး၊ အိမ်က အရူးသုံးယောက်က နန်းမြို့တော်မှာ လူသိများနေတာ၊ သမီးသာ အရှက်ရမဲ့ ကိစ္စ ထပ်လုပ်မိရင် မရှိရှိတဲ့ သိက္ခာပါ ကျကုန်မယ်” ရှဲ့နျိုရှန်း မပွင့်တပွင့် ရေရွတ်နေသည်။

သူထိုသို့ ပြောလိုက်သော်လည်း အမှန်တွင် သူသည် ရှဲ့ချောင်အပေါ် မျှော်လင့်ချက်ကြီးကြီး မထားပေ။

“ လူသိများတယ်လား?” ရှဲ့ချောင်က တော်တော်လေး အံ့အားသင့်သွားသည်။ “ အဖေ ဘာဆိုလိုတာလဲ?”

ရှဲ့နျိုရှန်း ရှက်သလို ခံစားမိသည်။ “ မင်းရဲ့ အစ်ကိုအကြီးဆုံးက မြို့တော်ကထက်မြက်တဲ့ မိန်းကလေးတစ်ယောက်ကို ကြိုက်ခဲ့တယ်၊ သူက သူမနောက် တကောက်ကောက် လိုက်နေတော့ အဲဒါက သူမကို ကြောက်ရွံ့စေခဲ့တယ်လေ၊ အဲဒါကြောင့် သူ ဇနီးမယား တစ်ယောက် ရှာဖို့ အခု လုံးဝ မဖြစ်နိုင်တော့ဘူးလေ”

ရှဲ့ချောင် ထိတ်လန့်သွားသည်။

‘ ဘယ်လိုဖြစ်တာလဲ?’

“သမီး မောင်နဲ့ ညီမက…” ရှဲ့နျိုရှန်း ခေါင်းကုတ်ရင်း စဥ်းစားလိုက်သည်။ “အဖေတို့ သူတို့အကြောင်း မပြောကြရအောင်!”

“သမီးကို ဖြည်းဖြည်းချင်း ပြောပြပေးလေ” ရှဲ့ချောင်က ချက်ချင်း ပြောလိုက်သည်။

ရှဲ့နျိုရှန်း သက်ပြင်းချသည်။ “ သမီးမောင် ဖင်းဟွိုက်…အရှက်မရှိဘူး၊ ငယ်သေးတာတောင် သူက ဆောင်ကြာမြိုင်သွားလိုက်သေးတယ်၊ ပြီးတော့ မောင်းထုတ်ခံလိုက်ရတယ်လေ၊ သူတို့က သမီးမောင်ကို အရမ်းငယ်သေးတယ် သွားတွေတောင် အကုန် စုံအောင် မပေါက်သေးဘူး သူက အမျိုးသမီးတွေနဲ့ လိင်ဆက်ဆံချင်နေသေးတယ် ဆိုပြီး သူ့ကို ထွက်သွားခိုင်းတယ် ပြီးတော့ သူ့ကို နို့ဘူးပဲ သွားသောက်ခိုင်းတယ်လေ!”

•••••••••••

All Chapters