သူရောက်လာပြန်ပြီ
Vol. 4 Ch. 54
ရှဲ့နျိုရှန်းသည် ဓါးပြ တစ်ယောက်ဖြစ်ခဲ့တာမို့ သူကတော့ အဲလိုပဲ ပြောမည်။
မြင်းလှည်းမောင်းသမားသည် ရှဲ့နျိုရှန်း ပြောသည်များအား ကြားသောအခါ မြင်းလှည်းအတွင်းမှ ရှဲ့ချောင်အား သနားရုံမှလွဲ၍ မတတ်နိုင်ချေ။
ရှဲ့ချောင်သည် ရှဲ့ဖင်းဟွိုက်မှာ ထိုကဲ့သို့ ကလေးဆိုးမှန်း လုံးဝ မထင်ထားခဲ့ပေ။ သူတို့ အရင်က တွေ့ခဲ့စဥ် သူသည် တော်တော်လေး သိတတ်ပုံ ပေါ်ခဲ့သည်မဟုတ်လား?
ရှဲ့ရှီနှင့် ပတ်သက်၍…
ရှဲ့ချောင်သည် ရှဲ့နျိုရှန်းမှ ရှဲ့ရှီ ဘာလုပ်ခဲ့လဲဆိုတာကို မပြောပဲနှင့် ခန့်မှန်းနိုင်သည်။
ရှဲ့ရှီသည် လေးလံသည်၊ ထို့ကြောင့် သူမသည် ပြဿနာတော်တော်များများကို သေချာပေါက် ဖြစ်စေလိမ့်မည်။
“ သမီး၊ တခြားအကြောင်းတွေ မပြောကြရအောင်၊ တကယ်လို့ သမီးက တုံးအနေရင်တောင် အဲ့အချက်ကို သမီး မပြသ၍ သမီးမျက်နှာက အဖေတို့ရဲ့ နာမည်ဂုဏ်သတင်းပဲ!” ရှဲ့နျိုရှန်းက ဂုဏ်ယူစွာ ပြောလိုက်သည်။
ရှဲ့ချောင် မျက်ခမ်းစပ်နား တွန့်သွားသည်။
သူမ အဲဒီ ဝန်ထုပ်ကို မသယ်လို့မရဘူးလား?
ရှဲ့ချောင် သက်ပြင်းချမိသည်။ မှူးမတ် တစ်ယောက်၏ သမီးဖြစ်ရတာ မလွယ်ပေ။ တာအိုဆရာသခင် တယောက်ဖြစ်ရတာလောက် မလွတ်လပ်တာတော့ သေချာသည်လေ။
“အဖေ ဒီနေ့ လုပ်စရာတွေ ပြီးရင် ဘယ်သွားသွား ကိစ္စမရှိဘူး၊ စကားကို တတ်နိုင်သလောက် နည်းနည်းပဲ ပြော” ရှဲ့ချောင်က ရုတ်တရက် သတိပေးသည်။
“ ဘာကိုလဲ?” ရှဲ့နျိုရှန်းက သူနားကြားမှားတယ်လို့ ထင်ခဲ့သည်။
“ ဒီနေ့ အဖေ့ ပါးရိုးတွေ နီနေတယ်၊ ပါးရိုးတွေ အရောင်ရဲနေတယ်၊ အဖေ့ကြည့်ရတာ အဖေ ငွေအများကြီး ဝင်ကိန်းရှိတယ်၊ အဖေက မင်းမှုထမ်း တစ်ယောက်၊ အဲဒါကြောင့် အဖေ လောင်းကစားရုံကို မသွားသင့်ဘူး၊ ကံကောင်းခြင်းက အဲဒီမှာ မရှိဘူး၊ ဒါပေမဲ့ ဒီနေ့ အဖေ သွားရမဲ့ တခြားနေရာ ရှိတယ်၊ ကံကောင်းခြင်းတွေကို လွယ်လွယ် ယူသွားခံရနိုင်တယ်၊ အဲဒါကြောင့် စကားလျှော့ပြော၊ ဒီနေ့ ပိုသတိထားပါ၊ ပြီးရင် ငွေတွေ ဝင်လာလိမ့်မယ်” ရှဲ့ချောင်က ဖြည်းဖြည်းချင်း ရှင်းပြသည်။
ရှဲ့နျိုရှန်း ကျိန်ဆဲချင်သည်။
‘ အဲဒီ သောက်ကျိုးနဲ တာအိုဆရာအဖိုးကြီး! သူ ငါ့သမီးကို လူလိမ်ဖြစ်အောင် သင်ပေးလိုက်တာလား!?
‘ သူမ ပြောနေတာတွေကို နားထောင်ကြည့်ပါဦး! အမျိုးသမီး တစ်ယောက် ပြောနေတာနဲ့ တူလို့လား?’
သူ့ရဲ့ သနားစရာကောင်းတဲ့ သမီးလေး၊ သူမမှာသာ သေစေနိုင်သော ကံကြမ္မာဆိုး ရှိမနေရင် အဲဒီ တာအိုဆရာသခင်အိုကြီးကို သူမကို ကျွေးမွေးစောင့်ရှောက်ခိုင်းပါ့မလား? ရှဲ့နျိုရှန်း သူ့ဘာသာ သူမကို ကျွေးမွေးစောင့်ရှောက်ခဲ့ရင်….
သူ ဆက်ခနဲ တွန့်သွားကာ ဆက်တွေးဖို့ မျက်နှာပူလွန်းခဲ့သည်။
သူ ကလေးတစ်ယောက်ကို ဘယ်လို စောင့်ရှောက်ရမလဲဆိုတာ မသိတာကို သိသည်။ သူ ရှဲ့ချောင်ကို ကျွေးမွေးစောင့်ရှောက်ခဲ့လျှင် သူမကို လူဆိုး တစ်ယောက်လို ကြီးပြင်းအောင် လုပ်ခဲ့မိမှာပင်။
“ ကျောင်းမှာ အဲလိုစကားတွေ မပြောနဲ့နော်” ရှဲ့နျိုရှန်းက ပြောလိုက်သည်။
“ မပြောပါဘူး” ရှဲ့ချောင်က ပြန်ပြောသည်။ “ ဒီနေ့ အဖေ ဘာစားခဲ့လဲ၊ အဖေ့ ပါးစပ်က နံနေတာ သမီး အဖေနဲ့ တစ်မီတာလောက် ကွာတာတောင် အနံ့ရတယ်”
ရှဲ့နျိုရှန်း အပြောခံရသည့်အပေါ် သူ့အာငွေ့ကို စစ်ဆေးရန် ချက်ချင်း အသက်ရှုထုတ်ကြည့်သည်။ သူ့အနံ့ ကို ဆက်တိုက် ရှုကြည့်နေသည်။
သို့သော် သူထိုကဲ့သို့ လုပ်နေသော်လည်း မည်သည့်အနံ့မျှ မရပေ။ “ မနံဘူးမလား?”
“ အဖေ့ ပါးစပ်က နံချင်မှ နံမယ်၊ ဒါပေမဲ့ အဖေ ကိုယ်ခန္ဓာက မနံတာတော့ မဟုတ်လောက်ဘူးလေ” ရှဲ့ချောင်က တည်တည်ငြိမ်ငြိမ် ပြောသည်။
ရှဲ့နှိူ့ရှန်းသည် ပညာမတတ်သော်လည်း သူ့သမီး ဘာကိုဆိုလိုလဲဆိုတာတော့ နားလည်လေသည်။
သူ ရုတ်တရက် တိတ်ဆိတ်သွားသည်။
အမှန်တော့ သူရေမချိုးတာ ရက်တော်တော် ကြာပြီဖြစ်သည်။
မကြာမီအတွင်း သူတို့ တော်ဝင်ကျောင်းတော်သို့ ရောက်လာ၏။
ရှဲ့ချောင် မြင်းလှည်းပေါ်မှ ဆင်းဆင်းချင်း သူမ ရှေ့မှ တော်ဝင်ကျောင်းတော်အား ကြည့်ကာ လန့်သွားသည်။
ကျောင်းက ခိုင်ခိုင်ခံ့ခံ့ ရှိခြင်းမှာ အမှန်ပင် ကံကောင်းသည်။ ထိတ်လန့်စရာကောင်းအောင် ကြီးမားသည်။ ကျောင်းတွင် ဂိတ်အနဲငယ် ရှိပြီး ပင်မဂိတ်ကြီးကို အဓိက အကြောင်းအရာများအတွက်သာ ဖွင့်ထားခဲ့သည်။
အုတ်တံတိုင်းမြင့်များက အပြင်လောကကို ပိတ်ဆို့ထားပုံပေါ်နေကာ အထဲတွင် တခြားကမ္ဘာငယ်လေး တစ်ခု ဖန်တီး ထားသလို ထင်ရသည်။ ဘေးဂိတ်များသည် တော်တော်လေး မှော်ဆန်ပုံ ထင်ရပြီး လူများက ဂိတ်များကို စောင့်ကြပ်နေကြသည်။
ယနေ့သည် လစဥ် ကျောင်းအပ်သည့် နေ့ဖြစ်သဖြင့် တခြား မိသားစု များလည်း ဘေးတံခါး၌ ရှိနေသည်။
သူတို့ ဂိတ်သို့ ရောက်သောအခါ မြင်းလှည်းပေါ်မှ ဆင်းလိုက်ကြသည်။
ဆင်းလာသောလူ အများစုမှာ 10နှစ်အရွယ် ကလေးများ ဖြစ်ကြသည်။ သူတို့အရွယ်ရောက်လာကြသည်နှင့် ရောက်လာကြခြင်း ဖြစ်သည်။
ထိုအရွယ်များကြား ရှဲ့ချောင်မှာ 15နှစ် သို့မဟုတ် 16နှစ် အရွယ်ရှိနေသော တစ်ဦးတည်းသော မိန်းကလေး ဖြစ်နေသောကြောင့် အာရုံစိုက်ခံနေရ၏။။
လူအများ စတန်းစီနေပြီဖြစ်သည်။
ဖခင်တယောက်အနေဖြင့် ရှဲ့နျိုရှန်းသည် ကျောင်းထဲသို့ ဝင်နိုင်သည်၊ သို့သော် သူ သူမအား ဂိတ်အထိသာ ပို့ပေးနိုင်သည်။ ရှဲ့ချောင် ဝင်ခွင့်အတွက် ဖြေမည့် စာမေးပွဲအထိတော့ မလိုက်နိုင်ပေ။
“ ဒီကို ဘာလို့ ထပ်ရောက်လာပြန်တာလဲ သခင်ကြီးရှဲ့?” ဆရာ တစ်ယောက်သည် ရှဲ့နျိုရှန်းအား တွေ့ကာ မေးလေသည်။ သူ၏မျက်ခမ်းစပ်များမှာ တွန့်သွားသည်။
သူသည် ရှဲ့နျိုရှန်း သူ့ကလေး နှစ်ယောက်အား ကျောင်းသို့ လာပို့စဥ် ငွေတစ်သောင်း ယူလာသည့် မြင်ကွင်းကို မမေ့သေးပေ!
လူတိုင်းသည် ကျောင်းသူ တစ်ယောက် ဖြစ်လာရန် ဝင်ကြေးအနေဖြင့် ပစ္စည်းများကို ပို့ကြသည်။ ငွေပေးမည့်သူဆိုလျှင်တောင် သူတို့သည် ငွေစာရွက်ကိုပဲ ပေးကြသည်။
ရှဲ့နျိုရှန်းသည်တော့ မတူပေ။ သူသည် ငွေတုံးများသာ ယူလာခဲ့ကာ သူ့ကလေး ဝင်ခွင့်အောင်ရန် အရည်အချင်းအား ဝယ်ရင်း စိတ်ဆိုးအပြစ်တင်ခဲ့ဖူးသည်။
သူခေါ်လာသော ဤကလေးမ၏ အရည်အချင်း ပြည့်မှီလျှင် ထိုသို့ ဆိုလိုသည် မဟုတ်ပါ….
ထိုဆရာ၏ မျက်နှာအမူအရာမှာ ရုတ်တရက် ပြောင်းလဲသွားခဲ့သည်။
ရှဲ့နျိုရှန်း ငွေတုံးယူလာသည့် မြင်ကွင်းအား သူထပ်ကြုံရဦးမည်လား!?
•••••••••••