← Chapters

စာအုပ်တစ်အုပ်၏အဖုံးအားကြည့်ကာအကဲဖြတ်ခြင်း

Vol. 4 Ch. 55

စာအုပ်တစ်အုပ်၏အဖုံးအားကြည့်ကာအကဲဖြတ်ခြင်း

Vol. 4 Ch. 55

ထိုဆရာသည် ကျောင်းသားရှာဖွေလက်ခံရန်အတွက် တာဝန်ရှိလေသည်။ ရှဲ့နျိုရှန်းအား မြင်သောအခါ သူ့ကြည့်ရသည်မှာ ကြောက်ရွံ့နေပုံပေါ်သည်။ ကျန်တဲ့သူများမှာ ရှဲ့နျိုရှန်းအား ကြည့်ရုံကလွဲ ဘာမှ မတတ်နိုင်ပေ။

တစ်ယောက်ယောက်သည် တီးတိုးရေရွတ်လိုက်သည်။ ” အဲဒါ ဓါးပြခေါင်းဆောင်ကြီးလား?”

“ ကျောင်းအုပ်ရဲ့ အိမ်ကို ငွေတွေ ယူလာခဲ့တဲ့ သူပေါ့…” ဖြတ်သွားတဲ့ ကျောင်းသားအချို့ က သူ့ကို စနောက်ပြောကြသည်။

“ ငါ ကြားတာ သူ့သမီးနဲ့ သားက စာလုံးဝမဖတ်တတ်ဘူးတဲ့ သူတို့က ကျောင်းဝင်ခွင့်ရဖို့ အရည်အချင်းမမှီလို့ မောင်းထုတ်ခံရလုနီးနီးပဲတဲ့လေ၊ရှဲ့သခင်ကြီးက ဆူဆူပူပူလုပ်ပြီး ကျောင်းအုပ်ကို တိုက်ရိုက် သွားရှာတယ်တဲ့၊သူက  ကျောင်းအုပ်က သူ့ကို အထင်သေးတယ်လို့ ပြောသေးတယ်၊ဒါပေမယ့် ကျောင်းအုပ်က အကြောင်းပြချက်သက်သက်ပါပဲ ၊ အဲလို လူဆိုးတစ်ယောက်နဲ့ တွေ့ရင် သူ ဘာပြောနိုင်မှာလဲ? သူ့ကလေးတွေပိုပဲ သူလက်ခံရမှာပေါ့” တစ်စုံတစ်ယောက်က ဇာတ်လမ်း တစ်ခုလုံးအား အသေးစိတ် ပြောပြလေသည်။

ရှဲ့ချောင်လည်း အဲဒါကို ကြားလိုက်သည်။

သူမ ခေါင်းလှည့်လိုက်ကာ စိတ်ရှုပ်ထွေးနေသော ရှဲ့နျိုရှန်းအား ချောင်းကြည့်လိုက်သည်။

ရှဲ့နျိုရှန်းပါးများ နီမြန်းသွားလေသည်။ ” အဓိပ္ပါယ်မရှိတာတွေ! ငါက ရာထူးအဆင့်လေး ရှိတဲ့ စစ်သူကြီးတစ်ယောက်ပါ၊ ငါ့ရဲ့ အသုံးမကျတဲ့ - ကလေး နှစ်ယောက်ကလည်း ပညာမတတ်တာမဟုတ်ဘူး၊ သူတို့ စာကောင်းကောင်း မဖတ်တတ်ရုံပါ၊ ငါ ပိုက်ဆံကောင်းကောင်းပေးထားပြီးသားကို၊ သူက ဘာလို့ ပိုက်ဆံ လက်မခံတာလဲ? အဲအဘိုးကြီးကိုက အဆင်မပြေတာ!”

ရှဲ့ချောင် သက်ပြင်းချလိုက်သည်။

သူ့လို အဖေမျိုးရှိနေမှတော့ သူမ မောင်နဲ့ ညီမ ဘယ်လိုတွေ ပြုမူနေထိုင်နေလဲဆိုတာ ကောင်းကောင်းသိဖို့ လုံလောက်နေပါပြီ။

ထိုအချိန်တွင် ဆရာသည် သူတို့အား စိုက်ကြည့်ကာ

“ရှဲ့သခင်ကြီး ကျောင်းက ငြိမ်းချမ်းရေးနယ်မြေပါ၊ ခင်ဗျားဒီမှာ ဆက်ကျိန်ဆဲနေမယ်ဆိုရင် ကျွန်တော်တို့ ခင်ဗျားကို ထွက်သွားခိုင်းရလိမ့်မယ်” ဆရာက ပြောလိုက်သည်။

“ ကျွန်တော် ကျိန်ဆဲခဲ့လို့လား? ကျွန်တော် မကျိန်ဆဲခဲ့ပါဘူး၊ ကျွန်တော်က ဒီလိုပဲ ပြောနေကျကို ကျောင်းအုပ် သိတယ်” ရှဲ့နျိုရှန်းကပြန် ငြင်းသည်။

ကံကောင်းစွာပင် ရှဲ့ချောင်သည် အရေထူသည်။

ထိုနေရာတွင် တခြား မိန်းကလေးများသာဆိုလျှင် သူတို့ဘာသာ တွင်းထဲမြုပ်နေလောက်ပြီ။

“ရှဲ့သခင်ကြီး ဒီမိန်းကလေးကို ကျောင်းကို ပို့ဖို့ရောက်နေတာမလား?” ဆရာက သူ့လို ရက်စက်တတ်တဲ့သူနှင့် အချင်းမများချင်တော့ပေ။

သူ ထိုလိုလူနှင့် အချင်းမများသင့်သည်ကို သိသည်။

“ ဟုတ်တယ်လေ၊ ကျွန်တော့်ဘေးမှာ သူမကလွဲလို့ ရပ်နေတာ ဘယ်သူမှ မရှိဘူး၊ ခင်ဗျား ကန်းနေလား-“ ရှဲ့နှိူ့ရှန်း ချက်ချင်း ကျိန်ဆဲချင်သွားသော်လည်း သူ တွန့်ဆုတ်သွားသည်။

သူသည် လေကြောရှည်ပြီး ပညာတတ်သော သူများကို မုန်းတီးသည်။ သူတို့က စာအုပ်တစ်အုပ်ကို အဖုံးကြည့်၍ ဆုံးဖြတ်တတ်ကာ စိတ်တိုစရာကောင်းလေသည်။!

“ရှဲ့သခင်ကြီး၊ စည်းမျဥ်းအရ ကျွန်တော်တို့ မွေးစားသမီးတွေနဲ့ မိသားစုကလူတွေကို လက်မခံပါဘူး”

အဆင့်သုံးအမှုထမ်းများသာလျှင် အမျိုးမတော်သော ကလေးများအား လက်ခံပေးသည်။

“ သူက ကျွန်တော့် အကြီးဆုံးသမီးပဲ!” ရှဲ့နျိုရှန်း နှာမှုတ်ကာပြောလိုက်သည်။

“ ကျွန်တော် သူမအကြောင်း မကြားဖူးပါဘူး…သူမက တရားမဝင်သမီးလား? အဲလိုဆိုရင် လက်ဆောင်တန်ဖိုးက နှစ်ဆ ဖြစ်လိမ့်မယ်” ဆရာက ပြောသည်။

သူတို့က တခြားသူများနှင့် ပိုက်ဆံအကြောင်း တိုက်ရိုက် မပြောကြသော်လည်း ရှဲ့နျိုရှန်းကိုတော့ တိုက်ရိုက်ပြောရသည်။ သူနှင့်ဆိုလျှင် ပိုက်ဆံကိစ္စအား ပို၍ တည့်တိုး ပြောရမည်ပင်။

“တရားမဝင် သမီးတဲ့လား? သူမက ကျွန်တော့် သမီးအကြီးဆုံးဗျ! သူမ နေမကောင်းလို့ သူမကို အပြင်မှာ စောင့်ရှောက်ထားခဲ့တာ၊ မကြာသေးခင်ကမှ သူမကို ပြန်ခေါ်လာခဲ့ရတာ!” ရှဲ့နျိုရှန်း စိတ်တိုကာ  ဆရာ၏ မျက်လုံးကန်းနေမှုအပေါ် အပြစ်တင်နေပုံရသည်။

ဆရာသည် ထိုသို့ ကြားလျှင်ကြားပြီး ထိတ်လန့်သွား၏။

သူ့သွေးသားရင်းသမီး အကြီးဆုံးတဲ့လား?

သူတို့မှာ…အလွန်ကွဲခြား၏!

သို့သော် မည်သူမျှ ထိုကိစ္စမျိုးအား အတုမလုပ်နိုင်ပါ။ တော်ဝင်ကျောင်းတော်တွင် အထောက်အပံ့ကောင်း ရှိသည်။ ရှဲ့နျိုရှန်းသာ တစ်ယောက်ယောက်အား သူ၏တရားဝင်သမီးအကြီးဆုံးအနေဖြင့် ရုပ်ဖျက်ခေါ်လာရဲလျှင် သူ ရာထူးလျှော့ချခံရမှာ အသေအချာပင်။ ထိုသို့ လုပ်ခြင်းမှာ မထိုက်တန်ချေ။

“ သူမက ခင်ဗျား သမီးအကြီးဆုံးဆိုရင် ရပါတယ်၊ ဒီမှာ တန်းစီပါ ရှဲ့မိန်းကလေး၊ရှဲ့သခင်ကြီးကတော့ ကျေးဇူးပြုပြီး အပြင်ထွက်နေပေးပါ” ဆရာက ပြောလိုက်သည်။

ရှဲ့နျိုရှန်းမှာ ရှဲ့ချောင်အား အနည်းငယ် စိုးရိမ်စိတ်ဖြင့် ကြည့်လိုက်သည်။

“ စိတ်မပူနဲ့၊ မင်း မဖတ်တတ်တဲ့ ဟာဆို ကျော်သွားရုံပဲ၊ မင်း ညီမတော့ အဲလို လုပ်ပြီး ဝင်ခွင့်ရသွားတာပဲ” ရှဲ့နျိုရှန်းသည် မထွက်သွားခင် သတိပေးလိုက်သေးသည်။

“ဟုတ်ကဲ့ပါ” ရှဲ့ချောင် အရှက်မဲ့စွာ ပြောလိုက်သည်။

ရှဲ့နျိုရှန်းအား စကားပြောလျှင် ထက်မြက်လွန်း၍ မရပေ။

သူမ ကိုယ့်ကိုယ်ကို ယုံကြည်မှု ရှိ​ပြီး မစိုးရိမ်ဖို့ သူ့ကို ပြောလျှင် သူမ ရူးနေသည်ဟုသာ သူတွေးထင်နိုင်သည်။

နားလည်ရလွယ်သော သူမ အဖေက သူ့ကိုယ်သူ တွက်ချက်တတ်သည်။ သဘာဝကျစွာပင် သူအနေနှင့် ထက်မြက်သော သမီးအား မွေးခဲ့မည်ဟု သူ မယုံကြည်ပေ။

••••••••••

All Chapters