နည်းနည်းတော့သိတယ်
Vol. 4 Ch. 56
လူအုပ်ကြီးသည် အဖေနှင့်သမီးကို မြင်လိုက်သောအခါ အထင်သေးသွားကြသည်။
အထူးသဖြင့် ဆရာသည် ဒေါသထွက်ပြီးလောင်ကျွမ်းနေသလို ခံစားနေရသည်။
ထိုမိသားစုသည် သူတို့အတွက် အကျိုးရှိမည့် ကျော်ကြားမှုကိုရရန်သာ တော်ဝင်ကျောင်းတော်ကို လာခြင်းဖြစ်သည်။ သူတို့က ဒီကို ပညာသင်ယူဖို့လာခြင်းမဟုတ်ပေ။
ဒီလိုလူများကိုသာ လက်ခံလိုက်မည်ဆိုလျှင် ကျောင်းတော်၏ ဂုဏ်သတင်းသည် စွန်းထင်းသွားပေလိမ့်မည်။
ဆရာသည် အပြင်းအထန်စိုးရိမ်နေကာ ဒေါသလည်း အတော်ထွက်နေပုံရသည်။
ဝင်ခွင့်စာမေးပွဲသည် ခက်ခဲတာတော့မဟုတ်ချေ။မည်သူမဆို သူတို့သာ ထုံထိုင်းမနေလျှင် စာမေးပွဲအောင်မြင်မည်သာဖြစ်သည်။ဆရာသည် ရှဲ့နျိုရှန်းကို ကြည့်လိုက်သည့်အခိုက်တန့်တွင် သူ၏မျက်နှာသည် ခက်ထန်သွား၏။
ရှဲ့နျိုရှန်းထွက်သွားသည်နှင့် ရှဲ့ချောင်သည် ဆရာ့ထံမှ ထုတ်လွှတ်နေသော အေးစက်မှုများကို ခံစားလိုက်ရသည်။
"တော်ဝင်ကျောင်းတော်ဆိုတာ တခြားကျောင်းတော်တွေလိုမျိုးမဟုတ်ဘူး။ ဒီကို လာတဲ့ဘယ်သူမဆို၊ တော်ဝင်မင်းသားတွေနဲ့မြေးတော်တွေဖြစ်နေရင်တောင်မှ စည်းမျဉ်းတွေကို လိုက်နာရမှာပဲ။ လူတစ်ယောက်က ကိုယ့်အသိစိတ်နဲ့ကိုယ် ပညာကိုသင်ယူရမယ်။ လက်ထပ်ဖို့ အတွက် ကျော်ကြားချင်ရုံနဲ့ ဒီတော်ဝင်ကျောင်းတော်ကို ဝင်လာတဲ့ မရိုးဖြောင့်တဲ့သူတွေရှိရင် အခုချက်ချင်း ထွက်သွား" ဆရာသည် အေးစက်စွာ ပြောလိုက်သည်။
သူ ထိုစကားကို ပြောနေချိန် ရှဲ့ချောင်ကိုကြည့်မနေခဲ့သော်လည်း ထိုစကားအား ကြားလိုက်သည့် မည်သူမဆို သူမကိုရည်ရွယ်ပြီးပြောနေခြင်း ဖြစ်ကြောင်းသိနိုင်သည်။
ရှဲ့ချောင် အခက်တွေ့သွားသည်။
သူမကိုကျောင်းတော်မှာ လက်မခံရသေးတာတောင်မှ အထင်သေးခံနေရတာလား။
သူမ၏အဖေရင်း…
သူတို့ အတိတ်ဘဝတွင် ရန်သူများဖြစ်ခဲ့နိုင်သည်။ ဟုတ်တယ်မလား။ ဒါကသူမအပေါ်သူဒီလိုလုပ်ရသည့် အကြောင်းရင်းဖြစ်နိုင်သည်။
ရှဲ့ချောင်သည် သူမ၏ယုံကြည်၍မရသည့်တာအိုဆရာသခင် မော့လင်းကျစ်နှင့်အတူ နေရသည်မှ လွတ်မြောက်လာခဲ့သည်။သူမသည် အရာအားလုံးအား မြင်ဖူးနေပြီဖြစ်သဖြင့် ယခုချိန်တွင် ကြောက်လန့်ထိတ်ပျာသွားခြင်းမျိုး မဖြစ်တော့ပေ။
သို့သော်လည်း ဆရာ၏ မျက်လုံးထဲတွင်တော့ ဤသခင်မလေးသည် ခေါင်းမာသည်ဟုမြင်လေသည်။သူမက သူမအတွက်ကောင်းဖို့ပြောတဲ့ အရာကို နားထောင်မည့်သူဖြစ်ပုံမရပေ။
သူသည် အခုဆိုလျှင် ပို၍စိတ်ဆိုးနေပြီဖြစ်၏။
"မျိုးရိုးနဲ့ ကြွယ်ဝမှုက လွဲပြီး တော်ဝင်ကျောင်းတော်ကို ဝင်ရောက်ဖို့လုံလောက်တဲ့ အရည်အချင်းတွေ ရှိရမယ်၊ ကောင်းပြီ ၊အခု ဝင်ခွင့်စာမေးပွဲအတွက် အားလုံးနေရယူကြတော့" ဆရာက ကျယ်လောင်စွာပြောလိုက်သည်။
လျှောက်ထားသူအားလုံးသည် စာသင်ခန်းများသို့ ဝင်သွားခဲ့ကြသည်။
စာသင်ခန်းမ များသည် ကြီးမားကျယ်ဝန်းကာ အရပ်လေးမျက်နှာတွင် ပြတင်းပေါက်ကြီးများလည်းရှိ၏။ ထိုပြတင်းပေါက်အားလုံးကို ဖွင့်လို့ထားသည်။ သူတို့ဝင်ရောက်သွားသည့်အခါ နွေးထွေးသော ခြံဝန်းနှင့်မတူဘဲ အေးမြလို့နေသည်။
စားပွဲတွင် သူတို့ တစ်ယောက်ချင်းစီအတွက် ထိုင်စရာတစ်ခုရကြသည်။
ဒီတစ်ကြိမ်လျှောက်ထားသူများမှာ ရှစ်ယောက်သာရှိသည်။
ရှဲ့ချောင် မှာ အသက်အကြီးဆုံးဖြစ်ပြီး ကျန်သူများမှာ ဆယ်နှစ်ဝန်းကျင်မိန်းကလေးငယ်များသာဖြစ်ကြသည်။
တချို့ကရှက်ကြောက်နေကြသလို တချို့ကလည်း တက်ကြွနေကြသည်။
မကြာခင် ကျောင်းသားလေးတစ်ယောက်သည် လူတိုင်းအား စာရွက်အချို့ဝေပေး၏။
" အားလုံးက ထင်ရှားတဲ့မိသားစုကြီးတွေက လာတာဖြစ်လို့ မင်းတို့ အနေနဲ့ ဒီကျောင်းတော်ကို ဝင်နိုင်ဖို့ ပိုလွယ်ကူလိမ့်မယ်ဆိုပေမယ့် မင်းတို့ အခြေခံအချက်တွေကို သိထားသင့်တယ်။ မင်းတို့ အရှေ့ မှာပေးထားတဲ့ အကြောင်းအရာကို မှတ်သားဖို့ အချိန်နှစ်နာရီ ရမယ်။ အချိန်ပြည့်သွားရင် အဲ့ဒါကို နှုတ်တိုက်ရွတ်ရမယ်" ဆရာက ပြောလိုက်သည်။
သူက ကျောင်းသားသစ်တွေကို စုဆောင်ဖို့ တာဝန်ရှိသူတစ်ယောက်ဖြစ်တာကြောင့် သာမာန်ပြည်သူအရပ်သားတစ်ယောက်မဟုတ်ပေမယ့် တိုင်းပြည်အတွက် တာဝန်ထမ်းဆောင်ပေးနေသူတစ်ယောက်ဖြစ်နေသည်။
အကယ်၍ နောက်ဆုံးချိန်ရောက်မှ သူစည်းမျဉ်းတွေအား ပြောင်းလဲပစ်သည်ဆိုလျှင်တောင် မည်သူမျှ ဘာမှ ပြောလိမ့်မည်မဟုတ်ပေ။
သူစကားပြောလို့ ပြီးသွားသည်နှင့် မိန်းကလေးငယ်လေးတွေမှာ စ၍ ညည်းညူကြတော့သည်။
ကျောင်းသားအများစုသည် ပြတင်းပေါက်အားမှီကာ အပြင်သို့ ချောင်းကြည့်နေကြသည်။
" ဟိုတစ်ယောက် ကလူတိုင်းကို ဆွဲချခဲ့တဲ့ ရှဲ့သခင်မလေးလား။ဆောင်းပါးတစ်ခုကိုနှစ်နာရီ အတွင်း မှတ်ဖို့ ဆိုတာ မခက်ဘူး။ ဒါပေမယ့် အဲ့ဒါကို နှုတ်တိုက် ရွတ်ပြနိုင်ဖို့ဆိုတာ သူတို့အတွက် ခက်လိမ့်မယ်။" အပြင်မှာရှိနေတဲ့ တစ်ယောက်ယောက်က အားရစွာနှင့်ပြောလိုက်သည်။
ဆောင်းပါးသည် စာရွက် သုံးမျက်နှာစာမျှရှည်သည်။
ရှဲ့ချောင်တွင်လည်း သူမလက်ထဲ၌ ထိုစာရွက်သုံးရွက် ရှိနေပေမယ့်…
အဲ့ဒါတွေကို သက္ကတ ဘာသာဖြင့် ရေးထားသည်။
တာအိုဘာသာနှင့် ဗုဒ္ဓဘာသာသည် တစ်ခုနှင့်တစ်ခု သဘောတရားချင်းမတူကြပေ။
ပင်ကိုအားဖြင့် သူမသည် အခြားဘာသာများကိုလည်းသိထားသည်။ထို့အပြင် သူမ၏ ခန္ဓာကိုယ်သည် မွေးကတည်းက အားနည်းနေခဲ့သည်။ တကယ်လို့သာ သူမမှာ လုပ်စရာမရှိဘူးဆိုရင် သူမစာဖတ်လိမ့်မည်။ထို့ကြောင့် သက္ကတ ဘာသာအကြောင်းအား…..သူမ အနည်းအကျဉ်းသိ၏။။
သူမ အနည်းငယ်သိသည်ဆိုသော်လည်း ဆရာသည် သိသိသာသာကို သူမအားပစ်မှတ်ထားနေသည်။
ရှဲ့ချောင်သည် မျက်လုံးကိုပင့်ကာ ညှင်သာစွာပြောလိုက်၏။ " ဆရာက ကျွန်မကို သက္ကတဘာသာကို ရွတ်စေချင်နေတာလား၊ ဒါက ကျောင်းတော်ကို ဝင်ရောက်ဖို့ စည်းမျဉ်းလား"
ဆရာကြီးကိုကြည့်ရသည့်မှာ အခက်တွေ့သွားပုံရသော်လည်း သူကပြောလိုက်သည်။" သက္ကတဘာသာဆိုတာက ပိဋကတ်ကျမ်းတွေမှာ အများဆုံးသုံးထားတဲ့ဟာ။ကျမ်းစာတွေကို ကူးရေး ပြီးတော့ ဘိုးဘေးတွေကို ဝတ်ပြုတာက လူတစ်ယောက်ရဲ့ စိတ်ကိုအေးချမ်းစေတယ်။ ဒီစာမေးပွဲနဲ့ ပတ်သတ်လို့ ဘာမှမှားနေတာမှမရှိဘူး"
•••••••••