← Chapters

ကျွန်မကို ခွင့်လွှတ်ပါ

Vol. 4 Ch. 57

ကျွန်မကို ခွင့်လွှတ်ပါ

Vol. 4 Ch. 57

ရှဲ့ချောက်မျက်မှောင် အနည်းငယ်ကြုံ့သွား၏။

" ဆရာကျွန်မကိုပေးတဲ့ စာမေးပွဲမေးခွန်းကို ကျွန်မလက်မခံနိုင်ဘူး။ ဒါပေမယ့် ကျွန်မမေးကြည့်ချင်တယ် အရင်တုန်းက ဒီလိုမျိုးမေးခွန်းကိုတစ်ယောက်ယောက် ဖြေခဲ့ဖူးပါသလား။ မဟုတ်ရင်  ကျွန်မကိုပဲ သက်သက် ပစ်မှတ်ထားတာလားဆိုတာကို" ရှဲ့ချောင်က ဆက်ပြောလိုက်သည်။ " လျှို့ဝှက်ကြံစည်တာမျိူးကို ကျွန်မမုန်းတယ်၊ ဆရာက ပညာတတ်တစ်ယောက်ပါ။ ဆရာ့မှာ ကျင့်ဝတ်ရှိမယ်ဆိုတာ ကျွန်မပြောနိုင်တယ်။ ဒါကြောင့် ဒီလို သတ်မှတ်ချက်ကျော်နေတဲ့မေးခွန်းက ကျောင်းတော်ကို ကိုယ်စားပြုတာလား ဒါမှမဟုတ် ဆရာ့ကိုလား"

သူမမေးခွန်းကိုဖြေနိုင်သည်။ ဒါပေမယ့် သူမအနိုင်ကျင့်မခံနိုင်။

ဆရာက ရိုးရိုးတန်းတန်းပဲ ပြောလိုက်သည် " ဒီမေးခွန်းက ကျောင်းတော်ကပဲ ဖြစ်ဖြစ် ငါ့ဆီကပဲဖြစ်ဖြစ် ဘာကွာခြားသွားမှာမလို့လဲ။ မင်းမဖြေချင်ဘူးဆိုရင် ထွက်သွား"

ရှဲ့ချောင် အနည်းငယ်သာ ပြုံးလိုက်၏။

ရှဲ့ချောင်က ဖြည်းဖြည်းချင်းဘဲပြောသည်။ " ကျွန်မက အဆင့်လေး အရာရှိတစ်ယောက်ရဲ့ အကြီးဆုံးသမီးပါ။ ကျွန်မက မွေးစားခံထားရတာ မဟုတ်သလို အ‌ယောင်ဆောင်ထားတာလည်း မဟုတ်ဘူး။ ဘယ်သူမှမပြောပဲ သိနိုင်တဲ့ စည်းကမ်းက ဒီကျောင်းတော်ရဲ့ ဝင်ခွင့်စာမေးပွဲမှာ အရေးနဲ့ အဖတ်ပဲ ဖြေရတာဆိုတာ။ ဘယ်လို လုပ်ပြီး ကျွန်မ အလှည့်ရောက်မှ ပြောင်းသွားရတာလဲ။ ကျောင်းတော်က…… ဆုံးဖြတ်တာလား"

ဆရာကြီးသည် ဒေါသကြောင့် မျက်နှာနီရဲနေသည်။

" ငါဒီမေးခွန်းကို ပေးတာက မင်းတစ်ယောက်တည်းကိုဘဲ။ ရှဲ့သခင်မလေး အသက်က ၁၅ ၁၆ လောက်၊ ဟုတ်တယ်မလား။ ဒီလောက်ကျမှ ကျောင်းတော်ကို ဝင်တာက ‌အတော်‌နောက်ကျနေပြီ။ မင်းအတွက် ကျောင်းတော်မှာ ပညာသင်ယူဖို့ အချိန်နည်းနည်းဘဲ ရှိလိမ့်မယ်။ ဒါကြောင့် ဝင်ခွင့်လိုအပ်ချက်က မြင့်နေရတာ။ မဟုတ်ရင် မင်းအတွက် အမှီလိုက်ဖို့က ခက်သွားမယ်" ဆရာကပြောလိုက်သည်။

" ဒီလိုဆိုရင် ဒီကျောင်းမှာရှိနေတဲ့ ကျွန်မနဲ့ ရွယ်တူ မိန်းကလေး အားလုံးက သက္ကတ စာပေနဲ့ ရင်းနှီးပုံရတယ်" ရှဲ့ချောင်က ပြုံးလျက်မေးလိုက်သည်။

ဆရာကြီးသည် စိတ်ပျက်သွားရပြန်သည်။

' မဟုတ်ဘူး' ဆိုတဲ့ အဖြေမှာ ပြောစရာတောင်မလို‌ပေ။

ထို သက္ကတ‌စာပေ ကိုရေးခဲ့သူမှာ သူကိုယ်တိုင်ဖြစ်သည်။ သူက အိမ်မှာရှိသော လူကြီးတွေကို ပေးဖို့ အတွက် ကျမ်းစာကိုကူးရေးချင်ခဲ့တာဖြစ်သည်။

သူက ဒီဓားပြ အဖေနှင့် သူ့သမီး ကို တွေ့ရပြီးနောက် ထိုမိန်းကလေးကို ဒုက္ခရောက်စေဖို့ ရည်ရွယ်ချက်ရှိရှိလုပ်ခဲ့ခြင်းဖြစ်သည်။

ဒီမိန်းကလေး က ကိုင်တွယ်ရခက်လိမ့်လို့ သူတစ်ခါမှမတွေးခဲ့ဖူးပေ။

"ရှင်က စကားတွေ အများကြီးပြောနေတာပဲ။ ရှင် ဒီမေးခွန်းကို လုပ်ခဲ့လား မလုပ်ခဲ့ဘူးလား"

ရှဲ့ချောင် ကြိမ်းဝါးလိုက်သည်။

" ကျွန်မက ရှင်က မျက်နှာလိုက်ပြီး ဒီဟာကို ကျွန်မဒုက္ခရောက်အောင် ရည်ရွယ်ချက်ရှိရှိလုပ်ခဲ့တယ်ဆိုတာကို ဝန်ခံစေချင်တာ။ တကယ်လို့ ရှင်ဝန်မခံဘူးဆိုရင် ကျွန်မ ကျောင်းအုပ်ကိုရှာရလိမ့်မယ်" ရှဲ့ချောင်က တိုက်ရိုက်ပဲ ပြောလိုက်သည်။

ဆရာကြီးသည် ဒေါသကြောင့်နီရဲသွားပြန်သည်။

" မင်းအဖေက မင်းငယ်ငယ်လေးကတည်းက အပြင်မှာ နေခဲ့တာလို့ပြောတယ်။ မင်းက ရိုင်းစိုင်းတယ်လို့ ငါမြင်လို့ ဒီလို အပိုအလုပ် အနည်းငယ်ပေးတာ။ဘာလို့ ငါမလုပ်နိုင်ရမှာလဲ" ဆရာကြီးကလည်း တည့်တည့်ဘဲ ပြောလိုက်သည်။

သူသည် မျိုးနွယ်စုကြီးမှ လာသူဖြစ်သည်။ သူသည် အရာရှိတစ်ဦီးဖြစ်လာဖို့ကို စိတ်မဝင်စားသဖြင့် နန်းတွင်းစာမေးပွဲအောင်မြင်ပြီးသည်နှင့် တော်ဝင်ကျောင်းတော်တွင် ဆရာဖြစ်လာခဲ့ခြင်းဖြစ်သည်။

ရှဲ့နျိုရှန်း သူ့၏သမီးနှင့်အတူ ကျောင်းတွင်စာရင်းပေးသွင်းဖို့ လာခဲ့သည့် နောက်ဆုံးတစ်ခါသည်  သူ့တာဝန်ကျချိန်ဖြစ်ခဲ့သည်။

အခုတစ်ချိန်လည်း သူတာဝန်ကျချိန်ဖြစ်နေပြန်သည်။

သူ့ဘာလို့ ဒီလောက်တောင်ကံဆိုးရတာလဲ။

" ကောင်းပါပြီ။ ဆရာ ဝန်ခံလိုက်တာ ကောင်းပါတယ်။ ဒီမေးခွန်းကို ကျွန်မဖြေနိုင်တယ်။

ဆရာ့ရဲ့ ဘက်လိုက်မှုတွေ သူရဲဘောကြောင်မှုတွေနဲ့ တဏှာရာဂ စိတ်ကြီးမှုအတွက် တောင်းပန်ဖို့ တော့မမေ့ပါနဲ့။" ရှဲ့ချောင်သည် ခေါင်းငုံ့ကာ သူမလက်ထဲရှိစာရွက်တွေကို ဖတ်လိုက်သည်။

'တဏှာရာဂစိတ်'

ရွှီမြန် သည် ထိုစကားအား ကြားလိုက်ရသည့်အခါ ခေတ္တမျှ နှလုံးခုန်ရပ်သွားရသည်။

သူသည် အခုနှစ်ဆိုလျှင် ၃၇ နှစ်ရှိပြီဖြစ်သည်။

သူသည် ဩဇာတိက္ကမ အပြည့်ရှိပြီး ကိုယ်နှုတ်အမူအရာ ရည်မွန်သည့်လူလည်းဖြစ်သည်။

သူသည် လက်ထပ်ထားပြီး ကလေးများပင်ရှိနေပြီဖြစ်သော်လည်း အခုချိန်ထိ သူ၏ကိုယ်လုပ်တော် ဖြစ်ချင်သော အမျိုးသမီးများရှိနေဆဲပင်။

လူအများစုသည် သူ၏ ကဗျာများနှင့် ပန်းချီများအပေါ် ချီးမွမ်းကြသည်။ သို့သော် သူ့အားရှဲ့သခင်မလေး ခေါ်သည်က ' တဏှာရာဂစိတ်ကြီးသူ'တဲ့ သူစိတ်ပျက်နေသော်လည်း ထို ရှဲ့ သခင်လေးမလေးမှာ ယခု စာများအား နာနာခံခံနှင့် ဖတ်နေလေသည်။

သူမကိုပြဿနာသွားမရှာသင့်တော့ပေ။

အပြင်ဘက်ရှိကျောင်းသားတော်တော်များသည် ရွှီမြန် မဆူခင်ထိ ထိုပွဲအားကြည့်နေကြသည်။ " စာသင်ခန်းဆီ ပြန်သွားကြ၊ မဟုတ်လို့ကတော့ မင်းတို့ အဆင့်တွေကို ချပစ်မယ်"

ကျောင်းသွားများသည် သူတို့ခေါင်းအား ငုံ့လိုက်ကြသော်လည်း ထိုနေရာတွင် ရပ်နေ‌ကြဆဲဖြစ်သည်။

ရွှီမြန် သည် ရှဲ့ချောင်အား ဖြတ်ခနဲ ကြည့်လိုက်ကာ သူ၏ စိတ်ထဲ၌ အပြစ်ရှိစိတ်ကိုခံစားလိုက်ရသည်။

' ဒီမိန်းကလေးက သက္ကတဘာသာကို ကျွမ်းကျင်‌နေတာလား''

' မဖြစ်နိုင်ပါဘူး၊ ဟုတ်တယ်မလား?'

ဤသက္ကတာဘာသာသည် အလွန်ခက်ခဲသည်။ သူကိုယ်တိုင်တောင် ရေးသမျှစကားလုံးတိုင်းအား နားလည်နိုင်ဖို့ရာ အချိန်အတော်ကြာသင်ယူခဲ့ရသည်။

ဒီလိုဖြစ်နိုင်သည်။ အစပိုင်းသည် သိပ်၍ မခက်ခဲနိုင်ပေ။ ဒီမိန်းကလေးသည် အနည်းကျဉ်းကိုသာဖတ်ရသေးသည်။ သူမက ဒီစာပိုဒ်ကိုသူမဖတ်ဖူးသည်ဟု တွေးမိတာကြောင့် သူမကိုယ်သူမယုံကြည်မှုရှိပုံပေါ်နေတာ ဖြစ်နိုင်သည်။

သူမနောက်စာရွက်တစ်ရွက်ကို လှန်လိုက်ပြီးရင် သူမရဲ့ အမှားကို နာခံစွာနဲ့ဝန်ခံပြီး ခွင့်လွှတ်ဖို့ရာ သူ့ကိုတောင်းပန်ပေလိမ့်မည်။

••••••••

All Chapters