← Chapters

မျောက်ကိုခြောက်ဖို့ ကြက်ကိုသတ်သည်

Vol. 4 Ch. 58

မျောက်ကိုခြောက်ဖို့ ကြက်ကိုသတ်သည်

Vol. 4 Ch. 58

သက္ကတစာပေကို ဖတ်ရန်မှာ ရှဲ့ချောင် အတွက် အပန်းမကြီးပေ။ခေတ္တမျှ ကျက်မှတ်ပြီးနောက် သူမအဆင်ပြေသွားခဲ့သည်။

ထို့အပြင် ဒီ တော်ဝင်ကျောင်းတော်သည် အကျိုးများစွာရှိ၏။

ဤနေရာတွင် မိန်းမပျိုလေးများစွာရှိနေသဖြင့် ယန်ဓာတ်သည်လုံလောက်သည်။ သူမ အပြင်မှာတုန်းကလောက် အဆင်မပြေဖြစ်မှုကို မခံစားရပေ။

ဆရာရွှီ သည် စိတ်ရှည်လက်ရှည် စောင့်ရင်း သူမရှေ့၌ ထိုင်နေလေသည်။ ရှဲ့ချောင်တစ်ယောက် အခက်တွေ့ကာ သူမ မလုပ်နိုင်တော့ ဟုပြောလာမည်အား စောင့်နေခဲ့သည်။

သူစောင့်ကြည့်ခဲ့သည်မှာ အချိန်တစ်နာရီ ကုန်သွားခဲ့သော်လည်း ထိုမိန်းကလေးငယ်သည် ထလာမည့်ပုံမရတာကြောင့် သူရှုပ်ထွေးသွားရသည်။

' သူမဒီဟာကို တကယ်လုပ်နိုင်တော့မှာလား'

သူ့တွေးနေတုန်းမှာဘဲ ရှဲ့ချောင်  မတ်တပ်ထရပ်လိုက်၏။

ဆရာရှီသည် ကျိတ်၍ ဝမ်းသာသွားကာ ‌သူ၏ ခေါင်းကို အနည်းငယ်မော့လိုက်ပြီး " ဘာလို့လဲ။ မင်းမကျက်မှတ်နိုင်တော့ဘူးလား။ မင်းက အရာရှိတစ်ယောက်ရဲ့ သမီးဖြစ်လို့ နှိမ့်ချတတ်ပြီး နူးညံ့ညင်သာတတ်ဖို့ သင်ယူသင့်တဲ့ အချိန်ဘဲ။ မင်းက ဓားပြတစ်ယောက်လို မရိုင်းစိုင်းသင့်ဘူး"

ရှဲ့ချောင်က သူ့ကို အံ့ဩနေတဲ့အမူရာနှင့်ကြည့်လိုက်၏။ " ဆရာ၊ ဒီလိုပြောရကြေးဆိုရင် ဆရာကမှ ဓားပြတစ်ယောက်‌‌ ထက်ပိုပြီးကျိုးကြောင်းဆီလျော်မှုမရှိဖြစ်နေတာ မဟုတ်ဘူးလား"

ဆရာရွှီ ကြက်သေသေသွား၏။

' သူမက စာမေးပွဲကို အောင်ချင်တာလား မအောင်ချင်တာလား'

" ကျွန်မ ဒါတွေ အကုန်လုံးကိုမှတ်သားပြီးသွားပြီ။ ဒီထက်ပိုပြီး အချိန်မဖြုန်းချင်တော့ဘူး။ ကျွန်မ နှုတ်တိုက်ရွတ်ပြဖို့ စာရွက်ကို ပေးနေတာ၊ ဟုတ်ပြီလား" ရှဲ့ချောင်က ထပ်ပြောပြန်သည်။

" မင်း ကျက်မှတ်ပြီးသွားပြီလား" ဆရာရွှီသည် တုန်လှုပ်သွားခဲ့သည်။ " မဖြစ်နိုင်တာ"

ရှဲ့ချောင် စာရွက်ကို ချပြီး သူမထိုင်ခုံဆီသို့ ပြန်သွားကာ သူ့ကို လစ်လျူရှုလိုက်သည်။

သူ့ကို ထပ်ပြီးစကားပြောနေရမည်ဆိုလျှင် ပင်ပန်းပေလိမ့်မည်။

တာအိုဘုရားကျောင်းမှာနေရသည်က ပိုကောင်းသည်။ ထိုနေရာသည် တိတ်ဆိတ်ငြိမ်သက်လှသည်။

သူမစကားမပြောချင်လျှင် မည်သူကမှ သူမအား အတင်းတိုက်တွန်းလိမ့်မည်မဟုတ်ပေ။

သူမဆရာသခင်ကတောင် သူမ ငြိမ်းချမ်းသာယာ‌နေမှုအား နှောင့်ယှက်မည့်သူကို‌မောင်းထုတ်ပေလိမ့်မည်။

သူမ တာအိုဘုရားကျောင်းမှ နေ့စဉ် ဘဝကို သတိရမိသည်။

ရှဲ့ချောင်သည် စာရေးရင်း သက်ပြင်းချလိုက်၏။

သူမ၏ လှုပ်ရှားမှုများသည် ပုံမှန်နှုန်းအတိုင်းပင် ဖြစ်ကာ ကြည့်ရသည်မှာ စိတ်ကျေနပ်ဖွယ်ကောင်းလှသည်။

အပြင်မှ ရပ်ကြည့်နေသည့် ကျောင်းသားများကြားတွင် သခင်မလေးများနှင့် သခင်လေးများ ရှိနေကြသည်။

ကျောင်းတော်၏ အတန်းအများစုတွင် အမျိုးသားနှင့် အမျိုးသမီးများကို ခွဲခြားထားသည်။

အတန်းချိန်တချို့မှလွဲ၍ အခြားသောအချိန်များတွင်  သူတို့သည် အကွာအဝေးတစ်ခု ထိန်းပြီး ‌နေကြရမည်သာဖြစ်သည်။

သူတို့ စုရုံးနေကြမည် ဆိုရင်တောင်မှ သူတို့ကို ကြည့်နေမည့် တစ်စုံတစ်ယောက်ရှိနေမည် ဖြစ်သည်။

ကျောင်းတော်သို့ဝင်ရောက်လာသည့် လူအများစုသည် စဉ်းစားချင့်ချိန်နိုင်ကြသူများဖြစ်ကြသည်။ သူတို့သည် အချစ်ရေးကိစ္စ များ နှင့် ပတ်သတ်သည့် စည်းမျဉ်းများကို သွားရှုပ်ကြလိမ့်မည် မဟုတ်ပေ။

ပါရမီရှိပြီး ပညာတတ်သည့် အမျိုးသားတစ်ယောက်သည် ငယ်ရွယ်သည့် မိန်းမပျိုလေးကို မေတ္တာသက်ဝင်မိကာ ကျောင်းတော်တွင် တိုးတိုးတိတ်တိတ် ချိန်းတွေ့ခဲ့ကြသည်ဟု ပြောကြသည်။

သူတို့ကို ဖမ်းမိသည့် အခါ ကျောင်းအုပ်ကြီးသည် အလွန်ဒေါသထွက်ခဲ့သည်။ ဧကရာဇ်သည် ထိုအမျိုးသားနှင့် အမျိုးသမီးကို အတူ ထားဖို့ အမိန့်ချမှတ်ခဲ့သည်။ သူတို့သည် အဆိပ်ခပ်ထားသည် သေရည်ကို တိုက်ခြင်းခံရပြီး အတူတူသေဆုံးခဲ့ကြရသည်။

မျောက်ကိုခြောက်ဖို့ ကြက်ကိုသတ်ခြင်းပင်။

ထိုကဲ့သို့ကိစ္စမျိုး ဘယ်သောအခါမှ ထပ်ဖြစ်တော့မည်မဟုတ်ပေ။

တစ်စုံတစ်ယောက်သည် ကျောင်းတော်အတွင်း ချစ်ကြိုက်ခဲ့မိသည် ဆိုရင်တောင်မှ အရှက်မဲ့သည့် အရာမျိုး သူတို့ လုပ်ဝံ့ကြမည် မဟုတ်တော့ပေ။

သို့ဖြစ်ရာ အခုချိန် သူတို့ စုဝေးကာ အတူတူ ရယ်နေကြသည်ဆိုလျှင်တောင် သူတိုကြားက အကွာအဝေးကို ထိန်းနေသရွေ့ ဆရာများသည် ဂရုစိုက်မည်မဟုတ်ပေ။

ရှဲ့ချောင် စုတ်ချက်တစ်ချက်ပြီး တစ်ချက် ရေးသားနေသည်အား ကြည့်ကာ ထူးဆန်းသည်ဟု ရွှီမြန် တွေးမိ၏။

သူထိုသို့တွေးမိပြီးနောက် လျှောက်သွားခဲ့‌သည်။

သူမထိုင်သည့်နေရာကို ရောက်‌သည့်အခါ သူမရေးနေသည့်အရာကို ကြည့်လိုက်၏။

သူမ၏ လက်ရေးသည် အရမ်းလည်း မကောင်းသလို အရမ်းလည်းမဆိုးပေ။

သူမ ယခင်က လေ့ကျင်ဖူးသည်ဟု ပြောနိုင်ပြီး ၎င်းသည် အသင့်အတင့်ရှိသည်ဟု ယူဆနိုင်သည်။

သို့သော်လည်း ရှဲ့ချောင်က သက်ပြင်းချလို့နေ၏။

သူမအတွက်တော့ စုတ်ချက်များရေးရခြင်းသည် ပင်ပန်း‌လှသည်။အဲ့ဒီအစား လက်ရေးဆက်ရေးရမည်ဆိုလျှင် ပိုကောင်းမွန်ပေလိမ့်မည်။

သို့ရာတွင် လက်ရေးဆက်ရေးခြင်းသည် အာရုံစိုက်ခြင်းခံရနိုင်သည်။သူမဒါကို တိတ်တဆိတ်သာ လေ့ကျင့်နိုင်ပေသည်။

လူတစ်ယောက်သည် သိုသိုသိပ်သိပ်နေသင့်သည်။

လက်ရေးအပြင် အကြောင်းအ‌ရာ ကို ပါ ရွှီမြန် စစ်ကြည့်သည်။

သူပိုပြီးဖတ်လေ ပိုပြီးတုန်လှုပ်ရလေဖြစ်သည်။

' မဟုတ်ဘူး၊ သူမ စကားလုံးတစ်လုံးလေးတောင်မှ မလွဲခဲ့ဘူး'

" မင်း ဒီသက္ကတစာပေကို အရင်က ဖတ်ဖူးတာလား"

ဆရာရွှီအလိုလိုမေးမိသွား၏။

တခြားဘာများဖြစ်နိုင်ဦးမှာလဲ။ဘယ်လိုလုပ်ပြီး ၁၅ နှစ်အရွယ် မိန်းမပျိုလေးတစ်‌ယောက်က သက္ကတ စာပေကို ရင်းနှီးနေရတာလဲ။ဒါသည် အဓိပ္ပယ်လုံးဝ မရှိပေ။

ရှဲ့ချောင်သည် ပြုံးကာ သာမာန်ကာလျှံကာပဲပြောလိုက်၏။ "ဟုတ်ကဲ့ ၊ ကျွန်မ တစ်ချို့တစ်လေ ကို ကျက်မှတ်ခဲ့ဖူးပါတယ်"

" ဘာလို့ ဒီလို အရာမျိူးကို သခင်မလေးတစ်ယောက်က ကျက်မှတ်ရတာလဲ"

ဆရာရွှီသည် အခုချိန်တွင် ဇဝေဇဝါဖြစ်နေသည်။

"ဆရာကိုယ်တိုင် မပြောခဲ့ဘူးလား။သက္ကတဆိုတာ ကျမ်းစာတွေမှာ အများဆုံးသုံးတဲ့ဟာ။ ကျမ်းစာတွေကို ကူးရေးပြီး လူကြီးသူမ တွေကို ဂါရဝပြုတာက စိတ်ကို တည်ငြိမ်စေတယ်လို့" ရှဲ့ချောင်သည် အပြုံးဟုဆို၍မရသည့် မျက်နှာထားနှင့် သူမကို သူ‌အစောပိုင်းက ပြောခဲ့သည့် စကားလုံးများနှင့်သာ ပြန်ဖြေခဲ့သည်။

ဆရာရွှီ၏ မျက်နှာသည် နီရဲသွား၏။

သူမ၏ စကားလုံးများသည် ရည်ရွယ်ချက်ရှိလှသည်။ ဤသခင်မလေးသည် သူ့ရဲ့စကားများနှင့်သာ သူ့ကိုဆန့်ကျင်သွားခဲ့သည်။

•••••••••

All Chapters