← Chapters

ပညာဆိုတာ လူတိုင်းအတွက်

Vol. 4 Ch. 59

ပညာဆိုတာ လူတိုင်းအတွက်

Vol. 4 Ch. 59

ဆရာရွှီသည် အတော်လေး ကသိကအောက်ဖြစ်သွားရ၏။

ပြောလိုက်သောစကားများသည် ရေနှင့်အပက်ခံရသကဲ့သို့ပင်။ သူသည် သူမအား ရည်ရွယ်ချက်ရှိရှိ ဒုက္ခရောက်စေခဲ့သည်။ အခု ရှဲ့သခင်မလေးသည် သက္ကတစာပေကို နှုတ်တိုက်ရွတ်ပြနိုင်လေတော့ သူမကို အောင်မြင်သည်ဟုသာ စည်းမျဉ်းအတိုင်း ခွင့်ပြုရပေတော့မည်။

ဤသခင်မလေး သက္ကတစာကို ရွတ်ပြနိုင်ခဲ့တယ်ဆိုရင်တောင် သူမ၏ စွမ်းဆောင်ရည်ကြောင့်သာဖြစ်သည်။

ဆရာရွှီ ရုန်းကန်နေရ၏။

ခဏကြာပြီးနောက် သူသည် တောင့်တင်းနေတဲ့မျက်နှာနှင့် ပြောလိုက်သည် " မဆိုးပါဘူး၊ မင်းက မင်းရဲ့ မောင်တွေ ညီမတွေထက်တော့ ပိုတော်တာပဲ"

ရှဲ့ချောင်သည် ထိုသို့ကြားပြီးနောက် သူမခေါင်းကို ငုံ့လိုက်၏။

မကြာခင်တွင်၊  စီးဆင်းနေတဲ့ရေလိုမျိုး ဖြည်းဖြည်းချင်းပြောတဲ့စကားအား သူကြားလိုက်ရသည် " ရှင်က ဆရာတစ်ယောက်ပဲ။ ရှင့်က ကျွန်မမိသားစု အပေါ်ဘက်လိုက်ဆန့်ကျင်တယ်ဆိုရင် တောင်မှ ကျွန်မဘာပြောနိုင်မှာမို့လဲ။ ကျွန်မက ကျောင်းတော်မှာတက်ဖို့ စာရင်းပေးထားတဲ့ သူတစ်ယောက်ဖြစ်လို့ ဆရာကျွန်မ‌‌အပေါ် မှားယွင်းတာကို ကျွန်မရဲ့ ဂုဏ်သိက္ခာကို မျိုသိပ်ပြီး ‌နောက်ဆုတ်ပေးပါ့မယ်။

ဒါပေမယ့် ဆရာ့ကျွန်မကို မကျေမနပ်ဖြစ်တယ်ဆိုရင် ပြောပါ။ ကျွှန်မရဲ့ ‌မောင်နှမတွေကို တော့ အနိုင်မကျင့်ပါနဲ့။ သူတို့က ငယ်ငယ်လေးပဲ ရှိပါသေးတယ်"

ရှဲ့ချောင်သည် စကားပြောနေစဉ် သူမရဲ့ခေါင်းကို ငုံ့ထားသည်။ သူမသည် သူမလက်ထဲရှိ စုတ်တံအား ကိုင်ထားကာ သနားဖွယ်ကောင်းပုံ ပေါ်နေသည်။

သူမ၏ အထောက်အထားအရ သူမ ထိုဆရာနှင့် တိုက်ခိုက်မနေသင့်ပေ။

ထိုဆရာသည် သူမထက်ပို၍ အဆင့်တန်းမြင့်သည့် အတွက် သူမတိုက်ခိုက်နိုင်လိမ့်မည် မဟုတ်ပေ။

ဤဆရာသည် အားနည်းသူကိုသာ အနိုင်ကျင့်သည့်အတွက် သူမကို အနိုင်ကျင့်ဖို့ရာ သူမ၏ အားနည်းပုံကို ထုတ်ပြခြင်းဖြစ်သည်။ ဒါမှသာ သူ့ကိုယ်သူ ထုတ်ပစ်သလိုဖြစ်ပေလိမ့်မည်။

ရွှီမြန်သည် ရှဲ့ချောင်ပြောသည့်အရာနှင့် ပတ်သက်၍ မှင်သက်သွား၏။

သူ မတုံပြန်နိုင်ခင်မှာပင် ပြတင်းပေါက်အပြင်မှ လူတစ်ယောက်သည် စကားပြောလိုက်၏။

" ဆရာရွှီ အတော်လွန်သွားပြီပဲ။ကျွန်တော်တို့တောင် သက္ကတ ဘာသာနှင့် မရင်းနှီးဘူး။ သူမကို စစ်ဆေးဖို့ အတွက်ဒါကို သုံးခဲ့တာက သူမကို မဝင်နိုင်အောင် ရည်ရွယ်ချက်ရှိရှိ ဟန့်တားနေတာမဟုတ်ဘူးလား"

" ဒီရှဲ့သခင်မလေးက ရှဲဖင်းဟွိုက်နဲ့ ရှဲ့ရှီရဲ့ ညီမပဲ။ ဒါက ဆရာရွှီ ဒီလိုလုပ်ရတဲ့အကြောင်းရင်းဖြစ်ရမယ်။" ပုံမှန်အားဖြင့် လူတစ်ချို့ သည် ဆရာရွှီကို သဘောမကျကြပေ။

" သူတို့ရဲ့ မျိုးရိုးကိုက မှားယွင်းနေတာပဲ။သူတို့က ဓားပြတွေ အဖြစ်နဲ့ ‌မွေးလာကြတာ။ သူတို့က ဘယ်လောက် ကောင်းနိုင်မှာလဲ"

" ဟုတ်တယ်။ ရှဲ့သခင်ကြီးက ဓားပြတစ်ယောက်ဖြစ်ခဲ့တယ် ဆိုပေမယ့် အခုသူ့ကို နန်းတွင်းရုံးတော်က ခေါ်ထားခဲ့ပြီးပြီ။သူက ဒီနှစ်တွေမှာ ဉပဒေ ဘောင်အတွင်းမှာဘဲနေခဲ့တာ။ နောက်ပြီး စစ်တပ်နဲ့အတူ လူရိုင်းတွေကို တိုက်ခိုက်သုတ်သင်ခဲ့တာက ရှဲ့သခင်ကြီးလေ။ ငါတို့ရနေတဲ့ ငြိမ်းချမ်းရေးက ဘယ်ကနေရလာတယ်လို့များ မင်းထင်နေလဲ။"

" ဓားပြတွေက ဓားပြတွေပဲ။ သူတို့က သူ့တို့ အကျိုးအတွက် လူရိုင်းတွေကို တိုက်ခိုက်ခဲ့တာ။ ဒါမှ သူတို့ အရာရှိဖြစ်လာနိုင်မှာလေ။"

" ဒါက ရှဲ့ဖင်းဟွိုက်နဲ့ ရှဲ့ရှီ အရည်အချင်းနဲ့ ကိုယ်ကျင့်တရား မရှိရတဲ့အကြောင်းရင်းပဲ။သူတို့က ငါတို့ကျောင်းတော်ကို အရှက်ရစေတယ်"

" သူတို့ရဲ့အရှက်ရစေမှုက ရှဲ့မိသားစုရဲ့ အကြီးဆုံးသခင်မလေး နဲ့ ဘာဆိုင်လို့လဲ။ မင်းတို့မကြားကြဘူးလား။ သူမက အပြင်ဘက်မှာနေထိုင်လာခဲ့တာ။ သူမက အသက်ကြီးမှ ကျောင်းတော်ကို လာခဲ့တာ။သူမက မပြစ်ကင်းတယ်မဟုတ်လား။

ထိုအခိုက်တန့် အပြင်ဘက်ရှိလူများ စတင်အချင်းပွားနေကြပြီဖြစ်သည်။

လက်ရှိကြည့်နေကြသည့် ကျောင်းသားများမှာ အယောက်နှစ်ဆယ် ဝန်းကျင်လောက်ရှိသည်။ သူတို့သည် အခုဆိုလျှင် အုပ်စုနှစ်စုကွဲသွားပြီဖြစ်သည်။

ရှဲချောင်သည် တခြားဘာကိုမှမကြားမိဘဲ " သူမက အသက်ကြီးနေပြီ" ဟူသော စကားသာ သူမခေါင်းထဲ ပဲ့တင်သံထပ်လို့နေသည်။

သူမ မှတ်မိတာ မှန်မည် ဆိုလျှင် သူမ‌၏ မွေးနေ့သည် ဇူလိုင်လ အလယ်တွင်ဖြစ်သည်။ သူမ မြို့တော်သို့လာသည့်လမ်းတွင် သက်ရှည်ခေါက်ဆွဲကို သူမကိုယ်တိုင် လုပ်ခဲ့သေးသည်။ သူမ အခုမှ ၁၆ နှစ်ရောက်ခါစဖြစ်သည်။

ရှဲ့ချောင် ညင်ညင်သာသာ သက်ပြင်းချလိုက်၏။

ဘုရားကျောင်းတွင်နေခဲ့ရသည့် ဘဝသည် ကောင်းမွန်လှသည်။သူမ၏ ဆရာက သေရည်သောက်ဖို့ရာ သူမငယ်လွန်းသည် ဟုပြောပေးလိမ့်မည်။

ရွှီမြန် ၏ မျက်နှာထားသည် ပြင်းပြင်းထန်ထန်ကိုပြောင်းသွားခဲ့သည်။

" ရန်ဖြစ်နေတာ ရပ်ကြတော့။ အဓိပ္ပာယ်ကိုမရှိဘူး"

" ဆရာ၊ ကျွန်တော်တို့က ဆရာအတွက် ပြောပေးနေတာ။ ဒီ ရှဲ့သခင်ကြီး က ကျွန်တော်တို့ရဲ့ကျောင်းတော်ကို တစ်ခေါက်ပြီး တစ်ခေါက် အနိုင်ကျင့်‌နေတာ။ဆရာက မှန်တဲ့အရာကို လုပ်ခဲ့တာ " ကျောင်းသားတစ်ယောက်က ကြိမ်းဝါးလိုက်သည်။

" အနိုင့်ကျင့်တယ်။ ငါတို့ကျောင်းတော်က လက်ဆောင်ပဏ္ဏာတွေလက်ခံတယ်ဆိုတာ အားလုံးအသိပဲ။ ရှဲ့သခင်ကြီးက ငါတို့ကို ဘယ်လိုအနိုင်ကျင့်မှာလဲ။မင်းတို့ရော ဒီကိုဝင်နိုင်ဖို့ အဖိုးတန် ပစ္စည်းတွေ မပေးခဲ့ကြဘူးလား"

" မင်းက ကျောင်းတော်ကို အရှက်ခွဲနေတာပဲ"

" ငါတို့က အရှိအတိုင်းပဲပြောနေတာ"

ရွှီမြန်သည် ထိုကျောင်းသားများ ဒေါသတကြီးငြင်းခုံနေသည်ကိုကြည့်ကာ သူဘာမှားသွားခဲ့လဲဆိုသည်အား ချက်ချင်းသဘောပေါက်သွား‌ခဲ့သည်။

လွန်ခဲ့သော နှစ်နှစ်၊ ရှဲ့မိသားစုက သူတို့ရဲ့ သားနှင့် သမီးအား  ကျောင်းတော်သို့ ပို့သည့်အချိန် က သူတို့သည် ကျောင်းအုပ်ထံသို့ ငွေတုံးများသယ်သွားခဲ့ ခြင်းကို ရွှီမြန် ဒေါသထွက်ခဲ့ရသည်။ထို့နောက် ကျောင်းအုပ်က ပြုံးကာ စကားလုံးလေးလုံးကို ပြောခဲ့သည်။

"ပညာ ဆိုတာ လူတိုင်း အတွက်ပဲ"

••••••••

All Chapters