← Chapters

ကံကောင်းမှု

Vol. 4 Ch. 60

ကံကောင်းမှု

Vol. 4 Ch. 60

ကျောင်းအုပ်ကြီးဆိုလိုသည် မှာ သူတို့သာ လိုအပ်ချက်တွေနဲ့ ကိုက်ညီမည်ဆိုပါက ရှဲ့မိသားစုဝင်‌များသည် အတန်းအတွက်စာရင်းပေးသွင်းနိုင်ပေမည်။ ရှဲ့မိသားစု၏ ကလေးများ မည်သို့ပင်ဖြစ်နေပါစေ သူတို့ ဝင်ရောက်နိုင်သရွေ့ ကောင်းမွန်ပြီး မျှတတဲ့ ပညာရေးကို ရကြလိမ့်မည်။

ရွှီမြန်သည် ထိုအကြောင်းအား လုံးဝမေ့နေခဲ့သည်။

သူက ရှဲ့ချောင်ကို ထပ်ကြည့်လိုက်ပြီး……

သူမရဲ့ခေါင်းသည် ငုံ့နေသည့် အတွက် မည်သူမှ သူမတွေးနေသိသည့်အရာအား သိနိုင်မည်မဟုတ်ပေ။

သူမကို ရှဲ့နျိုရှန်း၏ သမီးတစ်ယောက်အနေနှင့် မဟုတ်ဘဲ သူမကိုယ်တိုင်ကိုသာ ကြည့်မည်ဆိုပါက သူမသည် အလွန်ကို ထူးချွန်သည့် မိန်းမပျိုငယ်လေးတစ်ဉီးဖြစ်သည်ကိုတွေ့ရပေမည်။

သူမသည် ချောမောလှပပြီး သူမ၏ ဟန်ပန်အမူအရာသည် ကြည့်ကောင်းပြီး သင့်တင့်သည်ဟု မှတ်ယူနိုင်သည်။သူ ထိုအကြောင်းအား ဂရုတစိုက်တွေးရလျှင် အတိတ်တွင် ဖြစ်ပျက်ခဲ့သည့် အရာများကြောင့် သူအမှန်တကယ်ကို ကျိုးကြောင်းမမြင် ဖြစ်ခဲ့ရသည်။

သူ၏ အပြုအမူများကြောင့် အပြင်ဘက်ရှိကျောင်းသားများ ခိုက်ရန်ဖြစ်အငြင်းပွားနေသည် အား မြင်ရသောအခါ သူ အပြစ်ရှိစိတ်ဖြစ်သွား၏။

" ရှဲ့သခင်မလေး၊ မင်းစာမေးပွဲကို အောင်မြင်တယ်။ ဒါ ငါ့အမှားပါ။" ရွှီမြန်သည် ရှဲ့ချောင်ကို ဦးညွှတ်ကာ တောင်းပန်လိုက်သည်။

ရှဲ့ချောင်သည် အခြားအကြောင်းတစ်ခုကို တွေးနေခဲ့တာဖြစ်သည်။ဘယ်ကမှန်းမသိ ထွက်ပေါ်လာသည့် တောင်းပန်မှုကြောင့် သူမ အံ့ဩသွားရသည်။

ဒီမှာရှိတဲ့ဆရာတွေ……… အပြောင်းလဲမြန်ကြတာပဲ။

ရှဲ့ချောင်သည် ချက်ချင်းပင်ထလိုက်ပြီး ပြန်လည်ဦးညွှတ်ကာ

" ဒါက များလွန်းပါတယ် ဆရာ"

သူမသည် ဉီးညွှတ်ရန် ရုတ်တရက် ထရပ်လိုက်ရသည့်အတွက် ယိုင်လဲ မတတ်ဖြစ်သွားသည်။

ကံကောင်းစွာဖြင့် သူမမတ်မတ်ရပ်နေနိုင်သေးသည်။ မဟုတ်လျှင် သူမကိုယ်သူမ အရှက်ရစေပေမည်။

ဆရာရွှီသည် ထိုအချင်းရာ ကိုမြင်လိုက်ရသည့်အခါ မျက်မှောင်ကြုံမိသွား၏။ " ရှဲ့သခင်မလေး ၊ မင်းရဲ့ ခန္ဓာကိုယ်က အားနည်းပုံပေါ်တယ်။"

" ဆရာ စိတ်ပူပေးတာအတွက်ကျေးဇူးတင်ပါတယ်၊ ကျွန်မက အနည်းငယ်အားနည်းရုံပါ။ ပြဿနာကြီးကြီးမားမား မဟုတ်ပါဘူး" ရှဲ့ချောင်က ပြောလိုက်၏။

သူမရဲ့ အရေးမပါတဲ့ဘဝကို သူမကိုယ်တိုင်သာ စောင့်ရှောက်မည် ဖြစ်သည်။

တခြားအရာများကို ဆရာရွှီ ဆက်၍ပြောနေလျှင် မသင့်လျော်ဖြစ်လိမ့်မည်။

သူ ရှဲ့ချောင်ကို တောင်းပန်လိုက်ပြီးပြီဖြစ်၍ အပြင်ဘက်ရှိကျောင်းသားများ အနည်းငယ်ငြိမ်သွားလိမ့်မည် ဟုတွေးမိ၏။

သို့သော်လည်း၊ သူခေါင်းလှည့်ပြီးကြည့်လိုက်သောအခါ ၊ သူတို့အငြင်းပွားနေဆဲပင် ဖြစ်သည်။

သူ၏ မျက်နှာအမူအရာသည် ချက်ချင်း ပင်ထူးဆန်းသွား၏။

သူတို့ကို ရှဲ့ချောင်များ ရပ်တန့်နိုင်လိမ့်မလားဟု မျှော်လင့်ကာ သူမကို ဖျက်ခနဲကြည့်လိုက်သည်။ သူတို့အငြင်းပွားခိုက်ရန် ဖြစ်နေရခြင်းမှာ ဒီ ရှဲ့သခင်မလေးကြောင့်သာ ဖြစ်သည်။

သို့သော် ရှဲ့ချောင်သည် သူ့ကို အနည်းငယ်ပြုံးပြပြီးနောက် ပြောလိုက်သည်။

" ဝင်ခွင့်စာမေးပွဲက ပြီးသွာပြီဆိုတော့ မနက်ဖြန် ကျွန်မ ဒီကိုလာနိုင်ပြီမလား"

မနက်ဖြန် သူမကိုယ်တိုင် စာရင်းသွင်းမည့်ငွေကို ယူ လာပါက အရာအားလုံး  အဆင်ပြေ ချောမွေ့‌ပေလိမ့်မည်။

ရွှီမြန် ကြက်သေသေသွားခဲ့ကာ " အ..အပြင်မှာ ရှိတဲ့ကျောင်းသားတွေ……"

" နှုတ်ဆက်ပါတယ်" ရှဲ့ချောင် ထကာ အနည်းငယ်ပြုံးလိုက်ရင်း ထွက်သွားတော့သည်။

သူမကို ဆက်နေဖို့ ‌ရွှီမြန်ပြောမည်ဆိုလျှင် မသင့်တော်ပေ။

ရှဲချောင်သည် ဒီတစ်ကြိမ် ခရီးအတွက် ဘာမျှယူဆောင်လာခြင်း မရှိခဲ့ပေ။

သူမအဖေသည် ထွက်သွားနှင့်ပြီဖြစ်သော်လည်း အစေခံနှင့် မြည်းလှည်းမောင်းသူတော့ စောင့်နေသေးသည်။

ရှဲ့ချောင်သည် တန်းပြီးထွက်လာခဲ့သည်ဖြစ်ရာ သူမကျောင်းတော် တွင် ဘယ်လောက် ကျော်ကြားနေပြီးဖြစ်ကြောင်း မသိခဲ့ပေ။

" ရှဲ့ဖင်းဟွိုက် ၊ မင်းရဲ့အစ်မ ရှဲ့ချောင် က ဘာတွေဖတ်သွားခဲ့တယ်ထင်လဲ" ရှဲ့ဖင်းဟွိုက်သည် စားပွဲပေါ်တင်ထားသည့် ပုရစ်လောင်အိမ်ကို ကြည့်နေစဉ် သူ၏ မျက်နှာတွင် ခံစားချက်အချို့ပေါ်နေသည်။ ပုရစ်နှစ်ကောင်သည် လှောင်အိမ်ထဲတွင် တိုက်ခိုက်နေကြသည်။

ရှဲ့ဖင်းဟွိုက်သည် ထိုစကားကိုကြားသောအခါ ခေါင်းတောင်မော့ကြည့်မလာဘဲ " မင်းဘာပြောလိုက်တာလဲ"

" ငါက မင်းအစ်မအကြောင်းပြောနေတာ၊ ဆရာရွှီ သူမကို ပေးတဲ့ သက္ကတစာပေကို သူမက နှုတ်တိုက်ရွတ်ပြခဲ့တာ။ သူမက ပညာတတ်တစ်ယောက် ဟုတ်မဟုတ်ဆိုတာကို လူတိုင်းခန့်မှန်းနေကြတယ်" ထိုကျောင်းသားက ပြောလိုက်သည်။

ရှဲ့ချောင်သည် သက္ကတ စာပေနှင့် တကယ်ရင်းနှီးကျွမ်းဝင်သည်ဆိုတာကို ဘယ်သူမှ မထင်ကြပေ။ သူတို့က သူမအရင်က ကျက်မှတ်ဖူးသည်ဟုသာ တွေးထင်ကြသည်။

သို့ရာတွင် ၊ ဒါဟာ သက္ကတစာပေဖြစ်သည်။ သူမအရင်က ဒီလို လေးနက်တဲ့စာအုပ်မျိုးကိုဖတ်တယ်ဆိုတာကို မည်သူမျှသိလိမ့်မည် မဟုတ်ပေ။

ထိုကြောင့် သူမထွက်သွားသည်နှင့် ဒါဟာသူမ ကံကောင်းသွားရုံသက်သက်ဖြစ်သည် ဟု တစ်ယောက်က ပြောလိုက်သည်။ သူမအား ဆရာရွှီက သက္ကတစာပေနှင့် စစ်ဆေးခဲ့ခြင်းမဟုတ်ခဲ့လျှင် သူမသည် ဝင်ခွင့်စာမေးပွဲကို ကျော်ဖြတ်နိုင်လိမ့်မည်မဟုတ်ဟုထင်နေကြသည်။

တချို့ကလည်း သူမသည် သက္ကတစာပေနှင့် ကျွမ်းဝင်သည်ဟုထင်ကြသည်။ သူမတွင် အရည်အချင်းမရှိဘူး ဆိုလျှင်တောင် အခြားသူများပြောသကဲ့သို့ ဆိုးဝါးနေတာမျိုး မဟုတ်လောက်ပေ။

ရှဲ့ချောင်သာ နန်းမြိုတော်တွင် ကြီးပြင်းလာခဲ့သည်ဆိုပါက သူတို့ သူမအကြောင်းကို မေးကြည့်နိုင်ပေလိမ့်မည်။

သို့သော် ဤသခင်မလေးည် လွန်ခဲ့သော ရက်အနည်းငယ်ကမှ တခြားနေရာမှလာခဲ့ခြင်းဖြစ်သည်။သူမယခင်က ဘယ်လိုရှိခဲ့သည်ဆိုသည်အား မည်သူမျှမသိကြပေ။

ရှဲ့ဖင်းဟွိုက်သည် သူရဲ့ခေါင်းကို သံသယနှင့် ခါလိုက်သည်။ " ငါ မသိဘူး"

" သူက မင်းအစ်မ အရင်းမဟုတ်ဘူးလား" လူအုပ်ကြီးသည် အလွန်အံ့ဩသွား၏။

" သူမကလား၊ မိသားစုရဲ့ အစ်မအကြီးဆုံးလေ။" ရှဲ့ဖင်းဟိုက် တွင် တုံပြန်မှုအနည်းငယ်သာရှိသည်။ " "မင်းတို့ဘာလို့ ဒီလောက်အံ့ဩနေရတာလဲ"

" မင်းတို့နှစ်ယောက်က နည်းနည်းလေးမှ မတူကြဘူး။မင်းရဲ့ အစ်မက လှတယ်လို့ ငါတို့ကြားတယ်၊ သခင်မလေးချူး ထက်တောင်ပိုပြီးလှတယ်တဲ့။ ငါတို့ကတော့ သူမဘယ်လောက်ထိ ပညာရေးမှာ ပါရမီရှိလဲဆိုတာ သိချင်ရုံဘဲ"

•••••••••••••••

All Chapters