← Chapters

တစေအင်ပါယာသည် အငြိုးအတေးများအား ရှင်းလင်း၏ (၂)

Vol. 31 Ch. 461

တစေအင်ပါယာသည် အငြိုးအတေးများအား ရှင်းလင်း၏ (၂)

Vol. 31 Ch. 461

သူက ထိုနတ်ဘုရားမျိုးစိတ်၏ကိုယ်ထဲတွင်လည်း ဝိညာဉ်‌ပင်တစ်ပင် ရှိခဲ့သလား မသေချာရာ နောက်ပိုင်းတွင် သူ့ဆရာအား ပြန်မေးကြည့်ရန် ရည်ရွယ်ထား၏။

မည်သို့ဆိုစေ ထိုနတ်ဘုရားမျိုးစိတ်မှာ ချီယွဲ့ထုံတွင် ရှိနေပြီး သူ့ဆရာသည် ၎င်းအား လေ့လာနေ၏။

ထိုသို့တွေးလိုက်ရင်း ရွှီချင်းသည် အာရုံစိုက်ကာ နားထောင်နေလိုက်၏။ တစ်ခါတစ်ရံတွင် ထိုအဘိုးကြီးရှင်းလင်းချက်များမှာ နက်နဲလွန်းနေသည်ဟု ခံစားမိသဖြင့် သူက နောက်ပိုင်းတွင် ဆက်လက်လေ့လာရန် ဆေးမှတ်တမ်းကျမ်းကို ထုတ်ကာ မှတ်သားရ၏။

တခြားသော သင်ခန်းစာ နားထောင်နေကြသူတို့မှာလည်း ထိုနည်းတူ မှတ်သားရသည်။

ဤသို့ဖြင့် လဝက်ကုန်လွန်သွားပြန်သည်။

ရွှီချင်းသည် လေ့လာသင်ယူမှုတွင် စိတ်တစ်ခုလုံးအား နှစ်မြုပ်ထားသော်လည်း အရာအားလုံးတွင် အဆုံးသတ်ရှိစမြဲပင်။ ထိုနေ့ နေဝင်ချိန်တွင် အဘိုးကြီးက နတ်ဘုရားဆေးပင်များအကြောင်း အသေးစိတ်ရှင်းပြသောအခါ ရွှီချင်းအပါအဝင် တက်ရောက် နားထောင်နေကြသူ ကျင့်ကြသူများအား ကြည့်လိုက်၏။

“မင်းတို့ ဆက်လာစရာမလိုတော့ဘူး။ ဒီအဘိုးကြီးက ဆေးပင်တွေအကြောင်း အခြေခံအပိုင်းကို သင်ကြားလို့ပြီးသွားပြီ။ မင်းတို့ အာခီမီတာအိုက နောက်တစ်ဆင့် ထိုးဖောက်တက်နိုင်တော့မယ်လို့ ထင်တဲ့အခါ ငါ့ကိုလာရှာပါ။ အဆင့်မြင့်အပိုင်းကို ငါရှင်းပြမယ်။”

“ပြီးတော့ ငါဟာ ဒီတစ်သက်မှာ တပည့်တွေလည်း လက်ခံမှာမဟုတ်ပါဘူး။ ငါသင်ကြားသမျှတွေထဲမှာ ချန်လှပ်ထားတာလည်း မရှိဘူး။ ဒီတော့ တပည့်ဖြစ်တာ မဖြစ်တာ ကွာခြားမှုလည်း မရှိဘူး။ ကမ္မတရာလည်း ပိုနည်းတယ်။”

အဘိုးကြီးက အေးဆေးစွာပြောသည်။ သူအကြည့်သည် အားလုံးကို ဖြတ်ပြေးသွားပြီး မည်သူ့ထံတွင်မှ ရပ်တန့်ခဲ့ခြင်း မရှိပါ။ ရွှီချင်း၏လက်ထဲမှ ဆေးကျမ်းတွင်သာ ခဏတာမျှ ရပ်တန့်ခဲ့သည်။

ရွှီချင်းနှင့် တခြားလူများက အလျင်အမြန်ထရပ်လိုက်ကြပြီး အဘိုးကြီးအား ရိုသေစွာ ဦးညွတ်လိုက်ကြသည်။

သူတို့က တကယ့်ဆရာတပည့်အစစ်များ မဟုတ်ကြသော်လည်း ဤသင်တန်းချိန်များအတွက်တော့ ကျေးဇူးကြွေးတင်ရှိနေပါသည်။

သို့ရာတွင် နှမြောတသဟန်ရှိနေသည့် ကျင့်ကြံသူတချို့လည်း ရှိကြသည်။ သူတို့က စွမ်းဆောင်ရည်တချို့ ပြသကာ အဖိုးကြီး၏တပည့်များ ဖြစ်ရန် ကြိုးစားကြည့်လိုကြသေး၏။

ယခုအချိန်ထိ ဆေးသင်ခန်းစာများကို နားထောင်နိုင်သူတို့မှာ ဆေးအတတ်ပညာ၌ ပေါက်ရောက်သူများ ဖြစ်ကြသည်။ ထိုအဘိုးကြီး၏ ဆေးပင်ဆိုင်ရာ အာခီမီပညာတို့မှာ အထွတ်အထိပ်သို့ ရောက်ရှိနေကြောင်း သူတို့ကောင်းကောင်းသိထားကြသည်။

ဓားကိုင်ရုံးတော်တွင် သင်ကြားနိုင်သူမျိုးလည်း ဖြစ်ရာ အဖိုးကြီးမှာ သာမန်မဟုတ်ပေ။

အမှန်တွင် ဤနေရာရှိ တာအိုပလ္လင်များတွင်သာမက မြို့ထဲမှ တခြားသော တာအိုပလ္လင်များတွင်လည်း ဓားကိုင်တို့က မန္တာန်ကျင့်ကြံမှုနှင့် လက်နက်သွန်းလုပ်မှုတို့ကို ရှင်းလင်းချိန်တို့၌ နားထောင်ကြသူတို့မှာလည်း ထိုသို့ အတွေးအကြံများ ရှိနေကြသည်သာ ဖြစ်သည်။

ယခုတော့ ထိုအဘိုးကြီးက ထိုသို့ ပြောလိုက်ရာ မည်သည့်မျှော်လင့်ချက်မှ မရှိကြောင်း သိသွားကြသည်။

“ကျေးဇူးပါ ဆရာကြီး”

အားလုံးက ခပ်တိုးတိုးပြောသည်။ သုံးကြိမ်ဦးညွှတ်လိုက်ပြီးနောက် အားလုံးခွဲခွာ ထွက်သွားကြသည်။

ရွှီချင်းကလည်း ထိုနည်းတူပင် သုံးကြိမ်ဦးညွှတ်လိုက်ပြီး ထွက်လာခဲ့သည်။

သူတို့၏ပုံရိပ်များ ပျောက်ကွယ်သွားကြလျှင် ထိုတာအိုပလ္လင်ပေါ်ရှိ အဘိုးကြီးဘေးမှ လေဟာနယ်သည် တွန့်လိမ်သွားကာ ဓားကိုင်တစ်ဦး လမ်းလျှောက်ထွက်လာ၏။

ထိုလူ၏ယွမ်ယင်အဆင့်ကျင့်ကြံခြင်း စွမ်းအားလှိုင်းများမှာ ထင်ရှားစွာ ပြန့်ထွက်နေသည်။ သူက အဘိုးကြီးအား ရိုသေစွာဦးညွတ်၏။

“ဆရာကြီး ကျုပ် လာခေါ်တာပါ။”

အဘိုးကြီးက ခေါင်းညိတ်လိုက်ပြီး ဖြည်းညင်းစွာ ထရပ်လိုက်သည် ။ ထို့နောက် သူက ထွက်သွားရန် ပြင်လိုက်ရင်းမှ ရွှီချင်းထွက်သွားသည့်ဘက်သို့ တစ်ချက်ကြည့်သည်။ ထိုလူငယ် ထုတ်ကိုင်နေသည့် ဆေးကျမ်းသည် သူ့မျက်လုံးထဲ၌ ပြန်ပေါ်လာ၏။ သူက ခဏတာ စဉ်းစားလိုက်ပြီးနောက် ရွှီချင်းထံ လက်ညိုးထိုးပြသည်။

“ဒီကောင်လေးရဲ့ နောက်ကြောင်းကို စုံစမ်းကြည့်လိုက်။”

ဓားကိုင်သူ မှင်တက်မိသွားသည်။ သူက လှမ်းကြည့်လိုက်ပြီး ကျောက်စိမ်းပေလွှာတစ်ခု ထုတ်ကာ မေးသည်။ ခဏကြာလျှင် သူက ခပ်တိုးတိုးပြောလာသည်။

“ဒီကောင်လေးနာမည်က ရွှီချင်းလို့ သိရတယ်။ သူဟာ ဂိုဏ်းရှစ်ဂိုဏ်းမဟာမိတ်ထဲက ချီယွဲ့ထုံအဖွဲ့က လာခဲ့တာဖြစ်ပြီး ဂိုဏ်းရှစ်ဂိုဏ်းရဲ့ တာအိုသားတော်တစ်ဝက်လည်း ဖြစ်တယ်။ သူက မကြာသေးခင်က မြို့ပြင်မှာ ထိုက်စီရှန်းမုန်ဂိုဏ်းက ကောင်းကင်လက်ရွေးစင်ကို သတ်ခဲ့သေးတယ်။”

“ချီယွဲ့ထုံဂိုဏ်းလား။ အဲဒါက နန်ဟွမ်ဒေသကြီးက ဂိုဏ်းငယ်တစ်ခုပဲမလား။” အဘိုးကြီး၏မျက်လုံးတို့တွင် မှတ်ဉာဏ်များပြန်လည်ပေါ်လာသည်။

“ဟုတ်ပါတယ်။”

ဓားကိုင်သူက ရိုသေစွာပြန်ဖြေသည်။

“နန်ဟွမ်ဒေသကြီးကဆိုပါလား။ သူ့မှာ အဲဒီဆေးကျမ်းရှိနေတာ မထူးဆန်းတော့ဘူးပဲ။”  အဘိုးကြီးက ရေရွတ်သည်။ သူက ရွှီချင်းကို မသိသော်လည်း ဆေးကျမ်းကိုတော့သိသည်။

လွန်ခဲ့သော နှစ်များစွာက သူ နန်းဟွမ်ဒေသကြီးသို့သွားရောက်ခဲ့သေးသည်။ သူက ထိုနေရာတွင် အသိပညာများ ဖြန့်ဝေနေချိန်တွင် ကျစ်ထူတွင် လူငယ်တစ်ဦးကို တွေ့ခဲ့ရသည်။

ထိုလူငယ်က လေ့လာမှုအားကောင်းပြီး ပါရမီကလည်းမြင့်မားနေသဖြင့် သူက တပည့်အဖြစ်ခေါ်ရန် စိတ်ကူးဝင်ခဲ့မိသည်။ သို့ရာတွင် ထိုလူငယ်သည် သူနှင့် အတူ ထွက်ခွာရန် ဆန္ဒရှိသလားမေးခဲ့ချိန်တွင်တော့ သူက ယဉ်ကျေးစွာငြင်းဆိုခဲ့ပြီး နန်ဟွမ်‌ဒေသကြီးနှင့် ကျစ်ထူတို့တွင်သာ နေထိုင်လိုကြောင်း ပြောခဲ့လေသည်။

သူကလည်း အတင်းအကြပ်မပြုတော့ပေ။ ထိုအစား ထိုလူငယ်ကို အားပေးမှုတစ်ခုအဖြစ် ဆေးကျမ်းတစ်အုပ် ပေးခဲ့၏။

ထိုအချိန်မှစ၍ ယနေ့အထိ နှစ်ခြောက်ဆယ်ခန့် ကြာမြင့်ခဲ့ပြီ ဖြစ်သည်။ သူက ရွှီချင်းလက်ထဲမှ စာအုပ်ကို မြင့်တွေ့ခဲ့ပြီး ရင်းနှီးကြောင်း ခံစားနေခဲ့မိသည်။ ယခုတော့ ထိုအတိတ်ကို ပြန်အမှတ်ရလာ၏။

အဘိုးကြီးက ခံစားချက်တို့ဖြင့် သက်ပြင်းတစ်ချက်ချလိုက်သော်လည်း ရွှီချင်းကိုတော့ သွားရောက် ပြောဆိုခြင်းမပြုပေ။ ထိုကိစ္စအားလုံးက အတိတ်မှ ကိစ္စများသာ ဖြစ်သည်။၊ သူက ခေါင်းယမ်းလိုက်ပြီး ရှေ့တစ်လှမ်းတက်ကာ ဓားကိုင်ရုံးတော်သို့ ဦးတည်လိုက်၏။

ရွှီချင်းသည်တော့ စခန်းနေရာသို့ပြန်လာခဲ့ပြီးနောက် ထိုအချိန်က သူ သင်ယူမှတ်သားခဲ့မျှ အာခီမီအသိပညာတို့အား ပြန်လည်စီစစ်ကာ သေချာ မှတ်သားနေသည်။ ထိုသို့ပြုပြီးနောက်တွင်မှ သူက တင်ပျဉ်ခွေထိုင်ကာ ကျင့်ကြံနေလိုက်၏။

မနက် အလင်းရောင်ကွဲသည့် အချိန်သို့ ရောက်လာသည်နှင့် ရွှီချင်း၏မျက်လုံးများ ဖွင့်လိုက်ပြီး လီယုံကျောက်တိုင်အား ကြည့်လိုက်၏။

“တက်ဖို့အချိန်ကျပြီပဲ။”

သူက ထိုနေရာတွင် တစ်လကျော်ကြာသည်အထိ နေလာခဲ့ပြီး စမ်းသပ်ပွဲအတွက် လိုအပ်ချက်များနှင့် စမ်းသပ်ပွဲအစစ်အကြောင်းတို့ကို အသေးစိတ်လေ့လာထားခဲ့သည်။ ၎င်းတို့ထဲတွင် ပထမဆုံးစမ်းသပ်ပွဲလိုအပ်ချက်ကတော့ အမှတ်ပိုများပင်ဖြစ်သည်။

ဥပမာ တိုက်ခိုက်ရေးဆန္ဒဝိညာဉ်အမှတ်သားကိုးခုနှင့် လီယုံကျောက်တိုင်ပေါ်ရောက်နိုင်သည့် အမြင့်များဖြစ်ကြသည်။

သူက ဆင်ခြင်နားလည်မှု မြင့်မားခြင်းနှင့် ကျောက်တိုင်၏အမြင့်သို့ တက်လှမ်းနိုင်ခြင်းတို့၌ ကောင်းကောင်းစွမ်းဆောင်နိုင်လေ အပိုမှတ်များ ပိုရနိုင်လေ ဖြစ်သည်။

ထို့အပြင် ဈေးထဲတွင် တော်ဝင်သတ္တုချီများရောင်းချခြင်းအချို့ ရှိနေသေးသော်လည်း ဈေးမြင့်လွန်းသဖြင့် ရွှီချင်းဝယ်ယူရန် ဝန်လေးနေမိသည်။ ထို့ကြောင့် သူက မည်သို့ပင်ဖြစ်စေ လီယုံကျောက်တိုင်ကြီးအား ကြိုးစားကြည့်ရမည်ဟု ခံစားမိသည်။

ဂိုဏ်းရှစ်ဂိုဏ်းတွင် သူနဲ့ ခေါင်းဆောင်တို့အပြင် တခြားတပည့်များက အမြင့်တစ်နေရာထိရောက်အောင် တက်ပြီးကြလေပြီ။

“ခေါင်းဆောင် ပျောက်နေတုန်းပဲလား။”

ရွှီချင်းက စခန်းထဲမှထွက်လိုက်ပြီး လီယုံကျောက်တိုင်သို့လမ်းတွင် ပတ်ဝန်းကျင်အား အကဲခတ်ကြည့်သည်။ ထိုအချိန်တွင် သူသည် အချိန်ကြာမြင့်စွာ ရှာဖွေခဲ့သော်လည်း ခေါင်းဆောင်၏အရိပ်အယောင်ကိုမျှ မတွေ့ရပါ။

ခေါင်းဆောင်သည် ယခုအချိန်ထိ ပေါ်ထွက်လာခြင်းမရှိကြောင်း မြင်လျှင် သူက ရှာဖွေခြင်းကိစ္စအား လက်လျှော့လိုက်ပြီး လီယုံကျောက်တိုင်အနီးသို့ တဖြည်းဖြည်း ရောက်ရှိလာခဲ့၏။

သူ့သွင်ပြင်က ထိုနေရာရှိ လူများအားလုံး၏ အာရုံကို ဆွဲဆောင်သည်။

“ရွှီချင်းပဲ။”

“နောက်ဆုံးတော့ ရောက်လာပြီပေါ့။”

“သူက ဘယ်နေရာ အထိများ တက်နိုင်လောက်မလဲ။”

သူတို့က ဘေးသို့ဖယ်ပေးလိုက်ကြသည်။ ရွှီချင်းသည် သူတို့အား ဖြတ်ကျော်ကာ တည်ငြိမ်စွာလျှောက်သွားလိုက်ရာ လီယုံကျောက်တိုင်ခြေသို့ အထိ ရောက်လာသည်။

ထိုကျောက်တိုင်နှင့် ယှဉ်လျှင် မြေပြင်ရှိကျင့်ကြံသူများမှာ ပုရွက်ဆိတ်များပမာ သေးငယ်လွန်းလှသည်။

ရွှီချင်း သူ့ရှေ့မှ ကမ္ဘာမြေ တုန်ဟီးလောက်သည့် အံ့မခန်းကျောက်တိုင်ကြီးအား ကြည့်သည်။ ထိုအချိန်အတွင်းတွင် သူ နားလည်ထားခဲ့သော ကျောက်တိုင်ပေါ်တက်ခြင်း စည်းမျဉ်းများအကြောင်းသည် သူ့စိတ်ထဲ၌ ပေါ်လာ၏။

ကျောက်တိုင်ပေါ်တွင် ကျင့်ကြံသူတို့ အပေါ်သို့တက်လှမ်းခြင်းအတွက် သက်ရောက်နေသည့် အချက်နှစ်ခုရှိပေသည်။

တစ်ခုသည် အငြိုးအတေးနှင့် စွဲလမ်းစိတ်တို့ ရိုက်ခတ်ခြင်းဖြစ်သည်။

လီယုံကျောက်တိုင်ကြီးသည် မူလကပင် လူသတ်လက်နက်တစ်ခု ဖြစ်ပေသည်။ တစေအင်ပါယာက သူ့တစ်သက်တာတွင် ဤလက်နက်ကိုသုံးကာ အသက်ပေါင်း မြောက်များစွာကို သတ်ဖြတ်ခဲ့လေသည်။ ထိုအချက်ကြောင့် လီယုံကျောက်တိုင်ကြီးတွင် မျိုးနွယ်ပေါင်းများစွာ၏ နာကျည်းမှု အငြိုးအတေးများနှင့် အစွဲအလမ်းများ ပြည့်နေသည်။

ထိုအငြိုးအတေးတို့မှာ လွန်စွာပြင်းထန်လွန်းလှသည်။ ၎င်းသည် တိုက်ခိုက်ရေးဆန္ဒအားမန်တို့ဖြင့် ဖိနှပ်ထားသဖြင့်သာ ကြောက်ခမန်းလိလိ ဖြစ်မလာရခြင်းဖြစ်သည်။ သို့ရာတွင် ၎င်းတို့သည် လူ့ကိုယ်ဖြင့် ထိမိသည်နှင့် အငြိုးအတေး အစွဲအလမ်းများသည် စိတ်နယ်ပယ်အား အပြင်းအထန် တိုက်ခိုက်ကြတော့သည်။

ထို့အပြင် ၎င်းအငြိုးအတေးတို့သည် လွန်စွာပြင်းထန်လာချိန်တွင် ကျင့်ကြံသူ၏စိတ်နယ်ပယ်ထဲတွင် တစေအင်ပါယာလက်၌ သေဆုံးခဲ့ရသော ရှေးကျင့်ကြံသူတစ်ဦး၏ အငြိုးအတေးအစွဲအလမ်းဝိညာဉ်အဖြစ် ဖြစ်တည်လာ၏။

၎င်းသည် ဒုတိယအတားအဆီး ဖြစ်သည်။

ကျင်ကြံသူများ ဆက်လက်တက်လှမ်းနိုင်သည့် တစ်ခုတည်းသောနည်းကတော့ ထိုဝိညာဉ်အစွဲအလမ်းအား စိတ်နယ်ပယ်ထဲမှ ရှင်းထုတ်ရန်ဖြစ်သည်။

သူတို့သာ မရှင်းထုတ်နိုင်လျှင် ဝင်ပူးကပ်ခံရမည်တော့ မဟုတ်သော်လည်း လီယုံကျောက်တိုင်ပေါ်က လှုပ်ခါချခံရမည်ဖြစ်ပေသည်။ ထိုသို့ဖြစ်လျှင် စိန်ခေါ်မှုမှာလည်း အဆုံသတ်သွားပေလိမ့်မည်။

အမြင့်သို့ရောက်လေ ရှေးကျင့်ကြံသူတို့၏ အငြိုးအတေး အစွဲအလမ်းစိတ်ဝိညာဉ်တို့က ပြတ်သားစစ်မှန်လာပြီး ရှင်းလင်းရန်ခက်လာလေဖြစ်မည်။ ထို့အပြင် ၎င်းတို့က လီယုံကျောက်တိုင်ထံမှ ဖြစ်တည်လာခြင်းဖြစ်ပြီး ကျောက်တိုင်နှင့် တသားတည်းဖြစ်နေဟန်ရှိသည်။ ထို့ကြောင့် ၎င်းတို့အားလုံးမှာ ဖျက်ဆီးမရနိုင်သည့် အခြေအနေတစ်မျိုးတွင် ရှိနေကြသည်။

၎င်းကျင့်ကြံသူတို့က အချိန်များစွာ ဖြုန်းမိသည်နှင့် ကျရှုံးရန်သေချာသွားပေမည်။

ရွှီချင်း၏စိတ်ထဲတွင် ထိုအကြောင်းများပေါ်လာသည်။ သူက ရှေ့မှ လီယုံကျောက်တိုင်ကြီးအား ကြည့်လိုက်ပြီး ပင့်သက်တစ်ချက်ရှိုက်သည်။

ရွှီချင်းသည် ထိုနေရာတွင် ရပ်နေရုံဖြင့်ပင် ကျောက်တိုင်ကြီးထံက ပြင်းထန်ကြီးမားလှသော ဖိအားကို ကောင်းစွာခံစားနိုင်ပေသည်။ သူ့စိတ်နယ်ပယ်ထဲမှ တစေအင်ပါယာတောင်သည် ထိုအချိန်တွင် အလင်းများ ထုတ်လွှတ်လာ၏။

အချိန်တစ်ခုကြာလျှင် ရွှီချင်းမျက်လုံးတို့တွင် စူးရှသော အရောင်တစ်ချက် လက်သွားသည်။ ဝန်းကျင်ရှိ လူအားလုံး၏ အကြည့်များရှေ့တွင်ပင် သူသည် ပေါ့ပါးစွာဖြင့် လေထဲသို့ ပျံတက်သွားကာ လီယုံကျောက်တိုင်ကြီးပေါ်သို့ တက်လှမ်းလိုက်၏။

ခြေတစ်လှမ်းဖြင့်ပင် သူက ပေတစ်ရာသို့ ရောက်ရှိသွားသည်။ ရွှီချင်း၏မျက်လုံးတို့တွင် ထူးဆန်းသောအရိပ်တစ်ခု လက်သွားသည်။ သူက အငြိုးအတေးစွဲလမ်းစိတ်တို့ ရိုက်ခတ်သည်ကို အာရုံခံမိသော်လည်း ၎င်းတို့မှာ အားနည်းလွန်းကာ သူ့အတွက် ပြဿနာမပေးနိုင်သေးပါ။

ထို့ကြောင့် သူ့ခြေလှမ်းတို့ ရပ်တန့်ခြင်း မရှိခဲ့ပေ။ သူက ဆက်လက် တက်လှမ်းသွား‌လိုက်၏။

ပေလေးရာ၊ ပေရှစ်ရာ၊ ပေထောင့်သုံးရာ။

အသက်ရှုကြိမ် သုံးခါမှ ငါးခါမျှအထိ ကြာချိန်တွင်ပင် ရွှီချင်း၏ပုံရိပ်သည် ပေနှစ်ထောင်အမြင့်သို့ ရောက်လာ၏။ ထိုနေရာတွင် သူ့ခန္ဓာကိုယ်သည် ပထမဆုံးအကြိမ် ရပ်တန့်သွား၏။

သူစိတ်ထဲတွင် လီယုံကျောက်တိုင်ကြီးထံမှ အငြိုးအတေးစွဲလမ်းစိတ်များစွာတို့ လျင်မြန်စွာ စုစည်းလာပြီး မှုန်ဝါးသော လူရိပ်တစ်ခုအသွင်ဖြစ်တည်လာသည်။

ထိုအရိပ်သဏ္ဌာန်ထံမှ ရူးသွပ်မှုနဲ့ လောဘစိတ်တို့ ပါဝင်နေသည့် ရှေးဟောင်းအရှိန်အဝါတစ်ခု ဖြာထွက်လာသည်။ သူ့စိတ်နယ်ပယ်ထဲတွင် ကြောက်မက်ဖွယ်ဟိန်းသံများလည်း ပဲ့တင်ထပ်လာသည်။

ထိုအရိပ်သဏ္ဌာန်သည် ပြည့်စုံစွာ ဖွဲ့စည်းလုနီးပါး ဖြစ်လာ၏။

သို့ရာတွင် ရွှီချင်း စိတ်နယ်ပယ်ထဲရှိ တစေအင်ပါရာတောင်ကုန်းက လှုပ်ခါသွားပြီး ထိုအရိပ်သဏ္ဌာန်မှာလည်း တုန်ခါကာ ချက်ချင်းပြိုကွဲထွက်သွားသည်။

“တစေအင်ပါယာ…”

***

All Chapters