← Chapters

မင်းက အားနည်းလွန်းတာ မဟုတ်ဘူး၊ ငါက သန်မာလွန်းတာ

Vol. 32 Ch. 466

မင်းက အားနည်းလွန်းတာ မဟုတ်ဘူး၊ ငါက သန်မာလွန်းတာ

Vol. 32 Ch. 466

“ရပြီကွ”

ရဲ့လင်းချန်၏ ညွှန်ကြားချက်ကို ကြားသောအခါ ရှန်းက စိတ်နှစ်ထားလိုက်သည်။ သူက အံကိုကြိတ်၍ အားသွန်ခွန်စိုက် ကြိုးစား၍ ပြိုင်ဘက်အသင်းအား ရင်ဆိုင်ရန် ဆုံးဖြတ်လိုက်လေသည်။

Earthshaker ၏ စွမ်းရည်များက ထိခိုက်မှုနှင့် လူအုပ် ထိန်းချုပ်ခြင်းတို့ ပေါင်းစပ်ထားခြင်း ဖြစ်သည်။ သူက စွမ်းရည် အားလုံးကို Zeus ကို ချိန်ထားသည်။

အာလူးလေးက ရှန်းနှင့် လမ်းအတူတူပင်။ သူသည်လည်း စွမ်းရည်အားလုံးကို Slardar အပေါ် ထုတ်သုံးနေ၏။

ထင်ထားသည့်အတိုင်းပင် Earthshaker က မိုးပေါ်သို့ မြောက်တက်သွားပြီး မြေကြီးပေါ်သို့ ပြန်ကျလာသည်။

သို့သော် ဤသို့သော ပြင်းထန်သည့် ရုန်းကန်မှုအောက်၌ Slardar နှင့် Zeus တို့၏ သွေးစက်များ လျော့နည်းသွားသည်။ Zeus တွင် သူ၏ သွေးစက် သုံးပုံတစ်ပုံသာ ကျန်တော့လေသည်။

ရဲ့လင်းချန်သည် သူ့ကင်မရာကို တိုက်ပွဲပေါ်သို့ ထပ်မံ၍ ချိန်ညှိလိုက်ပြီးနောက် Sun Strike အား Zeus နား ထားလိုက်သည်။

Sun Strike: မန္တန် ဧရိယာအတွင်း ပြင်းထန်သော ပျက်စီးမှု ဖြစ်ပေါ်စေနိုင်၊ နှစ်စက္ကန့် နှောင့်နှေး။

စွမ်းရည်သည် ပျက်စီးမှု ပြင်းသော်လည်း နှေးကွေးသော စွမ်းရည် ဖြစ်သည်။ ပြိုင်ဘက်က ငြိမ်ငြိမ် မရပ်သရွေ့ ထိမှန်မည့် နေရာကို ခန့်မှန်းရန် ခဲယဉ်းပေသည်။ ပုံမှန် အချိန်၌ ဤမန္တန် သုံးရန် အလွန် တွက်ချက်ရပေမည်။

သို့သော် ရဲ့လင်းချန်က ခပ်မြန်မြန် တစ်ချက်သာ ကြည့်ပြီး ရလဒ်ကို လုံးဝ အရေးမစိုက်သကဲ့သို့ စွမ်းရည်ကို ချက်ချင်း ထုတ်သုံးလိုက်သည်။

သို့သော် နှစ်စက္ကန့် အကြာ၌ …

“အား …”

ဝူအာ၏ အော်သံကို ကြားလိုက်ရသည်။ ဘယ်နေရာက ပေါ်လာမှန်းမသိသော Sun Strike ကြောင့် သူမ အံ့ဩသွားပြီး Zeus cooldown ဖြစ်သည်ကို ကြည့်နေရသည်။ သူမ လုံးဝ အံ့အားသင့်နေ၏။

“မြတ်စွာဘုရား၊ အံ့ဩဖို့ ကောင်းလိုက်တာ …”

“ဒီSun Strike က တိကျလွန်းတယ်၊ ဒါ ပြတ်သားလွန်းမနေဘူးလား”

“ဘာဖြစ်တာလဲ၊ Zeus ရဲ့ တည်နေရာက လုံးဝ မှန်းမရတာကို၊ သူက လျှောက်သွားနေတာကိုတောင် ထိအောင် ပစ်နိုင်တာပဲ”

“အံ့ဩဖို့ ကောင်းလွန်းတယ်၊ အဲ့လူက သေချာတောင် မကြည့်ဘဲ စွမ်းရည်ကို သုံးလိုက်တာ”

“ကံကောင်းတာများလား”

…

ထိုအဖြစ်ကြောင့် လူတိုင်း အံ့ဩသွားကြသည်။ အစက တင်ဆက်သူ ငါးယောက်က အံ့ဩစရာများ ယူဆောင်လာ ပေးလိမ့်မည်ဟု သူတို့ ထင်ထားခဲ့ကြသည်။ မထင်မှတ်ဘဲ အခြားသူ တစ်ယောက်၏ အပြုအမူက သူတို့၏ မျက်လုံးများကို တောက်ပလာစေခဲ့သည်။

အသက်တစ်ချောင်းအတွက် အသက်တစ်ချောင်း လဲလှယ်ခြင်း။ ရဲ့လင်းချန်အတွင်း ယင်းက အကျိုးအမြတ် ရှိသော အလဲအလှယ်ပင်။ သူနှင့်အတူ ရှိသော လေးယောက်လုံးက လူသစ်များ ဖြစ်နေသည် မဟုတ်ပါတကား။

တစ်ကြိမ် သတ်နိုင်ပြီးနောက် ရဲ့လင်းချန်သည် သူ၏ အဆင့်ကို တိုးစေသော ဘာပစ္စည်းကိုမှ မဝယ်ယူဘဲ Hand of Midas ကို ဝယ်လိုက်သည်။

Hand of Midas: Cooldown စက္ကန့် ကိုးဆယ်၊ ပစ်မှတ် ဟီးရိုးမဟုတ်သော အဖွဲ့၊ ရွှေ တစ်ရာကိုးဆယ်ဖြင့် ရရှိနိုင်သည်။

ပြောင်ပြောင်တင်းတင်း ပြောရလျင် ယင်းက ရွှေကို ရိတ်ရန် အသုံးပြုသော ပစ္စည်းတစ်ခုပင်။

ထိုပစ္စည်းကြောင့် အားလုံး၏ မျက်နှာတွင် ရှုပ်ထွေးသော အမူအရာများ ပေါ်လာသည်။

*ထူးဆန်းတဲ့ပစ္စည်းပဲ၊ အဲ့ဒါက နောက်ပိုင်း ဂိမ်းအတွက် အကူအညီ ဖြစ်စေလို့လား”

ရဲ့လင်းချန်၏ ပစ္စည်း ဝယ်ယူမှုကို ကိုးလ်လည်း သတိထားမိသည်။ သူမ မသိမသာ မျက်ခုံးပင့်မိသွားသည်။ ဤသို့ ပုံမှန်မဟုတ်သော ပစ္စည်းကို ဝယ်ယူခြင်းက သူမအား တစ်စုံတစ်ယောက်ကို သတိရသွားစေသည်။ ထို့နောက် သူမက ဝင်ပြောလိုက်သည်။

“Carl က Hand of Midas ကို ဝယ်တာလား၊ သူက boots တွေကိုတောင်မှ မဝယ်ဘူး”

သူမအသင်းဖော်များက ကိုးလ်၏ ရည်ရွယ်ချက်ကို ချက်ချင်း နားလည်သွားသည်။ Tidehunter ကို ကိုင်ထားသည့် ရည်းစားစာက ပြန်ပြောလိုက်သည်။

“ငါ သွားနေပြီ”

မကြာခင်မှာပင် Tidehunter က အလယ်လမ်းအတိုင်း အရိပ်ထဲမှနေ၍ တိတ်တဆိတ် ပုန်းကွယ်နေသည်။ Carl က ရှေ့သို့ နီးကပ်လာသောအခါ သူက အရိပ်ထဲမှ ပြေးထွက်လာပြီး ချက်ချင်း slow debuff ကို သုံးလိုက်သည်။

Slayer က အသင့်နေရာ ယူထားလေသည်။ သူမက သူမစွမ်းရည်များကို Carl အပေါ်၌ သုံးရန် စီစဉ်ထားသဖြင့် အန္တရာယ်များသော နေရာကို ယူလိုက်သည်။

သို့သော် ခြုံခိုတိုက်ခိုက်မှုနှင့် ရင်ဆိုင်ရသော်လည်း Carl က နောက်ဆုတ်မည့် အရိပ်အယောင် မပြပေ။ Sun Strike ကို Slayer ၏ နေရာအောက်၌ ထားလိုက်သည်။ ထိုစဉ် ဆူညံသော ပေါက်ကွဲမှုတစ်ခု ဖြစ်လာပြီး နားကွဲမတတ် ပေါက်ကွဲသံ ထွက်ပေါ်လာသည်။

စွမ်းရည် သုံးခုလုံး တစ်ပြိုင်တည်း ပေါ်လာသည့်ပုံပင်။ ချက်ချင်းဆိုသလိုပင် … ပေါက်ကွဲကုန်လေသည်။

“ဝုန်း”

Slayer က ချက်ချင်း သေသွားလေသည်။ သူမက စွမ်းရည်တစ်ခုတည်း သုံးပြီးနောက် တန်း၍ ပြုတ်သွား လေသည်။

“ဒ…ဒ…ဒီနှုန်းက၊ ကြောက်ဖို့ ကောင်းလွန်းလိုက်တာ”

“မြတ်စွာဘုရား၊ သူ ဘယ်လိုလုပ်လိုက်တာလဲ၊ စွမ်းရည်တွေကို ချက်ချင်း ပြောင်းဖို့ ဖြစ်နိုင်လို့လား”

“မြတ်စွာဘုရား၊ သူ hack ထားတာလား၊ တင်ဆက်သူ နှစ်ယောက်ရဲ့ ဝိုင်းတိုက်တာကို ခံရတာတောင် တစ်ယောက်ကို ချက်ချင်း ဖြုတ်နိုင်တယ်တဲ့လား”

“ဒါ ကျွမ်းကျင်သူပဲ၊ အစတုန်းက ငါ့ရဲ့ နှစ်နှစ်ဆယ် သက်တမ်းရင့် အတွေ့အကြုံနဲ့ တိုးတက်အောင် လုပ်နိုင်ပြီလို့ ထင်နေတာ၊ ဒီနေ့ ငါ အသစ်တစ်ခုကို သင်ယူလိုက်ရတာပဲ”

…

နှစ်ကွက်တည်းနှင့် ထိပ်တန်း တင်ဆက်သူ ငါးယောက်နှင့် လူအုပ်ကြီးအား ရဲ့လင်းချန်သည် သာမန် ဖြတ်သွားဖြတ်လာ လူတစ်ယောက် မဟုတ်ကြောင်း သတိထားမိသွားစေသည်။

ကိုးလ်နှင့် သူမအသင်းသားများအားလုံး ပို၍ အလေးအနက် ဖြစ်လာကြသည်။

“ကျန်တဲ့လူလေးယောက်က သူ့အားနည်းချက်ပဲ”

09 ၏ အခြေအနေကို သတိပြုနိုင်စွမ်းက ပေါ်ထွက်လာပြီး သူ့အတွေးကို ထုတ်ပြောသည်။

ထို့နောက်မူ ရဲ့လင်းချန်က ဘယ်ကိုမှ မရွေ့တော့ချေ။ သူက အလယ်လမ်း၌ ဆက်၍ ကြီးစိုးနေပြီး စိတ်ရှည်လက်ရှည်နှင့် ဆက်၍ ကြီးထွားနေသည်။ သွေးလျော့အောင် လုပ်ခြင်းမှ သူ ရလာသော ပိုက်ဆံသည် ကြည့်ရှုသူများကို အံ့ဩသွားစေရန် လုံလောက်ပေသည်။

“ချီးပဲ၊ ရှောင်ရဲ့ရေ သူတို့ ငါ့နောက် ထပ်လိုက်လာပြန်ပြီ၊ ဒီ Slardar က ခွေးရူးလိုပဲ”

ရှန်းက တီးတိုးပြောပြီးနောက် တာဝါကို ဖြတ်ပြေး၍ သူ့ဆီ အပြေးလာနေသော ပြိုင်ဘက်များကို ကြည့်နေသည်။

“မင်းရဲ့ စွမ်းရည်အားလုံးကို သုံးပစ်လိုက်”

ရဲ့လင်းချန်က တိုက်ပွဲကို ကြည့်ပင် မကြည့်ဘဲ တည်ငြိမ်စွာ ညွှန်ကြားလေသည်။

ရှန်း သေသွားကြောင်း ကြေငြာသံ ထွက်လာပြီးမှ သူက တိုက်ပွဲနေရာကို တစ်ချက် ကြည့်လာပြီး သေခါနီးဖြစ်၍ ပျောက်လုမတတ် ဖြစ်နေသော Slardar ကို မြင်သွားလေသည်။ သူ့နှုတ်ခမ်းထောင့်က ကော့တက်လာပြီး ထူးဆန်းသော အပြုံးမျိုး ပြုံးလာသည်။

သတိထား၍ ကြည့်နေသော ကြည့်ရှုသူများ၏ အကြည့်အောက်၌ သူသည် ပြိုင်ဘက်၏ ရေပန်း အလယ်သို့ Sun Strike အား ချိန်ရန် ရွေးချယ်လိုက်သည်။

ပုံမှန်အားဖြင့် ထိုနေရာသည် စခန်းသို့ တည်နေရာ ရွှေ့ပြောင်းသည့် နေရာ ဖြစ်လေသည်။

တစ်ခဏကြာသော် …

Slardar ပေါက်လာပြီး Sun Strike ကလည်း တစ်ပြိုင်တည်း ပေါက်ကွဲလာသည်။ Slardar က ရေပန်းရှေ့၌ လဲကျသွားလေသည်။

[Carl is on killing spree!]

“လခွမ်း၊ ဒါ တော်တော် ခန့်မှန်းနိုင်တာပဲ၊ ဒါ နတ်ဘုရားရဲ့ ရှေ့ဖြစ်အမြင်ပဲ၊ ဉာဏ်ကောင်းလိုက်တာကွာ”

“Slardar စခန်းကို ပြန်သွားမယ်ဆိုတာကို သူ ဘယ်လိုသိနေတာလဲ၊ ပြီးတော့ အချိန်က အတိအကျကြီး”

“ရေပန်းနားမှာ အသတ်ခံရတာ၊ ဒါ တင်ဆက်သူ အခံရ အခက်ဆုံး သေဆုံးမှု ဖြစ်လောက်တယ်၊ ဟုတ်တယ် မလား”

“ငါ ဒါကို ၈၂ မှတ် သတ်မှတ်တယ်ကွာ၊ ကျန်တဲ့ ၁၈ မှတ်ကို ရယ်ရတဲ့နေရာမှာ ထားလိုက်မယ်”

“ဉာဏ်ကောင်းလိုက်တာ၊ ဒီလူရဲ့ အရည်အချင်းက တင်ဆက်သူတွေထက် ပိုသာနေတာပဲ၊ သူက အံ့ဩဖို့ ကောင်းလွန်းနေတာပဲ”

…

ယခုတစ်ခေါက်တွင် လူအုပ်ကြီးက အုတ်အုတ်ကျက်ကျက် ဖြစ်လာသည်။ ဤသို့ ကောင်းမွန်လှသော အမြင်အာရုံ သက်ရောက်မှုကြောင့် သူတို့ ထိတ်လန့်သွားကြသည်။

လူတိုင်းက နီရဲနေသော မျက်နှာများနှင့် ဆွေးနွေးနေကြသည်။ သူတို့၏ ရဲ့လင်းချန်အပေါ် ကြည့်သော အကြည့်က တောက်ပလာသည်။

*ဒီလူက အံ့ဩဖို့ ကောင်းလွန်းတယ်၊ သူက ကစားသမားတွေရဲ့ ဘုရင်ဖြစ်ဖို့ ထိုက်တန်တယ်”

“လခွမ်း၊ ဒီလူက ငါတို့ တင်ဆက်သူတွေကို အမဲလိုက်ဖို့ လွှတ်လိုက်တဲ့သူပဲ ဖြစ်မယ်၊ ဒီအရည်အချင်းတွေကို စကားနဲ့တောင် ဖော်ပြလို့ မရဘူး၊ ဒီတစ်ခါတော့ ငါတို့ ပွဲကြီးပွဲကောင်း ကြည့်ရပြီ”

လူအုပ်ကြီးသည် စိတ်လှုပ်ရှားမှုကြောင့် ဆူညံလာပြီး ပြိုင်ပွဲကို စိတ်ပါဝင်စားစွာ ကြည့်နေကြသည်။

ချစ်ကြည်ရေး ကစားပွဲမှ ဤသို့သော မြင်ကွင်းမျိုး မြင်ရလိမ့်မည်ဟု သူတို့ ထင်မထားမိပါ။ ယင်းက တကယ်ကို အံ့ဩဖို့ ကောင်းလှသည်။ လူတော်တော်များများက သတင်းကြားပြီး အပြေးလာကြသဖြင့် လူအုပ်ကြီး၏ အရွယ်အစားက ပိုတိုးလာသည်။

“ဒီလူက တော်လွန်းတယ်”

ရှောင်ကွိုက်က တအံ့တဩ ပြောသည်။ သူ မနေနိုင်ဘဲ ရေရွတ်မိသည်။

“ဒီလို ဖိနှိပ်မှုမျိုးကို ငါတို့ရဲ့ ဘော့စ်ဆီကနေပဲ ငါ ခံစားဖူးတာ”

သူ၏ ဘော့စ်ဆိုသည်က ဝိုင်နတ်ဘုရားပင်။

ကြားရသည့် သူများသည် ပြောသူ၏ အဓိပ္ပာယ်ကို သိသော်လည်း စိတ်ထဲ၌ ထိုစကားက စွဲထင်သွားလေသည်။ ကိုးလ်နှင့် ဝူအာတို့ နှလုံးခုန်နှုန်း မြန်သွားကြသည်။ သူတို့၏ အကြည့်က ရဲ့လင်းချန်အပေါ် ကျရောက်လာပြီး မသိလျင် သူ့အား ထိုးထွင်းမြင်ရရန် ကြိုးစားနေသလိုပင်။

ပြိုင်ပွဲက ဆက်လက် ကစားလျက် ရှိသည်။

တင်ဆက်သူ ငါးယောက်သည် အတော်လေး ပို၍ သတိရှိလာကြသည်။ သူတို့သည် အခြေအနေကို ဖြည်းဖြည်းနှင့် မှန်မှန် စလုပ်ကြသည်။ ထိုသို့သောအခြေအနေအောက်၌ အာလူးလေးတို့အဖွဲ့သည် လျင်မြန်စွာ ထင်တိုင်းကြဲ ကြလေသည်။ သူတို့က ပြိုင်ဘက်ကို ရှစ်ကြိမ် သတ်နိုင်ပြီး တစ်ယောက်ကို နှစ်ခါ သတ်နိုင်ကြသည်။

ထိုအခိုက်တွင် ရဲ့လင်းချန်က သတ်ဖြတ်ခြင်းအတွက် သူ၏ ပထမဆုံး ပစ္စည်းကို ဝယ်ယူလေသည်။ ယင်းမှာ Eul’s Scepter of Divinity ပင်။

“Carl က အလယ်လမ်းက ထွက်သွားပြီ”

09 က သတိပေးသည်။ သူက ရဲ့လင်းချန်၏ တည်နေရာကို အဆက်မပြတ် သတိထား ကြည့်နေ၏။

“သေရော၊ သူ ဒီကို ရောက်လာပြီ”

ဝူအာက Spectre ကို ကိုင်ထားပြီး တောအုပ်ထဲ၌ ခရိများကို ရိတ်သိမ်းနေသည်။ ရဲ့လင်းချန်၏ ရုတ်တရက် ရောက်လာခြင်းက သူမကို ဆဲဆိုမိသည်အထိ အံ့ဩသွားစေသည်။ ထို့နောက်တွင် Eul’s Scepter of Divinity ကြောင့် Spectre လွင့်ထွက်သွား၏။

Sun Strike ကို Spectre အောက်တည့်တည့်၌ ချိန်ထားသဖြင့် နားကွဲစရာ ပေါက်ကွဲမှုကြီး ဖြစ်ပေါ်လာလေသည်။ ရဲ့လင်းချန်က ရလဒ်ကို စစ်ဆေးရန်ပင် အာရုံစိုက်မနေဘဲ နောက်လှည့်၍ ထိုနေရာမှ ထွက်သွားသည်။

ထို့နောက်တွင်မူ Spectre ၏ သေဆုံးမှုကို ကြေညာသံ ထွက်ပေါ်လာသည်။

[Carl is dominating]

Eul’s Scepter of Divinity က တစ်စုံတစ်ယောက်ကို လေထဲသို့ ၂.၂၅ စက္ကန့် မြောက်တက်သွားစေသဖြင့် Carl ၏ နှစ်စက္ကန့် နှေးသော Sun Strike ကို သုံးရန် အချိန်ကောင်းပင်။ တတိယအကြိမ် တိုက်ခိုက်မှုက သူ့အား တစ်စုံတစ်ယောက်ကို ချက်ချင်း ရှင်းထုတ်သွားနိုင်စေသည်။

ဟီးရိုးတစ်ကောင်ကို အေးအေးလူလူ ရှင်း၍ ယုံကြည်မှုရှိရှိ လှည့်ထွက်သွားခဲ့သည်တဲ့လား။

ထိုအပြုအမူက လူတိုင်းကို မှင်တက်သွားစေသည်။ Carl က Eul’s Scepter of Divinity နှင့် အားကောင်းသော လိုက်ဖက်ညီမှု ရှိသည်ကို သူတို့ သတိပြုလိုက်မိသည်။

“ဒီလို အခြေအနေကို ပြောင်းလဲနိုင်တဲ့ ပစ္စည်းကို ဝယ်တာနဲ့ ကျွမ်းကျင်တဲ့ အပြုအမူ … မဟုတ်မှလွဲရော ငါတို့ ဘော့စ်များလား”

09 က စတင်၍ သံသယ ဝင်လာသည်။

ထို့နောက်တွင်မူ Carl ၏ ပစ္စည်းများနှင့်အတူ တိုက်ပွဲနေရာတစ်ခုလုံးက ရဲ့လင်းချန်၏ တစ်ကိုယ်တော် ပြပွဲအဖြစ်သို့ ပြောင်းလဲသွားလေသည်။ သူ သွားသည့်နေရာတိုင်း သတ်ဖြတ်၍ သူ့လမ်း၌ ရှိနေသူတိုင်းကို ရှင်းပစ်လေသည်။ Scepter, Sun Strike, Chaos Meteor နှင့် Deafening Blast လေးခုပေါင်း တိုက်ခိုက်မှုက ရိုးရှင်းသော်လည်း အပြင်းအထန် ထိခိုက်မှု ဖြစ်စေသည်။

ရဲ့လင်းချန် ခုနစ်ကြိမ်ဆက်တိုက် သတ်ဖြတ်နိုင်ပြီး Wicked Sick အဆင့်ကို ရလာသောအခါ သူသည် Carl ကို အရည်အသွေး ပြောင်းလဲနိုင်သည့် Aghanim’s Scepter ပစ္စည်း ဝယ်ယူနိုင်သွားလေသည်။

အစက Carl ၏ စွမ်းရည် ပြောင်းသုံးမှု၌ cooldown ရှိခဲ့သည်။ သို့သော် ဤပစ္စည်းနှင့်ဆိုလျင် cooldown က အတော်လေး နည်းသွားပေတော့မည်။ စွမ်းရည် ဆယ်ခုလုံးအား စက္ကန့် နှစ်ဆယ်အသွင်း သုံးနိုင်ပေမည်။

ရဲ့လင်းချန်၏ လျင်မြန်မှုနှင့် ပေါင်းလိုက်လျင် မည်မျှ ကြောက်စရာကောင်းလိုက်မလဲ တွေးကြည့်နိုင်ပေသည်။ ဘယ်သူမှ သူ့ကို မရင်ဆိုင်နိုင်ပါ။

ကိုးလ်တို့ အဖွဲ့၏ အိပ်မက်ဆိုး ရောက်ရှိလာလေသည်။ သူတို့ ရဲ့လင်းချန်ရှေ့သို့ ရောက်သည်နှင့် ချက်ချင်း မတတ်သာဘဲ အနိုင်ပိုင်းခံလိုက်ရသည်။ စွမ်းရည် ပေါင်းစပ်မှုက သူတို့ကို လွှမ်းမိုးသွားပြီး နည်းနည်းလေးမှ မလှုပ်နိုင်ပါ။

အဓိကအားဖြင့် Carl ၏ စွမ်းရည်များက ပတ်ဝန်းကျင်ကို သက်ရောက်မှုရှိသော အမျိုးအစား ဖြစ်သည်။ သူတို့ အဖွဲ့လိုက် ရှိနေလျင်တောင်မှ နှာတစ်ဖျားစာ ဦးဆောင်ခြင်း ခံရလေသည်။ အချို့သော စွမ်းရည်များက ဘယ်နေရာမှနေ၍ သူတို့ထံ ရောက်လာသလဲဆိုသည်ကို ဘယ်သူမှ မသိနိုင်ပါ။

တစ်နည်းအားဖြင့် ဆိုရလျင် စွမ်းရည်များက သူတို့၏ ဖန်သားပြင်အနှံ့မှ ထွက်ပေါ်လာကြခြင်းပင်။

ထို့အပြင် Sun Strike ၏ ခြိမ်းခြောက်နိုင်စွမ်းကြောင့် သူတို့သည် အချိန်တိုင်း အနေရခက်သော နေရာများသို့ ပြောင်းကြရသည်။ သူတို့၏ ကျောပေါ်သို့ တောင်တစ်လုံးစာမျှ ရှိသော ဖိအားများ ကျရောက်လာသည်ဟု ခံစားမိသည်။

Carl တစ်ယောက်တည်းက ကိုးလ်နှင့် သူမအသင်းကို လုံးဝ ဖိနှိပ်နိုင်စွမ်း ရှိနေသည်။ အခြားအရာများကို ဘေးဖယ်ထားလျင်တောင်မှ Carl ၏ သူမတူသော အပြုအမူက ကြောက်စရာ ကောင်းလှသည်။ ပထမဆုံး သူက မြောက်တက်သွားအောင် လုပ်သည်။ ထို့နောက် အေးခဲအောက် လုပ်ပြီး ဘာတိုက်ခိုက်မှုမှ မလုပ်နိုင်ခင် ရှင်းပစ်ပေလိမ့်မည်။ စကားပုံက အလွန်ကို ကြမ်းလွန်းလှသည်။ ယင်းက သူတို့ကို မခံမရပ်နိုင်ဖြစ်စေပြီး အံကြိတ်မိစေသည်။

“အိပ်မက်ဆိုး၊ ဒီလို Carl မျိုးက အိပ်မက်ဆိုးပဲ၊ သူသာ ငါ့ပြိုင်ဘက် ဖြစ်လို့ကတော့ ငါ သေချာပေါက် စိတ်ဓာတ် ကျလောက်တယ်”

“အဲ့လူ ကစားနေတဲ့အချိန်မှာ Carl ရဲ့ စွမ်းရည်က cooldown မရှိဘူးလို့ ငါ ဘာလို့ ခံစားမိနေတာလဲ၊ သူက အချိန်တိုင်း စွမ်းရည်တွေကို ထုတ်သုံးနေသလိုပဲ၊ ရူးချင်စရာ ကောင်းလိုက်တာ”

“တင်ဆက်သူ ငါးယောက် အသင်းဖွဲ့တာတောင် သာမန် ကစားသမားတစ်ယောက်က သူတို့ကို အပီ ကိုင်သွားတယ်၊ မင်းတို့ ဒါကို ယုံနိုင်မလားကွာ”

“သူ့ရဲ့ လက်မြန်နှုန်းက ပြိုင်စံရှားပဲ၊ စွမ်းရည်တွေကို အဲ့ဒီနှုန်းနဲ့ လဲသုံးနေတာ၊ သူ့လက်တွေ သေရာပါ ဒဏ်ရာ ရသွားမှာကို သူ မကြောက်ဖူးလား”

“တစ်ယောက်နဲ့ ငါးယောက် ယှဉ်ချသလိုကို ကောင်းတာ၊ အဲ့လူ တစ်ယောက်တည်းက တင်ဆက်သူ ငါးယောက်လုံးကို သူ့ဘာသာသူ အနိုင်ယူနေတာ၊ ဒါ အိပ်မက်လိုပဲ”

“တင်ဆက်သူတွေရဲ့ အမူအရာတွေကို ကြည့်လိုက်ဦး၊ မည်းမှောင်နေတာပဲ၊ ဝါးဟားဟား …”

ပြိုင်ပွဲရလဒ်က သိသိသာသာ ပြီးဆုံးသွားလေသည်။ ကိုးလ်နှင့် ဝူအာတို့သည် ကစားပွဲပြီးသည်နှင့် ချက်ချင်း ထရပ်၍ ရဲ့လင်းချန်ထံသို့ လှမ်းကြည့်ကြသည်။ သို့သော် ရဲ့လင်းချန်က ခြေတစ်လှမ်း ပိုမြန်နေသည်။ သူသည် သူ့အသင်းကို ဦးဆောင်၍ ထိုင်ခုံများက ထွက်ခွာပြီးနေကာ ထွက်ပေါက်နားသို့ ဦးတည်နေလေပြီ။

လမ်းတစ်လျှောက်တွင် အာလူးလေးနှင့် ကျန်လူများအားလုံးက စကားတစ်ခွန်းမှ မပြောချေ။ သူတို့၏ ဦးနှောက်များက မူးဝေနေဆဲ ဖြစ်ပြီး သူတို့၏ မျက်နှာများက စိတ်လှုပ်ရှားမှုကြောင့် နီရဲနေ၏။ သူတို့၏ စံပြုပုဂ္ဂိုလ်များနှင့် ယှဉ်ပြိုင်သော ပြိုင်ပွဲကို သူတို့ တစ်နည်းနည်းဖြင့် အနိုင်ရခဲ့သည် မဟုတ်ပါလော။

ယင်းက မယုံနိုင်စရာ ကောင်းလွန်းလှသည်။ ယင်းက သူတို့ တစ်သက်လုံး ကြွားနိုင်သည့် အရာတစ်ခုပင်။

ရဲ့လင်းချန်က ခေါင်းငုံ့၍ သူ့ဖုန်းကို ထုတ်လိုက်သည်။ သူသည် အရင်ဆုံး စုန့်ချမ်ထံ စာပို့လိုက်ပြီးနောက် ဝိုင်နတ်ဘုရား၏ ဝေ့ပေါ်အကောင့်၌ ပို့စ်တစ်ခု တင်လိုက်သည်။

[စိတ်မပျက်ပါနဲ့၊ မင်းတို့က အားနည်းလွန်းတာ မဟုတ်ဘူး၊ ငါက သန်မာလွန်းနေတာပါ၊ တကယ်တော့ … ငါ့ Carl က ရှုံးဖို့ မဖြစ်နိုင်ဘူးလေ]

ထို့နောက် သူသည် anime ပွဲကို ဓာတ်ပုံရိုက်၍ ပို့စ်နှင့် တွဲတင်လိုက်သည်။

တစ်ချိန်တည်းမှာပင် အစီအစဉ် တင်ဆက်သူက ဖုန်းအဝင်တစ်ခုကို လက်ခံရရှိလေသည်။ ထို့နောက် ဂိမ်းကို ပြနေသေးသည့် ဖန်သားပြင်က ရုတ်တရက် ဝိုင်နတ်ဘုရား၏ ဝေ့ပေါ်အကောင့်ထဲသို့ ပြောင်းလဲသွားသည်။

၎င်းပေါ်တွင် ရဲ့လင်းချန် နောက်ဆုံး တင်ထားသည့် ပို့စ်ကို အားလုံး မြင်ရရန် ပြသထားလေသည်။

…

All Chapters