ခူအဲ့ကျိုစွမ်းအင်....
Vol. 28 Ch. 379
[ TN/ ခူအဲ့ကျို..(Absinthe)သည် သစ်ပင်၊ပန်းပွင့်ပေါင်းများစွာမှ ထုတ်ယူထားသော အစိမ်းရောင််အရက်တစ်မျိုးဖြစ်သည်။ alchol 50% ပါဝင်ပြီး လူကိုထင်ယောင်ထင်မှားဖြစ်သောအစွမ်းသတ္တိရှိသောကြောင့် 1950 ခုနှစ်မှစ၍ ပြင်သစ်နိုင်ငံတွင် သောက်သုံးခွင့်တားမြစ်ထားသည်]
ဆရာများ ရောက်ရှိလာသည်နှင့်အမျှ ခရမ်းအဆင့်ကျောင်းသားများသည် ရှန်းလိသစ်ပင်နားတွင် အဆင်သင့်ဖြစ်နေကြပြီဖြစ်သည်။
ရှန်းလိသစ်ပင်တွင်ကျင့်ကြံနေကြသော အခြားကျောင်းသားများက ခရမ်းအဆင့်တပည့်များကိုမနာလိုအားကျသောအကြည့်များနှင့်ကြည့်နေကြ၏။
တော်တန်ရုံစိတ်မကူးနိုင်သောအရင်းမြစ်မျိားသုံး၍ကျင့်ကြံရမည်ကို မနာလိုသူမည်သူရှိမည်နည်း။
နာကြည်းနေသော်လည်း ဘာမျှမတတ်နိုင်ကြရှာပေ။ ရှန့်ပိန်းတွေ့ဆုံပွဲ နီးကပ်လာပြီဖြစ်သည့်အတွက် ကျောင်းသားများကို အရင်းမြစ်များရက်ရောစွာပုံအောပေး၍ ပျိုးထောင်ကြရမည်သာ.....
လီလော့ နှင့် အခြားသူများသည် အကြည့်များကြားမှ ရှန်းလိသစ်ပင်၏ထိပ်နားသို့ ရောက်သည်အထိ လျှောက်သွားကြသည်။ တိမ်တွေကိုထိလုမတတ် မြင့်မားသော ရှန်းလိသစ်ပင်ထိပ်ဖျားကနေငုံ့ကြည့်လိုက်သည့်အခါ ထုထည်ကြီးမားသောကောလိပ်တစ်ခုလုံးကိုခပ်ပျပျသာမြင်နေရပြီးအဝေးတွင်ရှိနေသောရှမြို့တော်ကိုလည်းလှမ်းမြင်နေရသည်။
နောက်ဆုံးတွင် ချီချန်းနှင့် အခြားဆရာများ ရပ်တန့်လိုက်ကြသည်။
သစ်ပင်၏ပင်စည်တွင် အစိမ်းရောင်သစ်သားဖြင့်ပြုလုပ်ထားသော တံခါးတစ်ခုရှိပြီး တံခါး၏အလယ်တွင် သဘာဝစွမ်းအင်များကိုစုပ်ယူစုဆောင်းနေသောဝဲဂယက်တစ်ခုရှိနေသည်။
ချီချန်း၊ ရှန်ကျင်းရှောင်နှင့် အခြားသော ခရမ်းအဆင့်နည်းပြဆရာများ အားလုံး ခရမ်းရောင်တံဆိပ်တစ်ခုစီကို ဆွဲထုတ်လိုက်ကြပြီးသစ်သားတံခါးပေါ်သို့ ဖိကပ်လိုက်လေသည်။
တုံ့ပြန်မှုအနေဖြင့် သစ်သားတံခါး တုန်ခါသွားပြီး ဖြည်းညှင်းစွာ ပွင့်လာသည်။
တံခါးနောက်ကွယ်တွင် စိမ်းညို့နေသော ရေကန်တစ်ခုရှိပြီး အပြင်ကနေ ဘာကိုမှမမြင်ရလောက်အောင် တောက်ပနေသည်။
"အထဲဝင်ကြတော့....."
ရှန်ကျင်းရှောင်သည် ခရမ်းရောင်တံဆိပ်ကို သိမ်းဆည်းကာ ကျောင်းသားများကို လောဆော်လိုက်သည်။
ခရမ်းအဆင့် ကျောင်းသားများ ၎င်းတို့၏ သိချင်စိတ်ကို မထိန်းနိုင်ဘဲ စိတ်အားထက်သန်စွာ အထဲဝင်သွားကြသည့်အခါ
အထဲကို ရောက်တာနဲ့ ရုတ်တရက် အပြောင်းအလဲကြောင့် စိတ်ရှုပ်သွားကာ နေရာမှာတင် ရပ်လိုက်ကြသည်။ အထဲဘက်တွင်လည်း အပြင်ဘက်က တံခါးနှင့်ဆင်တူသောတံခါးတစ်ချပ်ရှိနေပြီး ၎င်း၏အနောက်တွင် မြင့်မားသောအစိမ်းရောင်အလင်းတိုင်ကြီးတစ်ခုရှိနေသည်။
ထိုအလင်းတိုင်ကြီးသည် အဆုံးမရှိမြင့်မားနေပြီး အထပ်ပေါင်းများစွာရှိနေသည်။
"ဒါက တမာန်တော်သစ်ခေါင်းပေါက် လား?" လီလော့ အပေါ်ကို စိုက်ကြည့်ရင်း အံ့ဩစွာ ရေရွတ်လိုက်မိသည်။
ချီချန်းက သူ့ကို ခေါင်းညိတ်ပြသည်။
"တက်ပြီး စမ်းကြည့်ချင်လား"
လီလော့က ပြန်မဖြေဘဲ အစိမ်းရောင်အဘင်းတိုင်တစ်ခုဆီလက်လှမ်းလိုက်သည့်အခါ စွမ်အင်များခန္ဓာကိုယ်ထဲသို့စီးဝင်လာသည်ကိုခံစားလိုက်ရသည်။
လီလော့ သူ့ကိုယ်သူ သေသေချာချာ ပြင်ဆင်လိုက်ပြီး ဓါးတိုနှစ်လက်ကို ဆွဲထုတ်လိုက်သည်။ ဤအရာများသည် လက်တလောပိုင်ဆိုင်ထားသည့် ရှေးဟောင်းပစ္စည်းများဖြစ်ပြီးအဆင့်နိမ့် အဖြူရောင်မျက်လုံးထက်ပင်အဆင့်နိမ့်နေသေးသည်။
ထိုအခိုက်အတန့်တွင် အစိမ်းရောင်အလင်းတိုင်ထဲကနေ အမှုန်အမွှားများ စုဝေးလာပြီး လူပုံသဏ္ဍာန်များ တဖြည်းဖြည်း ရုပ်လုံးပေါ်လာခဲ့သည်။
ဝှစ်.....
သူတို့တစ်ဦးစီတွင် သစ်ရွက်စိမ်းရောင်အလင်းတန်းများ တောက်ပနေသည့် သစ်သားလှံတစ်ချောင်းစီ ရှိပြီး လီလော့ကို ရုတ်တရက်တိုက်ခိုက်လိုက်ကြသည်။
ထိုအခါ လီလော့ကလည်း စွမ်းအားများကိုထုတ်ဖော်ပြီး ဓားတိုနှစ်လက်ဖြင့်ရင်ဆိုင်လိုက်လေသည်။
သူတို့အနီးသို့ ချဉ်းကပ်လာသောအခါတွင် ၎င်းတို့သည် လူသားဆန်သောအသွင်အပြင်ရှိသော်လည်း မျက်လုံးနေရာတွင် ဗလာဖြစ်နေသည်ကိုတွေ့မြင်လိုက်ရသည်။ ထိုအချင်းအရာက ထိုသူတို့ကိုပို၍ပင်ကြောက်စရာကောင်းစေသည်။
ဝှစ်....ဝှစ်....
ရေအစွန်အဖျားပညာရပ်သုံးထားသာဓားတိုနှစ်လက်က ထိုသူတို့၏လည်တိုင်ကို သေသပ်စွာဖြတ်တောက်သွားလေပြီ။
ထို့နောက် လီလော့ ဓားများကိုပြန်သိမ်းလိုက်ပြီးသေချာ သုံးသပ်ကြည့်သည့်အခါ ထိုလူရုပ်များသည် ခွန်အားအသင့်အတင့်ရှိသော်လည်း ချိန်းခြောက်နိုင်သည်အထိတော့မဟုတ်သေးပေ။
လီလော့ က သူတို့ကို ခေါင်းဖြတ်လိုက်သည်နှင့်အမျှ အစိမ်းရောင်အရုပ်များသည် လေထဲတွင် လွင့်ပျံလာသော စိမ်းလန်းသော အခိုးအငွေ့များအဖြစ် လီလော့ဆီသို့ ရောက်ရှိသွားသည်။
"သူတို့ကို စုပ်ယူလိုက်ပါ.."
သူ အဝေးကို ထွက်သွားဖို့ ပြင်ဆင်ထားပေမယ့် ချီချန်းရဲ့အော်သံက သူ့ကို ရပ်တန့်စေခဲ့သည်။စိမ်းလန်းသော အခိုးအငွေ့များကို သံသယဖြင့် ကြည့်လိုက်တော့ သူ့ဆီတိုးဝင်လာသည်ကိုမြင်နေရသည်။
ထိုအငွေ့များ သူ့ခန္ဓာကိုယ်ကို ထိလိုက်သည်နှင့် လျှင်မြန်စွာ စိမ့်ဝင်လာသည်။
စိမ့်ဝင်လာသော အခိုးအငွေ့များသည် အေးမြသန့်စင်သောစွမ်းအင်များအဖြစ်ခန္ဓာကိုယ်အနှံ့စီးဆင်းနေပြီး ပဲ့တင်ထပ်သံနန်းတော်နှစ်ခုဆီမှ မျိုးစေ့နှစ်ခုကလည်း လွယ်ကူစွာစုပ်ယူနေကြသည်။
၎င်းကို လုပ်ဆောင်ရန် အားထုတ်မှုပင် မလိုအပ်ခဲ့ပေ။
အစိမ်းရောင် မြူခိုးတွေကို စုပ်ယူလိုက်တဲ့အခါ သူ့ရဲ့ သစ်သားပဲ့တင်ထပ်သံ နည်းနည်း ပိုအသက်ဝင်လာသလိုခံစားနေရပြီး ထိုခံစားချက်က ဝိညာဉ်ရည်ကိုသောက်လိုက်ရသလိုပင်... ထူးခြားသော အမှုန်အမွှားများသည် သူ၏ပဲ့တင်ထပ်သံမျိုးစေ့များအတွင်း ကောင်းစွာ ရောနှောသွားရုံသာမက၊ ၎င်းသည် ပဲ့တင်ထပ်သံ စွမ်းအားကို ဝိညာဉ်ရည်များနှင့် သန့်စင်အလင်းများကဲ့သို့ပင် အားကောင်းစေနိုင်သည်။
ဒါက မယုံနိုင်လောက်စရာ အကျိုးသက်ရောက်မှုရှိခဲ့တာ သေချာပါသည်။
လီလော့၏ မျက်လုံးများသည် အံ့သြမှုများဖြင့် တောက်ပလာသည်။
"ဒီအရာတွေကို ခူအဲ့ကျိုရုပ်သေးလို့ ခေါ်တယ်... ဒါတွေကို တမာန်တော်သစ်ခေါင်းပေါက်မှာရှိတဲ့ လျှို့ဝှက်ဆန်းကြယ်တဲ့စွမ်းအင်ကနေ ဖန်တီးထားတာ....အလွှာပိုမြင့်
လေ၊ ခူအဲ့ကျိုရုပ်သေးတွေ ပိုအားကောင်းလေပဲ.... သူတို့ကို အနိုင်ယူနိုင်သရွေ့တော့ သူတို့ဟာ ခူအဲ့ကျို စွမ်းအင်အဖြစ် ပြောင်းလဲသွားလိမ့်မယ်.... “
"ခူအဲ့ကျိုစွမ်းအင်က မယုံနိုင်လောက်အောင် သန့်စင်တယ် ဒါ့ကြောင့် ကိုယ်ပိုင်ပဲ့တင်ထပ်သံစွမ်းအားတွေနဲ့အလွယ်တကူရောနှောသွားနိုင်တယ်.... ပြီးတော့ပိုပြီးတော့လည်း အခြေခိုင်စေတယ်..မင်းရဲ့ပဲ့တင်ထပ်သံကိုလည်း မြှင့်တင်ပေးနိုင်တယ်..."
ချီချန်းက လီလော့ကိုသာရှင်းပြနေသော်လည်း ထိုစကားများကိုကျန်သည့်ခရမ်းအဆင့်ကျောင်းသားများကလည်း ကြားနေရသည့်အတွက်အံ့အားသင့်စွာ ခေါင်းညိတ်လိုက်ကြသည်။
ပုံမှန်အားဖြင့်၊ ပတ်ဝန်းကျင်မှ စုပ်ယူနိုင်သော စွမ်းအင်သည် အရည်အသွေးအပေါ်မူတည်ပြီး စုပ်ယူရာတွင်လည်း အကန့်အသတ်ရှိသေးသည်။သို့သော် ခူအဲ့ကျိူစွမ်းအင်သည် ၎င်းတို့ထက်များစွာသာလွန်နေသည်။
လီလော့လို ပဲ့တင်ထပ်သံတုပခြင်းပညာရပ်သုံးထားသူအဖို့ ဒါဟာ မယုံနိုင်လောက်စရာပင်... ယင်းမတိုင်မီက ဝိဉာဉ်ရည်များ၏ အကျိုးသက်ရောက်မှုကိုသာ ထူးခြားသည်ဟု ထင်မှတ်ထားကြသည်။သို့သော်၊ ဝိညာဉ်ရည်များနှင့် သန့်စင်သောအလင်းများသည် စျေးကြီးသောအရာများဖြစ်ပြီး ပိုမိုအားကောင်းလာစေရန် ရေရှည်တည်တံ့သောနည်းလမ်းမဟုတ်ပေ။ ဤနေရာတွင် သက်ရောက်မှုများ အားနည်းနိုင်သော်လည်း အကျိုးရလဒ်ကတော့အံ့မခမ်းလောက်စရာပင်....
လီလော့ ကျေနပ်စွာ သက်ပြင်းချလိုက်သည်။ ဤနေရာကို အများအားဖြင့် ကန့်သတ်ထားသည်ကို အံ့သြနေစရာမလိုတော့ပေ။
" ခူအဲ့ကျိုစွမ်းအင်တွေက မှော်ဆန်ပေမယ့် နေ့စဉ် ကန့်သတ်ချက်တွေရှိတယ် ခန်းမတွေအလိုက် ပိုင်ခြားလိုက်တဲ့အခါ ကြယ်တစ်ပွင့်ခန်းမ ကျောင်းသားတွေအတွက် သီးသန့် ပမာဏက ပိုလို့တောင် နည်းပါးသွားသေးတယ်..... အကယ်၍ ခူအဲ့ကျို စွမ်းအင်ကို ပိုလိုချင်တယ်ဆို အဖွဲ့လိုက်ပူးပေါင်းပြီးအမြင့်ကိုတက်နိုင်သမျှတက်ရမယ်...."
"ဒီထက်ရှင်းအောင်ပြောရမယ်ဆို အမြင့်ဆုံးရောက်တဲ့ ဘယ်အဖွဲ့ကိုမဆို နေ့စဥ်သုံးနိုင်တဲ့ ခူအဲ့ကျို စွမ်းအင်ပမာဏရနိုင်တယ်...."
ခရမ်းအဆင့် အဖွဲ့ငါးဖွဲ့က ရှန်ကျင်းရှောင်ကို
ထိတ်လန့်တကြားကြည့်နေကြသည်။
ဆိုလိုချင်တာက... သူတို့တွေအတွက် များများရလေလေ တခြားအသင်းတွေအတွက် နည်းပါးလေလေပါပဲ။
ဒီလို အမြင့်ဆုံးအဆင့်မှာတောင် ပြိုင်ဆိုင်မှုတွေ ရှိနေတုန်းပါပဲ။
ရှန်ကျင်းရှောင် သည် ခမ်းနားသော အမူအရာဖြင့် ဝတ်ရုံလက်စများကို ဝှေ့ယမ်းလိုက်သည်။
"ကဲ...ရှင်းပြသင့်တာတွေရှင်းပြပြီးဆိုတော့အားလုံးအဆင်သင့်ဖြစ်ရင် မင်းတို့ရဲ့ အထူးလေ့ကျင့်ရေးက အခုစနေပြီ....."
***