← Chapters

အထူးလေ့ကျင့်ရေးစတင်ပြီ....

Vol. 28 Ch. 380

အထူးလေ့ကျင့်ရေးစတင်ပြီ....

Vol. 28 Ch. 380

တမာန်တော်သစ်ခေါင်းပေါက်အတွင်းတွင် အလွှာပေါင်းများစွာမှ အစိမ်းရောင် မြူမှုန်များ လွင့်ပျံကာညင်သာစွာ ဝေ့ဝဲနေသည်။

လီလော့၏ ဓားတိုများသည် ရေအစွန်ဖျားပညာရပ်နှင့် တွဲလျက် လေထဲတွင် အပြင်းအထန် လှုပ်ရှားနေ၏။

စိမ်းမြသော အခိုးအငွေ့များမှတစ်ဆင့် လူတစ်ဒါဇင်သည် သူ့ဆီသို့ ခုန်ဆင်းလာပြီး သူ့ပတ်ဝန်းကျင်သို့ ဆင်းသက်လာသည်။ သူတို့ရဲ့ အစိမ်းရောင် လှံတွေက သူ့ရဲ့ အရေးကြီးတဲ့နေရာတွေကို တိုက်ခိုက်ဖို့တိုးဝင်နေကြသည်။

လီလော့သည် သူ့အဖွဲ့ထဲမှ ခြေတစ်လှမ်းတိုးထွက်လာပြီး ရုတ်တရက် မတူညီသောလှုပ်ရှားမှုများဖြင့် ခူအဲ့ကျို ရုပ်သေးများဆီသို့ ခုန်ထွက်လာသည်။

ထိုရုပ်သေးများတွင် အခြေခံအသိဥာဏ်သာရှိပြီး လူသားတစ်ယောက်လိုမတွေးခေါ်နိုင်ကြပေ။

လီလော့၏ပုံရိပ်များကို လှံချက်များဖြတ်ကျော်သွားချိန်တွင် ရုပ်သေးရုပ်နှစ်ရုပ်၏လည်တိုင်ကို ဓားတိုနှစ်လက်က ဖြတ်တောက်သွားခဲ့ပြန်သည်။

ရွှစ်.....

လီလော့၏ဓားတိုနှစ်လက်သည် အပြာရောင်၊အစိမ်းရောင်တို့ဖြင့်တောက်ပနေပြီး အဖွဲ့ထဲတွင် အသန်မာဆုံးလည်း မမှားနိုင်ပေ။

လေ့ကျင့်သားဝနေသော ဓားချက်များက ခူအဲ့ကျို ရုပ်သေးရုပ်များကို ကျွမ်းကျင်စွာ ဖြတ်တောက်ပစ်လိုက်သည်။

ကျန်ရှိနေသေးသေယရုပ်သေးရုပ်များသည် ငြိမ်သက်နေသောလီလော့ဆီသို့ လက်နက်ကိုယ်စီဖြင့်တိုးဝင်လာကြပြန်သည်။သို့သော် ...၎င်းတို့ကို အမှောင်ရိပ်ထဲတွင်ပနြ်းအောင်းနေသောအရိပ်တစ်ခုက ဓားမြှောင်တစ်လက်ဖြင်လွယ်ကူစွာပိုင်းဖြတ်လိုက်သည့်အခါခူအဲ့ကျိုရုပ်သေးရုပ်များ ရှေ့သို့ လဲကျသွားသည်။

လီလော့၏ ဓားသွားသည် ဟန်ချက်မညီသော ရန်သူများကို ခုတ်ထစ်လိုက်သည်။

သူ၏ ဓားသွားများ ရပ်တန့်သွားသောအခါတွင် ကြမ်းပြင်ပေါ်တွင် ရုပ်သေးရုပ်သုံးခုသည်အခိုးအငွေ့များအဖြစ်စတင်ပြောင်းလဲနေပြီဖြစ်သည်။

ရှင်းဖူသည် အမှောင်စွမ်းအင်နှင့် ရွှဲစိုနေသော သူ့ကိုယ်ပိုင်ဓားမြှောင်တိုလေးကို ကိုင်ထားလျှက် လီလော့ နောက်တွင် ပေါ်လာသည်။ သူ၏ အနက်ရောင် ပဲ့တင်ထပ်သံစွမ်းအားသည် ဓားမြှောင်ပေါ်တွင် ညှင်သာစွာစီးဆင်းနေဆဲဖြစ်သည်။

သူတို့သည် ခူအဲ့ကျို ရုပ်သေးငါးကောင်ကို သုတ်သင်ခဲ့သော်လည်း လီလော့နှင့် ရှင်းဖူ တို့ ဇွဲမလျှော့နိုင်သေးပေ။ တိုက်ခိုက်ရန် အကောင်ရေ တစ်ဒါဇင်ခန့်ကျန်ရှိနေသေးသည်။

"မျန်မျန်....."

လီလော့ လှမ်းအော်လိုက်သည့်အခါ ကြယ်အလင်းတန်းများသည် သူတို့၏ဦးခေါင်းထက်သို့ လွှင့်ပျံလာပြီး ၎င်းတို့၏ ကောက်ကြောင်းများသည် တွန့်လိမ်လာကာ ခူအဲ့ကျိုရုပ်သေးများနှင့်ရင်ဆိုင်မည့် ပုံရိပ်ယောင်များစတင်ဖြစ်ပေါ်လာသည်။

"တိုက်မယ်....."

လီလော့နှင့် ရှင်းဖူတို့ တဟုန်ထိုး အော်ဟစ်လိုက်ကြသည်။

လီလော့နှင့် ရှင်းဖူတို့သည် ပုံရိပ်ယောင်များနှင့်ရောနှောကာ ရုပ်သေးရုပ်များကို တလစပ်တိုက်ခိုက်ခဲ့ကြသည်။

နောက်ဆုံး ခူအဲ့ကျို ရုပ်သေးရုပ်ပြုတ်ကျသည်အထိ ဓားတိုနှင့် ဓားမြှောင်တို့သည် ပြီးပြည့်စုံသော ပေါင်းစပ်မှုဖြင့် အတွဲညီစွာပူးပေါင်းခဲ့ကြသည်။

နောက်ဆုံးရုပ်သေးရုပ် လဲကျသွားသည်နှင့် ကောင်လေးနှစ်ယောက်သည်လည်း သက်တောင့်သက်သာရှိစွာ ကြမ်းပြင်ပေါ်သို့ လဲကျသွားပြီး နဖူးမှချွေးများကို သုတ်လိုက်ကြသည်။ သူတို့၏ မျက်နှာများသည် ပင်ပန်းနွမ်းနယ်မှုကြောင့် မှုန်ကုပ်နေသည်။

ပိုင်မျန်မျန် က စိုးရိမ်တကြီး ထိုင်ချလိုက်ပြီး....

"တစ်နေ့တာပြီးဆုံးသွားပြီလား...."

လီလော့ကခက်သွက်သွက်ခေါင်းခါလိုက်ပြီး.....

"ငါတို့ ကန့်သတ်ချက်တောင် မပြည့်သေးဘူး... ငါတို့က အခုမှ 19 ဆင့်ပဲ ရှိသေးတတာ... နောက်တစ်ဆင့်ဆို အထူးအဆင့်ကိုရောက်ပြီ....အဲ့ကရမယ့်ဆုလာဘ်တွေကိုမြည်းစမ်းကြည့်ဖို့မစောင့်နိုင်တော့ဘူး..."

ဤသည်မှာ တမာန်တော်သစ်ခေါင်းပေါက်အတွင်းရောက်ရှိနေသည့် စတုတ္ထမြောက်နေ့ဖြစ်သည်။ သူတို့သည် နေ့ရက်တိုင်း၊ အထပ်မြင့်သို့တက်နိုင်ရန် အစွမ်းကုန်ကြိုးစားခဲ့ရသည်။

အဆင့် 19 သည် ပြီးခဲ့သည့် လေးရက်အတွင်း ၎င်းတို့ရောက်ရှိခဲ့သည့်အထပ်အရေအတွက်ဖြစ်သည်။

လီလော့ ညာဘက်ခြမ်းကို တစ်ချက်ကြည့်လိုက်သည်။ အခြား ခရမ်းအဆင့် အဖွဲ့လေးအဖွဲ့ အပြင်းထန်ဆုံး တိုက်ခိုက်နေတာကိုတွေ့မြင်နေရသည်။

ပထမနေ့တွင် ဝမ်ဟေးကျူနှင့် ဒူဇီပိုင်ရွှမ်း ၏အဖွဲ့က ထိပ်ဆုံးတွင်ရပ်တည်နိုင်ခဲ့ကြသည်။ ၎င်းတို့သည် ပုံသဏ္ဍာန်ဖွဲ့စည်းခြင်း စတုတ္ထအဆင့်နှစ်ယောက်ရှိသည့် တစ်ခုတည်းသောအဖွဲ့ဖြစ်သည်။ လီလော့နှင့် ချင်ဇူလုတို့သည် ပဉ္စမအဆင့်များဖြစ်ကြသော်လည်း ၎င်းတို့၏အဖွဲ့များသည် အနည်းငယ်နောက်ကျကျန်နေခဲ့သည်။

ပထမနေ့တွင်၊ ဝမ်ဟေးကျူ ၏အဖွဲ့သည် ​ခြောက်လွှာအထိတက်ရောက်နိူင်ခဲ့ကြသည်။

လီလော့ နှင့် ချင်ဇူလုတို့သည် ငါးလွှာအထိသာတက်ရောက်နိုင်ခဲ့ကြပြီး ပိုင်တုတုနှင့် ရိလီရှတို့ကတော့ စတုတ္ထအလွှာအထိသာ ရောက်ရှိခဲ့သည်။

သို့တိုင် ဦးဆောင်မှုမှာ တိုတောင်းလှသည်။ လီလော့နှင့် ချင်ဇူလုတို့သည် အရှိန်ရလာပြီဖြစ်သဖြင့် ဝမ်ဟေးကျူတို့ကိုနောက်ကောက်ချန်နိုင်ခဲ့ပြီဖြစ်သည်။

လောလောဆယ်မှာ လီလော့နဲ့ချင်ဇူလုတို့နှစ်ဖွဲ့သာ 19လွှာထိ ရောက်နေခဲ့ပြီး ဝမ်ဟေးကျူ သည် 17 လွှာတွင်ရှိနေကာ ပိုင်တုတုနှင့် ရိလီရှတို့သည် 16လွှာတွင်ကျန်ရစ်ခဲ့ကြသည်။

လီလော့နှင့်ချင်ဇူလုတို့သည် ရွှေနဂါးတာအိုနယ်မြေထဲတွင် အရိုးကျိုးလုမတတ်ကြိုးစားခဲ့သောကြောင့် အခုလို ကျင့်ကြံမှုအဆင့်မြင့်မားလာနိုင်ခဲ့ခြင်းဖြစ်သည်။

လီလော့ ပြောခဲ့သည့် အထူးအဆင့်ဆိုသည်မှာ အဆင့် 10 တိုင်း တစ်ကြိမ်ပေါ်လာသည့်အဆင့်ဖြစ်သည်။ထိုအဆင့်တွင် ခူအဲ့ကျို စွမ်းအင် အထူးသိပ်သည်းပြီး အလွန်အားကောင်းသော ရုပ်သေးရုပ် တစ်ရုပ်အဖြစ် ပေါင်းစပ်သွားမည်ဖြစ်သည်။ ထိုရုပ်သေးရုပ်ကို အနိုင်ယူပြီးမှသာ သူတို့ ဆက်လျှောက်နိုင်မှာ ဖြစ်ပြီး၊ သေချာတာကတော့ ၎င်းကို ဖြုတ်ချခြင်းက ခူအဲ့ကျို စွမ်းအင်ကို ကြီးမားစွာ မြှင့်တင်ပေးပါလိမ့်မည်။

ရှားပါးသောအခွင့်အရေးကိုမည်သူလက်လွတ်ခံနိုင်မည်နည်း.....

အဆင့် 10တွင် ရင်ဆိုင်ခဲ့ရသော ရုပ်သေးရုပ်က ပုံသဏ္ဍာန်ပြောင်းလဲခြင်း ပထမအဆင့်ဖြစ်သည့်အတွက် အဆင့် 20 တွင် ဒီ့ထက်အားကောင်းသူနှင့်သာ ကြုံတွေ့ရလိမ့်မည်။

တစ်နေကုန်တိုက်ခိုက်ပြီးနောက် ပိုင်မျန်မျန်နှင့် ပင်မတိုက်ခိုက်ရေးသမားများဖြစ်သော လီလော့နှင့် ရှင်းဖူတို့ပင် ပင်ပန်းနွမ်းနယ်နေကြပြီဖြစ်သည်။

သို့ပေမယ့် သူတို့တွင် တခြားရွေးချယ်စရာ မရှိခဲ့ပေ။ ခူအဲ့ကျို စွမ်းအင်ပမာဏသည် နေ့စဉ် အကန့်အသတ်ရှိသည်။ လွန်ခဲ့သည့် ရက်အနည်းငယ်အတွင်း လီလော့နှင့် အခြားသူများသည် ၎င်းကို အကန့်အသတ်ဖြင့်သာခွဲဝေယူခဲ့ရသည်။အဆင့် 20 ကိုကျော်ဖြတ်နိုင်မှသာ အပြည့်အဝရရှိနိုင်လိမ့်မည်။

အကယ်၍ သူတို့ ဤနေရာတွင် ရပ်တန့်လိုက်​ပါက ချင်ဇူလုဘက်မှ ကျော်တက်သွားမည်ဖြစ်သည်။ ယောက်ျားလေးများသည် ပြိုင်ဆိုင်မှုများကို အမြဲတစေနှစ်ချိုက်တတ်ကြပြီး ချင်ဇူလုကလည်း အလွယ်တကူအနိုင်ရမည်ကိုလိုလားမည့်သူမဟုတ်ပေ။

"ဒီနေ့ရင်ဆိုင်ရမယ့် ပြဿနာတွေကို ဒီနေ့ပဲ ဖြေရှင်းမယ်... ဒါမှ မနက်ဖြန်မှာ ကြုံလာမယ့်ပြသာနာတွေကို အေးအေးဆေးဆေး ဖြေရှင်းနိုင်မှာ...."

လီလော့က မတ်တပ်ထရပ်လိုက်ပြီး မြူခိုးများ ဖြစ်ပေါ်လာသည့် လှေကားထစ်တစ်ခုရှိရာဆီသို့ လှည့်ကြည့်လိုက်သည်။ထို့နောက် သူ့အဖွဲ့ကို အချက်ပြလိုက်ပြီး လှေခါးအတက်လမ်းကို ဦးဆောင်တက်လှမ်းသွားခဲ့သည်။

ပိုင်မျန်မျန် နှင့် ရှင်းဖူတို့က နောက်ကလိုက်သွားကြသည်။

ချီချန်း၊ ရှန်ကျင်းရှောင်နှင့် အခြားသော ခရမ်းအဆင့်ဆရာများက သူတို့ကို အမြင့်မှ ကြည့်နေကြသည်။

"လီလော့တို့အဖွဲ့ အဆင့် 20 ကို ပထမဆုံး စိန်ခေါ်မယ့်လို ဘယ်သူထင်မိမှာလဲ" လို့ ထိပ်ပြောင်တဲ့ ဆရာမီအာက ရွှင်မြူးစွာ ပြောလိုက်သည်။

"သူက ကျောင်းစတက်တုန်းကနဲ့ လုံးဝကို မတူတော့ဘူး.... ချင်ဇူလုတောင် သူ့ကိုအမှီလိုက်နိုင်ဖို့မလွယ်တော့ဘူး.... "

ချောင်ရှန်း ကလည်း မှတ်ချက်ပေးလိုက်သည်။

"ပဲ့တင်ထပ်သံနှစ်ခုရှိတာက အခုအချိန်မှာ အပြည့်အဝအသုံးဝင်လာပြီပဲ..."

ချူဇီက သဘောကျစွာ ခေါင်းညိတ်လိုက်သည်။

"အခုကစပြီး တစ်လအတွင်း ကြယ်တစ်ပွင့်ခန်းမ ကိုယ်စားလှယ်ကို လီလော့နဲ့ချင်ဇူလုတို့နှစ်ယောက်ထဲက တစ်ယောက်ပဲရမယ်ဆိုတာသေချာနေပြီ....."

ချီချန်း က သူ့တပည့်တွေကို ကြည့်နေချိန်မှာ နူးညံ့တဲ့အကြည့်နဲ့ သဘောကျနေပေမယ့် သူတို့ရဲ့ ချီးကျူးသံတွေကို တိတ်တဆိတ်သာနားထောင်ခဲ့သည်။

"ပထမဆုံး စိန်ခေါ်သူမို့ ပထမဆုံး ကျော်ဖြတ်နိုင်မယ်လို့မသတ်မှတ်ထားဘူးမဟုတ်လား..."

ရှန်ကျင်းရှောင် က တင်းမာစွာပြောသည်။

"ပြီးတော့ အဆင့် 10မှာတုန်းကတောင်ခက်ခက်ခဲခဲတိုက်ခဲ့ရတာ အဆင့် 20 မှာဒီ့ထက်ပိုခက်ခဲလာနိုင်တယ်လေ....."

အခြား ခရမ်းအဆင့် လမ်းညွှန်ဆရာများက ၎င်းတို့၏အခက်အခဲကို အသိအမှတ်ပြုကြောင်း ထုတ်ဖော်ပြောဆိုခဲ့သည်။ ချီချန်းကသာ တိတ်ဆိတ်နေပြီး အဆင့် 20 သို့ တက်နေသည့် သုံးယောက်ကို မျက်တောင်မခတ်ဘဲစိုက်ကြည့်နေခဲ့သည်။

ရှင်းနိုင်သည်ဖြစ်စေ မရှင်းနိုင်သည်ဖြစ်စေ... အားလုံးစောင့်ကြည့်ရပေတော့မည်။

***

All Chapters