← Chapters

အဆင့် ၂၀၏ခက်ခဲမှုများ....

Vol. 28 Ch. 381

အဆင့် ၂၀၏ခက်ခဲမှုများ....

Vol. 28 Ch. 381

သုံးယောက်သား အဆင့် 20 သို့ရောက်သာ့်အခါ အစိမ်းရောင် မြူမှုန်များသည် ချက်ချင်းပင် စတင်ရွေ့လျားလာကာ ခဏအကြာတွင် မှုန်ဝါးဝါး အစုအဝေးထဲမှ ပုံရိပ်တစ်ခု ထွက်လာခဲ့သည်။

သူတို့သည် ထိုရုပ်သေးရုပ်ကို သတိနှင့်ကြည့်နေကြသည်။

ဒါက သူတို့ကြုံတွေ့ခဲ့ရတဲ့ တခြာ ခူအဲ့ကျို အရုပ်တွေနဲ့ မတူပေ။၎င်းကိုယ်ပေါ်တွင် အစိမ်းရောင် သစ်သားချပ်ဝတ်တန်ဆာ အလွှာတစ်ခု ရှိပြီး လျှို့ဝှက်ဆန်းကြယ်သော အားဖြည့်မှုမျိုးဖြင့် တောက်ပနေသည်။ သစ်သားလှံပေါ်တွင်လည်း ချပ်ဝတ်နှင့် တူညီသောအငွေ့အသက်များရှိနေသည်။

၎င်းသည် အဆင့်မြင့် ခူအဲ့ကျို ရုပ်သေးရုပ်ဖြစ်ပြီး ၎င်းထံမှ တိုက်ပွဲ၏ဖိအားကို ခံစားရနိုင်သည်။ ၎င်းသည် အခြားသောရုပ်သေးရုပ်များနှင့် နှိုင်းယှဉ်ပါက ပို၍ ကြောက်စရာကောင်းသော ပြိုင်ဘက်ဖြစ်သည်။

"ပုံသဏ္ဍာန်ပြောင်းလဲခြင်း ဒုတိယအဆင့်နဲ့တူတယ်..."

လီလော့သည် ရုပ်သေးတစ်ဝိုက်ရှိ စွမ်းအင်စီးဆင်းမှုကို အကဲဖြတ်ရင်း မျက်လုံးများ ကျဉ်းမြောင်းသွားကာ ငြိမ်သက်စွာ မှတ်ချက်ချခဲ့သည်။

ရှင်းဖူနှင့် ပိုင်မျန်မျန်တို့ နှစ်ယောက်စလုံး အနည်းငယ် လန့်ဖျပ်သွားကြသည်။ သူတို့ မှန်းဆထားပေမယ့် ကွာဟမှုက အလွန်ကြောက်စရာကောင်းနေဆဲပင်....

"ဝူးးးး တတိယအဆင့်မဟုတ်တာ ကံကောင်းတယ်...."

လီလော့ က ဝမ်းသာအားရ သက်ပြင်းချလိုက်သည်။ သူ့အသင်းဖော်တွေကတော့ သူ့ကို စိုက်ကြည့်နေ၏။

“ခေါင်းဆောင် မြန်မြန်လက်စသတ်လိုက်ရအောင်.... ဒီအတိုင်းသာဆို ခဏလေးနဲ့ကျော်ဖြတ်နိုင်မယ်လို့ယုံကြည်တယ်...."

ရှင်ဖူက သူ့ကို တိုက်တွန်းလိုက်သည်။

"ခေါင်းဆောင်... ငါတို့တွေ အန္တရာယ်ကြုံတိုင်း နင့်ကြောင့်အမြဲတမ်း လုံခြုံခဲ့ရတယ်..."

ပိုင်မျန်မျန်ကလည်း အားတက်သရော ထောက်ခံနေလေ၏။

လီလော့က ဘာမှမဟုတ်သည့်အနေဖြင့် လက်ခါပြလိုက်သည်။

သူသည် ရွှေနဂါးတာအိုနယ်မြေတွင် ပုံသဏ္ဍာန်ပြောင်းလဲခြင်းအဆင့်ပြိုင်ဘက်များနှင့် ရင်ဆိုင်ခဲ့ရသည်။ ကျောက်ဇီယန်နှင့်ကုယင်းတို့ နှစ်ယောက်စလုံးသည် ခူအဲ့ကျို ရုပ်သေးကဲ့သို့ပင် သန်မာသော ပုံသဏ္ဍာန်ပြောင်းလဲခြင်း ဒုတိယအဆင့်​ဖြစ်ခဲ့သည်။ သို့သော် ထိုအချိန်က သူသည် ပုံသဏ္ဍာန်ဖွဲ့စည်းခြင်း တတိယအဆင့်သာဖြစ်ခဲ့ပြီး အချို့သော ခုခံမှုနှင့် ခြိမ်းခြောက်မှုတို့ကို ဆောင်ရွက်နိုင်နေပြီဖြစ်သည်။

ယခု သူသည် ပဉ္စမအဆင့် ဖြစ်နေခဲ့ပြီ....ခွန်အားတွေ တိုးလာတာက သူအရင်ကလို ပေါ့ပေါ့ပါးပါး မနေနိုင်အောင်တွန်းအားပေးနေသလိုပင်.....

အမှန်မှာ၊ သူသည် ပုံသဏ္ဍာန်ပြောင်းလဲခြင်း ဒုတိယအဆင့်ကို ဆန့်ကျင်၍ မိမိကိုယ်ကို စမ်းသပ်ရန်စိတ်စောနေမိသည်။

ဘယ်လိုရလဒ်တွေ ဖြစ်လာနိုင်မလဲ.....

သူ့ရှေ့က အဆင့်မြင့်ရုပ်သေးရုပ်က ဉာဏ်ရည်မမီတဲ့ ရုပ်သေးရုပ်တစ်ရုပ်ဆိုရင်တောင် လုံလောက်တဲ့ ပစ်မှတ်ဖြစ်နေဆဲပင်....

"ခေါင်းဆောင်၊ အဆင့် 20ရဲ့ အဆင့်မြင့်ရုပ်သေးရုပ်က ဒီအဆင့်ပဲဆို ငါတို့တွေရွှေအိုးပိုက်မိပြီပေါ့နော်......"

ရှင်းဖူက ဝမ်းသာအားရ အော်လိုက်သည်။ လီလော့ကလည်း သဘောတူလက်ခံခဲ့သည်။ ၎င်းတို့ သုံးဦးအတွက် ပုံသဏ္ဍာန်ပြောင်းလဲခြင်း ဒုတိယအဆင့်ကို ဆန့်ကျင်ရန် မခက်ခဲပေ။ သို့သော် နောက်ပိုင်းတွင် အဆင့်မြင့် ခူအဲ့ကျို ရုပ်သေး၏နောက်ကွယ်တွင် မြူခိုးများကျန်နေသေးကြောင်း သတိပြုမိလိုက်သည်။မြူခိုးများ မှိန်ဖျော့လာသည်နှင့်အမျှ ရှေ့သို့ လျှောက်လှမ်းနေသော နောက်ထပ်ရုပ်ပုံအချို့ကို မြင်လိုက်ရသည်။

ရှင်းဖူ၏အမူအရာမှာ အေးခဲသွားသည်။

နောက်ထပ် ခြောက်ခု.... ၎င်းတို့သည် အဆင့်မြင့်သည့် ခူအဲ့ကျို ရုပ်သေးရုပ်ကဲ့သို့ မပြင်းထန်သော်လည်း ထိုခြောက်ခု၏ခေါင်းဆောင်မှာ ပုံသဏ္ဍာန်ပြောင်းလဲခြင်း ပထမအဆင့်ဖြစ်ပြီး ကျန်ငါးခုမှာ ပုံသဏ္ဍာန်ဖွဲ့စည်းခြင်း တတိယအဆင့် သို့မဟုတ် စတုတ္ထအဆင့်ဖြစ်သည်။

"ရွှေအိုးမဟုတ်ဘူး....ချီးအိုးတွေကွ......"

လီလော့က ရှင်းဖူကိုကြည့်ပြီး ဒေါသတကြီးရေရွတ်လိုက်လေသည်။

ရှင်းဖူသည်လည်းမျက်ရည်ဝဲနေရှာသည ဤအဆင့် 20 သည် ကြီးမားသော ခက်ခဲတစ်ခုဖြစ်သည်။ အနိုင်ယူဖို့သေချာပြင်ဆင်ပြီးကာမှ ရုပ်သေးရုပ်များက အဖော်အပေါင်းနှင့်အုံလိုက်ကျင်းလိုက်ရောက်လာခဲ့လေပြီ။

အဆင့်မြင့် ခူအဲ့ကျို ရုပ်သေးရုပ်က သူတို့ကို ပူဆွေးနေဖို့ အချိန်သိပ်မပေးခဲ့ပေ။

ခပ်တိုးတိုး ဟိန်းဟောက်သံတစ်ခုဖြင့် အစိမ်းရောင်လှံကို ရှေ့သို့ ပစ်လွှတ်လိုက်လေသည်။

အဆင့်မြင့်ရုပ်သေးရုပ် လှုပ်ရှားလိုက်သည်နှင့် ကျန်သည့် ရုပ်သေးရုပ်ခြောက်ရုပ်ကလည်းစတင်လှုပ်ရှားလာပြီဖြစ်သည်။

ရွှစ်.....

လီလော့က ဓားတိုများသည် ဆွဲထုတ်ကာ.....

"အခြေအနေ ပြောင်းသွားပြီ....ဒုတ်ယအစီအစဉ်အတိုင်း ထေလိုက်လျောညီထွေ လှုပ်ရှားကြတော့......"

သူသည် ညာဘက်သို့ အမြန်လှမ်းလိုက်ကာ ရှင်းဖူ နှင့် ပိုင်မျန်မျန်တို့နှင့် လူစုခွဲလိုက်သည်။

အဆင့်မြင့် ခူအဲ့ကျို ရုပ်သေးသည် မဆိုင်းမတွဘဲ လီလော့ဆီသို့ဉီးတည်ရွေ့လျားလာသည်။

ပုံသဏ္ဍာန်ပြောင်းလဲခြင်း ပထမအဆင့်ရုပ်သေးနှင့် ၎င်း၏နောက်လိုက်များသည် ရှင်းဖူနှင့်ပိုင်မျန်မျန်ဆီသို့ ဉီးတည်နေကြသည်။

လီလော့က ရှင်းဖူနဲ့ ပိုင်မျန်မျန်တို့ရဲ့ အခြေအနေကို စိတ်ပူမနေခဲ့ပေ။ ၎င်းတို့သည် အနည်းငယ် အားနည်းသော်လည်း အားသာချက်များကိုသုံးပြီးအချိန်အတော်ကြာတိုက်ခိုက်ကြလိမ့်မည်။ထိုအချိန်တွင်း အဆင့်မြင့်ရုပ်သေးရုပ်ကိုလီလော့ အပြီးသတ်တိုက်ခိုက်ရလိမ့်မည်။သို့မဟုတ်ပါက ကျရှုံးလိမ့်မည်။

ကျရှုံးမှုက အရာအားလုံးရဲ့အဆုံးသတ်တစခုမဟုတ်ခဲ့ပေ။ သူတို့သည် မနက်ဖြန်တွင် အထပ်ကြိုးစားနိုင်သော်လည်း၊ ယနေ့နှင့် မနက်ဖြန်အတွက် ခူအဲ့ကျို စွမ်းအင်ခွဲတမ်းပမဏာကွာခြားသွာလိမ့်မည်။

ဤခက်ခဲမှုကိုသာအောင်မြင်ခဲ့ပါက ပုံသဏ္ဍာန်ပြောင်းလဲခြင်းအဆင့်သို့တက်လှမ်းနိုင်မည့် အခွင့်ရေးများရရှိပေလိမ့်မည်။

ကျင့်ကြံမှုဆိုသည်မှာ ထိုကဲ့သို့ပင် ..... အားထုတ်မှု စုဆောင်းခြင်း ဖြစ်သည်။

အဆင့်မြင့် ခူအဲ့ကျို ရုပ်သေးသည် ခပ်လှမ်းလှမ်းကနေ ငှက်တစ်​ကောင်သဖွယ် အစိမ်းရောင်အတောင်ပံများတဖျတ်ဖျတ်ခတ်၍ တိုက်ခိုက်နေသည်။

ထန်.....

လီလော့၏ စွမ်းအင်မြစ်နှစ်စင်းမှ ပို့လွှတ်ပေးနေသော အပြာရောင်နှင့်အစိမ်းရောင် ပေါင်းစပ်ထားသောစွမ်းအားများက အဆင့်မြင့် ခူအဲ့ကျို ရုပ်သေး၏ တိုက်ခိုက်မှုကို တားဆီးလိုက်သောကြောင့် သူ့ဓားသွားများပေါ်တွင် အပြာနှင့်အစိမ်းရောင်စွမ်းအားများ ပေါင်းစပ်သွားသည်။

ထန်...ထန်...ထန်....

အစိမ်းရောင်အတောင်ပံနှင့် လီလော့၏ဓားတိုနှစ်လက်တို့ ထိခတ်မိသောအခါ ပတ်ဝန်းကျင်တွင်မီးပွားများလွင့်စင်ကုန်သည်။

တစ်ခဏအတွင်း တိုက်ကွက်ပေါင်းများစွာဖလှယ်လိုက်ကြသည်။

လီလော့သည် တိုက်ခိုက်မှုများကြောင့် တုန်ခါသွားသော်လည်း သူ့ခြေထောက်များက မြဲမြံနေ၏။ သူ ခပ်ဖွဖွပြုံးလိုက်သည်။ ဤအဆင့်မြင့် ခူအဲ့ကျို ရုပ်သေးသည် ကျောက်ဇီယန်လိုသန်မာသော်လည်း ဤတိုက်ပွဲမှနေ၍ပုံသဏ္ဍာန်ပြောင်းလဲခြင်း ဒုတိယအဆင့်အချို့ကို ယခုတိုင် ခုခံနိုင်သည်ဟု မိမိကိုယ်ကိုကိုယ်နားလည်လိုက်သည်။

"ဒီလိုဆိုပိုလွယ်လိမ့်မယ်..."

လီလော့သည် ခြေဖဝါးများကို ထိန်းညှိလိုက်သည်။ သူ၏ ပဲ့တင်ထပ်သံ ပူဖောင်းအရေအတွက်သည် ယခုဆို လေးခုမှ ခူနှစ်ခုအထိအရေအတွက်တိုးမြင့်လာပြီဖြစ်သောကြောင့် ယခင်ကထက်သိသိသာသာအားကောင်းလာပြီဖြစ်သည်။

ထန်......

ဤအချိန်၌ ၎င်းတို့၏လက်နက်များ ထိပ်တိုက်တွေ့သောအခါ၊ ၎င်းသည် နောက်ပြန်ဆုတ်လိုက်ရသူမှာ အဆင့်မြင့် ခူအဲ့ကျို ရုပ်သေးဖြစ်သည်။

လီလော့သည် တိုက်ခိုက်မှု၏ အကျိုးသက်ရောက်မှုကို တွန်းအားပေးကာ ထိန်းချုပ်ထားသော ပုံစံဖြင့် နောက်ပြန်ဆုတ်သွားခဲ့သည်။ ရုတ်​တရက်​ သူ့ဓား​ပေါ်မှာ ​ရေ​အလင်းအချို့လင်းလက်လာပြီး....

" ငါ တိုက်ခိုက်မှုပညာရပ်အသစ်တစ်ခုလေ့ကျင့်ထားတယ်...အဆင်ပြေမယ်ဆိုမှတ်ချက်လေးပေးကြည့်ပါဉီး......"

လခြမ်းသဏ္ဍာန်ခုတ်ချက်ကြောင့်မီတာများစွာ ကျယ်ဝန်းသော ရေလှိုင်းများဖြစ်ပေါ်လာပြီး လှိုင်းပုတ်သံနှင့်အတူ ရန်သူဆီသို့တဟုန်ထိုးတိုးဝင်သွားလေသည်။

ဤသည်မှာ လှိုင်းလုံးများကဲ့သို့ပင် တဝုန်းဝုန်းမြည်ဟီးနေလေ၏။

ထိုမြင်ကွင်းကြောင့် ခရမ်းအဆင့်နည်းပြများပင်လျှင် အံ့သြကုန်ကြသည်။

"ဒါ... ဒါ....ရေအစွန်အဖျားပညာရပ်ရဲ့ အဆင့်မြင့်တဲ့ ပုံစံ... ရေတစ်ထောင် ဓားချက်မလား....!"

***

All Chapters