← Chapters

ရေတစ်ထောင်ဓားချက်....

Vol. 28 Ch. 382

ရေတစ်ထောင်ဓားချက်....

Vol. 28 Ch. 382

တောက်...တောက်...တောက်...

ရေစိုနေသောဓားသည် ကြောက်ရွံ့ထိတ်လန့်မှုကင်းသောအားမာန်ဖြင့် လေထုကိုထိုးခွင်းသွားသည်။

၎င်းသည် အဆင့်မြင့် ခူအဲ့ကျို ရုပ်သေး၏ ချပ်ဝတ်တန်ဆာကို ထိုးနှက်ခဲ့ပြီး နက်နဲသော အမှတ်အသားတစ်ခု ဖြစ်ပေါ်စေခဲ့သည်။

အဆင့်မြင့် ခူအဲ့ကျို ရုပ်သေးတွင် အလွန်အစွမ်းထက်သော ခုခံကာကွယ်မှုများရှိနေသည်မှာ ထင်ရှားသော်လည်း ရေတစ်ထောင်ဓားချက်နှင့်တွေ့ဆုံသောအခါ ထိုအရာများ အသုံးမဝင်နိုင်တော့ပေ။

"ဝိုးးး အဆင်ပြေသားပဲ...."

လီလော့ သူ့ကိုယ်သူ ချီးကျုးလိုက်သည်။

ဤရေတစ်ထောင်ဓားချက်သည်။ သူလေ့ကျင့်ထားသော နောက်ဆုံးပေါ် ပဲ့တင်ထပ်သံပညာရပ်ဖြစ်သည်။ ၎င်းသည် ရေအစွန်အဖျားပညာရပ်၏အဆင့်မြင့်ပုံစံလည်းဖြစ်သည်။ ရေအစွန်အဖျားပညာရပ်၏တိုက်ခိုက်မှုနှင့် ပျက်စီးမှုတို့ကို တိုးမြှင့်ရန်အတွက် ရေတစ်ထောင်ဓားချက်ကိုဖန်တီးခဲ့ခြင်းဖြစ်သည်။

ကျားအဆင့် ပညာရပ်တွင်ပင် ဤအရာသည် ကျွမ်းကျင်ရန် ခက်ခဲသည်ဟု ယူဆရသည်။ လီလော့သထိုပညာရပ်ကို အချိန်အတော်ကြာလေ့ကျင့်ခဲ့သော်လည်း အောင်မြင်မှုမရရှိခဲ့ပေ။... ပဉ္စမအဆင့်သို့ ရောက်သည်နှင့် ၎င်း၏ ပဲ့တင်ထပ်သံစွမ်းအားသည် နောက်ဆုံးတွင် လိုအပ်ချက်များပြည့်စုံသောအဆင့်သို့ရောက်ရှိခဲ့သည်။

သို့ပေမယ့် ရလဒ်တွေကကျေနပ်လောက်ပေမယ့် ကျွမ်းကျင်ဖို့လိုအပ်နေ​သေးသည်။ ဥပမာအားဖြင့်၊ ရေစွမ်းအားကို အရှိန်မြှင့်ရန် အလင်းစွမ်းအားကိုထပ်မံပေါင်း ထည့်ရပေဉီးမည်။ ထိုသို့သာဆိုလျှင်ရေတစ်ထောင်ဓားချက်သည် နဂါးအဆင့်ကညာရပ်များကိုပင်ယှဉ်နိုင်လောက်မည်ဖြစ်သည်။

သို့သော် ထိုကဲ့သို့သော အရည်အချင်းများကို ပြုပြင်ရန်မှာ လွယ်ကူသော အလုပ်မဟုတ်ပေ။ ရေတစ်ထောင် ဓားချက်သည် ယခင်အတိုင်းပင် ခက်ခဲနေဆဲပင်။

လီလော့ သည် အဆင့်မြင့် ခူအဲ့ကျို ရုပ်သေးကို မျက်တောင်မခတ်ဘဲ စိုက်ကြည့်သည်။ ရင်ဘတ်တွင်ဒဏ်ရာရသွားသဖြင့် အစိမ်းရောင်စွမ်းအင်များ အနည်းငယ်မှိန်ဖျော့သွားသော်လည်း မပျောက်ကွယ်သွားပေ။ ရုပ်သေးများသည် နာကျင်မှုကို မခံစားနိုင်သော ဖုတ်ကောင်များကဲ့သို့ပင်။ အနည်းငယ်လှုပ်လှုပ်ရွရွဖြစ်နေသော်လည်း သစ်သားလှံကို ဆုပ်ကိုင်ကာ ဆက်၍ တိုက်ခိုက်ဖို့ပြင်နေဆဲပင်.....

မြေပြင်ကို အားယူသည့်အနေဖြင့် ကန်လိုက်ပြီး ဓားချက်ထုတ်ဖော်ကာရှေ့သို့ချီတက်သွားခဲ့သည်။

ထန်.....

လီလော့၏ ဘယ်ဘက်လက်တွင်ကိုင်ထားသောဓားသည် ဝင်လာသောလှံကို ပိတ်ဆို့ခဲ့ပြီး သူ၏ညာဘက်ရှိဓားသည် ရေတစ်ထောင်ဓားချက်ဖြင့် တိတိကျကျခုတ်ပိုင်းလိုက်သည့်အခါ စွမ်အဆင့်မြင့် ခူအဲ့ကျို ရုပ်သေးရုပ်ကို နှစ်ပိုင်းပြတ်သွားပြ စိမ်းလန်းသော မြူမှုန်များအဖြစ်သို့ ပျော်ဝင်သွားခဲ့သည်။

သူသည် စံချိန်တင်အဆင့်မြင့် ခူအဲ့ကျို ရုပ်သေးရုပ်ကို ကိုင်တွယ်ဖြေရှင်ပြီးပြီဖြစ်သည့်အတွက် ပိုင်မျန်မျန်နှင့်ရှင်းဖူတို့ထံ ပြန်လှည့်လာခဲ့သည်။ ရှင်းဖူသည် သူ၏ ကန့်သတ်ချက်များနှင့် ပတ်သက်၍ ရှင်းရှင်းလင်းလင်း ရှိနေသော်လည်း ပုံသဏ္ဍာန်ပြောင်းလဲခြင်း ပထမအဆင်ပ ခူအဲ့ကျို ရုပ်သေးကို ကောင်းစွာရင်ဆိုင်နေခဲ့သည်။

ပိုင်မျန်မျန် ကတော့ တခြား ခူအဲ့ကျို ရုပ်သေးတွေကို ပုံရိပ်ယောင်စွမ်းရည်သုံး၍ ထိန်းထားနိုင်ခဲ့သည်။ ဉာဏ်ရည်နိမ့်ပါးသော ရုပ်သေးရုပ်များသည် ၎င်းတို့ရှေ့တွင် ရှိနေသမျှကို ရိုးရှင်းစွာ တိုက်ခိုက်သောကြောင့် သူမအတွက် အန္တာရယ်သိပ်မရှိခဲ့ပေ။

လီလော့သည် ရှင်းဖူကို ဦးစားပေးကူညီခဲ့သည်။ နှစ်ဉီးသားပူးပေါင်းလိုက်သည့်အခါ ပုံသဏ္ဍာန်ပြောင်းလဲခြင်း ပထမအဆင့် ခူအဲ့ကျို ရုပ်သေးသည် တစ်မိနစ်အတွင်း မြူမှုန်များအဖြစ်သို့ ပြိုကျသွားခဲ့သည်။

အကြီးကျယ်ဆုံး ခြိမ်းခြောက်မှုနှစ်ခုကို လျော့ပါးစေခြင်းဖြင့် ကောင်လေးနှစ်ယောက်သည် ပိုင်မျန်မျန်ကို အခြား ခူအဲ့ကျို အရုပ်များကို အပြီးသတ်ရန် ကူညီပေးခဲ့ပြီးနောက် အဆင့်20 ကိုအောင်မြင်စွာကျော်ဖြတ်နိုင်ခဲ့ပြီ........

သုံးယောက်သား ပင်ပန်းသော်လည်း ဝမ်းသာကျေနပ်နေကြသည်။

အစိမ်းရောင်စွမ်းအင် အပိုင်းသုံးပိုင်း အထက်မှ ပေါ်လာပြီး ၎င်းတို့ခန္ဓာကိုယ်အတွင်းသို့ စိမ့်ဝင်သွားသည်။

နွေးထွေးပြီး သန့်စင်သောစွမ်းအင်သည် သုံးယောက်စလုံး၏ ပင်ပန်းမှုများကို ပြေပျောက်စေခဲ့သည်။

လီလော့နှင့် အခြားသူများ ခူအဲ့ကျို စွမ်းအင်ကို စုပ်ယူလိုက်ချိန်တွင်၊ အခြားအဖွဲ့များက ၎င်းတို့ရင်ဆိုင်နေသော အလွှာရှိ အမှုန်အမွှားများ တဖြည်းဖြည်း ပျောက်ကွယ်သွားသည်ကိုသတိပြုမိလိုက်ကြသည်။

ဒါဟာ ပြီးခဲ့တဲ့ ရက်အနည်းငယ်ရဲ့ အဆုံးမှာ ဖြစ်ပျက်ခဲ့တဲ့ အလားတူဖြစ်စဉ်လိုပင်.... ဆိုလိုသည်မှာ ယနေ့အတွက် ခူအဲ့ကျို စွမ်းအင်ခွဲတမ်းအကန့်အသတ်ကို ရောက်ရှိသွားပြီဖြစ်သည်။

လီလော့တို့အဖွဲ့ အဆင့် 20 ကိုကျော်ဖြတ်ပြီး ကျန်တဲ့ ခွဲတမ်းကို ရယူခဲ့တာ ရှင်းနေပြီဖြစ်သည်။

"ဟူး...လီလော့ ​ခြေတစ်လှမ်းသာသွားပြီပဲ"

ချင်ဇူလုသည် ပြိုင်ဘက်မရှိတော့သည့်အတွက် စိတ်ကောင်းဖြစ်နေပုံရသည်။

သူတို့အဖွဲ့ အဆင့် 20 စိန်ခေါ်မှုအတွက် ပြင်ဆင်နေသော်လည်း ခြေတစ်လှမ်းနောက်ကျခဲ့သည်။ လီလော့တို့အဖွဲ့က ယနေ့အတွက် စွမ်းအင်ဝေစုကို သိမ်းပိုက်လိုက်ကြပြီ။

"လီလော့ ဘယ်တုန်းက အရမ်းသန်မာလာတာလဲ...."

ယင်ယွဲ့ သက်ပြင်းချလိုက်မိသည်။

လီလော့ ယခင်ကတည်းက ကောင်းမွန်စွာ စွမ်းဆောင်နိုင်ခဲ့သော်လည်း ကြယ်တစ်ပွင့်ခန်းမမှ ကျောင်းသားအများစုသည် ချင်ဇူလု ကိုသာ အသန်မာဆုံးအဖြစ် သတ်မှတ်ထားခဲ့ကြသည်။ သို့သော်လည်း အထူးလေ့ကျင့်မှုအတွင်း လီလော့၏ စွမ်းဆောင်ရည်များသည် ချင်ဇူလုထက်ပင် သာလွန်ကောင်းမွန်နေသေးသည်။

"ဝင်ခွင့်ပြိုင်ပွဲမှာအတွက် ကြယ်တစ်ပွင့်ခန်းမ ကိုယ်စားလှယ်က နင်တို့ နှစ်ယောက်ထဲကတစ်ယောက်ပဲဖြစ်လိမ့်မယ်...." ဟု လုချင်းအာက သူမ၏ခေါင်းဆောင်ဖြစ်သူ ချင်ဇူလုကို ပြောလိုက်သည်။

ချင်ဇူလု၏ မျက်လုံးများ စိတ်လှုပ်ရှားမှုများဖြင့် တောက်ပနေသည်။

"ကိုယ်​စားလှယ်​လုပ်​ဖို့ သိပ်​စိတ်​မ၀င်​စားပါဘူး....ဒါပေမယ့် သူနဲ့တိုက်ခိုက်ကြည့်ချင်တယ်......"

........................

"ဒီကောင် ရွှေနဂါးတာအိုနယ်​မြေမှာ ကံကေင်းလာတယ်နဲ့တူတယ်....."

ယုလန်က ညည်းညူလိုက်သည်။

ပိုင်တုတုက သူ့ကို ဘေးစောင်းကြည့်နေပြီး.....

"လီလော့က နင်နဲ့တူတူ နန်ဖန်းကျောင်းတော်က ထွက်လာတာမလား.... သူဘယ်လောက်ထိ ရှေ့ကိုရောက်နေပြီလဲ ကြည့်လိုက်ပါဦး..... အထူးလေ့ကျင့်ရေးကာလမှာ အပါးခိုဖို့စဉ်းစားမနေနဲ့......"

ယုလန် လဲကျသွားသည်။ စိတ်ထဲတွင်တော့...အော်...နန်ဖန်းကျောင်းကလာတာချင်းအတူတူဆို ကျန်းချင်းအာလည်း နန်ဖန်းကပဲလေ....ဘာလဲ ကျန်းချင်းအာကိုနမူနာယူပြီး ကြိုးစာစရမှာလဲ....မိန်းမတွေများကျိုးကြောင်းဆီလျော်မှုမရှိလိုက်တာ.....

သို့တိုင်၊ သူ၏အတိတ်က နာကျင်သောရိုက်နှက်မှုများသည် ယခုအချိန်တွင် ပါးစပ်ပိတ်ခေါင်းညိတ်ဖို့အတွက် သင်ခန်းစာကောင်းများဖြစ်ခဲ့သည်။

....................

"နှစ်ထပ်ပဲ့တင်ထပ်သံတွေက အတော်လေးကို အထင်ကြီးလောက်စရာပဲ... အဆင့် 20 အဆင့်မှာရှိမတဲ့ ခူအဲ့ကျို ရုပ်သေးက ပုံသဏ္ဍန်ပြောင်းလဲခြင်း ဒုတိယအဆင့်ပဲ ဖြစ်ရမယ်.... ဒါကိုတည်တည်ငြိမ်ငြိမ်ရင်ဆိုင်ဖို့မလွယ်လောက်ဘူး...."

ရိလီရှကလည်း မှတ်ချက်ပေးလိုက်သည်။

"ဝင်ခွင့်ပြိုင်ပွဲအတွက်ကိုယ်စားလှယ်က လီလော့ပဲဖြစ်မယ်ထင်တယ်.... ချင်ဇူလုတောင် သူ့ကိုရင်ဆိုင်နိုင်မှာမဟုတ်လောက်ဘူး..ရှန့်ပိန်းတွေ့ဆုံပွဲမှာ အသန်မာဆုံး ကြယ်တစ်ပွင့်ခန်းမ ပြိုင်ပွဲဝင်ဖြစ်နိုင်ပါ့မလားလို့ တွေးမိတယ်...ဒါက ကောလိပ်ရဲ့ဂုဏ်ကျက်သရေနဲ့ဆိုင်တယ်.....ငါတို့ကောလိပ်မှာတစ်ခါမှဒီလိုလူမျိုးမပေါ်ထွန်းခဲ့ဖူးဘူး......"

ချိုးရဲကလည်း ရိလီရှရဲ့ မှတ်ချက်ို ထပ်မံဖြည့်စွက်လိုက်သည်။

"အရှေ့ပိုင်းနတ်ဘုရားကုန်းမြေတိုက်ရဲ့ အသန်မာဆုံး ကြယ်တစ်ပွင့်ခန်းမ ကျောင်းသား ...ဝိုးးးး.. ဒါ တော်တော် ရဲရင့်တဲ့ ကြေငြာချက်ပဲ....."

"ဖြစ်နိုင်မယ်မထင်ဘူးလား?"

ရိလီရှ တုံ့ဆိုင်းသွားသည်။

"ဒါက အရမ်းခက်ခဲ့တယ်.... ပဲ့တင်ထပ်သံနှစ်ခုရှိနေရင်တောင်မှ တခြားကျောင်းတွေကပါရမီရှင်တွေရဲ့ စွမ်းအားကိုလျှော့တွက်လို့မဖြစ်ဘူး..... သူတို့လည်း အကောင်းဆုံး ပြင်ဆင်မှုတွေနဲ့ ရှန့်ပိန်းတွေ့ဆုံပွဲကို လာကြမှာပဲလေ......"

"အမှန်အတိုင်းပြောရရင် ရှန့်ပိန်းတွေ့ဆုံပွဲမှာ ဘယ်လိုမွန်းစတားတွေ ပေါ်လာမလဲ သိပ်သိချင်နေပြီ......."

"ကောင်းပြီ၊ ငါတို့စောင့်ကြည့်ရမှာပေါ့......"

စီချိုးယင်းသည် သူမ၏ အသင်းဖော် နှစ်ယောက် စကားပြောသံကို နားထောင်ပြီးနောက် စိတ်ဓာတ်များ မှုန်မှိုင်းသွားသည်။ လွန်ခဲ့သော တစ်နှစ်ခွဲခန့်ကတွေ့ဆုံခဲ့ဖူးသည့် ခပ်ရွတ်ရွတ်လူငယ်လေးကို အရှေ့နတ်ဘုရားတိုက်ကြီးတစ်ခုလုံးရဲ့ အသန်မာဆုံး ကြယ်တစ်ပွင့်ခန်းမကျောင်းသားအဖြစ် သတ်မှတ်နေကြပြီလား.......

ဒီကောင် ဘယ်တုန်းက ဒီလောက် အမြင့်ကို ရောက်နေခဲ့တာလဲ......

..................

အခြားအဖွဲ့များ၏ တစ်ဝက်တစ်ပျက် အောင်ပွဲခံသည့် ခံစားချက်နှင့် နှိုင်းယှဉ်ပါက ဝမ်ဟေးကျူနှင့်ဒူဇီပိုင်ရွှမ်းတို့အဖွဲ့သည် ၎င်းတို့အားလုံးတွင် အဆိုးရွားဆုံးဖြစ်နေသည်။

နှစ်ယောက်စလုံး ထိုရလဒ်ကိုလက်မခံချင်ကြသော်လည်း နောက်ဆုံးတွင်၊ သူတို့နှစ်ဦးစလုံး လီလော့၏ အောင်မြင်မှုကို လက်ခံလိုက်ရုံမှတပါးအခြားမရှိနိုင်ခဲ့ပေ။

ကျောင်းစစတက်ချင်းတုန်းက လီလော့ကို ပြိုင်ဖက်တစ်ဦးအဖြစ် မည်သူမျှမသတ်မှတ်ခဲ့ကြပေ။

ယခုမူ ၎င်းတို့၏ ကဲ့ရဲ့ရှုတ်ချခြင်းကို ခံခဲ့ရသူက ​ခြေလှမ်းပေါင်းများစွာ ကျော်လွန်နေခဲ့ပြီမဟုတ်လော....

"ငါတို့ တစ်ခုခုတော့ စဉ်းစားထားရမယ်....ဒီလိုမှမဟုတ်ရင် ငါတို့ အထူးလေ့ကျင့်ရေးမှာ လီလော့ကို ဘယ်တော့မှ အမီလိုက်နိုင်မှာ မဟုတ်ဘူး။ ဒီလိုအခွင့်အရေးမျိုး ဘယ်တော့မှ ထပ်ရနိုင်မှာမဟုတ်ဘူး..... “

ဝမ်ဟေးကျူ၏ စကားများကြောင့် ဒူဇီပိုင်ရွှမ်း၏ မျက်လုံးများ တောက်ပလာသည်......

***

All Chapters