လီလော့၏တိုးတက်မှုနှေးကွေးလာခြင်း......
Vol. 28 Ch. 383
မသိလိုက်မသိဖာသာဖြင့်အထူးလေ့ကျင့်ရေးကာလမှာ တစ်လခွဲခန့်ကြာမြင့်ခဲ့ပြီဖြစ်သည်။
ဤနှစ်ပတ်အတွင်း လာမည့် ဝင်ခွင့်ပြိုင်ပွဲနှင့် ရှန့်ပိန်းတွေ့ဆုံပွဲသတင်းသည် ကျောင်းတော်တခွင် ပျံ့နှံ့သွားပြီး ကျောင်းသားအားလုံး ဆွေးနွေးနိုင်သည့် သတင်းတစ်ခုဖြစ်လာသည်။
ကောလိပ်ရှိကျောင်းသားတိုင်းသည် ကြယ်တာယာခရီးရှည်ကောလိပ်၏ကျောင်းသားဖြစ်ခွင့်ရခြင်းအတွက် ဂုဏ်ယူနေကြပြီး ရှန့်ပိန်းတွေ့ဆုံပွဲတွင် ပါဝင်နိုင်ရန် ဝင်ခွင့်ပြိုင်ပွဲများကို ကြိုတင်စောင့်မျှော်နေကြသည်။
ထို့အပြင် ဝင်ခွင့်ပြိုင်ပွဲများတွင်ပါဝင်ယှဉ်ပြိုင်မည့် ကိုယ်စားလှယ်ခုနှစ်ယောက်ကို အခုကတည်းက ထင်ကြေးပေးတွက်ဆနေကြသည်။
အခြားကျောင်းသားများ ထိုသို့တွက်ဆနေချိန်တွင် လီလော့နှင့် ခရမ်းအဆင့်ကျောင်းသားများသည် တမာန်တော်သစ်ခေါင်းပေါက် အတွင်းတွင် ကြိုးစားလေ့ကျင့်နေကြသည်။ သူတို့သည် အလွှာတစ်ခုချင်းစီတွင်ရှိသော ခူအဲ့ကျို ရုပ်သေးများကို တိုက်ခိုက်ခြင်းဖြင့်အလုပ်များနေကြသည်။
လွန်ခဲ့သည့် နှစ်ပတ်အတွင်း လီလော့၏ တရားမျှတမှုအဖွဲ့သည် အဆင့် 33 သို့ရောက်ရှိနေပြီဖြစ်သည်။
အဆင့် 30 ပြီးနောက်၊ အခက်အခဲများသိသိသာသာတိုးလာသည်။အဆင့် 20 မှ 30 အထိ၊ တစ်နေ့လျှင် အဆင့်များစွာကို ဖြတ်ကျော်နိုင်သော်လည်း အဆင့်30 ထိပြီးသည်နှင့်တစ်ရက်လျှင် အဆင့်တစ်ခုထက် မပိုနိုင်တော့ပေ။
အဆင့် 30 နောက်ပိုင်းတွင် ခူအဲ့ကျို ရုပ်သေးများ၏ အရေအတွက်နှင့် အရည်အသွေး နှစ်မျိုးလုံး တိုးတက်လာကြသည်။
တစ်ခါတစ်လေဆို ရှုံးလုနီးပါးပင်ဖြစ်ခဲ့ကြသည်။အဖွဲ့လိုက်လုပ်ဆောင်မှုကြောင့်သာ မဟုတ်ရင် တစ်နေ့တာလုံး တိုက်ခိုက်ခြင်းဖြင့်သာ အချိန်ကုန်ဆုံးရလိမ့်မည်။
ခက်ခဲသော စမ်းသပ်မှုများနှင့် ရင်ဆိုင်ရသောအခါ ၎င်းတို့အားလုံးကို ကန့်သတ်ချက်ရောက်သည်အထိ တွန်းပို့နိုင်ခဲ့သည်။ ဤသည်မှာ ပုံမှန်ဖြစ်ပြီး တမာန်တော်သစ်ခေါင်းပေါက်ဖွင့်လှစ်ခဲ့သည့်သမိုင်းတစ်လျှောက်တွင် ကြယ်တစ်ပွင့်ခန်းမကျောင်းသားအားလုံးဟာ အခြေခံအားဖြင့် အဆင့် ၃၀ ကိုပင်မကျော်လွန်နိုင်ခဲ့ကြပေ။
သို့တိုင်၊ ပြီးခဲ့သည့်လဝက်က ခရမ်းအဆင့်အဖွဲ့များတွင် တိုးတက်မှုများစွာကို မြင်တွေ့ခဲ့ရသည်။
ပိုင်တုတု၊ ဝမ်ဟေးကျူနှင့်ဒူဇီပိုင်ရွှမ်းတို့သည် ပုံသဏ္ဍာန်ဖွဲ့စည်းခြင်း ပဉ္စမအဆင်သို့တက်လှမ်းနိုင်ခဲ့ကြသည်။ ရှင်းဖူသည် စတုတ္ထအဆင့် ပိုင်မျန်မျန်သည် တတိယအဆင့် ယုလန်သည် ဒုတိယအဆင့်...အစရှိသဖြင့် အကုန်လုံး အဆင့်တက်နိူင်ခဲ့ကြသည်။
၎င်းတို့ထဲတွင် ချင်ဇူလုကတော့ ပုံသဏ္ဍာန်ပြောင်းလဲခြင်းအဆင့်သို့ ပထမဆုံးတက်လှမ်းနိုင်ခဲ့သူအဖြစ်စံချိန်တင်နိုင်ခဲ့သည်။
ကျောင်းတစ်ကျောင်းလုံးတွင် သူ၏အောင်မြင်မှုသတင်းများ ပျံ့နှံ့လာသောအခါတွင် သူသည် ကျောင်းကိုယ်စားပြုရန်အတွက် ရေပန်းအစားဆုံးဖြစ်လာသည်။
ကျောင်းသားများသည် လီလော့နှင့်ချင်ဇူလုတို့ကို အသီးသီး ထောက်ခံသော အဖွဲ့များပင် ဖွဲ့စည်းခဲ့ကြပြီး ၎င်းတို့ကြားတွင် ပြင်းပြင်းထန်ထန် ငြင်းခုံမှုများ ပေါ်ပေါက်ခဲ့ကြသည်။
"ချင်ဇူလုမှာ အဆင့်ရှစ် ရွှေကျားနတ်ဆိုး ပဲ့တင်ထပ်သံရှိတယ်... သူက တိုက်ပွဲထဲမှာဆို ဘီလူးစီးနေသလိုပဲ..... အခုဆိုရင် အပြာရောင်အသူရာချောက်နက်ကောလိပ်နဲ့ယှဉ်ပြိုင်ဖို့ ချင်ဇူလုကိုပဲရွေးရတော့မယ်ထင်တယ်....."
"လီလော့ရဲ့ ပဲ့တင်ထပ်သံနှစ်ခုကအရမ်းရှုပ်ထွေးလွန်းတယ်.... လွန်ခဲ့တဲ့ ခြောက်လအတွင်းမှာ ဘယ်လောက်ပဲအနိုင်ရခဲ့ပါစေ ပုံသဏ္ဍာန်ပြောင်းလဲခြင်းအဆင့်ကိုမရောက်နိုင်ရင် အကုန်အလဟာသဖြစ်ကုန်လိမ့်မယ်......"
"ဝင်ခွင့်ပြိုင်ပွဲကျင်းပဖို့ နောက်ထပ်ဆယ်ရက်ကျန်သေးတယ် မဟုတ်လား..... လီလော့ သေချာပေါက်လုပ်နိုင်မှာပါ....ဒါနဲ့ ထူးဆန်းတာတစ်ခုရှိသေးတယ်... တမာန်တော်သစ်ခေါင်းပေါက်ကိုဝင်သွားတုန်းကလီလော့နဲ့ချင်ဇူလူတို့နှစ်ယောက်စလုံး ပုံသဏ္ဍာန်ဖွဲ့စည်းခြင်း ပဉ္စမအဆင့်မဟုတ်လား...ဒါပေမယ့် လီလော့တို့အဖွဲ့က ချင်ဇူလုတို့ထက်တောင်ရှေ့ရောက်နေသေးတယ်....ဒါပေမယ့် ချင်ဇူလုက ဘယ်လိုဖြစ်ပြီး အရင် အဆင့်တက်သွားတာလဲ....."
"ဘယ်သူသိနိုင်မလဲ....လီလော့ရဲ့ပဲ့တင်ထပ်သံနှစ်ခုမှာ ပြသာနာအချို့ရှိနေလို့များလား...."
ထိုအတွေးများသည် ကျောင်းသားများကြားတွင်နေ့စဉ်နှင့်အမျှကြီးစိုးနေခဲ့သည်။ နောက်ဆုံးတွင်၊ ကြယ်တစ်ပွင့်ခန်းမသည် အခြားခန်းမများမှ နှစ်ဦးနှင့် နှိုင်းယှဉ်လျှင် ကိုယ်စားလှယ်တစ်ဦးသာ စေလွှတ်နိုင်သော်လည်း ဤနေရာသည် အလွန်အရေးကြီးသည်။
လီလော့၏ ကျဆင်းမှုသည် ကျောင်းသားများအတွက်သာမက ကြယ်တစ်ပွင့်ခန်းမ၏ ခရမ်းအဆင့် နည်းပြအချို့ကိုပင် သတိချပ်စေခဲ့သည်။
"လီလော့ကိုကြည့်ရတာ အဆင့်တက်မယ့်အရိပ်အယောင်လုံးဝမပြသေးဘူး...."
ချောင်ရှန်းက အောက်ဘက်က ကျောင်းသားတွေရဲ့ ရန်ပွဲတွေကို ကြည့်ရှုရင်း မှတ်ချက်ချလိုက်သည်။
မီအာက ခေါင်းညိတ်လိုက်သည်။ ချင်ဇူလု အောင်မြင်ပြီးကတည်းက သူတို့ လီလော့ ကို အနီးကပ် စောင့်ကြည့်နေခဲ့ပေမဲ့ ခြောက်ရက်ကြာတဲ့အထိ လီလော့ဆီက ဘာသတင်းမျှမရသေးပေ။
"ပုံသဏ္ဍာန်ပြောင်းလဲခြင်းအဆင့်က ပုံသဏ္ဍာန်ဖွဲ့စည်းခြင်းအဆင့်နဲ့ နှိုင်းယှဉ်ရင် လုံးဝအသစ်တစ်ခုလိုဖြစ်နေတယ်...."
ချီချန်းက စိုးရိမ်သောကဖြင့် မျက်မှောင်ကြုတ်ကာ ပြောလိုက်သည်။
"ပုံသဏ္ဍာန်ပြောင်းလဲခြင်းအဆင့်ရောက်ရင် ပဲ့တင်ထပ်သံမျိုးစေ့တွေ ဆင့်ကဲပြောင်းလဲလာတယ်မလား...လီလော့မှာက ပဲ့တင်ထပ်သံနှစ်ခုရှိနေတော့ ဆင့်ကဲဖြစ်စဉ်နှစ်ခုကို ခံယူရလိမ့်မယ်.... ဆင့်ကဲဖြစ်စဉ်နှစ်ခုကို တစ်ပြိုင်နက်ထိန်းချုပ်ရတာက တခြားလူတွေထက် နှစ်ဆပိုခက်တယ်....."
" ဟုတ်တယ်....သူသာအောင်မြင်နိုင်ခဲ့ရင် တခြားသူတွေထက် ပိုပြီးအစွမ်းထက်မှာသေချာတယ်....."
"အထူးလေ့ကျင့်ရေးက မကြာခင် ပြီးဆုံးတော့မယ်...ပြီးရက် ဝင်ခွင့်ပြိုင်ပွဲတွေယှဉ်ပြိုင်ရတော့မယ်...အဲ့အချိန်ထိ အဆင့်မတက်နိုင်သေးရင် ချင်ဇူလုတစ်ယောက်တည်းကိုပဲ နာမည်စာရင်းပေးရလိမ့်မယ်....."
ရှန်းကျင်းရှောင်ကိုကြည့်ရသည်မှာ အူမြူးနေပုံရသည်။
"ကြယ်တာယာခရီးရှည်ကောလိပ်ရဲ့ ကြယ်တစ်ပွင့်ခန်းမအတွက်ဂုဏ်ဆောင်နိုင်သ၍ ဘယ်သူဖြစ်ဖြစ်အရေးမကြီးဘူး..... "
ချောင်ရှန်းက ပခုံးတွန့်ပြလိုက်သည်။
"ဘာပဲဖြစ်ဖြစ် ချင်ဇူလုက လီလော့ကို သူ့ရဲ့ပြိုင်ဘက်အဖြစ် မျက်စိကျနေတယ်.... အဲ့တော့ လက်ရည်တူတိုက်ခိုက်နိုင်အောင် လီလော့ကိုအဆင့်တက်စေချင်မှာပဲ....."
ရှန်ကျင်းရှောင် ခေါင်းခါလိုက်သည်။
"ဘယ်လောက်ပဲထူးခြားတဲ့ ပဲ့တင်ထပ်သံနှစ်ခုရှိနေပါစေ ကြယ်တစ်ပွင့်ခန်းမကိုကိုယ်စားပြုဖို့ ပုံသဏ္ဍာန်ဖွဲ့စည်းခြင်း ပဉ္စမအဆင့်ကို လွှတ်ဖို့မဖြစ်နိုင်ဘူး..... ဒါ ဘက်လိုက်ပြီးပြောတဲ့စကားမဟုတ်ဘူးနော်....ကြယ်တစ်ပွင့်ခန်းမရဲ့ဂုဏ်သိက္ခာအတွက် ပြောနေတာ....."
"ရှင် လက်ခံသည်ဖြစ်စေ လက်မခံသည်ဖြစ်စေ စည်းမျဉ်းစည်းကမ်းအရလုပ်ဆောင်သွားမှာပါ....."
ချီချန်းက ပြတ်ပြတ်သားသားပြောလိုက်သည်။
"အာ.... ကျေးဇူးပြုပြီး စိတ်မဆိုးလိုက်ပါနဲ့နည်းပြ ချီချန်းရယ်..... ကျုပ်က ကျုပ်ရဲ့အမြင်ကိုပြောပြရုံပါ.....အချိန်တန်ရင် စည်းမျဉ်းစည်းကမ်းအရ မဲပေးရမှာပဲလေ...ဒါပေမယ့် ပုံသဏ္ဍာန်ပြောင်းလဲခြင်းအဆင့်ကိုကျော်ပြီး ပုံသဏ္ဍာန်ဖွဲ့စည်းခြင်းအဆင့်တစ်ယောက်ကိုဘယ်သူမှ မဲပေးမှာမဟုတ်တာတော့သေချာတယ်....."
" ဟွန့်...ကျွန်မတပည့်က ရွှေနဂါးတာအိုနယ်မြေမှာ ပုံသဏ္ဍာန်ဖွဲ့စည်းခြင်းတတိယအဆင့်နဲ့ ပုံသဏ္ဍာန်ပြောင်းလဲခြင်းတတိယအဆင့်ကို အနိုင်ယူခဲ့သူပါ....."
" ကျုပ်လည်း ကြားထားပါတယ်...ဒါပေမယ့်အဲ့တုန်းက သူတစ်ယောက်တည်းမှမဟုတ်တာ....သူနဲ့အတူ ချင်ဇူလုနဲ့လုချင်းအာတို့လည်းရှိနေခဲ့တယ်လေ.....တခဏတာ ခွန်အားတိုးမြှင့်နိုင်တဲ့လျှို့ဝှက်ပညာရပ်တွေသုံးနိုင်တိုင်း တကယ်သန်မာတယ်လို့ ပြောလို့မရဘူး......"
"ပိုင်တုတု၊ဝမ်ဟေးကျူ နဲ့ ဒူဇီပိုင်ရွှမ်းတို့တောင် ပဉ္စမအဆင့်ကို ရောက်နေကြပြီ..... လီလော့ ဒီမှာ ရပ်နေမယ်ဆိုရင် မကြာခင်မှာ နောက်ကောက်ကျန်ခဲ့လိမ့်မယ်......"
ချီချန်းသည် ရှန်ကျင်းရှောင်ကို ဘာမှပြန်မပြောတော့ဘဲ ခပ်စူးစူးအကြည့်များသာ ပစ်လွှတ်လိုက်လေသည်။
ဤနေရာတွင် ငြင်းခုံမနေလို့လဲဘာမျှ အသုံးမဝင်ပေ။
လီလော့အတွက်အောင်မြင်မှုများရရှိစေရန်အတွက် သူမသည် ပိုမိုကောင်းမွန်သောအချိန်များကို ကုန်ဆုံးရန် တွေးတောနေခဲ့သည်။ သူ့ရဲ့ ပဲ့တင်ထပ်သံနှစ်ခုအတွက် ပိုမြင့်တဲ့ အတားအဆီးတစ်ခုဖြစ်ပေမယ့်လည်း ကျော်လွှားနိုင်မယ်လို့ သူမယုံကြည်နေမိသည်။
ထို့အပြင် လီလော့သာ အချိန်မီ အဆင့်မတက်နိုင်ခဲ့လျှင်ပင်၊ သူ၏ ထူးခြားသော တိုက်ခိုက်ရေးစွမ်းရည်ဖြင့် ချင်ဇူလုကို နိုင်အောင်တိုက်ခိုက်နိုင်လိမ့်မည်။
ချီချန်းနှင့် ရှန်ကျင်းရှောင်တို့ ငြင်းခုံနေကြစဉ်တွင်၊ ခရမ်းအဆင့်ကျောင်းသားများကတော့ အတတ်နိုင်ဆုံး တိုးတက်အောင် ကြိုးစားလေ့ကျင့်နေခဲ့ကြသည်။
လီလော့သည် ကျင့်ကြံမှုတိုးတက်နှုန်းနှေးကွေးလာသည့် အကြောင်းကိုသေချာစွာနားလည်သဘောပေါက်ခဲ့သည်။
တခြားသူတွေကတော့ သူ့မှာ ဆင့်ကဲဖြစ်စဉ်နှစ်ခုနဲ့ နပန်းလုံးနေရတယ်လို့ ထင်ကြပေမယ့် တကယ်တော့ သူ့မှာ စိုးရိမ်စရာ ပဲ့တင်ထပ်သံလေးမျိုး ရှိနေသည်မဟုတ်လော.....
ရေအလင်းပဲ့တင်ထပ်သံ.....
မြေသစ်သား ပဲ့တင်ထပ်သံ....
လီလော့တစ်ယောက် ပဲ့တင်ထပ်သံလေးခုကြား အပြန်အလှန်ဆက်ဆံမှုကို ကိုင်တွယ်ဖြေရှင်းရချိန်တွင် အခြားသူများကတော့ ရိုးရှင်းသော ဆင့်ကဲဖြစ်စဉ်တစ်ခုသာ လိုအပ်ခဲ့သည်။
လီလော့ကြုံတွေ့နေရသည့်အခက်အခဲသည် အခြားသူများထက် လေးဆပိုများနေသည်။
ဒီအတိုင်းသာဆို သူတို့အဖွဲ့ဟာ သူတို့ရဲ့ ကန့်သတ်ချက်တွေကို ကျော်လွန်ပြီး ရှေ့ဆက်သွားဖို့ ခက်ခဲတော့မည်သာ.....
***