← Chapters

ဝမ်ဟေးကျူ၏ရွေးချယ်မှု....

Vol. 28 Ch. 385

ဝမ်ဟေးကျူ၏ရွေးချယ်မှု....

Vol. 28 Ch. 385

လီလော့နှင့်ချင်ဇူလုတို့ ပူးပေါင်းလိုက်သည့်အခါ အခြေနေများတမျိုးတဖုံပြောင်းလဲသွားလေသည်။

လီလော့နှင့်ချင်ဇူလုတို့ ဉီးဆောင်ပြီး အဆင့်မြင့်ရုပ်သေးရုပ်များကိုတိုကိခိုက်နေချိန်တွင် ကျန်သည့်အဖွဲ့သား လေးယောက်က သီးခြားအဖွဲ့တစ်ဖွဲ့အဖြစ် အဆင့်နိမ့်ရုပ်သေးရုပ်များကို တိုက်ခိုက်ခဲ့ကြသည်။

လီလော့နှင့်ချင်ဇူလုတို့သည် ဆယ်မိနစ်ခန့်အကြာတွင် အဆင့်မြင့် ခူအဲ့ကျို ရုပ်သေးများကို ပေါင်းပင်များကို ဖယ်ရှားလိုက်သကဲ့သို့ ရက်စက်စွာ ဖျက်ဆီးပစ်ခဲ့သည်။

အဆင့်မြင့် ခူအဲ့ကျို ရုပ်သေးလေးခုကို ဖြုတ်ချလိုက်တာနဲ့ ပြဿနာက ပိုရိုးရှင်းလာခဲ့သည်။ လီလော့နှင့်ချင်ဇူလုတို့သည် ၎င်းတို့အသင်းဖော်များနှင့်အတူ ပူးပေါင်းလိုက်သည့်အခါ ၎င်းတို့အားလုံးကို တုန်လှုပ်သွားစေခဲ့သော အဆင့်သည် ယခုအခါ လွယ်ကူစွာ ရှင်းလင်းနိုင်ခဲ့ပြီဖြစ်သည်။

စိမ်းမြသောခူအဲ့ကျိုစွမ်းအင်များ သူတို့အပေါ်သို့ ကျဆင်းလာသည်နှင့်အမျှ အားလုံး ပျော်ရွှင်စွာ ရွှင်မြူးကုန်ကြသည်။

ဤမဟာမိတ်အဖွဲ့သည် အထူးလေ့ကျင့်မှု၏နည်းစနစ်ကို ပြောင်းလဲစေခဲ့သည်။

လီလော့တို့ အဖွဲ့နှစ်ဖွဲ့သည် ပုံမှန်အတိုင်းဆို တစ်နေ့လျှင် အဆင့်တစ်ဆင့်တောင် ကျော်ဖြတ်ဖို့မလွယ်ကူခဲ့ပေမယ့် နှစ်ဖွဲ့ပူးပေါင်းလိုက်သည့်အခါ အရှိန်အဟုန်ပြင်းစွာဖြင့် ရှေ့ဆက်နိုင်ခဲ့ကြသည်။

ပိုင်တုတုနှင့်ရိလီရှတို့ကလည်းမဟာမိတ်ဖွဲ့မှုကို စတင်ခဲ့ပြီး မြန်နှုန်းအသစ်များကို ရှာဖွေခဲ့ကြသည်။

အံ့သြစရာကောင်းတာက ဝမ်ဟေးကျူတို့အဖွဲ့ဟာ မည်သူနှင့်မျှမပူးပေါင်းဘဲ နှေးကွေးစွာရှေ့ဆက်နေခဲ့​ကြသည်။

နောက်တစ်နေ့တွင် အားလုံးသိချင်နေကြသည့် ဝမ်ဟေးကျူတို့အဖွဲ့အ​ကြောင်း သေချာရှင်းလင်းစွာသိနိုင်ခဲ့ကြပြီ။

ဝမ်ဟေးကျူတို့အဖွဲ့က တစ်နေ့တည်းတွင် အဆင့်လေးဆင့်ကို ရှင်းရှင်းလင်းလင်း ကျော်ဖြတ်နိုင်ခဲ့ကြသည်။

မူလက လီလော့နှင့်ချင်ဇူလုတို့ပူးပေါင်းထားသည့် အဖွဲ့သည် အဆင့် 38 သို့ရောက်ရှိခဲ့ပြီး ဝမ်ဟေးကျူတို့အဖွဲ့ကတော့ အဆင့် 34 တွင်သာရှိခဲ့သည်။ သို့သော် တစ်ရက်တည်းနှင့် ဝမ်ဟေးကျူတို့အဖွဲ့က အဆင့် 38 အထိ အမှီလိုက်လာခဲ့ကြသည်။

ရလဒ်တွေက အံ့မခန်းပါပဲ......

ဝမ်ဟေးကျူတို့အဖွဲ့ ရုတ်တရက် ဘယ်လို အားကောင်းလာတာလဲ.... မဖြစ်နိုင်ဘူး!

လှမ်းကြည့်လိုက်တော့ အရင်က မတွေ့ဖူးသေးတဲ့ အဖွဲ့တစ်ဖွဲ့ကိုပါ တွေ့လိုက်ရသည်... ထိုအဖွဲ့က ကြယ်နှစ်ပွင့်ခန်းမက ရဲချုတင်းဦးဆောင်တဲ့ ခရမ်းအဆင့် အဖွဲ့ဖြစ်နေသည်။ ဝမ်ဟေးကျူသည် တမာန်တော်သစ်ခေါင်းပေါက်အတွင်းရှိ ကြယ်နှစ်ပွင့်ခန်းမနှင့် အမှန်တကယ် ပူးပေါင်းနိုင်ခဲ့သည်။

"မဟုတ်သေးဘူး.... ဒါ စည်းကမ်းနဲ့ ဆန့်ကျင်တယ် မဟုတ်လား"

ယုလန်က အလန့်တကြားအော်ဟစ်လိုက်သည်။

တခြားသူတွေလည်း ပျော်မနေခဲ့ပေ။ နောက်ဆုံးတွင်၊ တမာန်တော်သစ်ခေါင်းပေါက်အတွင်းရှိ ခူအဲ့ကျို စွမ်းအင်ခွဲတမ်းကို ခန်းမအရေအတွက်လိုက် ပိုင်းခြားထားသည်။ ဥပမာအားဖြင့်၊ ကြယ်တစ်ပွင့်ခန်းမ အတွက် အပိုင်း ၁၀ ခုပေးထားသဖြင့် ကြယ်တစ်ပွင့်ခန်းမ အဖွဲ့ငါးခုကြားတွင် ဆင်သတ်၍အရပ်ဝေသလို ပမာဏနည်းပါးလွန်းလှသည်။ အကယ်၍ ယခုလို ရဲချုတင်းတို့လိုကြယ်နှစ်ပွင့်ခန်းမအဖွဲ့နှင့်သာပူးပေါင်းပါက၊ ဝေစုတစ်ခုခွဲပေးလိုက်ရမည့်သဘောပင်....

ဤသည်မှာ ကြယ်တစ်ပွင့်ခန်းမ၏ ဝေစုများကို ဝမ်ဟေးကျူက ကိုယ့်သဘောဖြင့်ကိုယ် ခွဲဝေပေးလိုက်သလိုပင်.....

လီလော့ မျက်မှောင်ကြုတ်လိုက်သည်။ ဝမ်ဟေးကျူ ၏ လုပ်ရပ်များသည် စည်းကမ်းများကို အန္တရာယ်ကြီးစွာ ချိုးဖောက်နေသည်မဟုတ်လော....

သူသည် ထိုအတွေးကို နားလည်သည် ။ ကြယ်ပွင့်ခန်းမတစ်ခု၏အကူအညီဖြင့် ၎င်းတို့သည် ပိုမိုမြင့်မားသောအဆင့်များကိုရှင်းလင်းနိုင်ပြီး ခူအဲ့ကျို စွမ်းအင်ကိုပိုမိုရရှိစေနိုင်သည်။ ရဲချူတင်းတို့အဖွဲ့ဟာ သဘောတူညီချက်ရဲ့ ပိုမိုကောင်းမွန်တဲ့အဆုံးသတ်ကို ရခဲ့ပေမယ့် ဝမ်ဟေးကျူအတွက်လည်း ပိုကောင်းသောအကူအညီများရနိုင်ခဲ့သည်။

ဝမ်ဟေးကျုနှင့်ရဲချူတင်းတို့သည် လီလော့၏ ပြိုင်ဘက်များဖြစ်သည့်အတွက် ထိုပူးပေါင်းမှုတွင် ပုဂ္ဂိုလ်ရေးအရ မုန်းတီးမှုများလည်း ပါဝင်နိုင်သည်။

ရဲချူတင်းတို့အဖွဲ့နှင့် ပေါင်းပြီး ဝမ်ဟေးကျူ ၏အဖွဲ့ ခူအဲ့ကျို စွမ်းအင်အများစုကို ရနိုင်ခဲ့သည်မှာ လီလော့အတွက် သတင်းဆိုးတစ်ခုလိုပင်.....

" လွန်လွန်းတယ်"

လုချင်းအာက ဒေါသတကြီးအော်ဟစ်လိုက်သည်။

"ခေါင်းဆောင်.... သူတို့က ညစ်ပတ်ပြီး ကစားချင်တာဆိုတော့ ငါတို့လည်း စီနီယာကျန်းကိုကူညီတောင်းလိုက်လို့ရတာပဲ...."

ရှင်းဖူ အကြံပြုသည်ကို ပိုင်မျန်မျန်က ခေါင်းခါလိုက်ပြီး......

"ကြယ်သုံးပွင့်ခန်းမက တမာန်တော်သစ်ခေါင်းပေါက် မှာ လေ့ကျင့်နေတာ မဟုတ်ဘူး....ပြီးတော့ ဝမ်ဟေးကျူတို့လုပ်ရပ်ကိုလည်းမှားတယ်လို့ပြောလို့မရဘူး...."

" ဘာဖြစ်တယ်...?"

"အတိအကျပြောရရင်၊ သူတို့လုပ်နေတာက တရားမျှတမှုမရှိပေမယ့် စည်းမျဉ်းတွေကို ဆန့်ကျင်တာမဟုတ်ဘူး" ဟု လီလော့က စဉ်းစဉ်း စားစားပြောသည်။

"ဒါကို ခရမ်းအဆင့် နည်းပြငါးယောက် ဘယ်လိုထင်လဲ ကြည့်ကြရအောင်....."

အခြားသူများကလည်း ခေါင်းတညိတ်ညိတ်နှင့် စောင့်ဆိုင်းဖို့ပြင်လိုက်ကြသည်။

လီလော့ ပြောသည့်အတိုင်း ဝမ်ဟေးကျူ နှင့်ရဲချူတင်းတို့ ပူးပေါင်းသည့်ကိစ္စကကို ကြယ်တစ်ပွင့်ခန်းမ၏ ခရမ်းအဆင့်ဆရာများကလည်း အပြင်းအထန် ကန့်ကွက်နေကြသည်။

"ရှန်ကျင်းရှောင်၊ ရှင့်တပည့်တွေက ဘယ်လောက်တောင် ယုတ်မာကြသလဲ၊ ခူအဲ့ကျို စွမ်းအင်တွေ ပိုရဖို့အတွက် လူတိုင်းကို ဒုက္ခပေးတော့မလို့လား ဒါမှမဟုတ် ဒါက ရှင့်ရဲ့ အစီအစဉ်ရဲ့ တစ်စိတ်တစ်ပိုင်းပဲလား"

ချီချန်းက ပထမဆုံးစွပ်စွဲချက်တင်လိုက်သူဖြစ်သည်။

"နည်းပြ ချီချန်း" ရှန်ကျင်းရှောင် က ညင်သာစွာပြောသည်။ "ဒါက စည်းကမ်းနဲ့ ဆန့်ကျင်နေလို့လား....."

"ရှန်ကျင်းရှောင်၊ ဒါက စကားပြောပြီးငြင်းခုံနေရမယ့်ကိစ္စမဟုတ်ဘူး... စည်းကမ်းတွေက ကိုယ်ကျင့်တရားအတွက် လမ်းညွှန်ချက်တွေပါပဲလေ.... ကြယ်တစ်ပွင့်ခန်းမ ကျောင်းသားတွေအနေနဲ့ ကြယ်တစ်ပွင့်ခန်းမ အတွက်ပဲကြိုးစားသင့်တယ်... ရှင့်တပည့်တွေလုပ်ပုံက သစ္စာဖောက်နေသလိုပဲ....."

ချီချန်းက အော်လိုက်သည်။

"နည်းပြ ချီချန်းက ကြယ်နှစ်ပွင့်ခန်းမရဲ့ ကျောင်းသားတွေကို ကောလိပ်ရဲ့ကျောင်းသားတွေလို့ မမြင်ရသလိုပဲနော်..."

ရှန်ကျင်းရှောင်က တုံ့ပြန်လိုက်သည်။

"ရှင် မဆိုင်တာတွေဆွဲမထည့်နဲ့....."

တခြားဆရာတွေက ဒါကို ဘယ်လိုဖြေရှင်းရမှန်းမသိလို့ မျက်မှောင်ကြုတ်နေကြသည်။ အမှန်မှာ၊ ဝမ်ဟေးကျူ၏ လုပ်ရပ်များသည် လွန်ကျူးသည်ဟုထင်ရသော်လည်း တမာန်တော်သစ်ခေါင်းပေါက်တွင် အတိအလင်း တားမြစ်ထားခြင်းမရှိပေ။ ၎င်းတို့သည် ခူအဲ့ကျိုစွမ်းအင်ရရှိရန် မရိုးသားသောနည်းလမ်းများအသုံးပြုသည့်အတွက် ဝမ်ဟေးကျူ ၏အဖွဲ့အား ပြစ်တင်ဝေဖန်နိုင်သော်လည်း တရားဝင် မရပ်တန့်နိုင်ပေ။

ထို့ကြောင့် အပြင်းအထန်ဆွေးနွေးပြီးနောက် ချောင်ရှန်းက....

"ဒါကို ဒုကျောင်းအုပ်ကြီးစုရှင်းဆီသတင်းပို့ပြီးဆုံးဖြတ်ခိုင်းကြတာပေါ့....."

အခြား ခရမ်းအဆင့် နည်းပြများကလည်း ခေါင်းညိတ်ထောက်ခံလိုက်ကြသည်။ ချီချန်း က နောက်ဆုံး စိတ်လျှော့လိုက်ပြီး ဒုကျောင်းအုပ်စုရှင်း၏အဆုံးအဖြတ်ကိုနာခံဖို့ဆုံးဖြတ်လိုက်သည်။

အခြား ခရမ်းအဆင့် ဆရာများက ဘာမှထပ်မပြောဘဲငြိမ်နေကြသော်လည်း ရှန်ကျင်းရှောင်ကိုမကျေနပ်သည်မှာတော့ ထင်ရှားနေသည်။

ဤအရာများသာ ပေါက်ကြားသွားပါကလူရယ်စရာဖြစ်ကုန်လိမ့်မည်။

လီလော့နှင့်ချင်ဇူလုတို့ အချိန်အတော်ကြာအောင် စောင့်နေခဲ့သော်လည်း နည်းပြများထံမှ ဘာမျှမကြားရသေးပေ။ထို့ကြောင့်ဘအခြေနေအရပ်ရပ်ကို ကောင်းစွာနားလည်လိုက်ကြပြီဖြစ်သည်။

တိတ်ဆိတ်နေခြင်းသည် သဘောတူသည့်ဘအဓိပ္ပါယ်ပင်.......

ဝမ်ဟေးကျူသည် တမာန်တော်သစ်ခေါင်းပေါက်တွင် ခရမ်းအဆင့် နည်းပြများပင် မရပ်တန့်နိုင်သည့် အစွမ်းထက်သော အမြတ်ထုတ်မှုကို တွေ့ရှိခဲ့သည်။ ရှန်ကျင်းရှောင် သည် ဤကိစ္စရပ်တစ်ခုလုံး၏နောက်ကွယ်တွင် သေချာပေါက် ရှန်ကျင်းရှောင်ရှိနေလိမ့်မည်။

"ဒီခွေးမသားကတော့ကွာ..."

လီလော့ ပျစ်ပျစ်နှစ်နှစ် ကျိန်ဆဲပြီးနောက် ချင်ဇူလုတို့ဘက်လှည့်ကာ.....

"ကောင်းပြီ၊ ကြယ်နှစ်ပွင့်ခန်းမရဲ့ ခရမ်းအဆင့် အဖွဲ့တွေကို အနိုင်ယူဖို့ မင်းမှာ သတ္တိရှိလား"

ချင်ဇူလု က သူ့ကို ခပ်မဲ့မဲ့ ပြုံးပြပြီး သူ့မျက်လုံးတွေက တိုက်ခိုက်လ်ိုစိတ်ကြောင့် ရူးသွပ်ဖွယ် တောက်ပနေသည်။

"ငါလည်း ဒီအတိုင်းပဲဖြစ်စေချင်နေတာ....."

***

All Chapters