နောက်ဆုံးနေ့.....
Vol. 28 Ch. 386
ဝမ်ဟေးကျူတို့ ရဲချူတင်းနှင့် ပူးပေါင်းလိုက်ခြင်းသည် ကြယ်တစ်ပွင့်ခန်းမ၏ ခရမ်းအဆင့် အဖွဲ့များကို ဒေါသထွက်စေခဲ့သည်။ တကယ်တော့ ဒါဟာ မျှတတဲ့ ကျောင်းတွင်းပြိုင်ပွဲတစ်ခု ဖြစ်ခဲ့သော်လည်း ဝမ်ဟေးကျူက တံခါးကိုဖွင့်ကာ ဝံပုလွေများကို ဖိတ်ခေါ်ခဲ့သူဖြစ်သည်။
ဤနေရာတွင် ခူအဲ့ကျိုစွမ်းအင် များစွာကျန်နေသေးသော်လည်း ရဲချူတင်းတို့ယူသွားပါက ကျန်သည့်ကျောင်းသားများအတွက်ဘာကျန်တော့မည်နည်း....
သို့သော် ခရမ်းအဆင့် ဆရာများက ကြားဝင်မစွက်ဖက်သောကြောင့် အောင့်သက်သက်ဖြင့်သာလက်ခံလိိုက်ရသည်။ မည်သို့ပင်ဆိုစေ ဒါကို ဆန့်ကျင်ဖို့ တိကျတဲ့ စည်းကမ်းမရှိခဲ့ပေ။ တစ်ယောက်ယောက်က ကိုယ့်လုပ်ဖော်ကိုင်ဖက်တွေကို ဒီလောက်ထိ ဆိုးဆိုးရွားရွား ထိခိုက်စေနိုင်လောက်အောင် ကောက်ကျစ်လိမ့်မည်ဟု ဆရာတွေလည်း ထင်ထားကြမည်မဟုတ်ပေ။
ဒေါသထွက်နေလို့လဲ အကျိုးမရှိသည့်အတွက် အခြားသော ကြယ်တစ်ပွင့်ခန်းမ အဖွဲ့လေးဖွဲ့က သူတို့ရဲ့ ကြိုးစားအားထုတ်မှုကိုသာနှစ်ဆတိုးခဲ့လေသည်။ သူတို့ အနိုင်ယူနိုင်တဲ့ အဆင့်တိုင်းမှာ ရဲချူတင်းတို့ အဖွဲ့အတွက် ခူအဲ့ကျို စွမ်းအင် နည်းပါးစွာကျန်ခဲ့လိမ့်မည်။
လေးဖွဲ့ ထဲတွင် လီလော့နှင့် ချင်ဇူလုတို့၏အဖွဲ့နှစ်ဖွဲ့သာ အားအကောင်းဆုံးဖြစ်သည်။
အသန်မာဆုံး ကြယ်တစ်ပွင့်ခန်းမ အဖွဲ့နှစ်ဖွဲ့အနေဖြင့် မဟာမိတ်ဖွဲ့ လိုက်သည့်အခါ အဆင့် 38 ကို ကျော်ဖြတ်ကာ အဆင့် 39 ကို ထိုနေ့တွင် စတင်ကျော်ဖြတ်တော့မည်ဖြစ်သည်။
အဆင့် 39 သည် အဆင့် 38 ထက် များစွာ ခက်ခဲပြီး နှစ်ဖွဲ့စလုံး တိုက်ပွဲအတွင်း ပြင်းထန်သောဖိအားကို ခံစားခဲ့ရသည်။ ခေါင်းဆောင်နှစ်ဦးက ရန်သူများ၏ 70 ရာခိုင်နှုန်းကို ချေမှုန်းခဲ့ပြီး တိုက်ပွဲအတွင်း ၎င်းတို့၏အဖွဲ့ဝင်များကိုကူညီထောက်ပံ့ပေးခဲ့ကြသည်။
ဝမ်ဟေးကျူ-ရဲချူတင်း မဟာမိတ်အဖွဲ့သည် အဆင့် 39 သို့ရောက်ရှိနေပြီဖြစ်သည်ကို သိရှိသောကြောင့် မြန်မြန်လက်စသတ်ဖို့ကြိုးစားနေကြခြင်းလည်းဖြစ်သည်။
မနက်ဖြန်ဆို အထူးလေ့ကျင့်မှုနောက်ဆုံးနေ့ရောက်ပြီ......
ဝမ်ဟေးကျူ၏ မဟာမိတ်ဖွဲ့မှု ပန်းတိုင်မှာ အဆင့် 40 ကို အနိုင်ယူကာ အိပ်မက်ထားသည်ထက်ကျော်လွန်သော ခူအဲ့ကျို စွမ်းအင်ကို ရယူနိုင်ဖို့သာပင်.....
သူ၏ လွန်ကဲသော ရည်မှန်းချက်သည် ပုံသဏ္ဍာန်ပြောင်းလဲခြင်းအဆင့်သို့တက်လှမ်းနိုင်ခြင်းနှင့်အတိအကျသက်ဆိုင်နေ၏။
အကယ်၍ သူသာ အောင်မြင်ခဲ့ပါက၊ သူသည် ချင်ဇူလု ပြီးလျှင်ပုံသဏ္ဍာန်ပြောင်းလဲခြင်းအဆင့်သို့တက်လှမ်းနိုင်သည့် ဒုတိယကျောင်းသားဖြစ်လာလိမ့်မည်။ ထိုအချိန်တွင် လီလော့ကို အပြတ်အသတ်နောက်ကောက်ချန်ထားနိုင်တော့မည်သာ...
"ခေါင်းဆောင်.... လီလော့က အဆင့် 39 မှာ တိုက်ခိုက်နေပြီ" ဟု ဝမ်ဟေးကျူ က စိုးရိမ်တကြီးပြောလိုက်သည်။ အခုချိန်တွင် သူတို့ဟာ တူညီတဲ့ အဆင့်မှာ ရှိနေသည့်အတွက် မသေချာမရေရာသလိုခံစားနေရသည်။
ရဲချူတင်းလည်း တစ်ချက်ကြည့်လိုက်ပြီး....
"စိတ်မပူပါနဲ့...လီလော့နဲ့ ချင်ဇူလုတို့က သန်မာပေမယ့် အဆင့် 40 ကို လွယ်လွယ်နဲ့ ကျော်ဖြတ်နိုင်မှာ မဟုတ်ဘူး...အရင်တုန်းက ဇူရွှမ်းတို့အဖွဲ့တောင်မှ ကြယ်နှစ်ပွင့်ခန်းမကိုရောက်မှ အဆင့် 40 ကိုကျော်ဖြတ်နိုင်ခဲ့တာ....."
"ကျွန်တော် နားလည်ပါပြီ.. "
ဝမ်ဟေးကျူက အားတင်းပြီး ပြုံးလိုက်သည်။
"ဒါပေမယ့် လီလော့က နတ်ဆိုးဆန်တယ်.... အထူးသဖြင့် အရိပ်လှိုဏ်ဂူထဲမှာ..."
ထိုစကားကြောင့်ရဲချူတင်း၏ အမူအရာ မည်းမှောင်သွားသည်။အရိပ်လှိုဏ်ဂူမစ်ရှင်တွင် လီလော့၏ဂုဏ်သတင်းများစွာကျော်ဇော်ခဲ့ပြီး သူ(ရဲချုတင်း)ကသာ လူရယ်စရာဖြစ်ခဲ့ရသည်။
လီလော့သာမရှိခဲ့လျှင် ကျန်းချင်းအာသည် သူနှင့် မဟာမိတ်ပြုရန် ရွေးချယ်ခဲ့ပေလိမ့်မည်။ ပြီးတော့ ရလဒ်ကလည်း အရမ်းကိုကွာခြားနေလိမ့်မည်။
မနာလိုမှုနှင့် ဒေါသများ သူ့ကို ဖုံးလွှမ်းသွားသည်။ လီလော့၏ ကောင်းမွန်သောစွမ်းဆောင်ရည်များကြောင့် လော့လန်အိမ်တော်သခင်လေးကို ထက်မြက်သည်ဟု လူတိုင်းက ထင်မြင်လာကြသည်။
အရင်တုန်းကဆို ကျန်းချင်းအာကို လူတိုင်း သနားဂရုဏာသက်ခဲ့ကြသည်။ သူမ၏ ထက်မြက်မှုနှင့် နှိုင်းယှဉ်ပါက လီလော့သည် အပြစ်အနာအဆာတစ်ခု၊ အမဲစက်တစ်ခုလိုဖြစ်နေသည်မဟုတ်လော.... သခင်လေးတစ်ပါးနှင့်ထိုက်တန်သော အဆင့်အတန်းများပျောက်ဆုံးနေသော လီလော့သည် ကျန်းချင်းအာကိုဆွဲချနေသလိုဖြစ်နေခဲ့သည်။
ကျန်းချင်းအာကို နှစ်သက်မြတ်နိုးနေသည့် ရဲချူတင်းအတွက် ထိုအရာများက သည်းခံဖို့ခက်ခဲလွန်းခဲ့ပါသည်။
သူ့ကိုယ်သူ လီလော့ထက် အစစအရာရာ ထူးချွန်သာလွန်သည်ဟုယူဆထားပြီယှဉ်ပြိုင်နိုင်ပြီလို့ ခံစားနေရချိန်တွင် အရာရာပျက်စီးဆုံးရှုံးခဲ့ရပြန်သည်။
"သွားကြရအောင်။ မင်း ငါတို့ကို ဖိတ်ထားကတည်းက မင်းတို့ကျေနပ်လောက်အောင် ကြိုးစားပေးမှာပါ..." ဟု ရဲချူတင်းက ကတိပြုခဲ့ပြီးနောက် မနာလိုစိတ်တွေကို လျှော့ချပြီး မတ်တပ်ထရပ်လိုက်သည်။
ဝမ်ဟေးကျူက ပြုံးပြီး ခေါင်းညိတ်လိုက်သည်။ ရဲချူတင်း ဒေါသထွက်နေသည်မှာ သိသာလွန်းလှသည်။ ဒါကိုကောင်းကောင်းကြီး အသုံးချရမည်။ ရန်သူရဲ့ရန်သူကိုမိတ်ဆွေဖွဲ့ပါဟူသောစကားအတိုင်း ဘုံရန်သူဖြစ်သောလီလော့ကို ဖြုတ်ချနိုင် အခုလိုပူးပေါင်းခဲ့ခြင်းဖြစ်သည်။ဇူရွှမ်းတို့အဖွဲ့က ပိုမိုအားကောင်းသော်လည်း ၎င်းတို့သည် ပိုမိုမြင့်မားသောအဆင့်တစ်ခုတွင် အလုပ်များနေသဖြင့် ဆင်းလာရန် အချိန်မရှိပေ။
အဖွဲ့နှစ်ဖွဲ့သည် ကြိုတင်ပြင်ဆင်မှုများပြုလုပ်ပြီးနောက် အဆင့် 39 ရှိ ခူအဲ့ကျို ရုပ်သေးများကို အပြင်းအထန်တိုက်ခိုက်ခဲ့ကြသည်။
လီလော့၏ မဟာမိတ်နှင့်ဝမ်ဟေးကျူ၏ မဟာမိတ် နှစ်ခုစလုံးသည် အဆင့် 39 ကို တစ်ပြိုင်နက်တည်း အနိုင်ယူခဲ့ကြသည်။
ထို့နောက်တစ်နေ့တာအတွက် ကျန်ရှိနေတဲ့ ခူအဲ့ကျို စွမ်းအင်တွေကို စုပ်ယူနေခဲ့ကြသည်။
သို့သော်လည်း အဆင့် 39 သည် အမြည်းသဘောမျှသာဖြစ်ကြောင်း လူတိုင်းသိကြသည်။ မနက်ဖြန်တွေ့ကြုံရမည့် အဆင့် ၄၀ ကသာပွဲကြီးပွဲကောင်းဟုဆိုရမည်။
ဘယ်သူက အရင် ကျော်ဖြတ်ပြီး ခူအဲ့ကျို စွမ်းအင် အများစုကို ရလိမ့်မလဲ.....
ပိုင်တုတုနှင့် ရိလီရှတို့အဖွဲ့တို့သည် ရှေ့ဆက်တိုးဖို့မျှော်လင့်ချက်ကို စွန့်လွှတ်ခဲ့ကြသည်။ လီလော့နှင့်ဝမ်ဟေးကျူ တိုကို ယှဉ်ပြိုင်ရန် အခွင့်အရေးမရှိတော့ကြောင်း သူတို့သိခဲ့ကြသောကြောင့်ပင်....
...................................
အထူးလေ့ကျင့်ရေး နောက်ဆုံးနေ့......
လီလော့နဲ့ တခြားသူတွေ ရှန်းလိသစ်ပင်ဆီ ရောက်တဲ့အခါမှာတော့ ကြယ်တစ်ပွင့်ခန်းမ ကျောင်းသားတအုပ်ကြီးကို တွေ့လိုက်ရသည်။
"လီလော့, ချင်ဇူလု, မင်းတို့အစွမ်းကြိုးစားပြီး သစ္စာဖောက် ဝမ်ဟေးကျူကိုအနိုင်ယူပါ...."
"ဝမ်ဟေးကျူ၊ ယုတ်မာတဲ့ခွေးကောင်.... မင်း.. ကြယ်နှစ်ပွင့်ခန်းမကို ခွေးတစ်ကောင်လိုခစားနေတယ်ပေါ့....."
"ကြယ်တစ်ပွင့်ခန်းမရဲ့ သစ္စာဖောက်!"
"..."
ရွယ်တူချင်းများ၏ ကဲ့ရဲ့မှုကြောင့် လီလော့ ပြုံးလိုက်မိသည်။ ဝမ်ဟေးကျူတို့အဖွဲ့ကတော့ ရှက်ရွံ့နေပုံရသည်။
ဝမ်ဟေးကျူသည် လီလော့ ကြည့်နေသည်ကိုတွေ့လိုက်သောအခါ....
"လီလော့ ဒါ မင်းလက်ချက်မဟုတ်လား...."
လီလော့ ခေါင်းယမ်းလိုက်သည်။
"ငါနဲ့ ဘာမှ မဆိုင်ဘူး... ဒါပေမယ့် ဘယ်သူပဲ လုပ်ခဲ့ လုပ်ခဲ့ အဲ့လူကိုချီးကျူးသင့်တယ်....."
"ငါက နာမည်ဂုဏ်သတင်းကို လုံးဝဂရုမစိုက်ဘူး"
ဝမ်ဟေးကျူက အေးစက်စွာပြောသည်။
"ငါတို့ ဒီနေ့ အဆင့် 40ကို ပထမဆုံးကျော်ဖြတ်နိုင်သရွေ့ ငါတို့တွေသမိုင်းသစ်တစ်ခုရေးထိုးနိုင်လိမ့်မယ်...ငါကိုယ်တိုင်လည်း ပုံသဏ္ဍာန်ပြောင်းလဲခြင်း အဆင့်ကို ရောက်နိုင်တယ်။ ဒီကိစ္စမှာ ဘယ်သူ့ကိုဂရုစိုက်နေစရာလိုလို့လဲ...."
"အပြောမကြီးနဲ့ဉီး...မင်းထင်ထားသလိုဖြစ်မလာခဲ့ရင်ရော......"
လီလော့ ရယ်လိုက်သည်။
ဝမ်ဟေးကျူက သူ့ကို အေးစက်စွာ စိုက်ကြည့်ပြီးနောက် လှည့်ထွက်သွားသည်။
လီလော့ က သူ့မေးစေ့ကို ပွတ်ရင်း သူ့နောက်မှာ ပုန်းနေတဲ့ ယုလန်ကို လှမ်းခေါ်လိုက်သည်။
"ဒါ မင်းလက်ချက်မဟုတ်လား....."
ယုလန်ကရယ်ကျဲကျဲနှင့်.....
"သူ သတ္တိရှိရှိနဲ့ နှုတ်ထွက်လိမ့်မယ်လို့ထင်နေခဲ့တာ...အခု သူက ဂရုမစိုက်ဘူးလို့ ပြောကောင်းပြောနိုင်ပေမယ့် ဒီကောင်အပြောခံရတာကိုမြင်နေရရုံနဲ့တင်ကျေနပ်စရာကောင်းနေပြီ....."
အားပေးသံများကြားတွင် လီလော့ ၏မဟာမိတ်အဖွဲ့သည် သူရဲကောင်းများကဲ့သို့ တမာန်တော်သစ်ခေါင်းပေါက်ထဲသို့ လျှောက်သွားခဲ့သည်။
အထူးလေ့ကျင့်မှုနောက်ဆုံးနေ့တွင် အသင်းနှစ်သင်းသည် အဆင့် 40 တက်ရန် ပြင်ဆင်နေကြလေပြီ......
***