← Chapters

အဆင့် ၄၀....

Vol. 28 Ch. 387

အဆင့် ၄၀....

Vol. 28 Ch. 387

အဆင့် 40 သို့ရောက်သည်နှင့် လီလော့နှင့်ချင်ဇူလုတို့သည် လက်နက်ကိုယ်စီအသင့်ပြင်ပြီး အဖွဲ့သားလေးယောက်နှင့်အတူ အခြေနေကိုအကဲခတ်လိုက်ကြသည်။

မြူမှုန်များ ကင်းစင်သွားသောအခါတွင် စောင့်ကြိုနေသောအရာများကို မြင်နိုင်ရန် အရှေ့ဘက်ကို စူးစိုက်စိုက်ကြည့်နေကြသည်။

တိုက်ပွဲသံချပ်ကာအပြည့်အစုံကို ၀တ်ဆင်ထားသော ခူအဲ့ကျိုရုပ်သေးသုံးကောင်သည် မြေပြင်ပေါ်ထိလုမတတ်ရှည်လျားသောဓာရှည်ကြီးများကိုကိုင်ဆောင်ပြီး ပြင်းထန်သောဖိအားများထုတ်လွှတ်လျှက်ရှိသည်။

ဤသုံးကောင်သည် ယခင်က သူတို့တိုက်ခိုက်ခဲ့သော မည်သည့်ရုပ်သေးထက်မဆို အားကောင်းသော်လည်း ပုံသဏ္ဍာန်ပြောင်းလဲခြင်းစတုတ္တအဆင့်တော့မဟုတ်သည့်အတွက် အံ့သြစရာကောင်းလောက်အောင် လီလော့ စိတ်သက်သာရာရသွားခဲ့သည်။

သူတို့တစ်ဦးစီသည် ရွှေနဂါးတာအိုနယ်မြေတွင် ဆုံခဲ့ရသည့် လင်းစွော် ထက်ပင် အားကောင်းနေသေးသည်။

သို့သော်လည်း ရုပ်သေးရုပ်များတွင် စွမ်းအားရှိသော်လည်း ၎င်းကို အပြည့်အဝအသုံးချရန် လိုအပ်သော မြင့်မားသောဉာဏ်ရည်မျိုး ရှိမနေခဲ့ပေ။ ၎င်းတို့၏ တိုက်ပွဲနည်းဗျူဟာများသည် အကန့်အသတ်ရှိသဖြင့် ကိုင်တွယ်ရန် အနည်းငယ် ပိုမိုလွယ်ကူစေသည်။

"အိုး၊ ဒီအဆင့်ရဲ့အဆင့်မြင့် ခူအဲ့ကျို ရုပ်သေးသုံးကောင်..."

ချင်ဇူလုက သူ့လှံကို တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်လိုက်ပြီး .....

"ငါတစ်ယောက်တည်းနဲ့တောင် နိုင်အောင်တိုက်လို့ရတယ်" လို့ လီလော့ကို အသိပေးလိုက်သည်။

လီလော့က သူ့ကို တအံ့တသြနဲ့ စိုက်ကြည့်နေပြီး....

"အိုး..လုလုလေးက ရဲရင့်လိုက်တာ..... ရွှေနဂါးတာအိုနယ်မြေမှာ လင်းစွော် ကို ငါတို့ ဘယ်လိုအနိုင်ယူခဲ့ရတယ်ဆိုတာ မေ့နေပြီလား....."

ချင်ဇူလုက သူ့ကို မှုန်ကုတ်ကုတ်နဲ့ပြန်ကြာ့်နေပြီး....

"အဲဒီတုန်းက ငါက ပုံသဏ္ဍာန်ဖွဲ့စည်းခြင်း တတိယအဆင့်လေ....အခု ပုံသဏ္ဍာန်ပြောင်းလဲခြင်း ပထမအဆင့်ရောက်ပြီဆိုတော့ လင်းစွော်နဲ့ နောက်တစ်ကြိမ် ရင်ဆိုင်ရရင် သူ့ကို ငါတစ်ယောက်တည်းနဲ့အနိုင်ယူနိုင်ပြီ....."

"ဒါပေမယ့် မင်း သူ့ကို ဘယ်တော့မှ မတွေ့ရတော့ဘူးလေကွာ...အေးပါကွာ.....မင်းဆန္ဒအတိုင်း၊ အဲဒီထဲက တစ်ကောင် မင်းရဲ့အပိုင်ပဲ......"

ချင်ဇူလုက သူ့ကို ပြန်ကြည့်လိုက်ပြီး ......

"ကောင်းပြီ...ကိစ္စမရှိဘူး.... "

လင်းစွော်နဲ့ တိုက်ခိုက်တုန်းကလောက်တော့ အခြေနေပိုဆိုးစရာအကြောင်းမရှိနိုင်ပေ။ယခုအချိန်တွင် သူသည် ပုံသဏ္ဍာန်ပြောင်းလဲခြင်းအဆင့်တွင် ရှိနေသောကြောင့် ပိုမိုအားကောင်းလာပြီး ရွှေကျားနတ်ဆိုးပဲ့တင်ထပ်သံကလည်း အဆင့်သစ်တစ်ခုသို့ရောက်ရှိနေပြီဖြစ်သည်။

"ကျန်တဲ့နှစ်ယောက်ကရော?" ချင်ဇူလုက မေးသည်။

"ငါ ဖြေရှင်းလိုက်မယ်၊ နောက်ဆုံးတစ်ကောင်ကိုတော့ ကျန်တဲ့ လေးယောက်ကို ချန်ထားမယ်..... သူတို့ ပေါင်းလိုက်မယ်ဆိုရင် အချိန်ဆွဲထားနိုင်လောက်မှာပါ...."

"ဖြစ်ရဲ့လား....?"

အထူးလေ့ကျင့်မှုသည် ၎င်းတို့အား အံ့အားသင့်ဖွယ်တိုးတက်မှုများပေးစွမ်းခဲ့ပြီး လီလော့သာလျှင် သူနှင့်တူညီသောအဆင့်တွင် ရှိနေခဲ့သည်။ ချင်ဇူလုက သူ့ကို နှိမ့်ချဖို့ ကြိုးစားနေခြင်းမဟုတ်ဘဲ စိုးရိမ်စိတ်ကြောင့်သတိပေးနေခြင်းသာဖြစ်သည်။

ဤအဆင့်မြင့် ခူအဲ့ကျို ရုပ်သေးများသည် လင်းစွော်ထက်ပင် အားကောင်းနေသေးသည်။

လီလော့က သူ့စိုးရိမ်မှုအတွက် ကျေးဇူးတင်သော်လည်း မာနကြီးတဲ့အကြည့်မျိုးနဲ့ပြန်ကြည့်လိုက်ပြီး.....

"လင်းစွော်ကိုအနိုင်ယူခဲ့တုန်းက ဘယ်သ အလုပ်အများဆုံးလုပ်ခဲ့တာလဲဆိုတာ မင်းမေ့နေပုံပဲ...."

ချင်ဇူလုက နောက်ထပ်မှတ်ချက်မပေးခဲ့တော့ပေ။ တစ်ချိန်လုံး အတူတကွအလုပ်လုပ်ပြီးနောက် လီလော့သည် ထင်ရာစိုင်းသူမဟုတ်ကြောင်း သူသိခဲ့သည်။ လီလော့ ဤအစီအစဥ်ကို ဆုံးဖြတ်လိုက်သောကြောင့် ချင်ဇူလုလည်းပျော်ရွှင်နေမိသည်။

"ကောင်းပြီ....အစီအစဥ်ကတော့ဒီလောက်ပဲ..... ဒါတောင်၊ ရှင်းဖူနဲ့တခြားသူတွေ အတူတူတိုက်ခိုက်ရင်​တောင် ကြာကြာအချိန်ဆွဲထားနိုင်မှာမဟုတ်ဘူး.... ငါတို့နှစ်ယောက်သာရှုံးသွားရင်အခြေနေပိုဆိုးကုန်လိမ့်မယ်....."

"ပြီးတော့...... သူတို့ အချိန်ဆွဲထားပေးနိုင်ရင်တောင် ဝမ်ဟေးကျူနဲ့ရဲချူတင်းတို့သာ အရင်ကျော်ဖြတ်နိုင်ရင် များများစားစားရနိုင်မှာမဟုတ်ဘူး....."

လီလော့က ခဏလောက်စဉ်းစားလိုက်ပြီး....

" အားလုံးက ငါတို့ဆီမှာမျှော်လင့်ချက်တွေပုံအောထားတာကွ....."

ချင်ဇူလု ကျောင်းသားအုပ်ကြီးကိုမြင်ယောင်လိုက်ပြီး....

"ကြယ်တစ်ပွင့်ခန်းမရဲ့ဂုဏ်အသရေကို ငါတို့ကာကွယ်ပေးရမယ်...."

ချင်ဇူလုကထိုသို့ပြောပြီးသည်နှင့်ကြွက်သားတွေကို အားရပါးရ ဆန့်ထုတ်ပစ်လိုက်ကာ....

"တိုက်ကြစို့!"

ပဲ့တင်ထပ်သံစွမ်းအားများထုတ်ဖော်လိုက်ချိန်တွင် ချင်ဇူလုက သားရဲတစ်ကောင်နှင့်ပင်ပိုတူနေလေ၏။

လီလော့က သူ့ကို သဘောကျစွာကြည့်ပြီး ခေါင်းညိတ်လိုက်သည်။

ဒီကောင်ကမြှောက်ပေးဖို့သိပ်လွယ်တာပဲ.....

ရှင်းဖူတို့ဘက်ကိုလှည့်ကြည့်လိုက်သည့်အခါ လီလော့ဘာတစ်ခွန်းမှမပြောနိုင်ခင်.....

" ထွေထွေထူးထူးတွေ ပြောမနေပါနဲ့တော့.... ငါတို့အတတ်နိူင်ဆုံးအချိန်ဆွဲပေးထားပါ့မယ်...မင်း အခြေနေမကောင်းမှန်းသိတာနဲ့ ငါတို့လှည့်ပြေးမှာပါ......"

လီလော့ သက်ပြင်းချလိုက်မိသည်။

ထက်မြက်တဲ့ အသင်းဖော်တွေက အသုံးမဝင်ဘူး.... ချင်ဇူလုလို ထုံထိုင်းတဲ့သူတွေကိုသဘောကျတယ်....နည်းနည်းလေး သွေးထ်ုးပေးလိုက်တာနဲ့အရူးလိုတိုက်ခိုက်တော့တာပဲ.....

"ကောင်းပြီ၊ ကိုယ့်ကိုကိုယ် ဂရုစိုက်ပါ"

လီလော့က အဆင့်မြင့် ခူအဲ့ကျို ရုပ်သေးရုပ်တစ်ရုပ်ကို မျက်နှာမူပြီး လှည့်ကြည့်လိုက်သည်။

ရှင်းဖူနှင့် အခြားသူများကလည်း နောက်ဆုံးကျန်နေသည့်ရုပ်သေးရုပ်ကိုရင်ဆိုင်ရန် လှည့်သွားကြသည်။

တစ်ဖက်တွင်မူ ....ဝမ်ဟေးကျူတို့ မဟာမိတ်အဖွဲ့ကလည်း အစီအစဉ်များချမှတ်ပြီးကြပြီဖြစ်သည်။

ရဲချူတင်းသည် အသန်မာဆုံးဖြစ်ပြီး သူ၏ စွယ်စုံရ ကျွမ်းကျင်မှုဖြင့် အဆင့်မြင့်ရုပ်သေးများကို ကိုင်တွယ်ဖြေရှင်းနိုင်သည်ဟုယူဆထားသည်။ သူ့အသင်းဖော် နှစ်ယောက်ကညရုပ်သေးရုပ်တစ်ရုပ်နှင့် ရင်ဆိုင်ရမှာ ဖြစ်ပြီး ဝမ်ဟေးကျူတို့အဖွဲ့ကတော့ နောက်ဆုံး ရုပ့သေးရုပ်ကိုရင်ဆိုင်ကြလိမ့်မည်။

ဤအတိုင်းသာဆို ဝမ်ဟေးကျူတို့က လီလော့တို့ထက်အခြေနေပိုကောင်းနေသည့်သဘောပင်......

တစ်ဖက်တွင်မူ လီလော့တို့အတွက် အောင်ပွဲခံရန် အာမခံချက်မရှိပေ။

ခရမ်းအဆင့် ဆရာငါးဦးကလည်း တိုက်ပွဲနှစ်ခုကို တိတ်တဆိတ်ကြည့်ရှုနေကြသည်။

ချီချန်းသည် စိတ်လှုပ်ရှားမှုကြောင့် နှုတ်ခမ်းသားများကို သတိလက်လွတ်ဖိကိုက်ထားလေသည်။

ရှန်ကျင်းရှောင်က အသင့်ယူဆောင်လာသည့်ပုလင်းထဲသို့ သေရည်များကို ခပ်ပြုံးပြုံးအမူအရာဖြင့် ငှဲ့နေပြီး ဆရာများကို အတူသောက်ဖို့ဖိတိခေါ်နေသည်။

ချီချန်းသာလျှင် ခွက်ကို ဖုန်မှုန့်ဖြစ်အောင် ချေမွလိုက်ပြီး....

" ကိုယ်ဘာသာကိုယ်သောက်...."

ရှန်းကျင်းရှောင်သည် ဒေါသထွက်နေသောချီချန်းကိုလျစ်လျူရှုထားပြီး တိုက်ပွဲများကို ရံဖန်ရံခါ ငုံ့ကြည့်ရင်း ပျော်ရွှင်စွာ သေရည်သောက်သုံးနေလေ၏။

***

All Chapters