← Chapters

ခက်ခဲသောတိုက်ပွဲ....

Vol. 28 Ch. 388

ခက်ခဲသောတိုက်ပွဲ....

Vol. 28 Ch. 388

တမာန်တော်သစ်ခေါင်းပေါက်၏ အလွှာ၄၀တွင် တိုက်ခိုက်သံများဆူညံလျှက်ရှိသည်။

လီလော့သည် ပရမ်းပတာများကြားတွင် ပစ်မှတ်ဖြစ်သည့် အဆင့်မြင့် ခူအဲ့ကျို ရုပ်သေးကိုသာ စိုက်ကြည့်နေပြီး သူ၏တစ်ခုတည်းသောတာဝန်မှာ အချိန်တိုအတွင်း လင်းစွော်ထက်သန်မာသည့် ရုပ်သေးကို ဖယ်ရှားရန်ဖြစ်သည်။

ထိုရုပ်သေးရုပ်ကိုအမြန်လက်စသတ်နိုင်မှသာ အခြားသူများကို ကူညီနိုင်လိမ့်မည်။

လီလော့၏ ဓားတိုများသည် ရေအစွန်အဖျားပညာရပ်ကြောင့် တောက်ပနေသည်။

အနီးသို့ရောက်သောအခါ ပေါ့ပါး​သောခြေလှမ်းများဖြင့် အရှိန်ယူခုန်တက်လိုက်ပြီး ရုပ်သေးရုပ်ကို ခုတ်ပိုင်းလိုက်လေသည်။

ခူအဲ့ကျို ရုပ်သေးသည် သံချပ်ကာဝတ်ဆင်ထားသဖြင့် ဓားချက်ကြောင့် နည်းနည်းမျှပင် မတုန်လှုပ်သွားခဲ့ပေ။ ထို့အပြင် လီလော့ကိုတန်ပြန်တိုက်ခိုက်ရန် ဓားဝင့်လျှက် ရှေ့တိုးလာခဲ့သည်။

ကြီးမားသောအစိမ်းရောင်ဓားချက်ကို အချိန်မှီရှောင်တိမ်းနိုင်ခဲ့သော်လည်း ထိမိသွားပါက ခန္ဓာကိုယ်နှစ်ပိုင်းပြတ်သွားနိုင်သည်ကိုတွေးပြီး လီလော့ တုန်လှုပ်နေခဲ့မိသည်။

ပထမဆုံး လှုပ်ရှားမှု မအောင်မြင်သည့်အပြင် တန်ပြန်တိုက်ခိုက်ခံလိုက်ရသေးသည်။ နောက်တစ်ဖန်တိုက်ခိုက်ကြရာတွင် ရုပ်သေးရုပ်၏ဓားရှည်က လီလော့၏ဓားတိုနှစ်လက်ကိုကောင်းစွာပိတ်ဆို့ထားလိုက်ပြန်သည်။

သတ္ထုချင်းထိခတ်သံများကျယ်လောင်စွာထွက်ပေါ်လာပြီး လက်နှစ်ဖက်စလုံးထုံကျင်သွားခဲ့သည်။

လီလော့ ပဲ့တင်ထပ်သံစွမ်းအားများကိုထပ်မံထုတ်ဖော်ရင်း ရန်သူကို ဂရုတစိုက်အကဲခတ်နေခဲ့သည်။

ထို့နောက်...အပြာရောင်ဓားတိုတစ်လက်သည် မယုံနိုင်လောက်အောင် လျင်မြန်သာည့်အရှိန်ဖြင့် ထိုးဖောက်ဝင်ရောက်ပြီး ရုပ်ပုံများကို ချန်ထားခဲ့လေသည်။

ရေတစ်ထောင် ဓားချက်......

အားကောင်းသည့်အဆင့်မြင့် ခူအဲ့ကျို ရုပ်သေးရုပ်သည် လီလော့၏ပဲ့တင်ထပ်သံပေါင်းစပ်သည့်စွမ်းအားဖြင့်ခုတ်ပိုင်းလိုက်သည့် ရေတစ်ထောင်ဓားချက်ကိုပင်ဖြုံမည့်ပေါ်မပေါ်ပေ။

ဝုန်းးးး

ရေစွမ်းအားသုံးလက်နက်သည် အဆင့်မြင့် ခူအဲ့ကျို ရုပ်သေး၏ သံချပ်ကာကို ထိမိသွားခဲ့ပြီး ယခုတစ်ကြိမ်တွင် မီးပွားများ လွင့်ထွက်သွားသည်ကို မြင်တွေ့ရသည်မှာ အထင်ကြီးစရာပင်။

ထိုဓားချက်ကြောင့် လီလော့ နောက်ဘက်သို့လွင့်စင်သွားပြီး အဆင့်မြင့် ခူအဲ့ကျို ရုပ်သေးကတော့ ခြေလှမ်းနှစ်လှမ်းသာ နောက်ဆုတ်လိုက်ရသည်။ ၎င်း၏ ခံစစ်များသည် ခိုင်ခံ့နေပြီး ကြောက်ရွံ့မှု မရှိပေ။

လီလော့နောက်သို့ ခုန်လိုက်ပြီး ထပ်မံမတိုက်ခိုက်သေးဘဲ ခတ္တမျှစဉ်းစားနေခဲ့သည်။

ရွေနဂါးတာအိုနယ်မြေတွင် ပြင်းထန်သောတိုက်ခိုက်မှုများကို ကာကွယ်ပေးမည့် ယုံကြည်စိတ်ချရသော လူသားဒိုင်းကာ ချင်ဇူလု ရှိနေခဲ့သည်။ ဒီတစ်ခါတော့ ကိုယ့်ကိုကိုယ်သာအားကိုးရပေတော့မည်။ ကံကောင်းထောက်မစွာဖြင့် သူ၏ ပဲ့တင်ထပ်သံ စွမ်းအားများ ယခင်ကထက် ပိုမိုအားကောင်းလာသည်။ ပုံသဏ္ဍာန်ပြောင်းလဲခြင်းအဆင့်ကို မတက်လှမ်းနိုင်သေးသော်လည်း ခူအဲ့ကျိုစွမ်းအင်များက သူ့ကို ပိုသန်မာလာအောင် ကူညီပေးခဲ့သည်။ အရင်တုန်းကအတိုင်းသာ ဒီတိုက်ခိုက်မှုကြောင့် တစ်ချက်တည်းဖြင့်ပွဲသိမ်းနေလောက်ပြီ။

လီလော့ လေထုထဲသို့ခုန်တက်လိုက်ပြီး အိတ်ဆောင်စက်လုံးအတွင်းမှ ငွေဖြူရောင်လေးတစ်လက်ကိုဆွဲထုတ်လိုက်လေပြီ။

တံလျှပ်သိမ်းငှက်မျက်လုံးလေး.....

ဤလေးသည် ခြိမ်းခြောက်မှုအသစ်ဖြင့် ခူအဲ့ကျို ရုပ်သေးကို နှေးကွေးစေလိမ့်မည်။သို့သော်လည်း ခဏအကြာတွင်၊ ၎င်းသည် ချပ်ဝတ်တန်ဆာသည်အစိမ်းရောင်တစ်ဖန်တောက်ပလာပြီး စွမ်းအင်အသစ်များဖြင့်ပိုမိုအားကောင်းလာသည်ကို အံသြဖွယ် မြင်တွေ့လိုက်ရသည်။

သံချပ်ကာက ပိုအားကောင်းလာတယ်......

ဤရုပ်သေးများသည် ဉာဏ်နိမ့်ပါးသော်လည်း ၎င်းတို့သည် ကာကွယ်ရေးနှင့် ခြိမ်းခြောက်မှုကို အကဲဖြတ်သည့် လုပ်ဆောင်ချက်ကို ပိုင်ဆိုင်ထားဆဲဖြစ်သည်။

ဝှစ်.......

လီလော့ ၏လက်ချောင်းသည် လေးကြိုးပေါ်တွင် မှုန်ဝါးနေပြီး သိမ်းငှက်အော်သံနှင့်အတူ အလင်းမျှားတစ်ဒါဇင်ခန့်ပစ်လွှတ်လိုက်ပြန်သည်။မျှားတစ်ချောင်းချင်းစီသည် ခူအဲ့ကျို ရုပ်သေး၏အရေးကြီးသောအချက်နေရာများဆီသို့ ဖြောင့်မှန်စွာ ပျံသန်းသွားကြသည်။

သို့သော်လည်း ခူအဲ့ကျို ရုပ်သေးကို အနည်းငယ်လှုပ်ခါရုံသာရှိသည်။ အလင်းမျှားများကို ချေမှုန်းရန် ၎င်း၏ချပ်ဝတ်တန်ဆာ မျက်နှာပြင်တစ်လျှောက်တွင် စွမ်းအင်ရေငွေ့များ ပိုမိုပွင့်ထွက်လာခဲ့သည်။

ရံဖန်ရံခါတွင် မြှားတစ်စင်းသည် ခိုင်ခံ့သော အကာအကွယ်များမှတစ်ဆင့် ပစ်မှတ်ကိုထိမှန်ခဲ့သော်လည်း၊ အထူးသဖြင့် နာကျင်မှုမခံစားရသော ရုပ်သေးရုပ်ကို ထိခိုက်မှုများစွာ မဖြစ်စေခဲ့ပေ။ရုပ်သေးရုပ်က လီလော့၏မြှားမုန်တိုင်းကိုဖြတ်၍ ရှေ့သို့တိုးလာခဲ့သည်။

လီလော့ တခြားသူများ၏ အခြေအနေကို အကဲခတ်ရန် အမြန်လှည့်ကြည့်လိုက်သည်။ချင်ဇူလုသည် သူ၏ ခူအဲ့ကျို ရုပ်သေးကို သေချာထိန်းထားသော်လည်း အချိန်တိုတွင်းအနိုင်ယူဖို့မလွယ်လောက်သေးပေ။ ရှင်းဖူနှင့်လုချင်းအာတို့ရဲ့ ဘက်မှာတော့ အခြေအနေ အနည်းငယ် ပိုဆိုးနေပြီး အချိန်ဆွဲထားနိုင်ဖို့ပင်မသေချာတော့ပေ။

ရုပ်သေးက သူ့ဆီကိုပြေးလာနေသော်လည်း ရဲချူတင်းဘက်သို့ လှမ်းကြည့်လိုက်သေးသည်။

ရဲချူတင်းသည် ရုပ်သေးရုပ်များနှင့်အဆင့်သိမ်မကွာသည့်အတွက် ကောင်းစွာ တိုက်ခိုက်နိုင်သည်။ထို့အပြင်ကျန်အဖွဲ့သားများကလည်း အရေအတွက်ရောအရည်သွေးပိုင်းပါအားသာသည့်အတွက်အခြေနေကောင်းသည်ဟုဆိုရမည်။

အချိန်ဆွဲနေလို့မဖြစ်တော့ပေ။

လီလော့ တွေးနေစဉ်တွင် သူ၏လက်များသည် အလုပ်များနေသေးပြီး မြှားတံများကို အဆက်မပြတ် ပစ်လွှတ်နေသည်။

ရုပ်သေးရုပ်ကလည်း စွမ်းအင်ဝဲဂယက်များဖန်တီးကာ မျှားချက်များကိုကောင်းကောင်းကြီးခုခံနေသည်။

လီလော့သည် ရုပ်သေး၏သံချပ်ကာရှိ အားနည်းချက်များကို အမှတ်အသားပြုနေသောကြောင့် ၎င်းသည် အသုံးမဝင်သော ကြိုးပမ်းမှုမဟုတ်ပေ။ အတိအကျပြောရလျှင် အားနည်းသည့်အချက်များမရှိသော်လည်း စွမ်းအင်ဝဲဂယက် အနည်းငယ်နှေးကွေးသွားသည်ကိုတော့သတိပြုမိလိုက်သည်။

"ဟုတ်ပြီ......."

ကောင်းကောင်းနားလည်ခဲ့ပြီဖြစ်သည်။ရဲချူတင်းတို့ကလည်း သိပ်မကြာခင် အပြီးသတ်နိူင်တော့မည်။

ဟူးးးးးး

သူ့ကိုယ်သူ တည်ငြိမ်စေရန် အသက်ပြင်းပြင်းရှူသွင်းလိုက်ပြီး စိတ်ပိုင်းဖြတ်ထားသည့် အကြည့်များဖြင့် ရုပ်သေးရုပ်ကို မမှိတ်မသုန်စိုက်ကြည့်နေလေ၏။

အခွင့်အရေးကတစ်ခါပဲရနိုင်မယ်.....

ဝေါင်းးးးးးးးး

ထိုအချိန်တွင်ပင် သူ့ရန်သူ ဟိန်းဟောက်သံကြောင့် မြေပြင် တုန်ခါသွားသည်။ထို့အပြင် လီလော့ထံသို့ အစိမ်းရောင် လေပွေများ မုန်တိုင်းတိုက်သလိုတိုးဝင်လာသည့်အတွက် လက်ကို အလျင်အမြန် မြှောက်လိုက်ပြီး ......

ရေစွမ်းအားအကာအကွယ်.......

စွက်....စွက်....

အစိမ်းရောင်လေပွေမုန်တိုင်းသည် ဖန်သားများကဲ့သို့ ကြွပ်ဆတ်သော အကာအကွယ်များကို ဖြတ်ကျော်ဝင်ရောက်သွားသည့်အတွက် လီလော့သည် သိမ်းငှက်လေးကို နောက်ဆုံးအကာကွယ်အဖြစ် ဆုပ်ကိုင်ထားခဲ့ရသည်။

ခရက်......

လီလော့ တိုက်ခိုက်မှု၏ အရှိန်ကြောင့် လွင့်ပျံသွားခဲ့ပြီး လက်ဖျံတွင် သွေးများစွန်းထင်းသွားသည်။

လီလော့ ထိုအကွာအဝေးကို အခွင့်ကောင်းယူပြီး လေးကြိုး ထပ်ဆွဲရန် နာကျင်မှုကို လျစ်လျူရှုထားလိုက်သည်။

ထို့နောက် အသက်ပြင်းပြင်းရှူကာ ပဲ့တင်ထပ်သံပေါင်းစည်းထားသည့်စွမ်းအားများကိုအပြင် ပဲ့တင်ထပ်သံပူဖောင်းပညာရပ်ဖြင့်သိုလှောင်ထားသောစွမ်းအားများကိုပါထုတ်ဖော်လိုက်လေပြီ။

ဝုန်းးးးးး

သူ့ခန္ဓာကိုယ်အတွင်းတွင် စွမ်းအားများ အထပ်ထပ် တုန်ခါနေပြီး လေးပေါ်သို့ စိမ့်ဝင်သွားကာ အလင်း၏မျှား၏အတောင်ပံများသည်လည်း ပိုမိုကျယ်ပြန့်လာသည်။

အသက် ရှူထုတ်လိုက်ပြီး လေးကြိုးကိုလွှတ်လိုက်သောအခါ သိမ်းငှက်အော်သံနှင့်အတူပျံသန်းသွားသော မျှားချက်ကြောင့် ခရမ်းအဆင့်ဆရာတွေကတောင် အသေအချာအကဲခတ်နေခဲ့ကြသည်။

လီလော့၏ မျှားသည် သူ၏ကျင့်ကြံမှုအဆင့်ထက်ပင်ပိုသာလွန်နေသေးသည်။

သို့သော် မြို့စားအဆင့်ကျွမ်းကျင်သူများအနေနှင့် လီလော့၏တိုက်ခိုက်မှု လုံလောက်လိမ့်မည်မကြောင်း တစ်ချက်ကြည့်ရုံနှင့်ပင် ခန့်မှန်းနိုင်ကြသည်။

***

All Chapters