ဂုဏ်ယူဖွယ်အောင်မြင်မှု.....
Vol. 28 Ch. 389
ဝှစ်.....
သိမ်းငှက်လေးမှ အရှိန်ပြင်းစွာလွင့်ထွက်သွသောမျှားသည် အဆင့်မြင့် ခူအဲ့ကျို ရုပ်သေးဆီသို့ ဦးတည်သွားသည်။
လျင်မြန်လွန်းလှသောမျှားအရှိန်ကြောင့် သာမာန်မျက်စိဖြင့် ခြေရာခံဖို့ ခက်ခဲလွန်းသည်ခရမ်းအဆင့်နည်းပြတွေတောင် အလင်းတန်းတွေကိုပဲ မြင်ရသည့်အတွက် ခူအဲ့ကျို ရုပ်သေးအတွက်တော့ပြောနေစရာပက်မလိုတော့ချေ။
မျှားတံက ရုပ်သေးရုပ်၏ ညာဘက်တင်ပါးတွင် ထိထိမိမိထိုးစိုက်သွားသည်။
လျင်မြန်လွန်းသဖြင့် ခုခံဖို့ပင်မတတ်နိုင်ရှာပေ။
အလင်းစွမ်းအင်များ အလျှံပယ်ပါဝင်နေသောမျှားတံမှတဆင့် စွမ်းအားများသည် ချပ်ဝတ်တန်ဆာများမှတစ်ဆင့် ရုပ်သေးရုပ်၏ခန္ဓာကိုယ်ထဲသို့ စိမ့်ဝင်သွားကြသည်။
ဤတစ်ကြိမ်တွင် တိုက်ခိုက်မှုသည် ခူအဲ့ကျို ရုပ်သေးကို နောက်သို့လွင့်ထွက်သွားစေပြီး ၎င်း၏ ချပ်ဝတ်တန်ဆာသည်လည်း ယခုအခါ ဆိုးရွားစွာ ပျက်စီးသွားခဲ့သည်။
သို့သော်လည်း အစိမ်းရောင်စွမ်းအင်များက ချပ်ဝတ်ကို ပြန်လည်ပြုပြင်ပေးနေသည့်အတွက် လီလော့ မျက်မှောင်ကြုတ်လိုက်မိသည်။ရုပ်သေးရုပ်၏ ခံစစ်က စိတ်ပျက်စရာကောင်းလောက်အောင် ကောင်းမွန်နေသည်မဟုတ်လော... သူ့ရဲ့ စွမ်းအားပြည့် မျှားချက်တောင်မှ ရှင်းရှင်းလင်းလင်း မထိုးဖောက်နိုင်ခဲ့ပေ။
“ဒါဆိုလည်း...နောက်တစ်ချက်ပေါ့ကွာ..…”
သူ့လေးကို ပြန်သိမ်းလိုက်ပြီး ဓားတိုနှစ်လက်ကို ဆွဲထုတ်လိုက်ကာ ပဲ့တင်ထပ်သံစွမ်းအားများထုတ်ဖော်ပြီး ရှေ့သို့ ပြေးသွားခဲ့သည်။
သူ့ဓားသွားများက စွမ်းအားများကြောင့် တောက်ပလာသည်။
ထို့နောက် အားမာန်အပြည့်ဖြင့်မာန်သွင်းပြီးရေတစ်ထောင် ဓားချက်ဖြင့် ထောင့်ဖြတ်ခုတ်ပိုင်းလိုက်လေတော့သည်။
သူ၏ တိုက်ခိုက်မှုသည် လေထုကို တုန်ခါသွားစေပြီး နူးညံ့ပြေပြစ်သော ပုံသဏ္ဍာန်ရှိသည့် ရေလှိုင်း အကွေ့အကောက်များသည် အမှန်တကယ်ပင် သေစေလောက်သော စွမ်းအားကို သယ်ဆောင်သွားခဲ့သည်။
ခရမ်းအဆင့်ဆရာများ ခေါင်းယမ်းလိုက်ကြသည်။ ဤသည်မှာ အားကောင်းသောတိုက်ခိုက်မှုတစ်ခုဖြစ်သော်လည်း ခူအဲ့ကျို ရုပ်သေး၏ချပ်ဝတ်တန်ဆာကို ဖြုတ်ချရန် မလုံလောက်သေးပေ။ သူ့ရဲ့ အကောင်းဆုံး တိုက်ခိုက်မှုကို မဖြိုဖျက်နိုင်ရင် သံချပ်ကာဟာ သူ့အလိုလို ပြန်လည်ကောင်းမွန်လာမည်ဖြစ်ပြီး လီလော့၏တိုက်ခိုက်မှုကလည်းအချည်းနှီးဖြစ်ကုန်မည်သာ.....
"သနားစရာပဲ.....အရမ်းနီးကပ်နေပြီးမှကွာ..."
ချောင်ရှန်း သက်ပြင်းချလိုက်သည်။
“ဟေး…” မီအာ ရုတ်တရက် ပြောလိုက်သည်။ "ဒီရေတစ်ထောင်ချက်က အရင်ကထက် ပိုအားကောင်းတယ်....."
ခရမ်းအဆင့်နည်းပြများက ပို၍ နီးကပ်စွာ ကြည့်ကြသည့်အခါ ဤတစ်ကြိမ်တွင် ရေတစ်ထောင်ဓားချက်သည် ရေစွမ်းအား ပိုမိုမြန်ဆန်စွာ စီးဆင်းခဲ့ပြီးအရှိန်အဟုန်ကလည်းအရင်ကထက်ပင်ပိုအားကောင်းနေသေးသည်ကိုတွေ့မြင်လိုက်ရသည်။ ထိုအချက်များကတိုက်ခိုက်မှု၏ အဓိကအချက်ဖြစ်ခဲ့သည်။
အရှိန်အဟုန်ဖြင့် စီးဆင်းလာသဖြင့် ယခင်ကထက် ပိုမိုအားကောင်းလာခဲ့ခြင်းဖြစ်သည်။
ရေတစ်ထောင်ဓားချက်ကို ဤအဆင့်ထိရောက်အောင်ထုတ်သုံးနိုင်ခြင်းသည် ပဲ့တင်ထပ်သံစွမ်းအားမြင့်မားစွာကုန်ဆုံးရုံသာမက လှုပ်ရှားမှု၏သဘောသဘာဝကို နက်နဲစွာကျွမ်းကျင်နားလည်ရန်လည်း လိုအပ်ပါသည်။ လီလော့ သည် မကြာသေးမီကမှ ဤလှုပ်ရှားမှုကို ကျွမ်းကျင်ခဲ့ခြင်းဖြစ်နိုင်သည်။
ခရမ်းအဆင့်နည်းပြများ စိတ်ရှုပ်ထွေးနေချိန်တွင် လီလော့ကတော့ အသေအချာတွက်ချက်ပြီးနှင့်နေပြီ။ သူ၏ ရေတစ်ထောင်ဓားချက်သည် ရေအလင်းပဲ့တင်ထပ်သံကို အကောင်းဆုံးထုတ်ယူထားသဖြင့် ပို၍ပင်အားကောင်းနေသည်မှာသေချာလှသည်။
ဤသည်မှာ ပဲ့တင်ထပ်သံနှစ်ခု၏ နောက်ထပ်အားသာချက်တစ်ခုဖြစ်သည်။ ပဲ့တင်ထပ်သံပညာရပ်မှန်သမျှကိ ပိုမိုအားကောင်းလာစေရန် အလွယ်တကူ ပြုပြင်နိုင်ပြီး လွန်ခဲ့သည့်တစ်လအတွင်း ရေတစ်ထောင်ဓားချက်ကို ပြန်လည်ဆန်းသစ်ရန် မမောမပန်း စမ်းသပ်ခဲ့သည့် ရလဒ်ပင်.....
ဝုန်းးးးးး
တိုက်ခိုက်မှုသည် အဆင့်မြင့် ခူအဲ့ကျို ရုပ်သေး၏ တင်ပါးကို ဖြတ်သွားကာ ချပ်ဝတ်တန်ဆာပေါ်ရှိ စွမ်းအင်များကို ဖြတ်တောက်ပစ်လိုက်သည်။
လီလော့ ထိုနေရာ၌ပင် ရပ်လိုက်ပြီး ရုပ်သေးရုပ် သူ့ဆီသို့ တစ်လှမ်းချင်း လျှောက်လာနေသည်ကို ကြည့်နေသည်။
ခြေလှမ်းအနည်းငယ်အကြာတွင် ရုပ်သေးရုပ်၏ ခံစားချက်ကင်းမဲ့သောခန္ဓာကိုယ်တစ်ခုလုံးသည် တင်ပါးဆုံရိုးပေါ်မှ ပြုတ်ကျကာ နှစ်ပိုင်းကွဲသွားခဲ့သည်။
ခူအဲ့ကျို ရုပ်သေး ပျောက်ကွယ်သွားသည့်နှင့်တပြိုင်နက် နေရာအနှံ့မှ များစွာသော ထိတ်လန့်မှုနှင့် ကြုံတွေ့ခဲ့ရသည်။
ချင်ဇူလုသည်လည်း သူ့မျက်လုံးများကို မယုံနိုင်တော့ပေ။ သူကိုယ်တိုင် ခက်ခဲတဲ့တိုက်ပွဲမှာ ပိတ်မိနေပေမယ့် လီလော့ကတော့ ကောင်းမွန်စွာ အဆုံးသတ်နိုင်ခဲ့ပြီ.... ဤနေရာတွင် ပုံသဏ္ဍာန်ပြောင်းလဲခြင်းအဆင့်ရောက်နေသူမှာ မည်သူနည်း။
ပုံသဏ္ဍာန်ပြောင်းလဲခြင်းအဆင့်ကိုအရင်ဉီးဆုံးတက်လှမ်းနိုင်ခဲ့သဖြင့် လီလော့ခက်သာလွန်ပြီဟုထင်ခဲ့မိသည်။သူတော်တော်တုံးအခဲ့သည်သာ....
ခပ်ဝေးဝေးတွင် ရှင်းဖူ၊ လုချင်အာ၊ ပိုင်မျန်မျန်နှင့်ယင်ယွဲ့တို့က လီလော့ တိုက်ပွဲကို ပြတ်ပြတ်သားသား ဖြိုခွဲခဲ့သည်ကိုကြည့်ပြီး ပျော်ရွှင်နေကြသည်။
အခြားတဖက်တွင်မူ... ဝမ်ဟေးကျူသည် လီလော့ကို တစ်ချိန်လုံး အနီးကပ် စောင့်ကြည့်နေသောကြောင့် ဤတိုးတက်မှုကို ပထမဆုံးသတိပြုမိခဲ့သည်။ အံ့သြတကြီးဖြင့် ခြေလှမ်းပျက်သွားသောကြောင့် ရုပ်သေးရုပ်၏ဓားချက်စာမိဖို့နည်းနည်းသာလိုတော့သည်။
"ဝမ်ဟေးကျူ မင်းဘာလုပ်နေတာလဲ?" ဒူဇီပိုင်ရွှမ်းက သူ့ကို အော်လိုက်သည်။ သူတို့မှာ လူအရေအတွက် အားသာချက်တွေရှိပေမဲ့ ခူအဲ့ကျို ရုပ်သေးက သေစေနိုင်တဲ့ ရန်သူဖြစ်ပြီး ပေါ့လျော့နေလို့မဖြစ်ချေ။
"လီလော့ ခူအဲ့ကျို ရုပ်သေးရုပ်ကို အနိုင်ရသွားပြီ...." ဝမ်ဟေးကျူက ပြန်အော်သည်။
ဒူဇီပိုင်ရွှမ်း၏ ထိတ်လန့်မှုသည် ဝမ်ဟေးကျူထက်နည်းနည်းမျှမလျော့ခဲ့ပေ။
"မဖြစ်နိုင်ဘူး၊ သူက ငါတို့လို ပဉ္စမအဆင့်ပဲလေ......"
ဒူဇီပိုင်ရွှမ်း တုန်လှုပ်သွားသည်။ သူတို့ သုံးယောက် အတူတူ ထိန်းထားနိုင်ပေမယ့် လီလော့ တစ်ယောက်တည်းနဲ့အနိုင်ယူလိုက်ပြီလား....
ဒါက ရဲချူတင်း ထက်တောင် ပိုမြန်နေသေးသည်။
ပဲ့တင်ထပ်သံနှစ်ခုက တကယ်ပဲ အစွမ်းထက်သလား။ ကျင့်ကြံမှုအဆင့်နဲ့ ပဲ့တင်ထပ်သံအဆင့်များ၏ သာမာန်အယူအဆများကို သူ အမှန်တကယ်ပဲသွေဖယ်နိုင်တာလား......
"ခေါင်းဆောင်ရဲ...၊ မြန်မြန်လုပ်၊ လီလော့က ဦးဆောင်နေပြီ!" ဝမ်ဟေးကျူ အသဲအသန်အော်လိုက်သည်။
ရဲချူတင်းသည် ခူအဲ့ကျို ရုပ်သေးနှင့် ပြင်းထန်သော တိုက်ပွဲတွင် ပိတ်မိနေသောလည်းအားသာသည့်အခြေနေတွင်ရှိနေသည်။ အချိန်အနည်းငယ်ပိုကြာလာသည်နှင့်အမျှ သူ၏အောင်ပွဲအတွက် အာမခံချက်ရှိလာတော့မည်သာ......
ဝမ်ဟေးကျူ၏အော်သံက သူ့ကို စိတ်ပူပန်စေသော်လည်း ပေါ့လျော့မှုကြောင့်အမှားများကို မပြုလုပ်ရန် အတွေ့အကြုံရှိသော တိုက်ခိုက်ရေးသမားတစ်ဦးဖြစ်သည်။ သူသည် အံတင်းတင်းကြိတ်ကာ အရှိန်အဟုန်ပြင်းစွာ တိုက်ရန် အတတ်နိုင်ဆုံး ကြိုးစားသော်လည်း ရုပ်သေးရုပ်၏ခွန်အားက သူနှင့်တန်းတူအနေအထားတွင်ရှိနေသည်မဟုတ်လော.......
လီလော့၏ မြန်မြန်ဆန်ဆန်အနိုင်ရမှုက သူ့စိတ်အခြေအနေကို ဆိုးရွားစွာထိခိုက်စေခဲ့သည်။
အခြားတစ်ဖက်တွင်မူ လီလော့သည် အောင်မြင်မှုအတွက်ပျော်နေဖို့အချိန်မရှိသေးဘဲ သူ၏ ခူအဲ့ကျို ရုပ်သေးကို ဖြုတ်ချပြီးနောက် အခြေအနေကို ပြန်လည်သုံးသပ်ပြီး ချင်ဇူလုဆီသို့ ပြောင်းရွှေ့သွားခဲ့သည်။
သန်မာသူ ချင်ဇူလုနှင့် လီလော့တို့ပူးပေါင်းလိုက်သောအခါ စံချိန်တင်အောင်ပွဲခံနိုင်ဖို့ပိုမိုနီးစပ်လာပြီဖြစ်သည်။
လီလော့ ကယ်ဆယ်ဖို့ အမြန်လာတာကိုတွေ့တော့ ချင်ဇူလု သက်ပြင်းတစ်ချက်ချလိုက်မိသည်။
"မြန်မြန်လက်စသတ်လိုက်တော့..... အချိန်မဖြုန်းနဲ့"
လီလော့က သတိပေးသည့်အနေဖြင့်လှမ်းအော်လိုက်သည်။ သူ၏ ပဲ့တင်ထပ်သံနှစ်ခုသည် ၎င်းတို့အတွက် အချိန်အကန့်အသတ်ရှိသောကြောင့် ကြာရှည်တိုက်ခိုက်ဖို့မလွယ်ပေ။
ချင်ဇူလုက ခေါင်းညိတ်ပြီး သူ့ကိုယ်ပိုင် ပဲ့တင်ထပ်သံ စွမ်းအားကို အမြင့်ဆုံးအထိ မြှင့်တင်လိုက်ပြီး ကျားဟိန်းသံနှင့်အတူ ရုပ်သေးရုပ်ကို ခုန်အုပ်လိုက်လေသည်။
အချိန်လု၍တိုက်ခိုက်ရတော့မည်......
လီလော့နှင့် ချင်ဇူလုတို့သည် အဖွဲ့လိုက်လုပ်ဆောင်မှုကို ရွှေနဂါးတာအိုနယ်မြေမှာကတည်းက လုပ်ဆောင်ခဲ့သည့်အတွက် အတွဲညီညီဖြင့် ရုပ်သေးရုပ်၏ ချပ်ဝတ်ကိုဖြုတ်ချနိုင်ခဲ့ကြသည်။
မိနစ်အနည်းငယ်ကြာတော့ သူတို့ရဲ့ ဒုတိယရုပ်သေးရုပ်ကို အနိုင်ယူနိုင်ခဲ့ကြသည်။
ဒုတိယရုပ်သေးရုပ် ကြမ်းပြင်ကို မထိခင်မှာ သူတို့ရဲ့ အသင်းဖော်တွေဆီ ချက်ချင်း လှည့်ကြည့်လိုက်သည့်အခါ ပိုင်မျန်မျန်နှင့် ယင်ယွဲ့ တို့သည် ဒဏ်ရာများရရှိနေပြီဖြစ်ပြီး ရှင်းဖူ နှင့် လုချင်းအာတို့သာ အပြင်းအထန်တိုက်ခိုက်နေကြသည်ကိုတွေ့လိုက်ရသည်။
ဟူးးးးး ရအောင်အချိန်ဆွဲထားပေးကြတာပဲ......
လီလော့နှင့် ချင်ဇူလုတို့ ဒုတိယရုပ်သေးရုပ်ကို အနိုင်ယူပြီးချိန်တွင် ဖိအားများအတော်လျော့ကျသွားခဲ့သည်။
ခရမ်းအဆင့်နည်းပြငါးဦးသည် အဖြစ်အပျက်များ၏အလှည့်အပြောင်းကို တအံ့တသြဖြင့် ကြည့်နေခဲ့သည်။
ဒီအချိန်မှာ ရလဒ်က တော်တော်ရှင်းနေပြီ... ရဲချူတင်းနဲ့ဝမ်ဟေးကျူတို့ အဖွဲ့က အကောင်းဆုံးကြိုးစားမှုခဲ့ပေမယ့်ခြေတစ်လှမ်းနောက်ကျသွားခဲ့ပြီ......
ရှန်ကျင်းရှောင် သေရည်သောက်ခြင်းကို ရပ်တန့်လိုက်ပြီး တိုက်ပွဲအခြေနေကို သေချာအကဲခတ်နေသည်။ ချောင်ရှန်းနှင့် အခြားသော ခရမ်းအဆင့်နည်းပြများသည် အံ့အားသင့်သွားကာ တိုက်ပွဲကို စိတ်လှုပ်ရှားစွာကြည့်ရှုနေခဲ့ကြသည်။
ဒါဟာ တကယ့်ကို မမျှော်လင့်ထားတဲ့ ရလဒ်တစ်ခုသာပင်.....
ဝမ်ဟေးကျူက သူ့ကို ကယ်ဆယ်ဖို့ ကြယ်နှစ်ပွင့်ခန်းမ အဖွဲ့ကို ခေါ်ခဲ့ပေမယ့် အောင်မြင်မှုနှင့်ဝေးကွာနေဆဲပင်....
လီလော့သည် တကယ်ကို လျှို့ဝှက်ဆန်းကြယ်သည့် သခင်လေးတစ်ပါးမှန်းမည်သူငြင်းဆိုနိုင်ဉီးမည်နည်း.......
အခြားနည်းပြများ အနည်းငယ်သာ စိတ်လှုပ်ရှားနေသော်လည်း ချီချန်းက ပွင့်ပွင့်လင်းလင်း ရယ်မောနေပါသည်။ သူ့မျက်နှာဖုံးနောက်ကွယ်မှာ သူမ ဘယ်လောက် ပြုံးနေလဲဆိုတာ တွေးကြည့်နိုင်သည်။ လီလော့တို့အဖွဲ့ ရင်ဆိုင်နေရသည့် တတိယမြောက် ခူအဲ့ကျို ရုပ်သေးရုပ် လဲကျသွားသောအခါ သူမ မတ်တပ်ထရပ်လိုက်ပြီး.......
"နည်းပြ ရှန်ကျင်းရှောင်၊ ဒီလို ပြောင်မြောက်တဲ့ လှုပ်ရှားမှုနဲ့ ကြယ်တစ်ပွင့်ခန်းမရဲ့ ဂုဏ်သတင်းကို တကယ်ပဲ ကူညီပေးခဲ့တဲ့အတွက် ကြယ်တစ်ပွင့်ခန်းမ ကျောင်းသားတွေ အားလုံးရဲ့ ကိုယ်စား ကျေးဇူးတင်ခွင့်ပြုပါ....."
ရှန်ကျင်းရှောင်ရဲ့ မျက်နှာက အမူအရာမဲ့စွာတည်တင်းနေသော်လည် သူ့လက်ထဲမှာတော့ ဝိုင်တွေ ပွက်ပွက်ဆူလာပြီး အငွေ့ပျံသွားလေတော့သည်။
***