← Chapters

မြေသစ်သားပဲ့တင်ထပ်သံတိုးတက်လာခြင်း......

Vol. 28 Ch. 390

မြေသစ်သားပဲ့တင်ထပ်သံတိုးတက်လာခြင်း......

Vol. 28 Ch. 390

တတိယမြောက် ရုပ်သေးရုပ် စိမ်းလန်းသော မြူခိုးများအဖြစ် ပျောက်ကွယ်သွားသောအခါ၊ လီလော့၊ ချင်ဇူလု၊လုချင်းအာနှင့် ရှင်းဖူတို့အားလုံး ကြမ်းပြင်ပေါ်သို့ ပစ်လှဲလိုက်ကြပြီး အပြုံးကိုယ်စီဖလှယ်လိုက်ကြသည်။

သူတို့သည် မျှော်လင့်ချက်အားလုံးကို ကျော်ဖြတ်ပြီး အဆင့် 40 ကို ပထမဆုံး အနိုင်ယူခဲ့သည်။

ရလဒ်က လူတိုင်းကို သံသယဖြစ်စေမယ့် အောင်မြင်မှုဆွတ်ခူးနိုင်ခဲ့ကြပြီ......

ဤသတင်းသာပျံ့နှံသွားလျှင် ကြယ်နှစ်ပွင့်ခန်းမကျောင်းသားများသည် ၎င်းတို့ထက် သာလွန်သည်ဟု ယူဆကြမည် မဟုတ်ပေ။ပြီးရင် သူတို့က အများကြီး ပိုပြီး နှိမ့်ချလာလိမ့်မည်.......

လီလော့တို့ဘက်က အနိုင်ရပြီး ခဏအကြာမှာတော့ ဝမ်ဟေးကျူတို့ဘက်ကလည်း တိုက်ပွဲ ပြီးဆုံးသွားခဲ့သည်။

ဒါပေမဲ့ သူတို့အတွက် အောင်ပွဲမရှိခဲ့​ပေ။

သူတို့ ဒီပြိုင်ပွဲကို ရှုံးသွားမှန်း သိသာလွန်းနေသည်မဟုတ်လော......

လီလော့၏မဟာမိတ်အဖွဲ့သည် အဆင့် 40 ကိုပထမဆုံး အနိုင်ရရှိထားသောကြောင့်၊ ၎င်းတို့သည် ဒုတိယရသူများထက် ခူအဲ့ကျို စွမ်းအင်အပြည့်အ၀ရရှိမည်ဖြစ်သည်။

ဝမ်ဟေးကျူနှင့် ဒူဇီပိုင်ရွှမ်းတို့သည် ဒေါသတကြီးဖြင့် ရုပ်ပျက်ဆင်းပျက်ဖြစ်နေကြသည်။ သူတို့သည် ကြီးလေးသောအဖိုးအခကို ပေးဆောင်ခဲ့ကြပြီး ရွယ်တူချင်းများ၏ စော်ကားမှုကိုပင် လျစ်လျူရှုကာ အဆင့် 40 ကို ဦးစွာအနိုင်ယူရန် ရဲချူတင်း အဖွဲ့၏အကူအညီကို ရယူခဲ့ကြသည်။သို့သော်လည်း ကြိုးစားမှုအားလုံး အချည်းနှီးဖြစ်ကုန်လေပြီ။

ရဲချူတင်းလည်း ထပ်တူထပ်မျှ ထိတ်လန့်နေသည်သာ..... ဤနေရာ၌ ရှုံးနိမ့်မှုသည် ၎င်းတို့အား အလွန်အကျွံ မထိခိုက်စေသော်လည်း ကြယ်နှစ်ပွင့်ခန်းမတစ်ခုလုံး၏ ဂုဏ်သိက္ခာကို ဖျက်ဆီးခဲ့မိသည်။ လုပ်ဖော်ကိုင်ဖက်တွေရဲ့မုန်းတီးခြင်းကိုခံရမည်ဖြစ်ပြွး သေချာမဖြေရှင်းနိုင်လျှင် လူတကာနှာခေါင်းရှုံ့ကဲ့ရဲ့ခြင်းကိုရင်ဆိုင်ရလိမ့်မည်။

"သေစမ်းကွာ....."

အရိပ်လှိုဏ်ဂူမစ်ရှင်ပြီးဆုံးချိန်ကတည်းက သူ့ရဲ့ ဂုဏ်သိက္ခာများစွာ ကျဆင်းခဲ့ရပြီးဖြစ်သည်။ ဒီနောက်မှာတော့ သူက ကြယ်နှစ်ပွင့်ခန်းမ ရဲ့ချဉ်ဖတ်ဖြစ်လာတော့မယ်.....

လီလော့က တကယ်ကို ကြောက်စရာကောင်းတဲ့ နတ်ဆိုးတစ်ယောက်ပင်.....

တစ်ဖက်တွင်မူ ရဲချူတင်းတို့ကျိန်ဆဲနေသည့် လီလော့က သူငယ်ချင်းများနှင့်အတူ ခူအဲ့ကျို စွမ်းအင်များကို စုပ်ဖို့ပြင်ဆင်နေ၏။

အဆင့်မြင့် ခူအဲ့ကျို ရုပ်သေးရုပ်အလောင်း ၃ လောင်း မှေးမှိန်သွားပြီးနောက်၊ ၎င်းတို့အတွင်း၌ လွှမ်းခြုံထားသည့် သန့်စင်ထူထပ်သော စွမ်းအင်များ ထွက်ပေါ်လာပြီး လီလော့တို့အပေါ်ဖြာကျစီးဆင်းလာသည်။

လီလော့နှင့် အခြားလူများသည် ကြာပန်းသဏ္ဍာန် ထိုင်လိုက်ကြပြီး စွမ်းအင်များကို အငမ်းမရ စုပ်ယူနေကြသည်။

အဖွဲ့နှစ်ဖွဲ့ ခွဲဝေယူရသည့်တိုင် သူတို့အားလုံးအတွက် ပမဏများစွာရရှိနေဆဲပင်....

ခဏကြာတော့ သူတို့ခန္ဓာကိုယ်ဟာ စွမ်းအင်တွေနဲ့ ပြည့်နှက်လာသည်။

လီလော့၏ ပဲ့တင်ထပ်သံနန်းတော်သည်လည်း စွမ်းအင်များဖြင့် ပြည့်နှက်နေပြီး မျိုးစေ့များကလည်းမယုံနိုင်လောက်အောင်တောက်ပနေကြသည်။

ပဲ့တင်ထပ်သံမျိုးအစေ့များပေါ်ရှိ ပုံစံငါးခုကလည်း အသွင်ပြောင်းဖို့အရှိန်ယူနေကြပြီဖြစ်သည်။သို့သော်လည်း ပုံသဏ္ဍာန်ပြောင်းလဲခြင်းအဆင့်သို့တက်လှမ်းဖို့မလုံလောက်သေးပေ။

လီလော့ စိတ်ဓာတ်ကျမနေဘဲ တခြားနည်းလမ်းတွေကို စတင်ကြိုးစားခဲ့သည်။ သူသည် ပဲ့တင်ထပ်သံနန်းတော်နှစ်ခုလုံးတွင် ခူအဲ့ကျို စွမ်းအင်ကို အညီအမျှ ထားရှိကာ ဆင့်ကဲဖြစ်စဉ်ကို အစပျိုးပြီး တစ်ချိန်တည်းမှာပင် ၎င်းတို့အား ပုံသဏ္ဍန်ပြောင်းလဲခြင်းအဆင့်သို့ ရောက်စေရန် ကြိုးပမ်းခဲ့သည်။

ယခုအချိန်အထိ အစေ့နှစ်စေ့ဖြည့်ရန် လိုအပ်သော စွမ်းအင်ပမာဏကို လျှော့တွက်ထားခဲ့မိသည်။

ဝင်ခွင့်ပြိုင်ပွဲနီးကပ်လာပြီဖြစ်သောကြောင် ကြယ်တစ်ပွင့်ခန်းမကို ကိုယ်စားပြုလိုပါက၊ပုံသဏ္ဍာန်ပြောင်းလဲခြင်းအဆင့်သို့တက်လှမ်းနိုင်မှဖြစ်မည်။ မအောင်မြင်ရင်တောင်မှ အနည်းဆုံးတော့ ကြိုးစားသင့်သည်ဟု ယူဆထားသည်။

လီလော့ တုံ့ဆိုင်းမနေတော့ဘဲ စွမ်းအင်ဦးတည်ရာကို ပြောင်းလိုက်ပြီး ရေအလင်းပဲ့တင်ထပ်သံဆီစီးဆင်းနေသည့် စွမ်းအင်များကို မြေသစ်သားပဲ့တင်ထပ်သံတစ်ခုတည်းဆီသို့သာပို့လွှတ်လိုက်သည်။

လီလော့၏ အစီအစဉ်အသစ်မှာ သူ၏သစ်သားပဲ့တင်ထပ်သံကို ကန့်သတ်ချက်အထိ ပထမဆုံးရရှိရန်ဖြစ်သည်။ ပဲ့တင်ထပ်သံအဆင့် နိမ့်သောကြောင့်၊ ၎င်းအတွက်စွမ်းအင်ပမာဏသိပ်လိုအပ်မည်မဟုတ်ပေ။

မြေသစ်သားပဲ့တင်ထပ်သံ တိုးတက်လာသည်နှင့် တပြိုင်နက် သူသည် ပုံသဏ္ဍာန်ပြောင်းလဲခြင်း အဆင့်တွင် ရှိနေမည်ဖြစ်သည်။ ဆင့်ကဲဖြစ်စဉ်မပြီးမြောက်ခဲ့လျှင်ပင်၊ သူသည် ရေအလင်းပဲ့တင်ထပ်သံကို အရင်ကထက် မြန်မြန်ဆန်ဆန်တိုးတက်အောင် မြှင့်တင်နိုင်လိမ့်မည်။

ခူအဲ့ကျို စွမ်းအင်လှိုင်းလုံးများက စိမ်းညိုရောင်မျိုးစေ့ဆီ အဆက်မပြတ်စီးဆင်းနေပြီး ကြယ်တစ်ပွင့်လို တောက်ပလာတဲ့အထိ စွမ်းအင်တွေနဲ့ဖြည်းတင်းပေးနေကြသည်။

ပေါက်ကွဲလုနီးပါးဖြစ်နေပြီဟု ခံစားရချိန်တွင် ရပ်တန့်မနေဘဲ အားအင်များ ပိုမို ဖြည့်တင်းရန် ဆက်လက် တွန်းအားပေးနေသည်။

မကြာမီတွင်၊ သူ၏မြေသစ်သားပဲ့တင်ထပ်သံမျိုးစေ့သည် တုန်ယင်နေပြီး ၎င်း၏မျက်နှာပြင်ပေါ်ရှိ ပုံစံများသည် မီးတောင်မှလျှံထွက်လာသော ချော်ရည်များကဲ့သို့ ပြန့်ကျဲနေသည်။

ကန့်သတ်ချက် ပြည့်သွားခဲ့ပြီ.....

ခရက်......

ကွဲအက်သံကိုကြားလိုက်ရပြီး မြေသစ်သားပဲ့တင်ထပ်သံမျိုးစေ့၏ ပြောင်းလဲမှုများကိုစတင်ခံစားလိုက်ရသည်။

သူသည် ထိတ်လန့်ခြင်းမရှိသော်လည်းပျော်ရွှင်နေခဲ့သည်။

ဒါက ဆင့်ကဲဖြစ်စဉ်ဖြစ်ရမယ်.....

မျိုးစေ့ပုံစံများတစ်လျှောက် အက်ကွဲကြောင်းများ ပိုများလာကာ စိမ်းမြသော ပဲ့တင်ထပ်သံ စွမ်းအားများ ထွက်ပေါ်လာသည်။

တဖြည်းဖြည်းနှင့် ပဲ့တင်ထပ်သံ စွမ်းအားတွေက ကျောက်စိမ်းပင်ငယ်တစ်ခုလိုဖြစ်တည်လာပြီး၎င်း၏အမြစ်များကို ပဲ့တင်ထပ်သံမျိုးစေ့တွင် ခိုင်မြဲစွာချိတ်ဆက်လိုက်သည်။ အစေ့တစ်ခုလုံး အမြစ်များ ဖုံးလွှမ်းသွားသည်အထိ ပို၍ပို၍ ချိတ်ဆက်နေဆဲပင်....

အမြစ်များ နက်ရှိုင်းစွာ ချိတ်ဆက်သွားချ်ိန်တွင် ပဲ့တင်ထပ်သံ နန်းတော်ထဲတွင် မျိုးစေ့အစား တိတ်တဆိတ် နေရာယူထားသည့် သစ်ပင်တစ်ပင် ဖြစ်ပေါ်လာသည်။

ဤသည်မှာ ဒြပ်စင်သဘောသဘာဝအရဖြစ်ပေါ်လာသည့် ထင်ရှားသောအမှတ်အသားတစ်ခုဖြစ်သည်။

အခြေခံအားဖြင့် သစ်သားပဲ့တင်ထပ်သံများ အားလုံးသည် သစ်ပင်များအဖြစ် ပေါက်ဖွားလာကြပြီး မြို့စားအဆင့် ကျွမ်းကျင်သူများအတွက်၊ ၎င်းတို့၏သစ်သားပဲ့တင်ထပ်သံစွမ်းအားသည် သစ်တောတစ်ခုလုံးအဖြစ် ပေါ်လွင်နေသောကြောင့် ကြီးမားလှသောစွမ်းအင်များကိုသိုလှောင်ထားနိူင်လိမ့်မည်။

လီလော့၏ သစ်သားပဲ့တင်ထပ်သံသည် လှပသော သစ်ပင်ငယ်တစ်ပင်သာဖြစ်သော်လည်း သစ်ပင်ခြေရင်းတွင် အညိုရောင်မြေမှုန့်များရှိနေသေးသည်။

သစ်ပင်က သစ်သားပဲ့တင်ထပ်သံကိုကိုယ်စားပြုထားပြီး အညိုရောင်မြေမှုန်များက မြေပဲ့တင်ထပ်သံကို ကိုယ်စားပြုထားကြောင့် လီလော့သဘောပေါက်ခဲ့ပါသည်။

သူ့ရဲ့ မြေသစ်သား ပဲ့တင်ထပ်သံ၏ သရုပ်သည် အခြားသစ်သားပဲ့တင်ထပ်သံအသုံးပြုသူများနှင့် ဆင်တူသော်လည်း ဖုန်မှုန့်အနည်းငယ်ကို လျှော့တွက်၍မရနိုင်ပါ။ ၎င်းသည် အပင်ကို ပို၍ခိုင်ခံ့စေရန်အတွက် အခြေတစ်ခုဖြစ်ပြီး နှုတ်ယူရန်ခက်ခဲစေသည်။

ပဲ့တင်ထပ်သံ နန်းတော်အတွင်း၌ သစ်ပင်ငယ်သည် ပျော်ရွှင်စွာ ယိမ်းနွဲ့နေ၏။

ရွေ့လျားလာသည်နှင့်အမျှ၊ အရွက်များမှ ပဲ့တင်ထပ်သံ စွမ်းအားများ ကျဆင်းလာပြီး ၎င်းသည် ရေအလင်းပဲ့တင်ထပ်သံမှ ထွက်ပေါ်လာသော စွမ်းအားများထက်ပင် ပိုမိုအားကောင်းနေသေးသည်။

ဤသည်မှာ ပုံသဏ္ဍာန်ပြောင်းလဲခြင်းအဆင့်၏ စွမ်းအားအစစ်မှန်ပင်ဖြစ်သည်။

လီလော့ သက်ပြင်းချလိုက်မိသည်။ အဆုံးတွင်၊ အဆင့် ၄၀ မှများပြားသော ခူအဲ့ကျို စွမ်းအင်ပမာဏက သူ့ကို လမ်းကြောင်းမှန်ပေါ် ရောက်အောင်ထိန်းပေးထားနိုင်ခဲ့ပါသည်။

သူ့ရဲ့ ပဲ့တင်ထပ်သံနှစ်ခုက တိုက်ပွဲမှာ မယုံနိုင်လောက်တဲ့ အကျိုးကျေးဇူးတွေကို ခံစားခွင့်ပေးခဲ့ပေမယ့် အဆင့်မြှင့်ဖို့အတွက်တော့ နာကျင်ဖွယ်ကောင်းလောက်အောင်ခက်ခဲနေခဲ့ပါသည်။

သို့တိုင် ခက်ခဲသောအပိုင်းသည် ယခု ပြီးဆုံးသွားခဲ့ပြီဖြစ်သည်။

***

All Chapters