← Chapters

အထူးလေ့ကျင့်ရေးပြီးဆုံးပြီ.....

Vol. 28 Ch. 391

အထူးလေ့ကျင့်ရေးပြီးဆုံးပြီ.....

Vol. 28 Ch. 391

လီလော့ မျက်လုံး ပြန်ဖွင့်ကြည့်လိုက်တော့ ချင်ဇူလု၊ လုချင်းအာ၊ပိုင်မျန်မျန်နဲ့ တခြားသူတွေ စွမ်းအင်စုပ်ယူမှု ပြီးနေပြီဆိုတာ မြင်လိုက်ရသည်။

စူးစမ်းလိုစိတ်ဖြင့် လီလော့အနားတွင် ဝိုင်းဖွဲ့လာကြသည်။

"ခေါင်းဆောင်....အောင်မြင်ခဲ့ပြီလား...."

ပိုင်မျန်မျန်၏အော်သံကြောင့် သူတို့အားလုံး လီလော့၏ ပဲ့တင်ထပ်သံ စွမ်းအားမျာ ရုတ်ချည်း တိုးပွားလာသည်ကို သတိပြုမိလိုက်ကြသည်။

ဤသည်မှာ ပုံသဏ္ဍာန်ဖွဲ့စည်းခြင်းအဆင့်ကျင့်ကြံသူတစ်ယောက်တွင်ရှိသင့်သော စွမ်းအားအဆင့် မဟုတ်ပေ။

လီလော့က ခေါင်းညိတ်ပြီး သူတို့ကို ပြုံးပြသည်။ အမှန်စင်စစ်၊ သူသည် ယခုအချိန်တွင် ပုံသဏ္ဍာန်ပြောင်းလဲခြင်း အဆင့်သို့ ရောက်ရှိနေပြီဖြစ်သော်လည်း အတိအကျပြောရလျှင် သူ၏မြေသစ်သားပဲ့တင်ထပ်သံတစ်ခုသာအဆင့်တက်သွားခြင်းဖြစ်ပြီး ရေအလင်း ပဲ့တင်ထပ်သံသည် ပဉ္စမအဆင့်တွင် သာရှိနေသည်။

သို့သော်လည်း လီလော့ စိတ်မပျက်ခဲ့ပေ။ မြေသစ်သားပဲ့တင်ထပ်သံ ပုံသဏ္ဍာန်ပြောင်းလဲခြင်းအဆင့်သို့ရောက်ရှိသွားပြီဖြစ်သောကြောင့် ယခုမှရရှိသောသဘာဝစွမ်းအင်အားလုံးကို ရေအလင်းပဲ့တင်ထပ်သံထဲသို့ သွင်းလိုက်ရုံသာဖြစ်သည်။ ထို့အတွက် အချိန်တစ်ခုသာလိုအပ်နေသည်။

ရေအလင်းပဲ့တင်ထပ်သံ ပုံသဏ္ဍာန်ပြောင်းလဲခြင်းအဆင့်သို့တက်လှမ်းန်ုင်သည့်အခါ ပဲ့တင်ထပ်သံလေးခုရဲ့အပြန်အလည်ထောက်ပံ့ပေးမှုကြောင့် ပို၍အားကောင်းလာလိမ့်မည်။

"ဒါက အံ့သြစရာပဲ"

ပိုင်မျန်မျန် ရွှင်မြူးနေသည်။ လီလော့၏ ကျဆင်းမှုနှင့် ပတ်သက်၍ အတင်းအဖျင်းစကားများ မကြာသေးမီကပျံ့နှံ့နေကြောင်း သူမ သိသည်။ ယခု အောင်နိုင်ပြီ ဖြစ်၍၊ ထိုမသမာသော သူအပေါင်းတို့ နှုတ်ပိတ်နေကြတော့မည်သာ.....

"ခေါင်းဆောင်.... မင်းအခု ကြယ်တစ်ပွင့်ခန်းမအတွက်ဂုဏ်ဆောင်နိုင်ခဲ့ပြီ... "

ရှင်းဖူက ချီးကျူးစကားဆိုသည်။လီလော့ရဲ့အနိုင်ရမှုက သူတို့ကို အလုံးစုံအနိုင်ရရှိအောင် ကူညီပေးမှန်း အားလုံးနားလည်ကြသည်။ ထို့အပြင်၊ သူသည် ဝမ်ဟေးကျူနှင့်ရဲချူတင်းတို့ထက်ပင် သန်မာနေသေးသည်။

"မင်းတို့တွေလည်း တာဝန်ကျေခဲ့ကြပါတယ်......"

"လီလော့.... မင်းအရင်ကထက် ပိုသန်မာလာပြီဆိုတော့ ငါ့ကိုနောက်ထပ်ကျော်သွတက်သွားသလိုခံစားရပေမဲ့ ကြယ်တစ်ပွင့်ခန်းမရဲ့ ကိုယ်စားလှယ်ဖြစ်ချင်ရင် မင်းငါ့ကိုအရင်တိုက်ခိုက်ရမှာပဲ"

ချင်ဇူလုက လီလောနှင့်လက်ရည်တူတိုက်ခိုက်ချင်စိတ်ကိုအခုထိ မစွန့်လွှတ်နိုင်သေးပေ။

" ဖြစ်နိူင်ရင် အခုချက်ချင်းတိုက်ကြမယ်ကွာ....."

လုချင်းအာက တိုက်ခိုက်လိုစိတ်ပြင်းပြနေသော ချင်ဇူလုကို ရူးသွပ်သွားသလို စိုက်ကြည့်နေပြီး....

"လီလော့က အခုမှအဆင့်တက်ထားတာ....ပြီးတော့ ရုပ်ပိုင်းဆိုင်ရာရော စိတ်ပိုင်းဆိုင်ရာပါ ပင်ပန်းနေပြီ...သူ့ကို အခုချ်န်တိုက်ခိုက်တာ တရားမျှတမယ်လို့ ထင်သလား....."

"ခေါင်းဆောင်ချင်... တခြားသူတွေကို အခွင့်ကောင်းယူတာ မကောင်းဘူး"

ပိုင်မျန်မျန်ကပါဝင်ပြောနေသဖြင့်... ချင်ဇူလုဘာပြန်ပြောရမှန်းပင်မသိတော့ပေ။

အော်...မိန်းမတွေများ မျက်နှာလိုက်တတ်လိုက်ကြတာ...ငါလည်းအခုလေးတင် ပင်ပင်ပန်းပန်းတိုက်ခိုက်ခဲ့တာပါနော်......

ခြုံပြောရရင်တော့ သူက ဘယ်သူ့ကိုမှ အခွင့်ကောင်းယူနေတယ်လို့ မထင်ထားဘဲ မိန်းမတွေက ကြောက်စရာကောင်းတဲ့ သတ္တဝါတွေလို့ ထင်ပြီး အတွင်းစိတ်က သက်ပြင်းတစ်ချက်ချလိုက်လေတော့သည်။

လီလော့က လက်ခါပြလိုက်ပြီး....

"တကယ်တော့ ဒါက တိုက်ရမယ့်နေရာ မဟုတ်ဘူး...ဝင်ခွင့်ပြိုင်ပွဲ ကိုယ်စားလှယ်အတွက် ခရမ်းအဆင့်နည်းပြတွေ ဘာပြောလဲ ကြည့်ရအောင်....."

ချင်ဇူလု ခေါင်းညိတ်လိုက်သည်။ ဝင်ခွင့်ပြိုင်ပွဲအတွက် စိတ်မဝင်စားသော်လည်း လီလော့နဲ့တိုက်ခိုက်ရရုံနှင့်ပင်ကျေနပ်နိုင်သည်။

ထိုအချိန်တွင် ခရမ်းအဆင့်နည်းပြငါးယောက်ရောက်လာပြီ......

"ဒီနေ့က အထူးလေ့ကျင့်ရေးနောက်ဆုံးနေ့ဆိုတော့ လေ့ကျင့်ရေးပြီးဆုံးပြီမို့ တမာန်တော်သစ်ခေါင်းပေါက်ကို မနက်ဖြန်ကစပြီး ပိတ်မှာပါ" ဟု ချီချန်းက ကြေညာခဲ့သည်။

သူတို့အားလုံး ခေါင်းညိတ်ကြပြီး လီလော့ကတော့ အနည်းငယ် စိတ်မကောင်းဖြစ်မိသည်။ တမာန်တော်သစ်ခေါင်းပေါက်သည် ကျင့်ကြံမှုအတွက် နိဗ္ဗာန်ဘုံတစ်ခုဖြစ်သည်။ တစ်လတည်းဖြင့် ပုံသဏ္ဍာန်ဖွဲ့စည်းခြင်းအဆင့်မှ ပုံသဏ္ဍာန်ပြောင်းလဲခြင်းအဆင့်သို့တက်လှမ်းနိုင်ခြင်းမှ အလွန်ကြီးမားသော ကွာဟချက်ကို ချူံ့လိုက်နိုင်ခြင်းဖြစ်သည်။ ဒီနေရာက ရွှေနဂါးတာအိုနယ်မြေ ထက်တောင် ပိုကောင်းနေသေးသည်။

အကယ်၍ သူသည် နှစ်ကုန်အထိ ဤနေရာတွင်ကျင့်ကြံနိုင်ခဲ့မည်ဆိုလျှင် ... ပုံသဏ္ဍာန်ပြောင်းလဲခြင်းစတုတ္တအဆင့်သို့ပင်ရောက်ရှိနိုင်သည်။

ဤသည်မှာ စိတ်ကူးယဉ်အိမ်မက်တစ်ခုမျှသာပင်..... တမာန်တော်သစ်ခေါင်းပေါက်အတွင်းရှိခူအဲ့ကျို စွမ်းအင်သည် အလွန်အဖိုးတန်ပြီး အသုံးပြုပြီးတိုင်း

အချိန်ကြာမြင့်စွာ အားပြန်ဖြည့်ရန် လိုအပ်ပါသည်။

"အထူးလေ့ကျင့်ရေးကာလက မင်းတို့အားလုံးအတွက် ခဲယဉ်းတယ်.... ပြန်သွားပြီး ကောင်းကောင်းအနားယူပါ...ဒါ့အပြင် အပြာရောင်ချောက်နက်ကောလိပ်ရဲ့ ကိုယ်စားလှယ်တွေ ဒီကိုရောက်ဖို့ သုံးရက်ပဲ ​​လိုတော့တယ်...သူတို့ရောက်လာရင် ဝင်ခွင့်ပြိုင်ပွဲစတင်ပြီ......"

ဝင်ခွင့်ပြိုင်ပွဲ ဘယ်လောက်အရေးကြီးမှန်းသိသည့်အတွက် အားလုံးက ချီချန်းပြောသမျှကို စိတ်ဝင်တစားနားထောင်နေကြသည်။ဝင်ခွင့်ပြိုင်ပွဲတွင်အနိုင်ရရှိမှသာ အရှေ့ပိုင်းနတ်ဘုရားကုန်းမြေ၏ အရေးကြီးသော ရှန့်ပိန်းတွေ့ဆုံပွဲကိုတက်ရောက်နိုင်မည်ဖြစ်သည်။ရှန့်ပိန်းတွေ့ဆုံပွဲတွင် ပါဝင်ရသည်မှာ ဂုဏ်ကျက်သရေအတွက်တင်မဟုတ်ဘဲ တကယ့်ဆုလာဘ်တွေဆိုသည်ကိုမည်သူမျှမငြင်းနိုင်ပေ။

ရှန့်ပိန်းတွေ့ဆုံပွဲးအမြင့်မားဆုံးဆုလာဒ်ဖြစ်သော လုံကူရှန့်ပိန်းရတနာကိုသာရနိုင်ခဲ့လျှင် အရိပ်လှိုဏ်ဂူထဲတွင် ကျောင်းသားများအသက်ပေးရသည်ကို ရပတန့်နိုင်လိမ့်မည်။

အရိပ်လှိုဏ်ဂူသည် ကောလိပ်များ တည်ထောင်ရခြင်း၏ အဓိကအကြောင်းရင်းဖြစ်သည်။ သို့သော် ၎င်းတို့အားလုံးအတွက် နာကျင်စရာ အရင်းအမြစ်တစ်ခုလည်း ဖြစ်သည်။ ကျောင်းသားများ၏ အသက်ကို စွန့်ခြင်းသည် သူတို့ ပေးဆောင်ခဲ့သော ကြီးလေးသော တာဝန်များ၏ တစ်စိတ်တစ်ပိုင်းမျှသာ ဖြစ်သည်။ ထိုကဲ့သို့သော ထင်ရှားကျော်ကြားသော ကောလိပ်များ၏ ကျောင်းသားတစ်ဦးဖြစ်ရခြင်းမှာ အခွင့်ထူးများနှင့်အတူပါလာသော စွန့်စားခန်းများကိုပါလက်ခံနိုင်ဖို့လိုအပ်သည်။

အကယ်၍ လီလော့တို့သာ လုံကူရှန့်ပိန်းရတနာကိုရရှိခဲ့ပါက အရိပ်လှိုဏ်ဂူကို နှစ်အနည်းငယ်ကြာအောင် ချိတ်ပိတ်နိုင်မည်ဖြစ်သည်။လုံကူရှန့်ပိန်းဆိုသည်မှာ ကျောင်းတိုင်းအတွက် အဖိုးမဖြတ်နိုင်သော အရင်းအမြစ်တစ်ခုဖြစ်ခဲ့သည်။

ထို့ကြောင့် ကျောင်းများအားလုံး ရှန့်ပိန်းတွေ့ဆုံပွဲအတွက် စိတ်လှုပ်ရှားနေကြခြင်းဖြစ်သည်။

"ဝင်ခွင့်​ပြိုင်ပွဲအကြောင်း သေချာရှင်းပြပေးမယ်.... ပွဲစဉ် ခုနှစ်ပွဲယှဉ်ပြိုင်ရမှာဆိုတော့ ကြယ်တစ်ပွင့်ခန်းမက သေချာပေါက်အနိုင်ရမှဖြစ်မယ်....ငါတို့ကြယ်တစ်ပွင့်ခန်းမရဲ့ ကိုယ်စာစလှယ်ကို လာမယ့်နှစ်ရက်အတွင်း ဆုံးဖြတ်ချက်ချမှာပါ..ဒါ့အပြင်၊ ငါတို့အားလုံးအတွက် အပြာရောင်ချောက်နက်ကောလိပ်ရဲ့ အချက်အလက်တွေကို မကြာခင်မှာ ဖြန့်ဝေပေးလိမ့်မယ်.... ကောင်းကောင်းလေ့လာပါ...ငါတို့ကောလိပ်ကအခြေခံအုတ်မြစ်အရ အပြာရောင်ချောက်နက်ကောလိပ်ထက် ပိုအားကောင်းပေမယ့် ဘယ်တော့မှ လျှော့မတွက်လိုက်နဲ့..... "

ကျောင်းသားများက လေးနက်စွာ ခေါင်းညိတ်လိုက်ကြသည်။

ချီချန်းက အထူးလေ့ကျင့်မှု ပြီးဆုံးသွားကြောင်း တရားဝင်ကြေငြာလိုက်သည့်အခါ လီလော့နှင့် အခြားသူများ တမာန်တော်သစ်ခေါင်းပေါက်မှ ထွက်လာခဲ့ကြသည်။

အပြင်ဘက်တွင် ရှန်းလိသစ်ပင်ကြီး၏ အကိုင်းအခက်များပေါ်တွင် ရပ်ကာ မိုးကုပ်စက်ဝိုင်းအထိကျယ်ပြန့်သောရှမြို့တော်ကို လီလော့ ငေးကြည့်နေခဲ့မိသည်။

တစ်နှစ်ခန့်အကြာတွင် သူသည် ဗလာနန်းတော်ရှိသည့် အသုံးမကျသောသခင်လေးဘဝမှ ပုံသဏ္ဍာန်ပြောင်းလဲခြင်းအဆင့်ထိရောက်အောင်ကျင့်ကြံနိုင်ခဲ့ပြီ.....

သို့တိုင် စိတ်ချလက်ချ ပျော်ရွှင်ဖို့အခွင့်မသာနိုင်သေးပေ။ သူ့ကံကြမ္မာကို ဆန့်ကျင်သည့် ပြိုင်ပွဲတစ်ခုအဖြစ် စွန့်စားခန်းတစ်ခုစတင်ခဲ့ပြန်ပြီ.....

ထို့အပြင် လော့လန်အိမ်တော်၏အိမ်တော်စုဝေးပွဲကလည်းမကြာမီ ရောက်လာတော့မည်ဖြစ်သည်။ ထိုအရာကိုဖြတ်ကျော်နိုင်ရန်အတွက် သူနှင့်ကျန်းချင်းအာတို့ နှစ်ဦးစလုံးသည် မိမိကိုယ်ကို တိုးတက်စေရန် အစွမ်းကုန် ကြိုးစားခဲ့ကြသည်။

လော့လန်အိမ်တော်သည် သူ့မိဘများ ချန်ထားပေးခဲ့သည့် အမွေအနှစ်ဖြစ်သောကြောင့် မည်သူမျှ လုယူသွားခွင့်မပြုနိုင်ပေ။

***

All Chapters