သတင်းအချက်အလက်များ....
Vol. 28 Ch. 392
တမာန်တော်သစ်ခေါင်းပေါက် တွင် အထူးလေ့ကျင့်မှု ပြီးဆုံးပြီး မကြာမီ ကောလိပ်တစ်ခွင်သို့ သတင်းပျံနှံသွားခဲ့သည်။
ရလဒ်က တစ်ကျောင်းလုံးကို တုန်လှုပ်စေခဲ့ပါသည်။
ဝမ်ဟေးကျူက ကြယ်နှစ်ပွင့်ခန်းမမှ ရဒချူတင်းနှင့်ပူးပေါင်းလိုက်သဖြင်အဆင့် 40 ကို ဦးစွာရှင်းလင်းနိုင်မည်ဟု သုံးသပ်ခဲ့ကြသော်လည်း ယင်းအစား လီလော့နှင့်ချင်ဇူလု တို့က ပခမနေရာကို လုယူသွားခဲ့သည်။
တိုက်ပွဲကို မမြင်ဖူးသော ကျောင်းသားများကတော့ မယုံနိုင်ကြသေးပေ။
ကြယ်နှစ်ပွင့်ခန်းမ၏ ခရမ်းအဆင့် လက်ရွေးစင်အသင်းက ကြယ်တစ်ပွင့်ခန်းမကို ရှုံးနိမ့်ခဲ့သည်မှာ ဟာသတစ်ခုနှယ်ပင်......
ဖြစ်နိုင်ချေရှိတာကတော့ ချင်ဇူလု၏ အဆင့်ရှစ်အဆင့်မြင့် ရွှေကျားနတ်ဆိုးပဲ့တင်ထပ်သံကြောင့်သာ ကွာဟချက်ကို ဖြည့်ဆည်းနိုင်ခဲ့ခြင်းဖြစ်လိမ့်မည်။
ဒါပေမယ့် သိပ်မကြာခင်မှာပဲ အမှန်တရားကထွက်ပေါ်လာပြီး စူးစမ်းလိုစိတ်ရှိတဲ့ အကြည့်တွေက လီလော့ဆီကို လှည့်လာသည်။
ပုံသဏ္ဍာန်ဖွဲ့စည်းခြင်း ပဉ္စမအဆင့်က ဒီလောက်တောင်စွမ်းသလား.....
စီနီယာကျောင်းသားများကလည်း လီလော့၏စွမ်းရည်နှင့် အလားအလာကို အလေးအနက်ပြန်လည်သုံးသပ်လာကြသည်။
အကယ်၍ ပုံသဏ္ဍန်ဖွဲ့စည်းခြင်း ပဉ္စမအဆင့်ဖြင့် ဤမျှလောက်စွမ်းဆောင်နိူင်လျှင် ပုံသဏ္ဍာန်ပြောင်းလဲခြင်းအဆင့်သို့ရောက်နေချ်န်တွင် မညိမျှအထိ စွမ်းအောင်နိုင်မည်နည်း......
အောက်ခြေခန်းမတစ်ခုက မြင့်မားသောခန်းမကို ကျော်တက်သွားလေပြီ....
ကြယ်တာယာခရီးရှည်ကောလိပ်တွင် ထိုသို့စံချိန်တင်နိုင်သူမှာ ကျန်းချင်းအာတစ်ဉီးတည်းသာရှိခဲ့သည်။သို့သော် လီလော့ကလည်း စံချိန်သစ်တစ်ခု ချိုးဖောက်နိုင်ခဲ့ပါပြီ......
..........................
လသာဆောင်တွင်.....
လီလော့ ကုလားထိုင်ပေါ်တွင် လှဲနေရင်း နေရောင်ခြည်ကို စုပ်ယူရင်း မျက်လုံးတစ်ဝက်မှိတ်ထားသည်။
ပါးလွှာသောခြေသံနှင့် နူးညံ့သောရနံ့တစ်ခု ချဉ်းကပ်လာသည့်အတွက် လီလော့မျက်လုံးဖွင့်ကြည့်လိုက်သည့်အခါ ပိုင်မျန်မျန်က လက်ဖက်ရည်တစ်ခွက်နှင့်အတူ စာအုပ်တစ်အုပ်ကိုပါ ချပေးလိုက်သည်။
"နည်းပြချီချန်း ပေးခိုင်းလိုက်တာ..."
လီလော့ ချက်ချင်း ထထိုင်လိုက်သည်။
"အပြာရောင်ချောက်နက် ကျောင်းသားတွေရဲ့ အချက်အလက်တွေလား...."
ပိုင်မျန်မျန် ခေါင်းညိတ်လိုက်သည်။
လီလော့ ချက်ချင်း ဂရုတစိုက်ဖြင့် ဖိုင်တွဲကို ယူလိုက်သည်။ ပြီးခဲ့သောနှစ်ရက်လုံးလုံး ဤအရာကို စိတ်အားထက်သန်စွာ စောင့်ဆိုင်းနေခဲ့သည်မဟုတ်လော....
"ကျေးဇူးတင်ပါတယ် မျန်မျန်...."
လီလော့က သူ၏ ယဉ်ကျေးပျူငှာမှုကို မမေ့လျော့ဘဲ ပြောလိုက်သည်။
သူမက ပြုံးပြပြီး အမြန်ထွက်သွားကာ သူ့ကို ထားခဲ့လိုက်သည်။
ပိုင်မျန်မျန်ထွက်သွားသည်နှင့် စာအုပ်ကို အမြန်ဖွင့်ကာ လေးနက်စွာ ဖတ်လိုက်လေသည်။ ကြယ်တစ်ပွင့်ခန်းမတွင် တိုက်ပွဲတစ်ခုသာရှိသော်လည်း တိုက်ပွဲ ခုနစ်ပွဲစလုံး အရေးကြီးမည်ဖြစ်သည်။
ပထမဆုံး စာမျက်နှာ အနည်းငယ်တွင် အပြာရောင်ချောက်နက်ကောလိပ်၏ ကြယ်လေးပွင့်ခန်းမ ကိုယ်စားလှယ် နှစ်ဦး၏ အချက်အလက်များ ပါရှိသည်။
"အပြာရောင်ချောက်နက်ကောလိပ်....ကျုံးနန်...အဆင့်မြင့်အဆင့်ရှစ် ကျောက်တုံးပဲ့တင်ထပ်သံပိုင်ဆိုင်ထားပြီ....ကောင်းကင်နှစ်မြှပ်ခြင်း စစ်သူကြီးအဆင့်.... အပြာရောင်ချောက်နက်ကောလိပ်ရဲ့ ကြီးမြတ်သော ဒိုင်းအဖြစ် ချီးကျူးခံရသည်...ခြိမ်းခြောက်မှုအဆင့်- ကြယ် ၅ ပွင့်...."
ရုပ်ပုံအချို့ကို နောက်ဘက်တွင် တွဲတင်ထားသောကြောင့် ထူထဲသော မျက်ခုံးမွှေးနှင့် နီညိုရောင်အသားရေရှိသောလူငယ်တစ်ဉီး၏ရုပ်ပုံကိုမြင်တွေ့လိုက်ရသည်။
" အဆင့်မြင့်အဆင့်ရှစ် ကျောက်တုံးပဲ့တင်ထပ်သံပိုင်ဆိုင်ထားတဲ့....ကောင်းကင်နှစ်မြှပ်ခြင်း စစ်သူကြီးအဆင့်.....ဟမ်..."
အမှန်မှာ၊ အခြားကောလိပ်များကို လျှော့မတွက်သင့်ပေ။ကျုံးနန်သည် ကြယ်တာယာခရီးရှည်ကောလိပ်တွင် အမာခံခုနှစ်ဉီးနှင့်ပင် နှိုင်းယှဉ်နိုင်သူဖြစ်သည်။ ထို့အပြင် ကြယ် 5 ပွင့် ခြိမ်းခြောက်မှု အဆင့်က ရထားသဖြင့်ပိုလို့တောင်လျှော့မတွက်သင့်ပေ။
"လျန်ခွမ်း..... ကြယ်လေးပွင့်ခန်းမ ကိုယ်စားလှယ်၊ အဆင့်ရှစ်အဆင့်နိမ့် လျှပ်စီးကြောင်းပဲ့တင်ထပ်သံ ..... ကောင်းကင်နစ်မြုပ်ခြင်းစစ်သူကြီးအဆင့်....ကြီးမြတ်သောလှံသမားအဖြစ် သတ်မှတ်ခံထားရသူ..... ခြိမ်းခြောက်မှု အဆင့်- ကြယ် ၄ ပွင့်ခွဲ"
ဤသူသည် အန္တရာယ်ရှိသော၊ ရုပ်ဆိုးသော အမျိုးသားတစ်ဦးဖြစ်သည်။ မျက်မှောင်ကြုတ်နေပုံအရ- သူသည် သူ့ဖြစ်တည်မှုတိုင်းနှင့် "ဝေးဝေးနေ" ဟု အော်ဟသ်နေမည့်လူစားမျိုးပင်.....
၎င်းတို့နှစ်ဦးသည် ယခုအချိန်တွင် အပြာရောင်ချောက်နက်ကောလိပ်၏ အသန်မာဆုံးသူများဖြစ်ကောင်းဖြစ်နိုင်သည်။ ကြယ်တာယာခရီးရှည်ကောလိပ်တွင် အမာခံခုနှစ်ဉီးစာရင်းဝင် ကုန်းရှန်ကျွင်းတစ်ယောက်သာ သူတို့နှင့်ယှဉ်နိူင်လိမ့်မည်။ ဒုတိယ ကိုယ်စားလှယ်အနေနဲ့ကတော့ မင်းသမီးကြီး ဒါမှမဟုတ် တခြား အမာခံခုနစ်ဉီးတည်းကတစ်ယောက်နှင့် ယှဉ်နိုင်လောက်သည်။
အမှန်မှာ၊ သူတို့၏ ခွန်အားကို ကောင်းစွာနားမလည်သောကြောင့် ဤအထက်တန်းစားတိုက်ပွဲများ မည်သို့ အဆုံးသတ်မည်ကို ပြောရန် ခက်ပါသည်။
သို့သော် သူသည် ကြယ်လေးပွင့်ခန်းမတိုက်ပွဲများကို စိတ်ဝင်စားမှုသိပ်မရှိပေ။ ထို့နောက် ကြယ်သုံးပွင့်ခန်းမအချက်အလက်များကိုသာ ဂရုတစိုက်ကြည့်မိလိုက်သည်။ထိုသူများသည် ကျန်းချင်း၏ ပြိုင်ဘက်များဖြစ်လာမည်မဟုတ်လော....
ရုပ်ပုံထဲတွင် အလွန်လှပသော မိန်းကလေးကို တွေ့ရတော့ အံ့အားသင့်သွားသည်။ သူမသည် ပိန်ပါးသွယ်လျသော်လည်း မက်မွန်ပွင့်ကဲ့သို့ ချစ်စရာကောင်းသော မျက်နှာပေါက်မျိုးပိုင်ဆိုင်ထားသည်။
"ကြယ်သုံးပွင့်ခန်းမ ကိုယ်စားလှယ် ကျောက်ဟွေရင်း....အဆင့်ရှစ်အဆင့်မြင့် သတ္တုပဲ့တင်ထပ်သံ ပိုင်ဆိုင်ထားပြီး ကမ္ဘာမြေနှင့်ရင်းနှီးခြင်း အလယ်အလတ်အဆင့်...နှောင်းပိုင်းအဆင့်ဟု သံသယရှိသူ...ပြိုင်ဘက်များကိုလှည့်စားရာတွင်အထူးကျွမ်းကျင်သောကြောင့် ကောလိပ်၏ မြေခွေးနတ်သမီးဟုဆတင်စားခံရသူ.... ခြိမ်းခြောက်မှုအဆင့်- ကြယ် ၅ ပွင့်...."
သူမ၏ ခြိမ်းခြောက်မှု အဆင့်သတ်မှတ်ချက်က လျန်ခွမ်းထက်ပင် မြင့်မားနေသည်ကို တွေ့ရတော့ လီလော့ အံ့သြသွားသည်။ ဟုတ်ပါတယ်၊ ခြိမ်းခြောက်မှုအဆင့်ဟာ သန့်စင်တဲ့စွမ်းအားနဲ့ မပတ်ဆိုင်ဘဲ ခန်းမတစ်ခုစီ၏ ပျမ်းမျှ ခွန်အားအလိုက် ချိန်ညှိထားခြင်း ဖြစ်နိုင်သည်။ တကယ်တော့ ကျောက်ဟွေရင်း ဘယ်လောက်ပဲ သန်မာနေပါစေ ကြယ်လေးပွင့်ခန်းမက ကျောင်းသားကိုတော့ယှဉ်နိုင်မည်မဟုတ်ပေ။
ကျောက်ဟွေရင်း၏ အဆင့်ရှစ်အဆင့်မြင့် သတ္တုပဲ့တင်ထပ်သံကြောင့်လည်း အံ့အားသင့်ခဲ့ရသည်။ သူမ၏ အသွင်အပြင်အရ၊ သူမသည် သတ္တုပဲ့တင်ထပ်သံ အသုံးပြုသူအများစု၏ ကြမ်းတမ်းသန်မာပုံနှင့်ဖြောင့်ဖြောင့်ကြီးဆန့်ကျင်နေသည်။
ကျန်းချင်းအာ၏ပြိုင်ဘက်ဖြစ်လာမည့်အတွက် ကျောက်ဟွေရင်းအကြောင်းကို လီလော့ အရေးတယူကို ဖတ်ကြည့်နေခြင်းဖြစ်သည်။
သူမသည် ခက်ခဲသောပြိုင်ဘက်တစ်ယောက်ဟုထင်ရသော်လည်း ကျန်းချင်းအာကို လုံးဝယုံကြည်မှုရှိသည်။ ကျန်တဲ့ ကြယ်တာယာခရီးရှည်ကောလိပ်ကကျောင်းသားတွေလည်း လီလော့နှင့်အတွေးတူကြသည်သာ...... သူမကို အရှေ့နတ်ဘုရားတိုက်ကြီးမှာ အသန်မာဆုံး ကြယ်သုံးပွင့်ကျောင်းသူအဖြစ် ကြိုတင်သတ်မှတ်ထားကြပြီးဖြစ်သည်။
"ကြယ်သုံးပွင့်ခန်းမ ကိုယ်စားလှယ် ယွမ်တိုင်....အဆင့်ရှစ်အဆင့်နိမ့် မီးပဲ့တင်ထပ်သံ... ကမ္ဘာမြေနှင့်ရင်းနှီးခြင်း ဒုတိယအဆင့် (နတ်ဆိုးခန္ဓာ အဆင့်)။ ခြိမ်းခြောက်မှုအဆင့်- ကြယ် ၄ ပွင့်.....
"ကြယ်နှစ်ပွင့်ခန်းမ ကိုယ်စားလှယ် ဖူရွှမ်း....အဆင့်ရှစ်အဆင့်နိမ့် အသံလှိုင်းပဲ့တင်ထပ်သံ...ပုံသဏ္ဍာန်ပြောင်းလဲခြင်း တတိယအဆင့်.... ခြိမ်းခြောက်မှုအဆင့်- ကြယ် ၄ ပွင့်..."
"ဖန်ဖန်.... ကြယ်နှစ်ပွင့်ခန်းမ ကိုယ်စားလှယ်.... အဆင့်ရှစ်အဆင့်နိမ့် အရိုးပဲ့တင်ထပ်သံ...ပုံသဏ္ဍာန်ပြောင်းလဲခြင်း တတိယအဆင့် ခြိမ်းခြောက်မှုအဆင့်- ကြယ် ၄ ပွင့်......"
သူသည် နောက်ဆုံးစာမျက်နှာသို့ ရောက်သည်အထိ ဤအချက်အလက်များကို ခပ်သွက်သွက်ဖတ်နေခဲ့သည်။ အကယ်၍ သူသာ ကြယ်တစ်ပွင့်ခန်းမ၏ ကိုယ်စားလှယ်ဖြစ်ခဲ့လျှင် ဤသူသည် သူ၏ပြိုင်ဘက်ဖြစ်လာလိမ့်မည်......
***