← Chapters

တန်ဖိုးကြီး ကုန်ပစ္စည်းများထဲသို့ ဝင်ရောက်ခြင်း

Vol. 32 Ch. 468

တန်ဖိုးကြီး ကုန်ပစ္စည်းများထဲသို့ ဝင်ရောက်ခြင်း

Vol. 32 Ch. 468

တစ်စုံတစ်ယောက်က ဘဝ၌ အောင်မြင်နေသော်လည်း သူ့ဘေးနားမှ လူများအတွက် ဘာမှမလုပ်ပေးလျင် ယင်းက ညဉ့်နက်ချိန်၌ ကြည့်ကောင်းသော အဝတ်အစားများနှင့် လမ်းလျှောက်ခြင်းနှင့် ဘာကွာတော့မည်နည်း။

ရဲ့လင်းချန်သည် သူ့သူငယ်ချင်းများအား ဆိုးဆိုးရွားရွား ဆက်ဆံမည် မဟုတ်ပါ။ ဈေးကြီးသော ဟင်းလျာများကို စားသောက်ပြီးနောက် သူသည် တက္ကသိုလ်ထဲမှ ကိစ္စများကို အရေးမစိုက်ပေ။ သူ့၏ ဟင်းတစ်နပ်ကို အခြားသူများ ဝေဖန်နေသည်ကို သူ သိခဲ့ပါက သူ နောက်ထပ် ပြောစရာ ဖြစ်အောင် လုပ်မိလောက်သည်။

ထူးချွန်သော သူများသည် ထမင်းစားချိန်တွင်တောင်မှ အာရုံစိုက်ခံရပေသည်။

နောက်တစ်နေ့တါင် ကျားတိနှင့် မာတင်တို့သည် သူတို့၏ ပုံမှန်ဆုံနေကြနေရာ၌ ရဲ့လင်းချန်နှင့် တွေ့ဆုံလေသည်။

တန်ဖိုးကြီး အိတ်များ၏ ပထမအသုတ်ကို ထုတ်ပြီးသွားလေပြီ။ နှစ်ယောက်လုံးက ချက်ချင်း ရဲ့လင်းချန်ကို ကြည့်စေရန် အပြေးလာခဲ့ကြသည်။ သူတို့၏ မျက်နှာများက ဝင်းပနေပြီး ဤထုတ်ကုန်နှင့် ပတ်သက်၍ အလွန်အမင်း ကျေနပ်နေမှန်း သိသာပေသည်။

ယင်းက ရဲ့လင်းချန်၏ စိတ်ကူးအတိုင်းပင်။ သူ၏ ဒီဇိုင်းအတိုင်း ထုတ်လုပ်ထားသော အိတ်သည် မည်သူမဆို၏ စိတ်နှလုံးကို ပထမဆုံးအကြိမ် တွေ့ပြီးသည်နှင့် ကိုင်လှုပ်နိုင်သည်။

၎င်းသည် အညိုရင့်ရောင် ရှိပြီး မြွေအရေခွံအိတ်၏ အရောင်နှင့် တူသည်။ သို့သော် ဖန်တီးထားသော မြွေအရေခွံက အနည်းငယ် တောက်ပသည်။ ၎င်းကို သာမန်အိတ်တစ်လုံးနား၌ ထားလိုက်ပါက ကွာခြားချက်က သာမန် ကျောက်စိမ်းနှင့် ထိပ်တန်း အရည်အသွေး ကျောက်စိမ်း ကွဲပြားသကဲ့သို့ သိသာနေပေမည်။

ထိုမြွေအရေခွံတွင် စိတ်ဝိညာဉ်စွမ်းအင် အချိန်အတော်ကြာအောင် ကိန်းအောင်းနေခဲ့သဖြင့် စိတ်ဝိညာဉ် စွမ်းအင်တစ်ချို့ ပေးစွမ်းလေသည်။ ယင်းက လူအများကို မြင်မြင်ချင်း သဘောကျစေပြီး ထူးခြားသော စိတ်ဝိညာဉ် ရှိသည့် အရာများကို မသိစိတ်အရ သဘောကျလာစေလောက်သည်။

ထို့အပြင် ရဲ့လင်းချန်၏ ဒီဇိုင်းက မြွေအရေခွံ၏ အားသာချက်ကို ကောင်းမွန်စွာ ဖော်ပြထားသည်။ စတိုင်က ခေတ်မီသော်လည်း အထက်တန်းကျသည်။ အိတ်၏ မျက်နှာပြင်တွင် ဝိုင်၏ သင်္ကေတကို ရေးထွင်းထားပြီး နည်းလမ်းတကျ စီစဉ်ထားသည်။ လူတစ်ယောက် ကိုင်ထားလျင် အလွန်အမင်း သက်တောင့်သက်သာ ဖြစ်ပြီး ခံစားချက် ကောင်းပေမည်။

ယင်းက အိတ်ကောင်းတစ်အိတ် ဖြစ်မည်မှာ အသေအချာပင်။

“ဆရာရဲ့၊ မင်း ဘယ်လိုထင်လဲ၊ မင်း ကျေနပ်ရဲ့လား”

ကျားတိက ပြုံး၍ မေးလိုက်သည်။

ကျားတိအတွက်မူ ဤအိတ်နှင့်ပတ်သက်၍ အလွန်အမင်း ကျေနပ်မိသည်။ ရဲ့လင်းချန်၏ ဒီဇိုင်းကို သူ ပထမဆုံး မြင်လိုက်ရစဉ်က အံ့အားသင့်ခဲ့ရသည်။ ယင်းကို ထုတ်လုပ်ပြီးသောအခါ သူ ပို၍ လေးစားမှုတို့နှင့် ပြည့်နှက် လာရသည်။

ဒီဇိုင်းများအားလုံးသည် သီအိုရီ သက်သက်သာ ဖြစ်သည်။ ၎င်းတို့၌ ထုတ်လုပ်ရေးတွင် မအောင်မြင်နိုင်သည့် စွန့်စားမှုတို့ ရှိသည်။ သို့သော် ရဲ့လင်းချန်၏ ဒီဇိုင်းက နည်းနည်းလေးမှ အမှားမရှိသဖြင့် နောက်ဆုံး ထုတ်လုပ်မှုအား ပြီးပြည့်စုံစေခဲ့သည်။

*ဆရာတစ်ယောက်ရဲ့ အပြုအမူက ဘာလဲ၊ ဒါပဲလေ*

“ကောင်းတယ်၊ Vatti လို့ မပြောရဘူး၊ ဒီထုတ်လုပ်ရေး အရည်အသွေးက တကယ်ကို အံ့ဩဖို့ ကောင်းတာပဲ”

ရဲ့လင်းချန် ခေါင်းညိတ်လိုက်သည်။ Vatti နှင့်ဆိုလျင် သူကိုယ်တိုင် လုပ်သည်ထက် ပို၍ အဆင်ပြေ ချောမွေ့ ပေလိမ့်မည်။

“ဪ ဟုတ်သားပဲ၊ ဒီအိတ်ကို ထုတ်ပြီးသွားပြီဆိုတော့ ဟူယွဲ့အာနဲ့ ကျောက်လျန့်ရင်ကို တစ်အိတ်ဆီ ပို့ပေးဖို့ မှတ်ထားပေးပါ”

ရဲ့လင်းချန်သည် ထိုကိစ္စနှင့် ပတ်သက်၍ မမေ့လျော့သွားပေ။ မိန်းကလေး နှစ်ယောက်လုံးကလည်း သူနှင့် မကြာခဏ စကားပြောလေ့ ရှိပြီး အိတ်ကိစ္စကို သူတို့ရင်ထဲ၌ စွဲနေအောင် မှတ်ထားကြသည်။

“စိတ်ချပါ ဆရာရဲ့၊ ကျုပ်တို့ ချက်ချင်း ပို့ပေးပါ့မယ်”

ကျားတိက ပြန်ပြောသည်။

မာတင်ကမူ တစ်ခဏမျှ စဉ်းစားပြီးနောက် လေးနက်သော အမူအရာနှင့် မေးလိုက်သည်။

“ဆရာရဲ့၊ ဒီအိတ်အတွက် မင်းရဲ့ အစီအစဉ်တွေက ဘာများလဲ”

“အိတ်နှင့် ပတ်သက်၍ ရဲ့လင်းချန်က ဆုံးဖြတ်ချက် အပြည့်အဝ ချပိုင်ခွင့်ရှိသည်ဟု စာချုပ်ထဲ၌ ပါရှိသည်။ ရှင်းရှင်း ပြောရလျင် သူသည် ဤတန်ဖိုးကြီးအိတ်၏ ဘော့စ်ကြီးပင်။ ဈေးသတ်မှတ်ခြင်း၊ ကြော်ငြာခြင်းနှင့် အခြားသော ကိစ္စများအားလုံးကို သူတစ်ယောက်တည်းက ဆုံးဖြတ်ပေမည်။

ရဲ့လင်းချန်က ပြုံး၍ ပြန်မေးလိုက်သည်။

“ကျွန်တော် ခန့်မှန်းကြည့်ရသလောက်ဆိုလျင် ဧရာမ စပါးအုံးမြွေကြီးက အဲ့လောက်များတဲ့ မြွေအရေခွံနဲ့ဆိုရင် ထုတ်ကုန် အလေအလွင့်တွေကို ဖယ်ပြီးရင် အိတ်ပေါင်း ရှစ်ရာနဲ့ အစုံ သုံးရာလောက် လုပ်ဖြစ်မယ်ထင်တယ်၊ ဟုတ်တယ်မလား”

သူ ပြောသည့် အစုံဆိုသည်မှာ လွယ်အိတ်နှင့်အတူ လိုက်ဖက်သည့် ပိုက်ဆံအိတ်နှင့် လက်ကိုင်အိတ်တို့ကို ဆိုလိုခြင်း ဖြစ်သည်။

လွယ်အိတ်သည် ရေပန်းအစားဆုံး ဖြစ်သဖြင့် အများအပြား ထုတ်လုပ်ရန် လိုအပ်သည်။ တစ်ဖက်တွင် အစုံလိုက်ကို ကြော်ငြာခြင်းက ထုတ်ကုန်များကို လက်ဝါးကြီးအုပ်မှု နည်းပါးစေပေမည်။

ကျားတိ မသိမသာ မှင်တက်သွားပြီး ရဲ့လင်းချန်အား တအံ့တဩ ကြည့်လေသည်။

“ဆရာရဲ့ရဲ့ ခန့်မှန်းက သိပ်တိကျတာပဲ၊ ကျုပ်တို့ရဲ့ လက်ရှိလုပ်ငန်းစဉ်အတိုင်းဆိုရင် အဲ့ဒါနဲ့ ဘာမှမကွာဘူး”

“အိတ်ဖြစ်စေ၊ အစုံလိုက်ဖြစ်စေ၊ ကျွန်တော့်ရဲ့ စည်းကမ်းကတော့ နှစ်ဆယ် ရာခိုင်နှုန်းကို နိုင်ငံအတွင်းမှာ ထားပြီး ကျန်တဲ့ ရှစ်ဆယ် ရာခိုင်နှုန်းကို နိုင်ငံတကာမှာ ဈေးကွက်တင်မယ်၊ ဒါ ကျွန်တော့်ရဲ့ အခြေခံ စည်းမျဉ်းပဲ”

သူ့စကားက ကျားတိနှင့် မာတင်ကို အံ့ဩသွားစေသည်။ သူတို့က စိုးရိမ်သော လေသံဖြင့် မေးလေသည်။

“အဲ့ဒါက နိုင်ငံခြားသားတွေကို ရန်စသလို ဖြစ်မသွားဘူးလား”

ပြည်တွင်းဈေးကွက်ထဲ၌ နှစ်ဆယ် ရာခိုင်နှုန်း ထားခြင်းက ဘာမှမဖြစ်သော်လည်း ကမ္ဘာပေါ်၌ နိုင်ငံပေါင်း မည်မျှ ရှိနေပါသလဲ။ ကမ္ဘာနှင့် ယှဉ်လိုက်လျင် တရုတ်နိုင်ငံ၏ လူဦးရေက ဘယ်လောက်လဲ။ အကြမ်းဖျင်း တွက်ချက်ကြည့်လျင် နိုင်ငံတိုင်းက တစ်ဆယ်ရာခိုင်နှုန်းထက် လျော့နည်းစွာ ရပေလိမ့်မည်။

“ဘာမှမဖြစ်ပါဘူး၊ ပစ္စည်းက ကောင်းရင် တစ်ယောက်ယောက်က ဝယ်မှာပဲ”

ရဲ့လင်းချန်က လုံးဝ စိတ်မပူပါ။

တရုတ်နိုင်ငံတွင်း၌ လူအများသည် နိုင်ငံခြားမှ သူတို့ သူငယ်ချင်းများကို ပစ္စည်းများ ဝယ်လာပေးရန် သို့မဟုတ် နိုင်ငံခြား တန်ဖိုးကြီး ပစ္စည်းများ ဝယ်ယူရန် ပြည်ပမှ အေးဂျင့်များအား တောင်းဆိုကြသည်ကို သူ အမြဲတမ်း မြင်တွေ့ခဲ့ရသည်။ အခွန်ငွေ နည်းသည့်အပိုင်းကို ဘေးဖယ်ထားလျင်တောင်မှ ထိုသို့ လုပ်ရသည့် အကြောင်းရင်းမှာ ပို့ကုန် ပြတ်လပ်မှုကြောင့်ပင်။

သီးသန့်ဆိုင်များတွင်တောင်မှ ပစ္စည်းများနှင့် လိုအပ်သော အရာများ မရှိနိုင်ပါ။

အနာဂတ်တွင် တရုတ်နိုင်ငံ၌ ကိုယ်ပိုင် တန်ဖိုးကြီး ပစ္စည်းများ ရှိလာချိန်တွင် ရဲ့လင်းချန်သည် နိုင်ငံခြားသား များအား တရုတ်နိုင်ငံသားများကို မနာလိုအားကျ ဖြစ်လာပြီး တရုတ်နိုင်ငံမှ ဝယ်ယူလာစေချင်သည်။ အကြောင်းရင်းမှာ တန်ဖိုးကြီး ကုန်ပစ္စည်းများက နိုင်ငံတွင်း၌ ပို၍ ဈေးသက်သာပြီး အသင့် ရနိုင်သောကြောင့် ပင်တည်း။

“အဲ့ဒါအပြင် အိတ်ရဲ့ ဈေးကို လေးသောင်းလို့ သတ်မှတ်မယ်၊ အစုံလိုက်တစ်ခုလုံးကို ရှစ်သောင်းလို့ ဈေးသတ်မှတ်မယ်”

ရဲ့လင်းချန်က ပြောလိုက်သည်။

“ဆရာရဲ့၊ အဲ့ဒါက … ဈေးမကြီးလွန်းဘူးလား”

ကျားတိ မစိုးရိမ်ဘဲ မနေနိုင်အောင် ဖြစ်သွားသည်။

“ဒါက အစပဲ ရှိသေးတယ်၊ သူတို့အတွက် တစ်ခု ဝယ်နိုင်တာက လွန်နေပြီ၊ Hermes အိတ်က တစ်ခုကို ဘယ်ဈေး သွားလဲ”

ရဲ့လင်းချန်က သူ့လက်ကို အသာအယာ ဝှေ့ယမ်းလိုက်သည်။

ကျားတိနှင့် မာတင်တို့ ချက်ချင်း တိတ်သွားသည်။

Hermes အိတ်တစ်အိတ်၏ အနိမ့်ဆုံးဈေးက တစ်သိန်းက စသည်ကို လူတိုင်း သိပေသည်။ ထို့အပြင် လူချမ်းသာများ တောင်မှ ၎င်းတို့ကို မဝယ်ယူနိုင်ပါ။ Hermes က ကုန်ကြမ်းများက သူ့ကိုယ်ပိုင် ကုန်ကြမ်းနှင့် ယှဉ်နိုင်ပါမည်လော။ ဤပရောဂျက်က စတင်ခါစသာ မဟုတ်လျင် ရဲ့လင်းချန်သည် ကြမ်းခင်းဈေးကို တစ်သိန်း သတ်မှတ်မိလောက်သည်။

“ကောင်းပါပြီ၊ ငါ မင်းပြောတဲ့အတိုင်း လုပ်လိုက်ပါ့မယ်”

မာတင်သည် ပြတ်သားသော လူတစ်ယောက်ဖြစ်သဖြင့် အံကြိတ်၍ သူ့တောင်းဆိုမှုကို သဘောတူလိုက်သည်။

တစ်ခဏမျှ ငြိမ်သွားပြီးနောက် သူက စိုးရိမ်ပူပန်စွာ ပြောသည်။

“အခု ငါတို့ အဲ့ဒါကို နိုင်ငံတကာ တန်ဖိုးကြီးပစ္စည်း အကဲဖြတ်ရုံးကို ပို့ပြီး ရလဒ်ကို စောင့်ဖို့ပဲ လိုတော့တယ်”

တန်ဖိုးကြီးပစ္စည်း အကဲဖြတ်ရုံးဟူသည်မှာ နိုင်ငံအားလုံး၌ ဖွဲ့စည်းထားသော ဌာနတစ်ခု ဖြစ်သည်။ ၎င်း၏ အလုပ်မှာ တန်ဖိုးကြီးပစ္စည်း၏ အဆင့်အတန်းကို ဆန်းစစ်ရန် ဖြစ်သည်။ သူတို့သည် ကောက်ရိုးဦးထုပ်အား ကိုင်၍ ၎င်းအား တန်ဖိုးကြီး ပစ္စည်းဟူ၍ ပြောခွင့်မပေးနိုင်ပါ။ ဤအကဲဖြတ်ရုံးက ပစ္စည်းတစ်ခုကို တန်ဖိုးကြီး ပစ္စည်းတစ်ခုဟု အသိအမှတ် ပြုပြီး ပစ္စည်းတစ်ခု၏ တန်ဖိုးကို ဆုံးဖြတ်ပြီးသည်နှင့် သူတို့နိုင်ငံ၌ ရောင်းချရန် တင်ပို့နိုင်လေပြီ။

Vatti သည် နှစ်ပေါင်းများစွာ အလုပ်ကြိုးစားပြီး ပစ္စည်းများစွာကို ဂရုတစိုက် ဒီဇိုင်းထုတ်ခဲ့သော်လည်း သူတို့၏ ဘယ်ပစ္စည်းတစ်ခုကမှ တန်ဖိုးကြီးပစ္စည်း အကဲဖြတ်ရုံး၏ စစ်ဆေးမှုကို မကျော်ဖြတ်နိုင်ပါ။ သူတို့အား နာမည်ရှိသော အမှတ်တံဆိပ်ဟုသာ အသိအမှတ် ပြုနိုင်ပြီး တန်ဖိုးကြီး ပစ္စည်းဟု မသတ်မှတ်နိုင်ချေ။

ရဲ့လင်းချန် ခေါင်းညိတ်လိုက်ပြီး နည်းနည်းလေးမှ မစိုးရိမ်မိပါ။ အကဲဖြတ်ရုံးက မျက်စိ ကန်းမနေသရွေ့ ဤပစ္စည်းကို သူတို့ အသိအမှတ် ပြုမှာပင်။

ဆွေးနွေးမှုကို အဆုံးသတ်ပြီးနောက် ကျားတိနှင့် မာတင်တို့သည် ကျန်ကိစ္စရပ်များကို ဖြေရှင်းရန် ရုံးသို့ အလျင်အမြန် ပြန်သွားကြသည်။ ရဲ့လင်းချန်က ဘာမှလုပ်စရာ မရှိသဖြင့် ဝမ်ရုံ နည်းပညာသို့ ဦးတည်လိုက်သည်။

ဉာဏ်ရည်မြင့် စက်ရုပ်လေး ရှောင်ယွင်ကို တီထွင်ခဲ့ခြင်းကြောင့် ဝမ်ရုံ နည်းပညာသည် မောင်းသူမဲ့ကား မတော်တဆမှု ပြဿနာ၏ နာမည်ဆိုးမှ လွတ်မြောက်လာခဲ့သည်။ ကုမ္ပဏီက ၎င်း၏ လုပ်ငန်းပုံစံကို အောင်မြင်စွာ ပြောင်းလဲနိုင်ခဲ့သည်။ သို့သော် ယခင် မတော်တဆမှုကြောင့် ဝမ်ရုံ နည်းပညာ၏ စံနှုန်းက သိသိသာသာ ကျဆင်းသွားပြီး အသစ်ပြန်စတင်ရန် လိုအပ်နေ၏။

ဝမ်ရုံ နည်းပညာသို့ ရောက်သောအခါ ဝန်ထမ်းများက ရဲ့လင်းချန်ကို ချက်ချင်း သတိထားမိပြီး သူ ဖြတ်သွားသည့် နေရာတိုင်း၌ “ဥက္ကဋ္ဌရဲ့” ဟု နှုတ်ဆက်ကြလေသည်။ ယင်းက သူ့အား အလွန် ခံစားချက် ကောင်းစေသည်။

“ဥက္ကဋ္ဌရဲ့၊ ဒါရိုက်တာ အိုးရန်က အစည်းအဝေးခန်းထဲမှာပါ၊ ကျွန်မ ရှင့်ကို လမ်းပြပေးပါ့မယ်”

ထိုစဉ် ရုံးဝတ်စုံနှင့် လှပသော အမျိုးသမီးတစ်ဦးက သူ့အနားသို့ လှမ်းလာပြီး အိုးရန်ချင်း ရှိသော နေရာသို့ ရိုးစင်း၍ လေ့ကျင့်ထားသော အမူအရာနှင့် ဦးဆောင်လမ်းပြလေသည်။

…

All Chapters