← Chapters

ငါ ကျွန်းတစ်ကျွန်း ဝယ်ချင်တယ်

Vol. 32 Ch. 469

ငါ ကျွန်းတစ်ကျွန်း ဝယ်ချင်တယ်

Vol. 32 Ch. 469

လက်ရှိတွင် ရဲ့လင်းချန်သည် အနုပညာရှင်တစ်ဦး ဖြစ်သည်။ လမ်းတစ်လျှောက်တွင် ဝန်ထမ်း တော်တော် များများက သူ့အား စူးစမ်းမှုတို့နှင့် ပြည့်နေသော စိတ်အားထက်သန်သည့် အကြည့်များနှင့် ကြည့်ကြသည်။ သို့သော် ဝမ်ရုံ နည်းပညာ၏ ဝန်ထမ်းရေးရာက ကောင်းမွန်စွာ စီမံအုပ်ချုပ်ထားလေသည်။ ထိုသို့ ဖြစ်သော်လည်း ဆူညံ ပွက်လောရိုက်မှုများ မဖြစ်ဘဲ သူတို့၏ တာဝန်များကို ဆက်လက် လုပ်ဆောင်ကြသည်။ သူတို့သည် လုပ်ငန်းခွင်ထဲမှ ဖြစ်သဖြင့် တစ်နေ့လုံး အနုပညာရှင်များနောက် လိုက်နေသည့် လူငယ်များနှင့် အတော်လေး ကွာခြား ပေသည်။

အစည်းအဝေးခန်းထဲသို့ ရောက်သောအခါ အိုးရန်ချင်းက ဝန်ထမ်းများကို တာဝန်ခွဲဝေနေ၏။

ရဲ့လင်းချန်ကို မြင်သောအခါ အားလုံးက ခေါင်းညိတ်နှုတ်ဆက်၍ အစည်းအဝေးကို ဆက်လုပ်ကြသည်။

ယင်းမှာ ဝမ်ရုံ နည်းပညာ၏ စည်းကမ်းဖြစ်သည်။ အစည်းအဝေးချိန်အဝွင်း သူတို့သည် ဘယ်သူ တစ်ဦး တစ်ယောက်၏ နှောင့်ယှက်ခြင်းကို ခံမည် မဟုတ်ဘဲ အစည်းအဝေးကို အမြင့်ဆုံး ဦးစားပေးကြသည်။

ရဲ့လင်းချန်သည် အသာဝင်ထိုင်၍ သူတို့၏ တင်ပြချက်များကို နားထောင်နေလိုက်သည်။

သူတို့သည် ဝမ်ရုံ နည်းပညာ၏ လက်ရှိ လုပ်ဆောင်မှုနှင့် သူတို့၏ အနာဂတ် အစီအစဉ်များနှင့် ပတ်သက်၍ ဆွေးနွေးနေခြင်း ဖြစ်သည်။ ထို့နောက် သူတို့သည် သူတို့၏ အစီအစဉ်များကို တင်ပြပြီး အိုးရန်ချင်းက အလုပ်ကို ပြန်တာဝန် သတ်မှတ်ပေးသည်။ အစည်းအဝေး၏ အကျဉ်းချုပ်က အဲ့လောက်ပင်။

လက်ရှိတွင် ဝမ်ရုံနည်းပညာ၏ ရှောင်ယွင်က နာမည်ကြီးနေပြီးနောက် သူတို့၏ နေ့စဉ် ရောင်းချမှုက အသုတ် သုံးထောင်ဝန်းကျင် ရှိသည်။ အမြတ် ငါးဆယ်ရာခိုင်နှုန်းကို အခြေခံ၍ တွက်ကြည့်လျင် သူတို့၏ နေ့စဉ် အမြတ်က ၁၃ သန်းကျော်သို့ ရောက်ရှိနေလေပြီ။

ဤသို့သော အမြတ်အစွန်းက များပြားပေသည်။ ရှောင်ယွင်ကို ဈေးကွက်ထဲ ဖြန့်ချီလိုက်ကတည်းက အြတ် သန်း ၆၀၀ ကျော် ရရှိခဲ့ပြီး ဖြစ်သည်။

နည်းပညာက ဘုရင်ပင်။ နည်းပညာက အမြတ်နှင့် ညီမျှလေသည်။

သို့သော် ဝမ်ရုံ နည်းပညာသည် ထုတ်ကုန် အမျိုးအစား ပြတ်လပ်သည့် ပြဿနာနှင့် ရင်ဆိုင်နေရသည်။ လက်ရှိတွင် သူတို့သည် ရှောင်ယွင် ထုတ်လုပ်ရေးသာ ရှိသည်။ ထို့အပြင် သူတို့၏ ဝန်ဆောင်မှုက အကန့်အသတ်နှင့် ဖြစ်လွန်းနေသည်။ မြို့တော်မှ သူတို့၏ ဌာနချုပ်များမှလွဲလျင် သူတို့၌ ပုံမှန် ဆိုင်ခွဲ လေးခုသာ ရှိသည်။ ယင်းက အလွန် ဆိုးကျိုးဖြစ်စေသည်။

ယခုက အင်တာနက်ခေတ် ဖြစ်သော်လည်း လူတိုင်းသည် အင်တာနက်တစ်ခုတည်းကိုသုံး၍ သူတို့၏ ပစ္စည်းနှင့် ပတ်သက်၍ သိနိုင်ရန် မဖြစ်နိုင်သလို သူတို့ကို မပူမပင်ဘဲ ဝယ်ကြရန် မဖြစ်နိုင်ပေ။ ထို့ကြောင့် ပုံမှန် ဆိုင်ခွဲများက အရေးအကြီးဆုံး ဖြစ်သည်။ ၎င်းအပြင် ရောင်းချပြီး ဝန်ဆောင်မှုကလည်း သူတို့ကို အမြတ်များများ ရရှိစေနိုင်သည့် အလားအလာ ရှိနိုင်စေသည့် အရေးကြီးသော အချက်တစ်ခုလည်း ဖြစ်သည်။

လက်ရှိတွင် ရှောင်ယွင်၏ ရောင်းချမှုက တန့်နေပြီး ပုံမှန် ဆိုင်ခွဲများတွင်သာ မှီခိုနေရသည်။ သူတို့သည် ထိုးဖောက် ကျော်လွှားနိုင်ရန် ပိုကြီးသော ဈေးကွက်သို့ ပြောင်းရွှေ့ရန် လိုအပ်ပေသည်။

ရဲ့လင်းချန်က ဘေးမှနေ၍သာ နားထောင်နေ၏။ သူတို့ ဘယ်မြို့များ၌ ဆိုင်ခွဲများ ဦးစားပေး၍ ဖွင့်သင့်ကြောင်း၊ ဆိုင်ဘယ်နှစ်ဆိုင် ဖွင့်သင့်ကြောင်း၊ ဘယ်လောက် ရင်းနှီးသင့်ကြောင်းနှင့် ထိုနေရာများမှ ဆိုင်ခွဲများကို ဘယ်သူက စီမံသင့်ကြောင်း ဆွေးနွေးနေသည်ကိုသာ သူ ကြည့်နေသည်။

အိုးရန်ချင်းက သန်မာသော အမျိုးသမီးတစ်ဦး ဖြစ်ထိုက်ပေသည်။ သူမသည် သဘောပေါက်လွယ်ပြီး ပြောစရာ မရှိသော စီမံခန့်ခွဲမှု အရည်အချင်းများ ရှိလေသည်။ ရဲ့လင်းချိန် တိတ်တဆိတ် ခေါင်းညိတ်၍ အသိအမှတ် ပြုနေမိသည်။

သူသည် စိတ်ထဲမှ တိတ်တဆိတ် မှတ်ချက်ချနေသည်။

*ပြည်တွင်းဈေးကွက်ကို ချဲ့တာအပြင် နိုင်ငံတကာကို သွားဖို့လည်း လိုအပ်တယ်*

သူ၏ တန်ဖိုးကြီး ကုန်ပစ္စည်းသည် ပြည်ပဈေးကွက်သို့ ချဲ့ထွင်ရန် စတင်နေပြီ ဖြစ်သည်။ ထို့ကြောင့် သူ၏ နည်းပညာကလည်း ပြည်ပဈေးကွက်သို့ ရောက်သင့်ပေသည်။

*ငါ့နာမည်နဲ့ တစ်ကမ္ဘာလုံးကို ဖြန့်မှပဲ ငါ့ရေပန်းစားမှုအမှတ်အတွက် အများကြီး ရနိုင်မှာ၊ တစ်ကမ္ဘာလုံးရဲ့ လူဦးရေက ငါ့ကို ရေပန်းစားမှုအမှတ် နည်းနည်းစီ ပေးရင်တောင်မှ ငါ့အမှတ်က ချက်ချင်း ဘီလီယံ ချီ လောက်တယ်*

*အံ့ဩစရာပဲ၊ မိုက်လွန်းတယ်ဟ*

*အဲ့ဒါဆိုရင် ငါ့စွမ်းရည်တွေ အပြည့်ဖြစ်မသွားနိုင်ဘူးလား၊ တွေးရုံနဲ့တင် စိတ်လှုပ်ရှားမိပြီ*

“အခု ကျွန်မတို့ရဲ့ ဥက္ကဋ္ဌရဲ့ကို မိန့်ခွန်းပြောဖို့ ဖိတ်လိုက်ရအောင်၊ သူ့ကို လက်ခုပ်တီးပြီး ကြိုဆိုလိုက်ရအောင်”

စိတ်ကူးကမ္ဘာထဲ ရောက်နေသော ရဲ့လင်းချန်သည် အိုးရန်ချင်း၏ စကားကြောင့် အသိပြန်ဝင်လာပြီး ကြက်သေ သေသွားလေသည်။

*ဒါက … ငါက ဘာအညွှန်းမှမရှိဘဲ ဘာသွားပြောရမှာလဲ*

“ဖြောင်း ဖြောင်း ဖြောင်း”

သို့သော် သူတို့ ဥက္ကဋ္ဌအတွက် သူတို့၏ လေးစားမှုကို ပြသရန် အားလုံးက စိတ်အားထက်သန်စွာ လက်ခုပ်တီး ကြသည်။ သူတို့သည် သူ့အား ပြုံးနေသော မျက်နှာများနှင့် ကြည့်နေကြသည်။

ရဲ့လင်းချန်အပေါ် သူတို့၏ လေးစား ချစ်ခင်မှုက စိတ်ရင်း ဖြစ်သည်။ သူက ငယ်သေးသော်လည်း ရှောင်ယွင်၏ ဒီဇိုင်းကို တီထွင်နိုင်သည်။ အရည်အချင်းရှိသော သူများသည် လေးစားခံရသည်က သဘာဝပင်။ သူ့အတွက် သူတို့၏ လေးစားမှုက သူတို့၏ ဥက္ကဋ္ဌဟူသော သူ၏ အဆင့်အတန်းကြောင့်ပင်။ အရည်အချင်းရှိသော ဥက္ကဋ္ဌ ဖြစ်သဖြင့် ဘယ်သူက သူ့ကို မလေးစားဘဲ နေရဲမည်နည်း။

*ဒီမိန်းမဆိုးလေးကတော့လေ … သူ ဒါကို တမင်လုပ်တာပဲ ဖြစ်မယ်*

နှစ်လိုဖွယ် အပြုံးမျိုး ပြုံးနေသည့် အိုးရန်ချင်းကို ရဲ့လင်းချန် ကြည့်နေမိသည်။ သူမကို သူ စိတ်ထဲ၌မှနေ၍ ဝေဖန် ပြစ်တင်လိုက်မိသည်။ သူ့အတွက် စိန်ခေါ်မှုမှ ရှက်၍ ရှောင်ပြေးရန် အချိန်မရှိပါ။ ဥက္ကဋ္ဌဟူသော သူ့အာဏာကို ပြသရန် လိုအပ်ပေသည်။

ရဲ့လင်းချန်သည် ကြောက်ရွံခြင်း မရှိဘဲ အရှေ့သို့ တက်လာသည်။ သူသည် အားလုံးကို တစ်ချက် ဝေ့ကြည့် လိုက်သည်။

“အဟမ်း အဟမ်း”

ရဲ့လင်းချန်က လည်ချောင်းရှင်းပြီးမှ စကားစလိုက်သည်။

“အစောပိုင်းတုန်းက ခင်ဗျားတို့ ပုံမှန်ဆိုင်ခွဲတွေအတွက် အစီအစဉ်တွေ ဆွေးနွေးခဲ့ကြတယ်၊ အဲ့ဒါနဲ့ ပတ်သက်ပြီး ကျုပ် သဘောမတူတာ တစ်ခု ရှိတယ်”

လူတိုင်း စိတ်ပါဝင်စားစွာ နားထောင်နေကြသည်။ ဥက္ကဋ္ဌက စကားပြောနေသည် မဟုတ်ပါလော။ သူ ဘာပြောပြော စိတ်ဝင်တစား နားထောင်ခြင်းက အခြေခံကျင့်ဝတ်ပင်။

“မင်းတို့က မြို့ကြီးတွေမှာ ဆိုင်ခွဲတွေဖွင့်ပြီး အဲ့ဒီမှာ ဈေးကွက်ချဲ့ထွင့်ဖို့ အကြံပြုကြတာ များတယ်၊ မြို့တော်ကိုပဲ ဥပမာထားပြီး ကြည့်ကြည့်၊ ကျုပ်တို့မှာ ဆိုင်ခွဲ လေးခု ရှိပြီးပြီ၊ ဆယ်ခုအထိ ဖွင့်ဖို့ တစ်ယောက်က အကြံပေးတယ်၊ တစ်ယောက်က ဟောင်ကောင်နဲ့ ရီကျိုးခရိုင်လို ဖွံ့ဖြိုးနေတဲ့ မြို့တွေမှာ ဦးစားပေး ဖွင့်သင့်တယ်လို့ ပြောတယ်၊ ဒီလို အစီအစဉ်မျိုးက ကောင်းပါတယ်၊ ဒါပေမဲ့ ရင်းနှီးမြုပ်နှံမှုက များလွန်းတယ်”

ရဲ့လင်းချန်၏ စကားက သူတို့ကို အတွေးနက်သွားစေသည်။ ယင်းက အမှန်ပင်။

ပထမအဆင့် မြို့ကြီးများ၏ ဆိုင်ခန်းဈေးများက မြင့်မားသည်။ ဝမ်ရုံ နည်းပညာအတွက် သူတို့ ဆိုင်ခွဲအတွက် သန်းချီမသုံးဘဲ ရှေ့မျက်နှာစာ ဆိုင်ခန်းကြီးများ ဝယ်ရန် မဖြစ်နိုင်ပေ။

သူတို့၏ လက်ရှိ ဘဏ္ဍာရေး အခြေအနေအရ နေရာတိုင်း၌ ဆိုင်ခွဲဖွင့်ရန် မဆိုထားနှင့် ဆိုင်ခွဲ ဆယ်ခုဖွင့်ရန်ပင် မတတ်နိုင်ပါ။

“အဲ့ဒါကြောင့် အနီးအနားမြို့က တောမကျ မြို့မကျနေရာကနေ စပြီး ချဉ်းကပ်သင့်တယ်လို့ ကျုပ် ထင်တယ်”

ရဲ့လင်းချန်က အားမာန်ပြည့်ဝစွာ ပြောသည်။

“အခုတော့ ကျုပ်တို့ အဓိကမြို့တွေက မြို့လယ်ခေါင် ဧရိယာမှာ တစ်ဆိုင်လောက် ဖွင့်ဖို့ပဲ လိုတယ်၊ ကျုပ်တို့ရဲ့ အဓိက ပစ်မှတ်က ဒုတိယအဆင့် မြို့တွေနဲ့ ကျေးလက်တွေ ဖြစ်သင့်တယ်၊ ပထမဆုံးအချက်က ရင်းနှီးမြှုပ်နှံမှု နည်းတယ်၊ အဲ့ဒါအပြင် ကျုပ်တို့ရဲ့ ကျော်ကြားမှုကိုလည်း ပိုပြီး မြန်မြန် တိုးလာနိုင်စေလောက်တယ်”

ရဲ့လင်းချန်၏ စကားကြောင့် သူတို့ မျက်မှောင်ကြုတ်သွားကြသည်။ တစ်ယောက်က မနေနိုင်ဘဲ ထုတ်ပြော လေသည်။

“ဒါပေမဲ့ ကျေးလက်က လူဦးရေက မြို့ကြီးတွေနဲ့ မယှဉ်နိုင်ဘူးလေ”

“ဟုတ်တယ်၊ ကျေးလက်က လူဦးရေက မြို့ကြီးတွေနဲ့ မယှဉ်နိုင်ဘူး၊ ဒါပေမဲ့ ကျုပ်တို့မှာ ကြော်ငြာအတွက် အင်တာနက် ရှိတာကို မေ့နေပြီလား”

ရဲ့လင်းချန်က ပြုံးလိုက်သည်။

“ပထမအဆင့် မြို့ကြီးမှာ နေတဲ့လူတွေက အချိန်နဲ့အမျှ သတင်းတွေကို သိအောင် လုပ်ကြတယ်၊ သူတို့က အင်တာနက်ကို သုံးမှာပဲ၊ အဲ့လူတွေရဲ့ ရှစ်ဆယ် ရာခိုင်နှုန်းက အင်တာနက်ကနေ ကျုပ်တို့နဲ့ ပတ်သက်ပြီး သိမှာပဲ၊ ကျုပ်တို့ လက်ရှိ ရောင်းအားအရဆို ဝယ်သူအများစုက မြို့ကြီးတွေက ဟုတ်တယ်မလား”

တစ်ယောက်က ခေါင်းညိတ်သည်။

“အမှန်ပဲ”

“ဒါဆို ကျုပ်တို့ မမှားနိုင်ဘူး၊ မြို့ကြီးတွေက လူတွေက ကျုပ်တို့အကြောင်း သိပြီးနေမှတော့ သူတို့ကို ကြော်ငြာဖို့ ကျုပ်တို့ ဘာလို့ ပိုက်ဆံ ပိုသုံးနေမှာလဲ၊ အဲ့အစကား အင်တာနက်ကို သိပ်မသုံးတဲ့ မြို့လေးတွေကိုပဲ အာရုံစိုက်သင့်တယ်၊ သူတို့က ကျုပ်တို့ရဲ့ အလားအလာရှိတဲ့ ဝယ်သူတွေပဲ”

“ပြီးတော့ မြို့လေးတွေမှာ ပထမအဆင့် မြို့ကြီးတွေထက် အားသာတဲ့အချက်တစ်ချက် ရှိတယ်”

ရဲ့လင်းချန်က ဆက်ရှင်းပြသည်။

“မြို့လေးတွေက အိမ်ဈေး သက်သာပြီးတော့ သူတို့အိမ်တွေက ပိုကြီးတယ်၊ အဲ့တော့ သူတို့အတွက် ရှင်းလင်းဖို့ ပိုခက်စေတယ်၊ သူတို့က ဒီလို စက်ရုပ်မျိုး ပိုတောင် လိုဦးမယ်၊ ဒါပေမဲ့ မြို့ကြီးက လူတွေကျတော့ ငွေကြေး ဝန်ထုပ်ဝန်ပိုး ကြီးလို့ သေးတဲ့အိမ်လေးတွေမှာ နေကြတယ်၊ ဆိုတော့ သူတို့က စက်ရုပ်ကို ဝယ်ဖို့ မတန်ဘူးလို့ တွေးပြီး ဝယ်ဖို့ လက်လျှော့လောက်တယ်”

ရဲ့လင်းချန်၏ စကားက ဤနေရာရှိ လူတိုင်းကို အသိကြွယ်လာစေပြီး သူတို့၏ မျက်နှာ၌ လေးစားသော အမူအရာ ပေါ်လာစေသည်။

“ဥက္ကဋ္ဌ ပြောတာ မှန်တယ်၊ ဒီအမြင်က ထူးခြားတယ်၊ ကျုပ် လေးစားမိပြီ”

“ဥက္ကဋ္ဌက ဥက္ကဋ္ဌ ဖြစ်ထိုက်ပါပေတယ်၊ သူက နည်းပညာမှာ တော်ရုံတင် မကဘူး၊ စီးပွားရေးမှာ အမြတ်ရအောင် လုပ်နိုင်တယ်၊ အမြင်လည်း စူးရှတယ်”

“ဥက္ကဋ္ဌက အံ့ဩစရာကောင်းတဲ့ လူငယ်လေးပဲ၊ အံ့ဩစရာပဲ”

“ကျုပ် အမြင်ပိုကျယ်သွားပြီ၊ ခင်ဗျားရဲ့ စကားက အဓိကအချက်ကို တန်းရောက်တာပဲ”

အခန်းတွင်း၌ ချီးကျူးသံများနှင့် ပြည့်နှက်လာသည်။

“ဒီနည်းနဲ့ဆို ငါတို့ ပစ်မှတ်တွေကို မြို့ငယ်လေးတွေမှာ ထားရင် ပိုက်ဆံ အများကြီး သက်သာမှာပဲ”

ဘဏ္ဍာရေးဌာနမှ တစ်ယောက်က စိတ်လှုပ်ရှားစွာ ပြောလာသည်။

“ဟုတ်တယ်”

ရဲ့လင်းချန်က ထိုလူကို အသိအမှတ်ပြုသလို တစ်ချက် ကြည့်ပြီးမှ ဆက်ပြောသည်။

“ဒီပိုက်ဆံကို စုထားကြတာပေါ့၊ နောက်ပိုင်းကျရင် ငါတို့ ကျွန်းတစ်ကျွန်း ဝယ်နိုင်ပြီ”

အခန်းထဲတွင် တွေဝေပြီး ဆွံ့အသွားကြသည်။ သူတို့ လုံးဝ သတိလက်လွတ် ဖြစ်သွားလေသည်။

*မင်း ဒီလောက် အများကြီး‌ ပြောခဲ့ပြီးတော့ အဆုံးကျမှ ကျွန်းတစ်ကျွန်း ဝယ်မယ်လို့ ငါ့ကို ပြောနေတာလား၊ ဒါ ဘယ်လို ဇာတ်ကွက်ကြီးလဲ*

“က…က…ကျွန်းတစ်ကျွန်း ဝယ်မယ် ဟုတ်လား”

လူတိုင်း တွေဝေသွားကြသည်။

*ကျွန်းတစ်ကျွန်း ဝယ်တာ ဘာအသုံးကျမှာမို့လို့လဲ၊ အဲ့ပိုက်ဆံ ဆိုင်ခွဲတွေ ပိုဖွင့်ဖို့လည်း သုံးလို့ ရတာပဲလေ*

“ငါ နေရာ ရွေးထားပြီးသွားပြီ”

ရဲ့လင်းချန်က မြေပုံကို ဖွင့်၍ နေရာတစ်ခုကို ထောက်ပြသည်။

“ဒီကျွန်းပဲ”

သူ မျက်ခုံးတွန့်သွားပြီး သူတို့၏ တွေဝေနေသော အမူအရာကို ကြည့်လိုက်သည်။

“ဘာဖြစ်တာလဲ၊ ခင်ဗျားတို့ တစ်ခုခု ပြောချင်တာ ရှိလို့လား၊ ခင်ဗျားတို့ စိုးရိမ်တာကို ထုတ်ပြောကြပါ၊ ငါ သေချာ နားထောင်ပေးပါ့မယ်”

“ကျွန်တော့်မှာ စိုးရိမ်တာ မရှိပါဘူး ဥက္ကဋ္ဌက အမြောင်အမြင် ရှိတာ အသေအချာပဲလေ”

“ဥက္ကဋ္ဌရဲ့ စကားက အမြော်အမြင် ရှိပါတယ်၊ ခင်ဗျားရဲ့ အမြင်က ထူးခြားပါတယ်၊ ကျွန်တော် သိပ်လေးစားတာပဲ”

“ဥက္ကဋ္ဌက ရာထူးနဲ့ လိုက်ဖက်ပါတယ်၊ ဒီလိုအတွေးမျိုးက အံ့ဩဖို့ ကောင်းလိုက်တာ”

“ကျွန်တော် အမြင်ကျယ်သွားရတယ်၊ ခင်ဗျားရဲ့ စကားက လိုရင်းကို တန်းထိတာပဲ”

…

*ဥက္ကဋ္ဌဖြစ်တဲ့ ခင်ဗျားက နေရာတောင် ရွေးပြီးနေမှတော့ ငါတို့ကို တစ်ခုခု စိုးရိမ်ပူပန်တာ ရှိလားလို့ မေးသေးတာလား၊ ငါတို့က ပြောရဲမလားဟ၊ လခွမ်း …*

All Chapters