← Chapters

နဂါးမျိုးနွယ်

Vol. 17 Ch. 242

နဂါးမျိုးနွယ်

Vol. 17 Ch. 242

အခန်း ၂၄၂ - နဂါးမျိုးနွယ်

“ရွှစ်”

နတ်နဂါးက သွေးကျီးကန်းနန်းတော်သခင် ရှိရာဘက်သို့ လေတစ်ချက်မှုတ်ထုတ်လိုက်၏။ အစိမ်းရောင်ခပ်ဖျော့ဖျော့ မြူခိုးများက သူ့ပါးစပ်ထဲမှ ထွက်လာ၏။

ပတ်ဝန်းကျင်ရှိလေထုက ချက်ချင်းလောင်ကျွမ်းသွား၏။

အစိမ်းရောင်မြူခိုးက လေထုထဲ ဖြတ်လာသောအခါ ဘေးပတ်လည်လေဟာနယ်က ကစင်ကလျားနှင့် တွန့်တွသွား၏။

“နဂါးမီးတောက်!”

နန်းတော်သခင်၏ အမူအယာက ရုတ်ချည်းပြောင်းလဲသွားပြီး.. အံအားတသင့် ရေရွတ်လိုက်၏။

နဂါးမီးတောက်က နဂါးမျိုးနွယ်စု၏ မွေးရာပါပင်ကို စွမ်းရည်တစ်ခု ဖြစ်၏။ နဂါးများသည် မွေးဖွားလာပြီး‌ အရွယ်တစ်ခုသို့ ရောက်လာသည့်အခါ ဤစွမ်းရည်ကို အလိုလို ကျွမ်းကျင်တတ်မြောက်လာပေလိမ့်မည်။

ထို့အပြင် သူတို့အသက်ပိုကြီးလာသည့်အခါ သူတို့၏ ကျင့်ကြံမှုအဆင့်က တက်လာပေလိမ့်မည်။ တစ်ချိန်တည်းမှာပင် နဂါးမီးတောက်၏ စွမ်းအားကလည်း မြင့်တက်လာမည်ဖြစ်ပြီး နောက်ဆုံးကျလျှင် ကောင်းကင်နှင့် သမုဒ္ဒရာကိုပင် လောင်ကျွမ်းပြာချစေနိုင်လိမ့်ပေမည်။

ထိုအရာသည် ဒဏ္ဍာရီလာ နတ်စွမ်းအားဖြင့် ဖြစ်လေသည်။

သူ့ရှေ့မှ နဂါးမီးတောက်က နတ်စွမ်းအားဖြစ်ဖို့ အဝေးကြီးလိုသေး၏။ သို့‌သော်လည်း ထိုအရာကပင် နန်းတော်သခင် ခံနိုင်ရည်ရှိ‌သောစွမ်းအားလည်း မဟုတ်ပေ။

သူ့သိုလှောင်အိတ်ကို ပုတ်လိုက်ပြီး.. နန်းတော်သခင်က အဆောင်တစ်ခုကို ထုတ်ယူကာ နေရာမှာပင် ချိုးလိုက်၏။

ထို့နောက် သူက သွေးနီရောင်အရိုးတောင်ဝှေးကို တဝီဝီမြည်အောင် လွှဲရမ်းလိုက်၏။ ထိုတောင်‌ဝှေး၏ ထိပ်ဖျားတွင် ဆိုးယုတ်သောအော်ရာတစ်မျိုး ဖြာထွက်နေသည့် အရိုးခေါင်းတစ်ခု ရှိနေ၏။

“သွေးမှော်ကျိန်စာ!”

နန်းတော်သခင်က သူ့တောင်ဝှေးကို ဝေ့ရမ်းလိုက်သောအခါ အရိုးခေါင်း၏ မျက်လုံးပေါက်ထဲမှ သွေးနီရောင်အလင်းတန်းနှစ်ခုက ပစ်ထွက်လာ၏။

အသက်ရှိသည့်အလား.. အရိုးခေါင်းက သူ့ပါးစပ်ကို ဟလိုက်ပြီး အစိမ်းရောင်အလင်းတစ်ခုကို ပစ်ထုတ်လိုက်၏။

သွေးရောင်အလင်းနှင့် အစိမ်းရောင်အလင်းက တစ်ခုတည်းအဖြစ် ပေါင်းစပ်သွားပြီး.. သွေးစက်တစ်စက်ကို ဖွဲ့တည်လာစေ၏။

ချက်ချင်းပင် ထိုသွေးစက်က ပေါက်ကွဲထွက်သွားပြီး.. လေထဲတွင် လှိုင်းဂယက်များစွာကို ဖြစ်ပေါ်စေကာ နဂါးမီးတောက်ဆီသို့ ပျံသန်းသွားကြ၏။

ဖောက်.. ဖောက်.. ဖောက်!

လုံးဝကွဲပြားသော အားလှိုင်းနှစ်ခုက ထိတွေ့ပွတ်တိုက်လိုက်ကြပြီး.. လေထဲတွင် တစ်ခုကိုတစ်ခု တိုက်စားကာ အားပြိုင်လိုက်ကြ၏။ အသံများက ဆက်တိုက်ထွက်ပေါ်လာပြီး အရောင်အမျိုးမျိုးရှိသည့် အလင်းများက အဘက်ဘက်သို့ တဖျတ်ဖျတ်တလက်လက်နှင့် လွင့်ပျံထွက်လာ၏။

ထောင့်တစ်‌ထောင့်တွင် ပုန်းနေကြ‌သော ဆူဇီမိုနှင့် မီးခိုးရောင်ဝတ်ကျင့်ကြံသူတို့သည် ဘာတွေဖြစ်နေသည်ဆိုတာကို မမြင်ကြရသော်လည်း ဖြာထွက်လာသော စွမ်းအင်လှိုင်းများကိုတော့ ခံစားမိလိုက်ကြ၏။

ဆူဇီမိုကို မဆိုထားနှင့် ရွှေအမြုတေအဆင့်ဖြစ်သော မီးခိုးရောင်ဝတ်ကျင့်ကြံသူပင်လျှင် ထိုသူနှစ်ယောက် တိုက်ခိုက်မှုမှ ထွက်‌ပေါ်လာသော စွမ်းအင်လှိုင်းဂယက်စက်ကွင်းထဲ ကျရောက်သွားလျှင် နေရာမှာတင် ပွဲချင်းပြီး ဆုံးပါးသွားပေလိမ့်မည်။

ဆူဇီမိုနှင့် မီးခိုးရောင်ကျင့်ကြံသူတို့သည် မျက်စိမျက်နှာ ပျက်နေကြပြီး အသက်ကိုအောင့်ကာ အသက်တစ်ချက်ပင် မထွက်ရဲကြပေ။

နဂါးမီးတောက်၏ စွမ်းအားက သွေးမှော်ကျိန်စာထက် သာလွန်သည်မှာ သိသာထင်ရှားလေသည်။

စွမ်းအင်နှစ်ခုက ခဏမျှ လွန်ဆွဲကြပြီး‌နောက်.. နဂါးမီးတောက်က သွေးမှော်အင်းကွက်များကို တဖျောက်ဖျောက်နှင့် လောင်ကျွမ်းပစ်လိုက်ကာ နန်းတော်သခင်ပေါ်သို့ ဆက်လက်ကျဆင်းလာ၏။

စောစောက နန်းတော်သခင်သည် ကာကွယ်ရေးအ‌ဆောင်တစ်ခုကို ချိုးထားသောကြောင့် ယခုအခါ သူ့ကို အခုအခံအကာအကွယ်အလွှာတစ်ခုက လွှမ်းခြုံထား၏။

ချပ်.. ချပ်.. ချပ်!

သူချိူးလိုက်သောအဆောင်က အဆင့်၅အဆောင်များထဲတွင်မှ အဆင့်အမြင့်ဆုံး ကာကွယ်ရေးအဆောင်ဖြစ်၏။

သို့သော်လည်း ၎င်းသည် နဂါးမီး‌တောက်၏ တိုက်စားမှုကို ခံနိုင်ရည်မရှိဘဲ သိပ်မကြာမီ အက်ကွဲကြောင်းများက ပေါ်လာ၏။ ၎င်းက အချိန်မရွေးပျက်ပြယ်တော့ပေမည်။

တစ်ကယ်တော့.. နဂါးမီးတောက်သည်လည်း သွေးမှော်ကျိန်စာ၏ အခုအခံနှင့် အဆင့်၅ကာကွယ်ရေးအဆောင်တို့ကို ဖြတ်ကျော်လာပြီးနောက် အတော်အတန် အားပျော့သွားပေပြီ။

“ပျက်ပြယ်လိုက်စမ်း!”

နန်းတော်သခင်က သူ့သွေးနီရောင်အရိုး‌တောင်ဝှေးကို နောက်တစ်ကြိမ်ဝေ့ရမ်းလိုက်ပြီး.. သူ့မျက်လုံးများက ခပ်ဖျော့ဖျော့အစိမ်းရောင်တောက်ကာ အော်ဟစ်လိုက်၏။

ဝုန်း!

နန်းတော်သခင်ထံမှ တိုက်ကွက်သုံးခု ဆက်တိုက်ထွက်ပေါ်လာပြီးနောက်.. နောက်ဆုံးမှာ နဂါးမီးတောက်က လေထဲတွင် ပျက်ပြယ်သွား၏။

ထိုအချိန်မှာပင်.. လေထဲတွင် သူ၏ကြီးမားသည့် ခန္ဓာကိုယ်ကြီးနှင့်အတူ ယိမ်းခါနေသော နတ်နဂါးသည် နန်းတော်သခင်၏အရှေ့သို့ ရောက်ချလာ၏။

နတ်နဂါး၏ သွင်ပြင်က ရာသီဥတုကိုပင် ပြောင်းလဲသွားစေခဲ့၏။

နန်းတော်သခင်၏ ခုခံပြန်လှန်တိုက်ခိုက်မှုက နတ်နဂါးကို ပို၍ ‌ဒေါသထွက်လာစေခဲ့၏။

“နဂါးမျိုးနွယ်က ရောင်းရင်း.. ငါတို့နှစ်ယောက်စလုံးက မျိုးနွယ်ကိုးစုကပဲ.. ကျုပ်က ဒီနေရာက အမှတ်တမဲ့နဲ့ ရောက်လာခဲ့တာပါ.. ကျေးဇူးပြုပြီး သနားညှာတာပါဦးဗျာ” ဖြူလျော့နေသော မျက်နှာနှင့် နန်းတော်သခင်က ချက်ချင်းအော်လိုက်၏။

ထိုသည်ကို ကြားရ‌သောအခါ ထောင့်တွင်ကပ်နေသော ဆူဇီမိုသည် တုန်လှုပ်သွား၏။

နဂါးမျိုးနွယ်!

အပြင်ဘက်က ကမ္ဘာဦးသက်ရှိက တစ်ကယ်ပဲ နဂါးမျိုးနွယ်လား။

ဒီကမ္ဘာမှာ နဂါးဆိုတာ တစ်ကယ်ကြီး ရှိတာလား။

ထိုအခိုက်အတန့်၌ ဆူဇီမို၏ နုလုံးသားသည် ဝရုန်းသုန်းကား ဖြစ်နေ၏။ သူသည် ပိတ်စကို လှပ်၍ နဂါးမျိုးနွယ်မှတစ်ယောက်၏ ရုပ်ရည်သွင်ပြင်ကို ကြည့်ရှုချင်စိတ် အပြင်းအထန်ဖြစ်ပေါ်မိ၏။

သို့သော်လည်း ဆူဇီမိုသည် အောင့်အည်းတောင်ခံနေရ၏။

ပင်ယန်းမြို့မှာ စာပေများ သူသင်ယူလေ့လာခဲ့စဉ်က နဂါးများနှင့် ပတ်သတ်သော ဒဏ္ဍာရီများကို ဖတ်ဖူးမှတ်ဖူးကြားဖူးခဲ့၏။

ဘာယုတ္တိယုတ္တာ အချက်အလက်မျှ မရှိဘဲ.. အဲ့ဒါတွေက မော်တယ်များအကြားတွင် ဒီအတိုင်းလျှောက်ပြောနေကြသော ယုံတမ်းပုံပြင်များလိုပင်။

သည့်အရင်က ဆူဇီမိုသည် အဲ့ဒါတွေကို ဘယ်တုန်းကမှ အတည်မယူခဲ့ပေ။

တစ်ကယ်ဆို.. ပကတိသက်ရှိကန်းလန်နှင့် မကြုံတွေ့ရသေးခင်အချိန်ထိ.. အင်မော်တယ်များရှိသည်ဆိုတာကိုပင် သူ မယုံကြည်ခဲ့‌ပေ။

နောက်ပိုင်းမှာ.. ဆူဇီမိုသည် ကျင့်ကြံရေးလမ်းကြောင်းပေါ်သို့ ခြေချ၍ ဆန်းကြယ်တောင်ထွတ်သို့ ဝင်ရောက်ခဲ့၏။

ဆန်းကြယ်တောင်ထွတ်၌ ဆူဇီမိုသည် ရှေးဟောင်းမှတ်တမ်းများစွာကို ဖတ်ရှုခဲ့ရ၏။

ထိုအထဲတွင် နဂါးများနှင့်ပတ်သတ်သည့် မှတ်တမ်းများကို သူ မတွေ့ရပေ။

ရှိလျှင်တောင်.. အဲ့ဒါတွေက အတိုးချုံးဖော်ပြမှုလေးများသာဖြစ်ပြီး အကြမ်းဖျင်းနိုင်လွန်း၏။

နဂါးများသည် ကမ္ဘာဦးခေတ်တုန်းက အလွန်တရာ ကြောက်စရာကောင်းသည့် တည်ရှိမှုများ ဖြစ်ခဲ့၏။ သူတို့သည် သားရဲမျိုးနွယ်များထဲတွင် မပါဘဲ.. သူတို့ကိုယ်ပိုင် တမူကွဲပြားသည့် မျိုးနွယ်ဖြစ်ပြီး.. နဂါးမျိုးနွယ်အဖြစ် ကျော်ကြားခဲ့လေသည်။

ဒဏ္ဍာရီများကဖော်ပြကြသည်မှာ.. နဂါးမျိုးနွယ်သည် အလွန်တရာ သန်မာပြီး.. ကမ္ဘာဦးခေတ်၌ မနှိုင်းယှဉ်သာအောင် ဘုန်းကျက်သရေထွန်းတောက်ခဲ့ကြကာ.. ရှေးဟောင်းခေတ်ထိတိုင်အောင် လွှမ်းမိုးခြယ်လှယ်ခဲ့ကြ၏။

သို့သော်လည်း ဘာကြောင့်ရယ်မသိ.. နဂါးမျိုးနွယ်သည် အချိန်မြစ်ထဲတွင် ဆိတ်သုန်းပျောက်ကွယ်သွားခဲ့ပြီး.. ဒဏ္ဍာရီမျှသာ ကျန်ရှိခဲ့လေတော့သည်။

ထိုမှတ်တမ်းများနှင့် ပတ်သတ်ပြီး ဆူဇီမိုမှာ သံသယများရှိ၏။

သူ့အမြင်အရ.. နဂါးမျိုးနွယ်က ဤမျှလောက်ထိ ခမ်းနားထည်ဝါသော သမိုင်းကြောင်းရှိခဲ့မှတော့.. ထျန်ဟွမ်ကမ္ဘာတွင် သူတို့၏ ခြေရာလက်ရာ သဲလွန်စ တစွန်းတစက သေချာပေါက် ကျန်ရစ်ခဲ့ရပေလိမ့်မည်။

သည့်အရင်က အဲ့ဒါတွေနှင့် ပတ်သတ်သည့် မည်သည့်တစ်စုံတစ်ရာကိုမျှ ဆူဇီမိုသည် မမြင်ဖူး၊ မကြားဖူးခဲ့ပေ။

ချက်ချင်းဆိုသလိုပင်.. အရိုးပင်လယ်တစ်ခုလုံးကို ထိုးဖောက်ထားသော ကြီးမားသည့် အရိုးစုကြီးက ဆူဇီမို၏ စိတ်အာရုံထဲတွင် ပေါ်လာ၏။

ဒါဆို အဲ့ဒါကြီးက .. နဂါးတစ်ကောင်ရဲ့ အရိုးစုလား။

ထိုအတွေးက ဆူဇီမိုကို တုန်လှုပ်သွားစေ၏။

သူသည် မျက်မှောင်ကြုတ်၍ စောစောက ကြားခဲ့ရသောစကားကို ပြန်စဉ်းစားကာ တွေးတောလိုက်၏။

“မျိုးနွယ်ကိုးစု.. အဲ့ဒါဘာလဲ”

တစ်ဖက်မှာတော့.. ထိုသည်ကို ကြားပြီးနောက် မီးခိုးရောင်ဝတ်ကျင့်ကြံသူ၏ မျက်လုံးထဲတွင် အလင်းရိပ်များက တဖျတ်ဖျတ်လက်သွာ၏။

“သူက မျိုးနွယ်ကိုးစုက တစ်ယောက်လား”

“သွေးမှော်ကျိန်စာ.. အဲ့ဒါက .. ဖြစ်နေမလား”

မီးခိုးရောင်ကျင့်ကြံသူ၏ မျက်လုံးက ဖျတ်ကနဲလက်သွားပြီး.. နန်းတော်သခင်၏ သရုပ်မှန်ကို ခန့်မှန်းမိလိုက်၏။

“မင်းက မျိုးနွယ်ကိုးစုကဆိုတော့ရော ဘာဖြစ်လဲ.. မင်းမျိုးဆက်သွေးက သန့်စင်မနေတာကို အသာထားလိုက်ဦးကောင်စုတ်.. မင်းက သန့်စင်တဲ့ မူလသွေးမျိုးဆက်ဆိုရင်တောင်.. ဒီနေရာကိုလာပြီး နဂါးတစ်ကောင်ရဲ့ဥကို လာစားရဲတဲ့ အကျိုးဆက်ကတော့ သေဒဏ်ပဲ!”

လေဟာနယ်ထဲတွင်.. နက်ရှိုင်း၍ စွမ်းအားမြင့်သော အသံက ပေါက်ကွဲထွက်ပေါ်လာ၏။ စကားတစ်လုံးစီတိုင်းက မိုးကြိုးထစ်ချုန်းကဲ့သို့ ကြားရသူ၏ စိတ်ထဲကို တုန်လှုပ်ချောက်ချားစွာ ဝင်ရောက်လာ၏။

ရွှစ်!

နတ်နဂါးက သူ့အမြီးကို လွှဲရမ်းလိုက်၏။

ကြေးခွံများဖြင့် ပြည့်နေသော နဂါးအမြီးကြီးက တုတ်ခိုင်ကြီးမားသော နတ်ဘုရားကျာပွတ်တစ်ခုလို.. အလွန်တရာ ဖျက်ဆီးနိုင်စွမ်းအားနှင့် နန်းတော်သခင်အပေါ်သို့ ကျဆင်းလာ၏။

“အား!”

နန်းတော်သခင်၏ အမူအယာက ရုတ်ချည်းပြောင်းလဲသွားပြီး.. အံအားတသင့် အော်ဟစ်လိုက်၏။

နဂါးအမြီးက ရောက်မလာသေးခင်မှာပင်.. သေလောက်အောင် မွန်းကျပ်ဖွယ်အော်ရာက အရင်ရောက်နှင့်လာ၏။

နန်းတော်သခင်သည် သူ့လျှာကိုကိုက်၍ သွေးအဆီအနှစ်တစ်စက်ကို ထွေးထုတ်လိုက်၏။

သွေးအဆီအနှစ်ကို ထုတ်ပြီးနောက်.. နန်းတော်သခင်သည် အရမ်းအားနည်းသွားသည့်ပုံပေါက်သွား၏။ သူ့မျက်လုံးများက စိတ်အားညှိုးငယ်သွားသလို အရောင်မှိန်ကျသွား၏။

ထိုသွေးအဆီအနှစ်ကို စတေးလိုက်ခြင်းအားဖြင့်.. သူက ထိုနဂါးအမြီးအောက်မှ အသက်ရှင်နိုင်ခဲ့လျှင်တောင် မူလအခြေအနေကို ပြန်ရောက်ဖို့ ဆယ်နှစ်လောက် ပြန်လည်အားဖြည့်ရပေတော့မည်။

“သွားစမ်း”

နန်းတော်သခင်က ရှုပ်ထွေးပွေလီသော မန္တန်များကို မန်းမှုတ်လိုက်ပြီး.. သူ့သွေးနီရောင်အရိုးတောင်ဝှေးကို ဝေ့ရမ်းကာ ရှေ့သို့ ညွှန်လိုက်၏။

သွေးအလင်းရောင်များက ဧရာမအရိုးစုကြီးသဏ္ဌာန် ပြောင်းလဲသွားပြီး.. နဂါးအမြီးကြီးဆီသို့ ပြေးဝင်သွား၏။

တစ်ချိန်တည်းမှာပင်.. နန်းတော်သခင်သည် သူ့သိုလှောင်အိတ်ထဲမှ အဆောင်လက်တစ်ဆုပ်အပြည့်ကို ထုတ်ယူကာ အကုန်လုံးကို ချိုးပစ်လိုက်၏။

သူ့မျက်နှာက အလွန်ရင်နာနေပုံပင်။

သူသည် ထိုအဆောင်များရရှိဖို့ သူ့တစ်သက်နှင့်တစ်ကိုယ် နှစ်ပေါင်းများစွာ စုဆောင်းခဲ့ရ၏။ သို့သော် ယခုအခါမှာတော့ ထိုအရာများအားလုံးကို သူသည် တစ်ထိုင်တည်းနှင့် အကုန်ထုတ်သုံးလိုက်ရလေပြီ။

သူသည် ဤတိုက်ပွဲအပေါ် အလွန်ရင်နာကာ မချင့်မရဲ မကျေမချမ်း ဖြစ်ရ၏။

သူသည် အစတုန်းကတော့ အခြေတည်အဆင့်မျှသာရှိသော ကျင့်ကြံသူတစ်ယောက်ကို သတ်ဖို့ရာ အနောက်ကနေ လိုက်လာခဲ့ခြင်းဖြစ်၏။

သို့သော်ဘာကြောင့်ရယ်မသိ.. အကြောင်းအမျိုးမျိုးဖြင့် သူသည် တစ်ချိန်လုံး ခံဘက်ကချည်း ဖြစ်နေရ၏။ တစ်ယောက်ယောက်က ထိုသို့ ဖြစ်လာဖို့ ဇာတ်လမ်းရေးဆွဲထားသလိုပင်။

သူသည် ကြောက်စရာကောင်းလောက်‌အောင် တိုက်ဆိုင်စွာဖြင့် ဤနေရာသို့ အချိန်မှား၊ နေရာမှားဖြင့် ရောက်လာခဲ့ပြီး ဘာမှကို မသိမမြင်ရသေးခင်မှာပင်.. နဂါးတစ်ကောင်၏ အထင်လွဲမှားအပြစ်တင်တိုက်ခိုက်ခြင်းကို တန်းပြီးခံရတော့၏။

All Chapters