← Chapters

မိုးကောင်းကင်လျှို့ဝှက်ချက်ကို ဖုံးကွယ်ထားသော

Vol. 17 Ch. 246

မိုးကောင်းကင်လျှို့ဝှက်ချက်ကို ဖုံးကွယ်ထားသော

Vol. 17 Ch. 246

အခန်း ၂၄၆ - မိုးကောင်းကင်လျှို့ဝှက်ချက်ကို ဖုံးကွယ်ထားသော

“ခွေးရူး!”

လင်းရွှမ်ကျီတစ်ယောက် ချွေးစေးများပင် ထွက်လာ၏။

ဒီကောင်လေးက သိပ်ကြီးသေးပုံမရဘဲ မကြာသေးခင်ကမှ မွေးဖွားလာဟန်ရ၏။ သို့သော်လည်း ၎င်းက အတော်လေးကို သန်မာနေပြီဖြစ်ပြီး.. သူ့လက်ထဲက ‌ခေါက်ယပ်တောင်ကိုတောင် ဆွဲယူနိုင်လုနီးပါးပင်။

လင်းရွှမ်ကျီလက်ထဲက ခေါက်ယပ်တောင်က အတော်ကို စွမ်းအားကြီးမား၏။ အဲ့ဒါက သူ့မျိုးရိုး၏ သင်္ကေတလည်း ဖြစ်၏။

သူသည် ထိုယပ်တောင်ကို ဆုံးရှုံးရလျှင် သူ့ဘဝကိုပါ ဆုံးရှုံးရသလိုပင်။

ထိုယပ်တောင်က သူ့အသက်ဖြစ်၏။ မည်သို့မျှ အဆုံးရှုံးခံလို့မရပေ။

လင်းရွှမ်ကျီတစ်ယောက် ထိုသည်ကို တွေးကြည့်လေလေ.. ပို၍ ကြောက်လန့်လာလေလေဖြစ်၏။

ညဝိညာဉ်ကသာ သူ့ယပ်တောင်ကို ဆွဲလုယူပြီး ထွက်ပြေးသွားခဲ့လျှင်.. သူပြန်သွားလို့ အဖိုးကြီးနှင့် တွေ့ရသည့်အခါ ဘယ်လိုပြန်ပြောရပါမည်လဲ။

သူ့ယပ်တောင်ကို ခွေးတစ်ကောင် လုယူပြေးသွားလို့ပါလို့ ပြောရမှာလား..

ထိုအဖိုးကြီးက သူ့ကို သေသည့်တိုင်အောင် ရိုက်ပေလိမ့်မည်။

ထိုသည်ကိုတွေးပြီးနောက် လင်းရွှမ်ကျီသည် ညဝိညာဉ်ကို ဒေါသထွက်ကာ စိုက်ကြည့်လိုက်၏။

ညဝိညာဉ်ကလည်း နည်းနည်းက‌လေးမျှ ရှိန်မနေဘဲ.. သူ့ကို ပြန်စိုက်ကြည့်နေ၏။

လူတစ်ယောက်နှင့် တောကောင်တစ်ကောင်က တစ်ယောက်ကိုတစ်ယောက် စူးစိုက်ကြည့်နေကြ၏။ ခဏကြာပြီးနောက် လင်းရွှမ်းကျီကပင် အလျှော့ပေး၍ ရင်းနှီးဖော်ရွေစွာ ပြုံးပြလိုက်၏။

“ခွေးရူးလေး.. အဟမ်း.. ညဝိညာဉ်လေး.. ဒါလေးက ဘာလို့ မင်းထင်လဲဟင်”

ထိုသို့ပြောရင်း.. လင်းရွှမ်းကျီက သူ့သိုလှောင်အိတ်ထဲကနေ ပုလင်း‌လေးတစ်လုံးကို ထုတ်ယူလိုက်ပြီး.. ပုလင်းဖုံးကို ဖွင့်ထုတ်လိုက်၏။ ချက်ချင်းပင် ဆေးရနံ့ပြင်းပြင်းက ပျံ့လွင့်လာ၏။

ထိုဆေးရနံ့ထဲတွင် သွေးရနံ့ယဲ့ယဲ့ကပါ ရောယှက်ပါဝင်နေ၏။

အသွေးအသားဆေးလုံး!

အသွေးအသားဆေးလုံးကို သားရဲ‌တောကောင်များ၏ အသွေးနှင့်အသားအဆီအနှစ်ကို ထုတ်ယူ၍ ဖော်စပ်ထားခြင်းဖြစ်၏။ နောက်ထပ်များစွာသော ဆေးဖက်ဝင်အပင်များနှင့် အပတ်တကုတ် ကြိုးပမ်းအားထုတ်ပြီးမှသာ များစွာသော သားရဲ‌တောကောင်များ ကြိုက်နှစ်သော နောက်ဆုံးအဆင့်ဆေးလုံးကို ရရှိခြင်းဖြစ်လေသည်။

အသွေးအသားဆေးလုံး၏ အဆင့်ကတော့ အထဲတွင် ထည့်ဝင်ဖော်စပ်ထားသော အသွေးအသားရင်းမြစ်ပိုင်ရှင် သားရဲတောကောင်၏ အဆင့်အပေါ်တွင် မူတည်လေသည်။

အခုသူတို့ရှေ့မှ အသွေးအသားဆေးလုံးက အတော်လေး အဆင့်မြင့်၏။ ၎င်းက အဆင့်၂ သို့မဟုတ် အဆင့်၃တောင် ဖြစ်နိုင်လေသည်။

ဆူဇီမိုက ဆေးလုံးဖော်စပ်မှုတွင် ကျွမ်းဝင်နှံ့စပ်မှု ရှိသော်လည်း.. ပြောရမည်ဆိုလျှင် သူသည် အဆင့်၁ဆေးလုံးများကိုသာ ဖော်စပ်နိုင်သေးလေသည်။

ထို့အပြင် တောင်ထွတ်ငါးခုရင်ဆိုင်ယှဉ်ပြိုင်ပွဲပြီးကတည်းက သူသည် ဆေးပညာအပေါ်တွင် အချိန်နှင့် ကြိုးပမ်းအားထုတ်မှု မပေးလိုတော့ပေ။

သူ အဲ့ဒါကို လက်လျှော့ရပေမည်။

ဆေးလုံးအဆင့်က တိုးလာသည်နှင့်.. ဆေးလုံး‌ဖော်စပ်ခြင်းနည်းစနစ်များအတွက် လိုအပ်ချက်က မြင့်မားလာမည်ဖြစ်ပြီး.. ဆေးဖော်စပ်နည်းအညွှန်းများကလည်း ပို၍ ရှပ်ထွေးများပြားလာမည် ဖြစ်လေသည်။

ဆူဇီမိုက နတ်ဘုရားတစ်ပါး မဟုတ်သောကြောင့် သူ့မှာ ကိစ္စများစွာကို လျှောက်လုပ်ဖို့ အချိန်နှင့်စွမ်းအင် အလျှံအပယ် ရှိမနေပေ။

သူလျှောက်ရမည့်လမ်းကိုက.. အခက်အခဲများနှင့် အတိပြီးနေ၏။ အင်မော်တယ်နှင့် သားရဲလမ်းစဉ်ကို လျှောက်လှမ်းရမည့်သူတစ်ယောက်အနေနှင့်.. သူသည် နတ်ပန်းပဲနှင့် ဆေးပညာထဲမှ တစ်ခုကို ရွေးချယ်ရပေမည်။ ဆူဇီမိုက ပန်းပဲပညာကိုသာ ရွေးချယ်ခဲ့၏။

စိတ်ဝိညာဉ်ကျားနှင့် ကြိုးကြာလေးတို့သာဖြစ်လျှင်.. ဤအသွေးအသားဆေးလုံးကို မြင်သည်နှင့် ဘာမျှစဉ်းစားနေမည် မဟုတ်ဘဲ အရူးအမူး ခုန်ထွက်လာပေမည်။

အကျိုးဆက်က မည်သို့ပင်ဖြစ်ပါစေ.. သူတို့က အဲ့ဒါကို အရင်စားဖို့ လုပ်ပေလိမ့်မည်။

သို့သော်လည်း ညဝိညာဉ်က အလွန်တရာ တည်ငြိမ်ရင့်ကျက်နေ၏။ သူက အသွေးအသားဆေးလုံးကို အထင်သေးသလို ကြည့်လိုက်ပြီး.. နှုတ်ခမ်းစူလိုက်၏။

“သောက်ခွေး!”

လင်းရွှမ်ကျီတစ်ယောက် ရန်စခံလိုက်ရလေပြီ။

ညဝိညာဉ်၏ အကြည့်မှ သူ့မာနှင့် ဂုဏ်သိက္ခာအား ချိုးနှိမ်စော်ကားမှုကို သူခံစားလိုက်ရ၏။

“ငါတစ်ကယ်ပဲ ခွေးတစ်‌ကောင်က အထင်သေးစော်ကားတာတောင် ခံနေရပြီပဲ!”

လင်းရွှမ်ကျီသည် ဒေါသထွက်လွန်းသောကြောင့် တစ်ကိုယ်လုံး တဆတ်ဆတ်တုန်လာပြီး.. သူ့မျက်လုံးများက နီရဲလာ၏။

ဆူဇီမိုက ပြုံး၍ လင်းရွှမ်ကျီ၏ ပုခုံးကိုပုတ်ပြီး.. အလေးအနက်ပြောလိုက်၏။

“နောက်ဆို အသားကျသွားမှာပေါ့ဗျာ”

လင်းရွှမ်းကျီ “. . .”

လင်းရွှမ်ကျီက မချင့်မရဲနှင့် သူ့သိုလှောင်အိတ်ထဲမှ နောက်ထပ်အဖိုးတန်များကို ထုတ်ယူလိုက်၏။ အဲ့ထဲမှာ များပြားလှသော ဆေးပြားများ၊ ဆေးလုံးများ ပါဝင်ပြီး.. မွှေးပျံ့ထုံသင်းနေ၏။ ထိုအထဲတွင် သားရဲအတွင်းအမြုတေများပင် ပါဝင်၏။

ညဝိညာဉ်က မျက်စိကိုမှေးထား၍ ဆူဇီမို၏ ရင်ခွင်ကို ပျင်းရိလေးတွဲစွာမှီပြီး.. လင်းရွှမ်ကျီကို လျစ်လျူရှုထား၏။

လင်းရွှမ်ကျီတစ်ယောက် မခံချိမခံသာ ဖြစ်လာ၏။

ခဏနေပြီးနောက်.. သူဆက်လက် သည်းမခံနိုင်တော့ပေ။ သူသည် ဆူဇီမိုအနား တိုးကပ်သွားလိုက်ပြီး တိုးတိုးလေးမေးလိုက်၏။

“တာအိုရောင်းရင်း.. အဲ့ခွေးရူးလေးက ဘာကြိုက်တတ်လဲ ကျုပ်ကိုပြောပြစမ်းပါဦး”

ဆူဇီမိုက စိတ်ကူးတစ်ခုရသွားပြီး ခေါင်းညိတ်လိုက်၏။

“ကျုပ် ခင်ဗျားကို ပြောပြလို့တော့ ရပါတယ်.. ဒါပေမယ်လို့ ဒီအတိုင်းတော့မရဘူး.. တစ်ခုနဲ့ လဲလှယ်ရမယ်”

“ဘာလဲ”

လင်းရွှမ်းကျီသည် ခြေလှမ်းဝက်နောက်ပြန်ဆုတ်လိုက်မိ၏။

“ဟိုတည်နေရာရွှေ့ပြောင်းအဆောင်အသေးဆိုတာလေ... ခင်ဗျားမှာ နောက်ထပ်ရှိသေးတယ်မလား.. ကျုပ်ကို အဲ့ဒါနဲနဲ‌လောက် ရောင်းပေးပါလား” ဆူဇီမိုက ပြောလိုက်၏။

လင်းရွှမ်ကျီတစ်ယောက် သွေးအန်လုနီးပါး ဖြစ်သွားရ၏။

သူ့မျက်နှာက သုန်မှုန်လာပြီး.. သူ့ခန္ဓာကိုယ်က တုန်ယင်လာ၏။ ‌သူသည် လဲကျတော့မည်မတတ် ဒေါသထွက်လာပုံရ၏။ ထိုသည်ကိုကြည့်၍ ဆူဇီမိုက ကပျာကယာ ထပ်ပြောလိုက်၏။

“ကျုပ်က အဲ့ဒါကို ကျသင့်တဲ့ စိတ်ဝိညာဉ်ကျောက်တုံးပေးပြီး ဝယ်မှာပါ.. ဒီအတိုင်း မယူပါဘူး.. တာအိုရောင်းရင်းလဲ အဲ့ဒါတွေရဖို့ အများကြီး အားထုတ်ထားခဲ့ရမှာပဲ”

တည်နေရာရွှေ့ပြောင်းအဆောင်အသေးက ဘယ်လောက်‌တောင် တန်ဖိုးကြီးသလဲဆိုတာ ဆူဇီမိုသည် မသိရှိဘဲ.. ဒီအတိုင်း စျေးနှုန်းတစ်ခု ပေးရုံနှင့် ရနိုင်သော အဆောင်တစ်ခုလို့ သူထင်နေမိ၏။

လင်းရွှမ်ကျီ၏ နှုတ်ခမ်းက တဆတ်ဆတ် တုန်လာပြီး.. ဆူဇီမိုကို ဒေါသတကြီး စိန်းစိန်းဝါးဝါးကြည့်ကာ အံကိုကြိတ်၍ တစ်လုံးချင်း ‌ပြောလိုက်၏။

“ငါ့မှာတောင် သောက်ကျိုးနဲအဲ့တစ်ခုပဲ ရှိတာကို.. မင်းက နဲနဲလောက် လိုချင်တယ်ဟုတ်လား.. တည်နေရာရွှေ့ပြောင်းအဆောင်အသေးဆိုတာ.. စျေးထဲက ဂေါ်ဖီထုပ်တွေလိုများ ဝယ်ချင်တိုင်း ဝယ်လို့ရတယ်များ မင်းထင်နေလား!”

နောက်ဆုံးစကားလုံး၌ လင်းရွှမ်ကျီက အသံက ပြင်းထန်လာပြီး အော်ဟစ်လိုက်၏။

ထိုသို့အော်ပြောပြီးနောက်.. သူသည် မောပန်းသွား၏။ မချင့်မရဲဖြစ်နေဆဲနှင့် သူက ညဝိညာဉ်ကို လှမ်းပြောလိုက်၏။

“ညဝိညာဉ်.. မင်းသခင်က တော်တော်မိုက်မဲတာပဲ.. မင်းသူနဲ့ ဆက်နေလဲ မင်းအတွက် ဘာမှတိုးတက်လာမှာ မဟုတ်ဘူး”

သူ့ပုခုံးကို တွန့်ပြလိုက်ပြီး လင်းရွှမ်းကျီက စိတ်အားထက်သန်လာကာ.. ဂုဏ်ယူဝင်ကြွားစွာ ပြောလိုက်၏။

“ငါမင်းကို ပြောလိုက်မယ်.. မင်းငါ့နောက်ကိုသာ လိုက်ခဲ့လိုက်.. အနာဂတ်မှာ မင်းစားချင်တာမှန်သမျှ ငါကျွေးနိုင်တယ်ဆိုတာ အာမခံ... “

“ဟီးရ..”

သူ့စကားကိုကြားပြီးနောက်.. ညဝိညာဉ်သည် အနည်းငယ်စိတ်လှုပ်ရှားသွားပုံရ၏။ သူ့မျက်လုံးက ရုတ်တရတ် အရောင်လက်သွားပြီး ခပ်တိုးတိုးအော်လိုက်၏။

လင်းရွှမ်းကျီ၏ အသံက ပြောနေရင်းနှင့် ရပ်တန့်သွား၏။

“အိုး”

“သူ ငါ့ကို တုန့်ပြန်ပြီပေါ့လေ”

ရွှင်ပျစွာနှင့် သူသည် ဆူဇီမိုကို စိတ်လှုပ်ရှားစွာ ကြည့်လိုက်၏။

“တာအိုရောင်းရင်း.. ခုဏက ညဝိညာဉ်က ဘာပြောတာတဲ့လဲ”

ဆူဇီမိုက ရယ်ချင်စိတ်ကိုထိန်းပြီး ပြန်ဖြေလိုက်၏။

“ညဝိညာဉ်ပြောချင်တာက.. သူက နဂါးဥတွေ စားချင်တယ်တဲ့.. ခင်ဗျားမှာ အဲ့ဒါတွေရှိလားလို့ မေးနေတာ”

လင်းရွှမ်ကျီ “. . .”

“မင်း.မင်း.. မင်းတို့ကောင်တွေကွာ...!”

လင်းရွှမ်းကျီက ဆူဇီမိုနှင့် ညဝိညာဉ်တို့ကို လက်ညိုးထိုးလိုက်၏။ ဒေါသဖြင့် သူ့နှာခေါင်းက ပွလာပြီး.. သူ့အသံက တုန်ယင်နေ၏။

သူသာ ဤလူနှင့် ဤတောကောင်နှင့် စကားဆက်ပြောရလျှင်.. သူသည် သေချာ‌ပေါက် စိတ်ပိုင်းဆိုင်ရာ ပြိုလဲတော့မည်ဖြစ်ကြောင်း ခံစားမိလိုက်၏။

“ဟမ့်.. မင်းတို့ကောင်တွေ ကံကောင်းပါစေကွာ!”

သူ့ဝတ်ရုံစကို ဒေါသတကြီး ဆွဲလှုပ်ခါလိုက်ပြီး.. လင်းရွှမ်ကျီသည် လေထဲသို့ ပျံတက်လိုက်ကာ ဦးတည်ဘက်တစ်နေရာသို့ ပျံသန်းသွားလိုက်၏။

“ဘာပဲဖြစ်ဖြစ်.. ကျေးဇူးတင်ပါတယ် တာအိုရောင်းရင်း”

လင်းရွှမ်ကျီ ပျောက်သွားတော့မှာကို ကြည့်ပြီး ဆူဇီမိုက ကမန်းကတန်း လှမ်းအော်ပြောလိုက်၏။

ထိုစကားလုံးများက သူ့နုလုံးသားထဲမှ တစ်ကယ့်စိတ်ရင်းနှင့် ထွက်ပေါ်လာခြင်း ဖြစ်လေသည်။

လင်းရွှမ်ကျီကြောင့်သာ မဟုတ်လျှင်.. ကမ္ဘာဦးအပျက်အဆီးနယ်မြေထဲမှာ သူက သေပြီးနေလောက်ပေပြီ။

ထိုစကားကို ကြားလိုက်သောအခါ လေထဲတွင် အရှိန်ဖြင့် ပျံသန်းနေသော လင်းရွှမ်ကျီသည် ပြုတ်ကျတော့မည်မတတ် ဖြစ်သွားရ၏။

ဆူဇီမိုသည် ဤခရီးစဉ်မှ အကျိုးအမြတ်များစွာ ရရှိခဲ့၏။ သူသည် သူ့ကိုယ်ထဲက ကျန်ရှိနေသော သွေးကျွန်ပြုစွမ်းအားများကို ဖယ်ထုတ်ပစ်နိုင်ခဲ့ရုံသာမက.. နဂါးဥတစ်လုံးကိုပင် စားနိုင်ခဲ့သေး၏။

သို့သော်လည်း လင်းရွှမ်းကျီကတော့ များစွာကြိုးပမ်းအားထုတ်ခဲ့သလောက် ဘာမှ ပြန်မရခဲ့ပေ။

သူရခဲ့သည်မှာ.. အကပ်အသတ် ကျန်နေသော ဥရည်လေးအနည်းအကျင်းသာ.. ..

လင်းရွှမ်းကျီသည် အဲ့အကြောင်းကို တွေးမိတိုင်း စိတ်ထဲတွင် မခံမရပ်နိုင်ဖြစ်ရ၏။

သူကျင့်ကြံခဲ့သည်မှာ ဆယ်စုနှစ်အနည်းငယ် ကြာခဲ့ပေပြီ။ ထျန်ဟွမ်ကမ္ဘာ၏ ထိပ်တန်းအဖွဲ့အစည်းတစ်ခုမှ အမွေဆက်ခံသူတစ်ယောက်အနေနှင့် သူသည် ဘယ်တုန်းကမှ အကျိုးတကွဲအကျိုးနည်း ဆုံးရှုံးမနစ်နာဖူးပေ။

“အဲလူက ဂြိုလ်ဆိုးနတ်ဝင်စားတဲ့သူပဲ ဖြစ်ရမယ်.. သူရောက်လာတာနဲ့ ငါ့ကံက ဘာလို့အဲ့လောက်ထိ ဆိုးရွားသွားရတာလဲ.. ဆန်းကြယ်တောင်ထွတ်ကတပည့် ဟုတ်လား.. ဟမ့် တွေ့ရသေးတာ‌ပေ့ါကွာ.. သူက ဘယ်သူလဲ၊ သူ့နောက်ခံက ဘာလဲ၊ သူ့မှာ ဘာလျှို့ဝှက်ချက်တွေရှိနေလဲ.. ငါသူ့ကို ဗေဒင်တွက်ကြည့်ရမယ်”

ထိုသို့ပြောရင်း.. လင်းရွှမ်းကျီသည် အသက်ပြင်းပြင်းတစ်ချက် ရှိုက်လိုက်၏။ သူ့သူငယ်အိမ်ထဲမှ နူးညံ့သိမ်မွေ့သော အလင်းရောင်က ပေါ်လာ၏။ ထိုအလင်းက တဖြည်းဖြည်း ပြန့်သွားပြီး.. သူ့မျက်လုံးထဲတွင် မြူခိုးလွှာတစ်ခုကို ရစ်သိုင်းလာစေ၏။

သူ့လက်ဖဝါးကို ဖြန့်လိုက်ပြီး.. လင်းရွှမ်ကျီ၏ လက်မက အခြားလက်ချောင်းများနှင့် တို့ထိကာ လျှင်မြန်စွာ လှုပ်ရှားလိုက်၏။

လင်းရွှမ်ကျီ၏ လက်ချောင်းထိပ်များမှ လျှို့ဝှက်ဆန်းကြယ်လေးနက်သော စွမ်းအားများက ရစ်သိုင်းလာ၏။

“အို”

အတန်ကြာပြီးနောက်.. လင်းရွှမ်ကျီ၏ ခန္ဓာကိုယ်က တုန်ယင်လာပြီး.. သူ့မျက်လုံးထဲမှ မြူခိုးလွှာများက ပျက်ပြယ်သွား၏။ ကြောင်အနေပြီး.. သူ့ဘာသာသူ တီးတိုးရေရွတ်လိုက်၏။

“ဘာလို့လဲဟ.. သူ့ကို ငါဗေဒင်တွက်လို့ မရဘူးတဲ့လား”

သူ့မျက်နှာက သုန်မှုန်နေပြီး မျက်မှောင်ကြုတ်လိုက်၏။

“အဲ့လူက အခြေတည်အဆင့်ပဲ ရှိသေးတာကို.. ငါဘာလို့ သူ့ကို ဗေဒင်တွက်လို့ မရတာလဲ”

“သိပ်တော့ အဓိပ္ပါယ်ရှိမနေဘူး”

“သူ.သူက မိုးကောင်းကင်လျှို့ဝှက်ချက်ကို ဖုံးကွယ်ပေးထားတဲ့သူများလား”

လင်းရွှမ်ကျီက သူ့အမြင်အာရုံကို ချုံ့ကြည့်လိုက်ပြီး.. တီးတိုးရေရွတ်လိုက်၏။

“အဲ့ကောင်လေးရဲ့နောက်ကွယ်မှာ.. တစ်ကယ့်ထိပ်သီးပညာရှင်တစ်ယောက် ရှိနေတာလား”

All Chapters