← Chapters

နောက်က လိုက်လာခြင်း

Vol. 17 Ch. 249

နောက်က လိုက်လာခြင်း

Vol. 17 Ch. 249

အခန်း ၂၄၉ - နောက်က လိုက်လာခြင်း

အဖိုးအို၏ မျက်နှာမှ ထူးဆန်းနေပုံကို ကြည့်ပြီး လင်းရွှမ်ကျီက မနေနိုင်ဘဲ ‌မေးလိုက်၏။

“အဖိုးကြီး ဘာဖြစ်လို့လဲ”

“မင်းတို့သုံးယောက်က နဂါးဥကို စားခဲ့တယ်လို့ ပြောတယ်မလား” အဖိုးအိုက မင်သေသေဖြင့် ပြန်မေးလိုက်၏။

ခဏမျှ ငိုင်သွားပြီး‌နောက် လင်းရွှမ်ကျီက ကပျာကယာ ခေါင်းခါလိုက်၏။

“ကျုပ်က တစ်ကယ့် နဲနဲကလေးပဲ စားရတာပါ.. တစ်ကယ်စားခဲ့ကြတာက ဟိုလူနဲ့ သူ့တောကောင်ပဲ.. သူတို့ ဘယ်လောက်တောင် စားခဲ့ကြလဲဆို.. အဲ့ကစွမ်းအင်တွေကို သူတို့ထိန်းမထားနိုင်လို့.. သူတို့ပါးစပ်ထဲကနေတောင် စွမ်းအင်လှိုင်းတွေ လျှံထွက်လာတဲ့အထိပဲ”

“နဲနဲပဲစားတာ ဟုတ်လား”

အဖိုးအိုက လှောင်ရယ်လိုက်၏။

“မင်းဟာမင်း နဲနဲလေးပဲစားစား၊ တစ်စက်ပဲစားစား.. အေးဆေးနေရလိမ့်မယ် မထင်နဲ့တော့.. နဂါးဥတစ်လုံးကို စားပြီး ဒီအတိုင်းပြီးသွားလိမ့်မယ်လို့ မင်းထင်နေတာလား.. “

“အဖိုးကြီး.. ခင်ဗျားဘာကို ပြောချင်တာလဲ.. ကျုပ်ကို လာခြောက်မနေနဲ့”

“အဲ့နဂါးက အခုရောက်လာတော့မယ်”

“အာ”

“မင်းဒီမှာပဲနေ.. မြို့ထဲကနေ လုံးဝမထွက်နဲ့”

ထိုသို့ပြောပြီးတာနှင့်.. အဖိုးအိုသည် အလင်းတန်းတစ်ခုတစ်ခုအသွင် ပြောင်းလဲသွားပြီး လက်ရှိနေရာကနေ ပျောက်ကွယ်သွား၏။

. . .

မြို့ပြင်ဘက်တွင် အစိမ်းရောင်ချပ်ဝတ်ကို ဝတ်ဆင်ထားသော အမျိုးသမီးတစ်ယောက်သည် မြို့ဂိတ်တံခါးရှိရာသို့ ဦးတည်လာနေ၏။ သူမသည် အရပ်ရှည်ရှည်၊ အေးစက်စက်အော်ရာနှင့် ဖြစ်၏။ သူမ၏ မျက်လုံးထဲတွင် သတ်ဖြတ်လိုစိတ်ကို ကွယ်ဝှက်ထား၏။

သူမ၏ ချပ်ဝတ်က အလွန်တရာ ထူးခြား၏။ ၎င်းက အစိမ်းရောင်ငါးကြေးခွံများဖြင့် အကွက်စေ့စေ့ ရက်လုပ်ထားသလိုပင်။

မြို့ဂိတ်တံခါးသို့ နီးလာလေလေ.. လူများက စည်ကားလာလေလေဖြစ်၏။

ချဉ်းကပ်လာပြီးနောက် သူမသည် အရှိန်ကို လုံးဝမလျှော့ချဘဲ လူအုပ်ကြီးကို အတင်းတွန်းထိုး၍ မြို့ဂိတ်တံခါးဆီသို့ တန်းသွားလိုက်၏။

“နင်ဘာလို့ အတင်းဖြဲခွဲ တွန်းထိုးလာရတာလဲ.. သေချင်လို့လား”

အခြေတည်အဆင့်ကျင့်ကြံသူတစ်ယောက်က အစိမ်းရောင်ချပ်ဝတ်အမျိုးသမီးကို ကြည့်ပြီး ငေါက်ငမ်းလိုက်၏။ သူက ခြိမ်းခြောက်ကြိမ်းမောင်းလိုသော အမူအယာနှင့် သူ့သိုလှောင်အိတ်ပေါ် လက်တင်ထားလိုက်၏။

အချို့သော အထူးနေရာများအပြင်.. မြို့‌တော်အတွင်း၌ တိုက်ခိုက်ခြင်းကို ပိတ်ပင်တားမြစ်ထား၏။

သို့သော်လည်း.. အခုက ဘာပဲဖြစ်ဖြစ် မြို့အပြင်ဘက်မှာသာ ရှိနေသေးတာကြောင့်.. ဒီနေရာမှာ ရန်ပွဲထဖြစ်မည်ဆိုလျှင်ပင် အစောင့်များက သိပ်ပြီး ဂရုစိုက်ကြလိမ့်မည် မဟုတ်ပေ။

အခြေတည်အဆင့် ကျင့်ကြံသူတစ်ယောက်၏ ခြိမ်းခြောက်မှုကို ခံနေရသော်လည်း.. အစိမ်းရောင်ချပ်ဝတ်အမျိုးသမီးက မင်သေသေမျက်နှာထားနှင့် ရှေ့သို့ဆက်လျှောက်လာ၏။ တစ်ကယ်တမ်းပြောရလျှင် သူမက ခြေလှမ်းကို လုံးဝရပ်တန့်ခဲ့ခြင်း မရှိပေ။

အခြေတည်အဆင့်ကျင့်ကြံသူက မျက်မှောင်ကြုတ်လိုက်၏။ သူသည် စိတ်ဝိညာဉ်အကဲဖြတ်ပညာဖြင့် စစ်ဆေးကြည့်လိုက်သောအခါ အစိမ်းရောင်ချပ်ဝတ်အမျိုးသမီးထံမှာ စိတ်ဝိညာဉ်ချီတစွန်းတစတောင် မရှိတာကို သူသိရှိလိုက်ရ၏။

ထပ်ပြီးပြောရလျှင် အစိမ်းရောင်ချပ်ဝတ်အမျိုးသမီးမှာ သူမနှင့်အတူ သိုလှောင်အိတ်တစ်အိတ်တောင် ပါမလာပေ။ အဲ့ဒါက သူမသည် မော်တယ်တစ်ယောက်ဆိုတာကို သွယ်ဝိုက်ညွှန်ပြနေ၏။

“နင်က တစ်ကယ် သေချင်နေတာပဲ”

အခြေတည်အဆင့်ကျင့်ကြံသူက ယုံကြည်မှုရှိရှိ အော်ဟစ်ကြိမ်းမောင်း၍ သိုလှောင်အိတ်ထဲမှ ဓါးပျံတစ်လက်ကို ထုတ်ယူကာ အထဲသို့ စိတ်ဝိညာဉ်ချီကို ထိုးသွင်းလိုက်၏။

ဝှစ်..

စိတ်ဝိညာဉ်အင်းကွက်နှစ်ခုက ဓါးပျံပေါ်တွင် တောက်ပလာ၏။

အလယ်အလတ်အဆင့်ဓါးပျံ!

“သွား!”

အခြေတည်အဆင့်ကျင့်ကြံသူက ဟိန်းဟောက်လိုက်သောအခါ ဓါးပျံက အစိမ်းရောင်ချပ်ဝတ်အမျိုးသမီး၏ နဖူးတည့်တည့်သို့ တိုးဝင်သွား၏။

လူအုပ်ကြီးက သူတို့ပါ ရောပါသွားမည်ကို စိုးရိမ်ပြီး ဘေးသို့ ချဲလိုက်ကြ၏။

အစိမ်းရောင်ချပ်ဝတ်အမျိုးသမီးက ဝင်‌ရောက်လာနေသော ဓါးပျံကို လုံးဝလျစ်လျူရှုထားပြီး ရှေ့သို့သာ ဆက်လျှောက်လာ၏။

အခြေတည်အဆင့်ကျင့်ကြံသူ၏ မျက်လုံးထဲတွင် ရက်စက်မှုက ပေါ်လာပြီး.. စိတ်ထဲကနေ ကြိတ်ရယ်လိုက်၏။

ချွမ်း..

ဓါးပျံက အစိမ်းရောင်ချပ်ဝတ်အမျိုးသမီး၏ နဖူးနှင့် ထိတွေ့လိုက်သောအခါ.. သတ္တုချင်း ထိခတ်သည့်အသံမျိုး ထွက်ပေါ်လာပြီး.. ၎င်းက အနောက်သို့ ပြန်ကန်ထွက်လာ၏။

အခြေတည်အဆင့်ကျင့်ကြံသူ၏ မျက်နှာအမူအယာက ရုတ်ချည်းပြောင်းလဲသွား၏။

လူအုပ်ကြီးသည်လည်း အားလုံး ငေးငိုင်နေကြ၏။

အလယ်အလတ်အဆင့်ဓါးပျံက သူမ၏ အရေပြားပေါ်တွင် ခြစ်ရာလေးတောင်ထင်အောင် စွမ်းဆောင်နိုင်ခြင်း မရှိပေ။

ဒီပုဂ္ဂိုလ်ရဲ့ ကျင့်ကြံမှုအဆင့်က ဘယ်လောက်တောင် ရောက်နေပြီလဲ။

ယခုအခါ အစိမ်းရောင်ချပ်ဝတ်အမျိုးသမီးက စောစောက တိုက်ခိုက်လိုက်သော အခြေတည်အဆင့် ကျင့်ကြံသူ၏ အရှေ့သို့ ရောက်လာပြီဖြစ်၏။ သူမ၏ သွယ်လျ‌သော လက်ချောင်းလေးကို ဆန့်ထုတ်လိုက်ပြီး.. ထိုအခြေတည်အဆင့်ကျင့်ကြံသူ၏ ဦးခေါင်းကို ရုတ်တရတ် လှမ်းထိုးလိုက်၏။

အစိမ်းရောင်ချပ်ဝတ် အမျိုးသမီး၏ လက်ချောင်းက သူ့ထံဝင်‌ရောက်လာတာကို မြင်နေရသော်လည်း.. ထိုအခြေတည်အဆင့်ကျင့်ကြံသူသည် မည်သို့ပင် ကြိုးစားရုန်းကန်ပါစေ.. သူ့ခန္ဓကိုယ်က နည်းနည်းလေးတောင် လှုပ်ရှားနိုင်ခြင်း မရှိတော့ပေ။

ဖောက်!

ကျွတ်ဆတ်ဆတ် အသံတစ်သံက ထွက်ပေါ်လာ၏။

အစိမ်းရောင်ချပ်ဝတ်အမျိုးသမီးက သူ့လက်ကို ပြန်ရုတ်လိုက်သောအခါ အခြေတည်အဆင့်ကျင့်ကြံသူ၏ ခေါင်းတွင် အပေါက်တစ်ပေါက်က ပေါ်လာပြီး.. သွေးများက ပန်းထွက်လာ၏။

သူ့အကြည့်က အရောင်မှိန်ကျသွားပြီး.. ထိုလူသည် မြေပြင်ပေါ်သို့ ဘုန်းကနဲပစ်လဲကျကာ နေရာမှာတင် ပွဲချင်းပြီးစင်းသွား၏။

ထိုသည်ကို မြင်ကြရသောအခါ လူအုပ်ကြီးသည် အုန်းအုန်းကျက်ကျက် ဖြစ်ကုန်ကြ၏။

အစတုန်းကတော့ မြို့ဂိတ်တံခါးမှ အစောင့်များသည် အပျင်းပြေပွဲတစ်ပွဲ စောင့်ကြည့်ရဖို့အတွက်သာ မတ်တပ်ရပ်ကြည့်နေကြခြင်းဖြစ်၏။ သို့‌သော် အခုအခါမှာတော့ သူတို့၏ မျက်နှာများက အတည့်အတံ့ သုန်မှုန်လာကြ၏။ အံ့မခန်းစွမ်းအားကြီးသည့်ရန်သူနှင့် သူတို့ ရင်ဆိုင်ရပေတော့မည်။

‌အစောင့်များသည် ကျင့်ကြံမှုအဆင့် သိပ်မမြင့်လှသော်လည်း.. သူတို့သည် ဤနေရာ၌ နှစ်ပေါင်းများစွာ စောင့်ကြပ်၍ လူပေါင်းစုံဖြတ်သန်းသွားလာတာကို တွေ့မြင်ခဲ့ဖူး၏။

ထိုအစိမ်းရောင်ချပ်ဝတ်အမျိုးသမီးထံမှ အလွန်တရာအန္တရာယ်များသည့်အော်ရာကို သူတို့ခံစားမိနေ၏။

“အလည်ရောက်လာတဲ့သူ.. အဲ့မှာရပ်ပြီး ခင်ဗျားနာမည်ကို ပြောပြပါ.. ခင်ဗျားက ဘယ်ဂိုဏ်းက လာတာလဲ” အစောင့်တစ်ယေက်က လှမ်းအော်လိုက်၏။

အစိမ်းရောင်ချပ်ဝတ်အမျိုးသမီးက မျက်နှာသေနှင့် ရှေ့သို့ ဆက်လျှောက်လာနေဆဲဖြစ်၏။

ဤကမ္ဘာပေါ်၌ သူမ လုပ်ချင်သည့်အရာကို တားနိုင်မည့်သူ တစ်ယောက်မျှ မရှိသည့်အလားပင်။

“အို့”

အ‌စောင့်များ၏ အမူအယာက ပြောင်းလဲသွားပြီး.. သူတို့၏ သိုလှောင်အိတ်များထဲမှ ဓါးပျံများကိုထုတ်ကာ တိုက်ခိုက်ဖို့အတွက် ပြင်လိုက်ကြ၏။

“တာအိုရောင်းရင်း.. ခင်ဗျား စည်းကျော်လာနေပြီနော်”

ရုတ်တရတ် အသံတစ်သံက ထွက်ပေါ်လာ၏။

အစောင့်များ၏ အမြင်အာရုံက ဝေဝေဝါးဝါး ဖြစ်သွားပြီး.. ဝတ်ရုံရှည်နှင့် အမျိုးသားတစ်ယောက်က ရုတ်တရတ် သူတို့ရှေ့မှောက်ပေါ်လာ၏။

ထူးဆန်းစွာပင်.. အဖိုအိုပေါ်လာပြီးနောက်.. အစိမ်းရောင်ချပ်ဝတ်အမျိုးသမီးက သူမ၏ ခြေလှမ်းကို ရပ်တန့်လိုက်ပြီး.. သူမ၏မျက်လုံးထဲတွင် အလေးအနက် သတိထားသည့်အရိပ်အယောင်များက ပေါ်လာ၏။

အဖိုးအိုက တည်ငြိမ်စွာ ပြောလိုက်၏။

“ပြန်လှည့်လိုက်ပါ”

“နင်က ငါ့ကို တားချင်တာလား” အစိမ်းရောင်ချပ်ဝတ်အမျိုးသမီးက သူမ၏ မျက်လုံးကို မှေးကျဉ်းလိုက်၏။ မပြိုလဲနိုင်သော ရှေးကျပြီး လောကဓံနှင့်ယဉ်ပါးနေသည့် နတ်ဘုရားတစ်ပါးကဲ့သို့ အော်ရာက သူမထံမှ ထွက်ပေါ်လာ၏။

ထိုအော်ရာ၏ ဖြစ်တည်မှုအောက်တွင်.. မော်တယ်များဖြစ်စေ၊ ကျင့်ကြံသူများဖြစ်စေ.. အားလုံးသည် မြေပြင်ပေါ်တွင် ဒူးထောက်ဝပ်တွား၍ ဦးခိုက်ချင်စိတ်များ တဖွားဖွားပေါ်လာကြ၏။

“ဂါး!”

အစိမ်းရောင်ချပ်ဝတ်အမျိုးသမီးက သူ့ပါးစပ်ကိုဟ၍ အော်လိုက်သောအခါ.. သူမ၏ လည်ချောင်းအနက်ပိုင်းထဲမှ.. ကမ္ဘာမြေကိုပင် ပြိုကျစေလောက်သည့် မာန်ဖီဟိန်းဟောက်သံကြီးက ထွက်ပေါ်လာ၏။

နဂါးဟိန်းသံ!

ဖောင်း! ဖောင်း! ဖောင်း!

အစိမ်းရောင်ချပ်ဝတ်အမျိုးသမီးနှင့် အနီးဆုံးမှာ ရှိနေသော လူများသည် သွေးမြူများအဖြစ်သို့ ချက်ချင်း ပေါက်ကွဲထွက်ကုန်ကြ၏။

ခလန်း.. ခလန်း..!

အစောင့်များ၏ လက်ထဲမှ ဓါးပျံများသည် မြေပြင်ပေါ်သို့ ပြုတ်ကျကုန်ကြပြီး.. သူတို့၏ လက်နှစ်ဖက်ဖြင့် သူတို့၏ဦးခေါင်းကို ဖိညှစ်ထားလိုက်ကြ၏။ သူတို့သည် အလွန်တရာ နာကျင်ခံစားနေကြရပုံရပြီး.. သူတို့၏ မျက်လုံးများထဲမှ သွေးများက စိမ့်ကျလာ၏။

“ငမိုက်မ.. နင် ငါ့ရှေ့မှာ ဘယ်လိုတောင် လာပြီးပြုမူရဲတာလဲ”

အဖိုးအိုက ဟိန်းဟောက်လိုက်၏။ သူ့အသံက ကြည်လင်ရှင်းလင်းကျယ်လောင်စွာ ထွက်ပေါ်လာ၏။ သူ့အသံထဲတွင် စွမ်းအားတစ်မျိုးက ရောယှက်ပါဝင်လာပြီး ကမ္ဘာပြိုလောက်သည့် နဂါးဟိန်းသံလှိုင်းများကို ခြေဖျက်ပစ်လိုက်၏။

အဖိုးအို၏ အော်သံကြောင့်သာ မဟုတ်လျှင်.. မြို့ပြင်ဘက်ရှိ လူရာပေါင်းများစွာမှာ အကုန်သေကုန်ကြပေလိမ့်မည်။

လူတိုင်း အသိစိတ်ပြန်ဝင်လာကြပြီး ပင့်သက်ကို သည်းထန်စွာ ရှိုက်လိုက်ကြ၏။ သူတို့သည် သေမင်းတံခါးဝမှ လက်မတင်လေး လှည့်ပြန်လာခဲ့ရသလို ခံစားလိုက်ရပြီး အကြောက်မပြေသေးကြပေ။

မသိလိုက်မသိဘာသာနှင့်ပင် အဖိုးအို၏ လက်ထဲတွင် ခေါက်ယပ်တောင်တစ်‌ချောင်းက ‌ပေါ်လာ၏။

ဖျတ်ကနဲ လှုပ်ရှားမှုနှင့် အဖိုးအိုသည် အစိမ်းရောင်ချပ်ဝတ်အမျိုးသမီးအနားသို့ ရောက်ချလာပြီး.. သူ့ယပ်တောင်ကို မ၍ သူမ၏ ဦးခေါင်းကို ရိုက်ချလိုက်၏။

ဘုန်း!

အစိမ်းရောင်ချပ်ဝတ်အမျိုးသမီးသည် မြေပြင်ကို ဆောင့်နင်း၍ နောက်ပြန်ဆုတ်ပြီး အဖိုးအို၏ ခေါက်ယပ်တောင်ကို ကပျာကယာရှောင်လိုက်ရ၏။

အစိမ်းရောင်ချပ်ဝတ်အမျိုးသမီး၏ ခန္ဓာကိုယ်က စတင်ပြန့်ကားလာ၏။

အားလုံး၏ ရှေ့မှောက်မှာတင်.. ဒေါမာန်အဟုန်ဖြင့် ကြောက်လန့်ဖွယ်ရာ နတ်နဂါးကြီးက လေထဲသို့ ပျံတက်သွား၏။ အားလုံး၏အထက် လွင့်မျောရင်း.. နတ်နဂါးကြီးက ကောင်းကင်ထက်ရစ်ခွေ၍ ကြီးမားသည့် အဖျက်စွမ်းအားကို ပိုင်ဆိုင်ထား၏။

“အဲ့-အဲ့ဒါ.. န-နဂါးကြီးလား!”

“ဘုရားရေ.. နဂါးဆိုတာ တစ်ကယ်ရှိတာလား!”

များစွာသော ကျင့်ကြံသူများသည် မျက်စိပျက်မျက်နှာပျက် ကြောက်လန့်၍ မြေပြင်တွင် ပြိုလဲကျကုန်၏။ သူတို့၏ အသံများက တုန်ယင်နေပြီး မျက်နှာများက သွေးမရှိတော့ပေ။

ကြေးခွံများက သံမဏိထက်ပင် မာကြောပုံရပြီး လက်သည်းကြီးများက ခွန်ထက်ရှ၍ မဖျက်ဆီးနိုင်‌သော ခန္ဓာကိုယ်ကြီးကို ပိုင်ဆိုင်ထား၏။ နတ်နဂါးကြီး၏ အစိတ်အပိုင်းတိုင်းမှ အန္တရာယ်နှင့် စွမ်းအားများက ဖြာထွက်နေ၏။

အဖိုးအို၏ အမူအယာက အရင်အတိုင်း မပြောင်းမလဲပင် ရှိနေပြီး.. လေထဲသို့ ပျံတက်လိုက်၏။ သူသည် နတ်နဂါးတစ်ကောင်နှင့် ရင်ဆိုင်နေရသော်လည်း သူ့အော်ရာက ထိုနဂါးထက်ပင် သာလွန်နေ၏။

အပေါ်ယံကြည့်လျှင်တော့.. အဖိုးအို၏ ခန္ဓာကိုယ်က အလွန်သေးငယ်ပြီး နဂါး၏ ကြေးခွံတစ်ခွံစာလောက်ပင် မရှိတတ်ပေ။ သို့သော်လည်း သူ့ခန္ဓာကိုယ်ထဲတွင် ကမ္ဘာတစ်ခုလုံးကိုပင် ဖျက်ဆီးနိုင်လောက်သော စွမ်းအားများက လှည့်ပတ်စီးဆင်းနေ၏။

“နင် အခုနေ လှည့်ပြန်ရင် ပြန်လိုက်တော့နော်.. ငါနင့်ကို သတ်ဖို့လုပ်ကာမှ ငါ့ကို အညှာအတာမဲ့ ရက်စက်လှချေလားလို့ မပြောနဲ့!”

သူ့ရှေ့မှ နတ်နဂါးကို အေးစက်စွာ စိုက်ကြည့်ပြီး အဖိုးအို သတိပေးကြိမ်းမောင်းလိုက်၏။

“ဂါး!”

နတ်နဂါးက သူ့ပါးစပ်ကြီးကို ဟ၍ အော်ဟစ်လိုက်သောအခါ.. အစိမ်းရောင်နဂါးမီးတောက်စီးကြောင်းတစ်ခုက ထွက်ပေါ်လာပြီး ပတ်ဝန်းကျင်လေထုကို ပြာချပစ်လိုက်ကာ.. အဖိုးအိုထံသို့ ပြေးဝင်သွား၏။

All Chapters