← Chapters

ရွှီချင်းအား ထိမိခြင်း၏အကျိုးဆက်များ(၁)

Vol. 32 Ch. 478

ရွှီချင်းအား ထိမိခြင်း၏အကျိုးဆက်များ(၁)

Vol. 32 Ch. 478

ဓားကိုင်ရွေးပွဲကား မြင့်မြတ်သန့်စင်မှု၊ လေးနက်မှုတို့ဖြင့် အတိပြီးနေလေသည်။

ဤလူသားမျိုးနွယ်အထက်လမ်း အစဉ်အလာပွဲတော်သည် မည်သည့်ဂိုဏ်းအဖွဲ့ကမျှ ယှဉ်ပြိုင်နိုင်ခြင်းမျိုး မဟုတ်ပေ။ အခြေခံအုတ်မြစ်ချင်း ကွာခြားမှုကြောင့် ထုံးတမ်းစဉ်လာ၏ ခမ်းနားမှုချင်းလည်း ကွဲပြားသွားစေ၏။

ဤသို့ရှုပ်ထွေးနေသည့် ကမ္ဘာတွင် ထုံးတမ်းစဉ်လာတို့မှာ ပို၍အရေးပါသည်။

ညကမှောင်လေ ဆောင်းကအေးလေ မီးတောက်တို့ ဖြစ်တည်နိုင်ရန် ပို၍ လိုအပ်လေဖြစ်သည်ပင်။ ဤမီးတောက်ကား လူသားမျိုးနွယ်၏ အမွေအနှစ်မီးတောက် ဖြစ်သည်။ ဤမီးတောက်သည် လူသားမျိုးနွယ် သွေးမျိုးဆက်၏ မီးတောက်ဖြစ်ကာ လူသားမျိုးနွယ်၏ ဝိညာဉ်တော်ကို ကိုယ်စားပြု၏။

ထိုထုံးတမ်းစဉ်လာ၏ လုပ်ငန်းစဉ်သည် ထိုဝိညာဉ်တော်ကို လက်ဆင့်ကမ်းပေးရန် ဖြစ်သည်။

ပွဲတော်သည် ပို၍ မြင့်မြတ်သန့်စေလေလေ၊ ကြီးကျယ်ခမ်းနားလေလေ အမွေအနှစ် ဆက်ခံသူတို့၏ စိတ်နှလုံးထဲ၌ ပို၍ စွဲထင်လေဖြစ်ပြီး ထာဝရတည်တံ့နိုင်သော အမှတ်အသားအဖြစ် ကမ္မည်းတွင်နိုင်ပေလိမ့်မည်။

ဤကား ဓားကိုင်အစဉ်အလာပွဲတော်ဖြစ်ကာ လူသားမျိုးနွယ်၏ ထုံးတမ်းစဉ်လာတစ်ခု ဖြစ်သည်။

ထိုအချိန်တွင် ကောင်းကင်ပေါ်က ဓားကိုင်တို့သည် လေးနက်သောအမူအရာဖြင့် အတောင်ပံပုံစံ ဖြန့်ကျက်ကာ ရပ်နေကြသည်။ အတောင်ပံများပုံစံကလည်း ဓားကိုင်တို့အတွက် အထူးအဓိပ္ပာယ်တစ်ရပ်ရှိသည်။ အဓိပ္ပာယ်သည် စောင့်ရှောက်ကာကွယ်ခြင်း ဖြစ်သည်။

သူတို့သည် အတောင်ပံများကို သုံးကာ လူသားမျိုးနွယ်ကို ကာကွယ်ပေးပြီး လူသားမျိုးနွယ်အား အမြင့်သို့ ခေါ်ဆောင်ပေးသည့် အတောင်ပံများ ဖြစ်လာရန် ဆန္ဒရှိကြသည်။

ဓားကိုင်အကြီးအကဲကိုးဦးသည် လေးနက်သော ဟန်မူရာတို့ဖြင့် အစဉ်အလာပွဲတော်ကို ကြည့်ရှုနေကြသည်။ ဤသည်မှာလည်း အစဉ်အလာ တစ်စိတ်တစ်ပိုင်း ဖြစ်သည်။ အကြီးအကဲလေးဦးမှာ တစ်ဖက်ချင်းစီတွင် ရပ်နေကြပြီး တစ်ဦးကတော့ အလယ်တွင် ရှိနေသည်။ သူတို့က မတူညီသည့် အမြင့်မျိုးစုံတွင် ရပ်နေကြပြီး ဓားတောင်တန်းများသဖွယ် ဖြစ်လာကြသည်။

၎င်းသည် ဓားကိုင်တို့၏ ထက်မြက်မှုနှင့် ဓားကိုင်တို့၏ အမိန့်တော်ကို ကိုယ်စားပြုသည်။

သူတို့နောက်တွင်တော့ ရောင်စုံအလင်းများသည် ကောင်းကင်တစ်ခုလုံးကို ဖုံးလွှမ်းနေ၏။ အင်ပါယာရုပ်တုကြီးသည် လောကကို ထောက်ပံ့ထားသည့်အလား မြေပြင်သို့ ငုံ့ကြည့်နေပြီး လူသားမျိုးနွယ် အမွေအနှစ်တို့အား စောင့်ရှောက်လျက်ရှိသည်။

ထိုရုပ်တုကြီးအောက်တွင်တော့ ရွှီချင်းသည် ကောင်းကင်အမြင့်ပေတစ်သောင်း၌ အမိန့်တော်ဓားအား ကိုင်လျှက် ရပ်နေ၏။

သူဝတ်စုံနှင့် ဆံပင်တို့သည် လေထဲတွင် တဖျပ်ဖျပ် လူးလွန့်နေကြသည်။ သို့ရာတွင် သူ့ခန္ဓာကိုယ်ကတော့ ထိုနေရာတွင် မလှုပ်မယှက် ရပ်နေ၏။ ထိုအခိုက်တွင် သူ၏တည်ရှိမှုသည် သူ့အရှိန်အဝါတို့ဖြင့် ထုတ်ဖော်ပြသရန် မလိုပါ။ သူ့အကြည့်နှင့် သူ့တည်နေရာတို့သည် သဘာဝအလျှောက် မြင့်တက်နေပြီးသား ဖြစ်သည်။

အကြောင်းကား ရွှီချင်းသည် အမြင့်ဆုံးသို့ ရောက်ရှိနိုင်သည့် တစ်ဦးတည်းသောသူ ဖြစ်သည်။

တစ်ချိန်တည်းမှာပင် ထိုအရှိန်အဝါ၏ မူလဇစ်မြစ်မှာလည်း နက်ရှိုင်းသည်။

ထိုနက်ရှိုင်းမှုမှာ အင်ပါယာရုပ်တုဖြင့် ထပ်ရက်ကျနေခြင်းနှင့် ဓားကိုင်တို့၏ တာဝန်ဝတ္တရားတို့ကြောင့် ဖြစ်ကြသည်။

မူလတွင်တော့ ဓားကိုင်အစဉ်အလာပွဲတော်သည် ထိုသို့သောအရှိန်အဝါနှင့် နက်နဲမှုမျိုး ထုတ်လွှတ်ခြင်း မရှိတတ်ပေ။ ဤပွဲတော်မှာ ဓားကိုင်တို့၏ အစပြုဝင်ရောက်ခြင်း အထိမ်းအမှတ်ပွဲမျှသာ ဖြစ်သည်။ အခြားသော အဆင့်မြင့်ပွဲတော်အခမ်းအနားများနှင့် ရာထူးတိုးသော အချိန်အခါများ၌သာ ဤသို့ ဖြစ်တတ်သည်။

သို့ရာတွင် ဤတစ်ကြိမ်တွင်တော့ ရွှီချင်းထံ၌ ထိုလေးနက်မှုမျိုး ဖြစ်တည်လာသည်။

အကဲဖြတ်ပွဲအတွင်း၌ သူသည် ယင်ဟွမ်ဒေသကြီးသမိုင်းတွင် မကြုံစဖူးသော အမြင့်သို့ ရောက်ရှိနိုင်သည်။ အခြားသူတို့က ဓားကိုင်နေရာအတွက် အလုအယက်ကြိုးစားနေကြချိန်တွင် သူသည် အမြင့်ဆုံးလှေကားထစ်သို့ ရောက်ရှိနေပြီး ဖြစ်သည်။

သူသည် အမိန့်တော်ဓားကို ကောက်ယူရန်သာ လိုအပ်ပေသည်။

သူက ထိုအမိန့်တော်ဓားကို ကိုင်လိုက်သည့် တခဏတွင်ပင် ပြိုင်ပွဲဝင်အဖြစ်မှ မျက်မြင်သက်သေတစ်ဦးအဖြစ် ပြောင်းလဲသွားပြီး ဖြစ်သည်။

သူသည် အောက်လှေကားထစ်များတွင် အမြန်ပြေးတက်နေကြသည့် လူတို့အတွက် သက်သေတစ်ခုလည်း ဖြစ်သည်။

ဓားနှစ်လက်သာ ကျန်ရှိသည်။ လူနှစ်ဦးသာ ထပ်မံအောင်မြင်နိုင်ခြေ ရှိသည်။

ရွှီချင်း၏ အကျင့်စရိုက်အရ သူသည် အသေးငယ်ဆုံးအငြိုးတေးလေးကိုပင် လက်တုံ့ပြန်တတ်၏။ သူက ကျန်းစစ်ယွင် အောင်မြင်မည်ကို မလိုလားပေ။ သူ နှောင့်ယှက်ခြင်းမပြုနိုင်ဟုလည်း စည်းမျဉ်းများတွင် မရှိပေ။ သူက လွန်လွန်ကဲကဲ ပြုမူခြင်း မဟုတ်လျှင် ဝင်ရောက်စွက်ဖက်၍ ရနိုင်၏။

“အားလုံးပဲ ကျန်းစစ်ယွင်ကို သတိထားကြ။ သူ့မှာ နေရာလဲအတတ်တစ်ခု ရှိနေတယ်။ အဲဒီအတတ်ဟာ သူ ကြည့်မြင်နိုင်ချိန်မှာပဲ အလုပ်ဖြစ်တယ်။ တစေဂူထဲမှာ ဒီလူက ငါ့ကို အဲဒီအတတ်နဲ့ တိုက်ခိုက်ခဲ့သေးတယ်။ အဲဒါဟာ အရမ်းအောက်တန်းကျတဲ့ လုပ်ရပ်မျိုးပဲ။”

ရွှီချင်းက ထိပ်ဆုံးတွင် ရပ်ကာ တည်ငြိမ်စွာ ပြောလိုက်သည်။

သူ့စကားဆုံးသည်နှင့် အားလုံး၏ မျက်နှာအမူအရာတို့ ပြောင်းလဲသွားကြသည်။

ခေါင်းဆောင်သည်လည်း တုံ့ဆိုင်းခြင်း အလျင်းမရှိပေ။ သူ့တကိုယ်လုံး အပြာရောင်တို့ဖြင့် လင်းလက်သွားကာ မှုန်ဝါးသွားပြီး အခြားသူတို့က ရှင်းလင်းစွာ မြင်နိုင်ခြင်းမရှိတော့ပေ။ သူ့အမြန်နှုန်းကလည်း ချက်ချင်း ပေါက်ကွဲထွက်သွားပြီး ပေတစ်သောင်းသို့ မြန်ဆန်စွာ ခုန်တက်လိုက်သည်။ သူသည် ထိုနေရာတွင် ရပ်တန့်ခြင်းမပြုဘဲ ရှေ့သို့ ဆက်ပြေးသွား၏။

သူပစ်မှတ်မှာ ရွှီချင်း၏ ဘယ်ဘက်က ပေတစ်သောင်းအကွာတွင် ရှိသော အမိန့်တော်ဓား ဖြစ်သည်။

ကျန်းစစ်ယွင်၏ မျက်နှာအမူအရာကတော့ ပြောင်းလဲခြင်း မရှိချေ။ တစေဂူထဲက ကြီးမားသော ဆုံးရှုံးမှုသည် သူ့အား တခြားလူများထက် နောက်သို့ ရောက်သွားစေပြီး သူ့ဒဏ်ရာတို့မှာလည်း ပြင်းထန်လှသည်။ ထို့ကြောင့် အမှန်တကယ်လည်း သူက ထိုနည်းစနစ်ကို သုံးရန် ကြံစည်ထားသည်။ သူ့ပစ်မှတ်မှာ ချန်အားညိုနှင့် ချင်းချိုးတို့ နှစ်ဦးထဲက တစ်ဦး ဖြစ်သည်။

သူက ရွှီချင်းနှင့်တော့ ဖလှယ်နိုင်မည်မဟုတ်ပေ။ သူသည် ယင်ဟွမ်ဒေသကြီးတွင် သမိုင်းစံချိန်သစ်တင်နိုင်ခဲ့သူ ဖြစ်သည်။ မဟာအကြီးအကဲကြီးကပင် “ဖြောင့်မတ်တယ်။” ဟု မှတ်ချက်ဆိုထားသည်။ ယခု သူသည် အမိန့်တော်ဓားကို ကိုင်စွဲလျက် ဓားကိုင်တစ်ဦးဖြစ်လာပြီး ဖြစ်ရာ ရွှီချင်းနှင့် နေရာဖလှယ်ခြင်းက အန္တရာယ်များလှသည်။

သို့ရာတွင် ရွှီချင်းက အခြားလူများကို လျင်မြန်လွန်းစွာ သတိပေးခဲ့သည်။ သူက မန္တာန်အတတ်ကိုပင် ပြီးဆုံးအောင် မထုတ်ဖော်ရသေးပေ။ သို့ရာတွင် သူ့စိတ်တွင်တော့ လှုပ်ခတ်ခြင်း အလျင်းမရှိဘဲ မန္တာန်အတတ်ကို ထုတ်ဖော်နေသည်။ သူ့ပစ်မှတ်ကတော့ ချင်းချိုးဖြစ်သည်။

ခေါင်းဆောင် ပြေးနေချိန်အတွင်း လှေကားထစ်များထံက ဖိအားတို့ကို တောင့်ခံရင်း ရှေ့ဆုံးသို့ လျင်မြန်စွာ ရောက်ရှိလာသည်။ သူက အမိန့်တော်ဓားကို ကောက်ယူလိုက်ပြီး ရွှီချင်းအား စိတ်လှုပ်ရှားစွာ ကြည့်လိုက်သည်။

ရွှီချင်းကလည်း ခေါင်းဆောင်ကို ပြန်ကြည့်လိုက်သည်။

နှစ်ဦးသား အချင်းချင်းကြည့်ကာ ပြုံးပြလိုက်ပြီးနောက် ကောင်းကင်ကဓားကိုင်တို့က သူ့အား စကားပြောခြင်းမှ ဟန့်တားခြင်းမရှိသည်ကို ရွှီချင်း သတိပြုလိုက်မိသည်။ ထို့ကြောင့် သူ့ဆက်ပြောလိုက်ပြန်သည်။

“ကျန်းစစ်ယွင် မင်း တ‌စေဂူထဲက ပဥ္စဂံတဲအိမ်ကို လိုချင်တပ်မက်ပြီးတော့ ဖျက်ဆီးဖို့ ကြိုးစားခဲ့တယ်။ ပြီးတော့ မင်း တစေဂူထဲက အရာအားလုံးကို ခရေစေ့တွင်းကျ သိနေသေးတယ်။ မင်းက ကြိုမသိထားဘူး၊ ပြီးတော့ ဒီကို ရည်ရွယ်ချက်နဲ့ တမင်လာခဲ့တာမဟုတ်ဘူးလို့ ပြောရင် ဘယ်သူက ယုံမှာတဲ့လဲ”

“မင်းဟာ အကြံအစည်များလွန်းတယ်။ မင်းရဲ့လုပ်ရပ်နဲ့ အကြံအစည်တွေအားလုံးက သံသယဖြစ်စရာပဲ။”

“ဓားကိုင်ရွှီချင်းက ကျန်းစစ်ယွင်ကို စစ်ဆေးဖို့ ဓားကိုင်ရုံးတော်အကြီးအကဲများအား တောင်းဆိုပါတယ်။”

ကျန်းစစ်ယွင်သည် ခြေလှမ်းခုနစ်ထောင်ကို ဖြတ်ကျော်ခဲ့ပြီး ခြေလှမ်းကိုးထောင်နီးပါးသို့ ရောက်ရှိနေသည့် ချင်းချိုးကိုပတ်မှတ်ထားကာ မန္တာန်အတတ်ကို ထုတ်ဖော်နေသည်။ ရွှီချင်း၏ စကားတို့အား ကြားလိုက်ရချိန်တွင်တော့ သူ့စိတ်တို့ လှုပ်ခတ်သွားရ၏။

သူသည် လီကျစ်လျန့်၏ စိတ်အတွေးမျိုးစေ့အတတ်အား ဂရုမစိုက်ခြင်းမှာ ၎င်းသည် အခြေအမြစ်မရှိသောကြောင့် ဖြစ်သည်။ ထိုသို့သော အတတ်အား သူက စိတ်ဓာတ်ခိုင်မာမှုဖြင့် ခုခံနိုင်သည်။

သို့ရာတွင် ရွှီချင်း၏ စကားတို့က သူ့လျို့ဝှက်ချက်အမှန်ကို ဖော်ထုတ်လိုက်ရုံသာမက သူက အကြီးအကဲများကိုလည်း စစ်ဆေးရန် တောင်းဆိုလိုက်သေးသည်။ ထိုကိစ္စသည် စိတ်အတွေးမျိုးစေ့မျှသာ မဟုတ်တော့ပေ။ သူ့အား တိုက်ရိုက် အကွက်ချလုပ်ကြံခြင်း ဖြစ်သည်။

“ပေါက်ကရတွေ…”

ထိုကိစ္စကို အလွယ်တကူဖြေရှင်း၍ ရနိုင်မည် မဟုတ်ကြောင်း ကျန်းစစ်ယွင် သိနေပြီး ယခုအချိန်တွင် သူ ဖြေရှင်းရန် သင့်တော်ခြင်းလည်း မရှိသေးပေ။ သို့ရာတွင် သူငြိမ်နေ၍လည်း မရပေ။ ထို့ကြောင့် သူက တည်ငြိမ်ဟန်ဆောင်လိုက်ပြီး မန္တာန်အတတ်ကို ဆက်၍ ထုတ်ဖော်နေလိုက်သည်။ သို့ရာတွင် သူ့စိတ်ထဲက မတည်မငြိမ်မှုများသည် မန္တာန်အတတ်ကို သက်ရောက်မှုအချို့တော့ ဖြစ်သွားသည်။

သူက နေရာဖလှယ်ခြင်းအတတ်ကို ဖွင့်သုံးလိုက်သည်နှင့် ချင်းချိုး၏ မျက်လုံးတို့အရောင်လက်သွားကာ သူမက မြန်ဆန်စွာ နောက်ဆုတ်လိုက်သည်။

ထိုနေရာတွင် အပေါ်သို့တက်ခြင်းအတွက် ဖိအားတို့ ရှိနေသဖြင့် သူမအရှိန်ကတော့ မြန်လှခြင်းမရှိပေ။ သို့ရာတွင် ထိုအရှိန်အဟုန်ကို အားယူက နောက်ဆုတ်ရန်ကတော့ လွယ်ကူလှသည်။ သူမသည် မှော်စွမ်းအားတို့ဖြည့်ကာ အရှိန်အပြည့်ဖြင့် ထုတ်လွှတ်လိုက်သည့် မြှားတစ်စင်းအလားပင်။ သို့ဖြင့် ချင်းချိုး၏ခန္ဓာကိုယ်မှာ နောက်သို့ လှေကားထစ်သုံးထောင်ကျော်ခန့်အထိ ချက်ချင်း ပြန်ကျသွားသည်။

All Chapters