← Chapters

လုကျန်းနှင့်လုကန်း.....

Vol. 29 Ch. 393

လုကျန်းနှင့်လုကန်း.....

Vol. 29 Ch. 393

လီလော့ နောက်ဆုံးအပိုင်းသို့ လှန်လိုက်သောအခါ သူ့အား စိုက်ကြည့်နေသော မျက်နှာနှစ်ခုနှင့် သူမျှော်လင့်ထားသည်ထက်ပိုသော အချက်အလက်များစွာကို တွေ့ရတော့ အံ့အားသင့်သွားခဲ့သည်။

"လုကျန်း ကြယ်တစ်ပွင့်ခန်းမ ကိုယ်စားလှယ်၊ အဆင့်ရှစ်အဆင့်မြင့် အဋ္ဌမတန်း နေနဂါး ပဲ့တင်ထပ်သံ....ပုံသဏ္ဍာန်ပြောင်းလဲခြင်း ပထမအဆင့်.... ခြိမ်းခြောက်မှုအဆင့်- ကြယ် ၅ ပွင့်...."

"လုကန်း.... ကြယ်တစ်ပွင့်ခန်းမ ကိုယ်စားလှယ်...အဆင့်ရှစ်အဆင့်မြင့် လနဂါး ပဲ့တင်ထပ်သံ... လုကျန်း၏ အမြွှာညီ...."

"ဒီညီအကိုနှစ်ယောက်ရဲ့ ပဲ့တင်ထပ်သံတွေက သဘာဝအတိုင်း ဆက်နွယ်နေပြီး သူတို့ရဲ့ ပေါင်းစပ်စွမ်းအားက အင်မတန်အားကောင်းလိမ့်မယ်.. ညီအစ်ကိုနှစ်ယောက်ပေါင်းလိုက်ရင် ပုံသဏ္ဍာန်ပြောင်းလဲခြင်း တတိယအဆင့်ပြိုင်ဘက်ကိုတောင် အနိုင်ယူခဲ့တယ်..... ခြိမ်းခြောက်မှုအဆင့်- ကြယ် ၅ ပွင့်....."

လီလော့ အချက်အလက်များကို နောက်တစ်ကြိမ် ထပ်ဖတ်လိုက်သည်။ သူဘာလုပ်ရမယ်ဆိုတာ သေချာမသိသေးပေ။

ဒီကမ္ဘာကြီးဟာ တကယ့်ကို ထူးဆန်းမှုတွေနဲ့ ပြည့်နှက်နေပြ သူ့မှာ ပဲ့တင်ထပ်သံ နှစ်ခုရှိနိုင်ပေမယ့် လုကျန်းနှင့်လုကန်းတို့မှာလည်း တစ်ခုကိုတစ်ခုအပြန်အလှန်ထောက်ပံ့ပေးနေသည့်ပဲ့တင်ထပ်သံနှစ်ခုရှိနေသည်။

သို့ပေမယ့် ဒီတစ်ခါတော့ ကြယ်တစ်ပွင့်ခန်းမက ကိုယ်စားလှယ်တစ်ယောက်သာစေလွှတ်မည်ဖြစ်သည့်အတွက် သူတို့ထဲက တစ်ယောက်ကပဲ ပြိုင်ပွဲဝင်နိုင်လိမ့်မည်။ ယင်းကြောင့် ခြိမ်းခြောက်မှု အနည်းငယ် လျော့နည်းသွားလိမ့်မည်။

ပိုင်မျန်မျန်ယူလာပေးသောရေနွေးကိုခပ်ဖြည်းဖြည်းသောက်သုံးရင်း လီလော့ တွေးတောနေလေ၏....

လုကျန်းနှင့်လုကန်း အမြွှာညီအစ်ကိုနှစ်ယောက်သည် ရုပ်ချင်းခွဲမရအောင်တူသည့်အပြင် တစ်ယောက်က အဖြူ၊ နောက်တစ်ယောက်က အနက်ရောင်ဝတ်ရုံကို ၀တ်ဆင်ထားကြသည်။ တစ်ယောက်က နွေးထွေးတဲ့ အပြုံးတစ်ခုဆင်မြန်းထားပြီး နောက်တစ်ယောက်ကတော့ အေးစက်စက် မျက်နှာအမူအရာနဲ့ အပြုံးမပျက်ရှိနေသောကြောင့် ကိုယ်ရည်ကိုယ်သွေးပိုင်း ဆန့်ကျင်ဘက်ဖြစ်မည်မှာမလွဲဧကန်ပင်.....

တကယ်မလွယ်သော ပြိုင်ဘက်များဖြစ်ကြလိမ့်မည်။

"အခြားလိပ်တွေကို တကယ်လျှော့တွက်လို့မရပါဘူးပဲ....ဝင်ခွင့်ပြိုင်ပွဲအတွက်တောင် ပြိုင်ဘက်တွေကအတော်ပြင်းထန်နေပြီ....."

အပြာရောင်ချောက်နက်ကောလိပ်မှ ကိုယ်စားလှယ်များသည် ရက်အနည်းငယ်အတွင်း ရောက်ရှိလာမည်ဖြစ်သည်။ထို့ကြောင့် ရှပြည်ထောင်စုအတွင်းရှိ အင်အားစုများစွာသည် ထိုပြိုင်ပွဲအပေါ် အာရုံစိုက်နေကြပြီး ရှမြို့တော်တစ်ခွင်လုံးတွင် လောင်းကစားဝိုင်းများပါဖွင့်လှစ်ပေးထားသေးသည်။

ဤပြိုင်ပွဲသည် ရှန့်ပိန်းတွေ့ဆုံပွဲအတွက် အကြိုအဆင့်သာရှိသော်လည်း ရှပြည်ထောင်စု၏ နှလုံးသည်းပွတ်နှင့်တူသော ကြယ်တာယာခရီးရှည်ကောလိပ်အတွက် ရှပြည်ထောင်စုသားများက အထူးပံ့ပိုးပေးကြမည်သာ.....အကယ်၍အပြာရောင်ချောက်နက်ကိုသာရှုံးနိမ့်သွားပါက ခေါင်းဖော်ဝံ့မည်မဟုတ်တော့ပေ။

လီလော့ ရေနွေးခွက်ကို ချလိုက်ပြီး ဖန်ချန်ယွမ်ပေးအပ်ခဲ့သောတာဝန်များကို တွေးတောနေပြန်သည်။ ဝင်ခွင့်ပြိုင်ပွဲကိုတောင်မနိုင်ဘဲ ရှန့်ပိန်းတွေ့ဆုံပွဲအကြောင်းစဉ်းစားနေလို့မရပေ။

သို့တိုင် ကြယ်တစ်ပွင့်ခန်းမအတွက် လီလော့အနိုင်ယူပေးနိုင်သည့်တိုင် ကျန်သည့်ပွဲစဉ် ​ခြောက်ပွဲအတွက် အာမခံချက်မရှိသေးပေ။

လီလော့ စာရွက်တွေကို စားပွဲပေါ်ပြန်တင်လိုက်ပြီး မျက်လုံးကိုမှိတ်ထားလိုက်သည်။ လေးလေးနက်နက် အစီအစဥ်ချဖို့ အချိန်တန်ပြီ။

................................

နောက်တစ်နေ့တွင် လေ့ကျင့်ရေးကွင်းတစ်ခုသို့သွားရန် လီလော့အကြောင်းကြားခဲ့သည်။

သူရောက်သောအခါ ကြယ်တစ်ပွင့်ခန်းမမှ ကျောင်းသားများနှင့် အတူ ဒုကျောင်းအုပ် စုရှင်းကိုပါ တွေ့လိုက်ရသည်။

ပြီးတော့ ချင်ဇူလု.........

ဒီနေ့က သူနဲ့ ချင်ဇူလုကြားမှာ ကြယ်တစ်ပွင့်ခန်းမအတွက် ကိုယ်စားလှယ်ရွေးချယ်မည့်နေ့ပင်......

ဒုကျောင်းအုပ်စုရှင်းသည် အခြားသော ခရမ်းအဆင့်နည်းပြများနှင့် တွေ့ဆုံပြီးနောက် ကောင်လေးနှစ်ယောက်ကို နွေးထွေးစွာ ကြည့်လိုက်ပြီး....

"မင်းတို့နှစ်ယောက်စလုံးက ပထမနှစ်ကျောင်းသားတွေထဲမှာ အထူးချွန်ဆုံးသောသူနှစ်ယောက်ပါ.... နက်ဖြန်ဆို အပြာရောင်ချောက်နက်ကောလိပ်က အဖွဲ့တွေ ငါတို့ဆီရောက်လာတော့မယ် တစ်ရက်အနားယူပြီးရင် ရှန့်ပိန်းတွေ့ဆုံပွဲအတွက်ဝင်ခွင့်ပြိုင်ပွဲကိုတရားဝင်စတင်လိမ့်မယ်....."

"ရှန့်ပိန်းတွေ့ဆုံပွဲက ငါတို့ကောတို့ကောလိပ်အတွက် ဘယ်လောက်အရေးကြီးသလဲဆိုတာ မင်းတို့နှစ်ယောက်လုံး သိပြီးသားဖြစ်မှာပါ.....ရှုံးလို့မဖြစ်ဘူး....."

"ကြယ်တစ်ပွင့်ခန်းမအတွက် တိုက်ပွဲတစ်ခုပဲရှိပေမယ့် ဒါဟာ အရေးကြီးတဲ့ တိုက်ပွဲတစ်ခုပါပဲ.... ဘယ်သူက အကောင်းဆုံးဖြစ်မလဲဆိုတာ ငါတို့ သိပ်သိချင်နေပြီ ...."

လီလော့နှင့်ချင်ဇူလုတို့နှစ်ယောက်လုံး ခေါင်းညိတ်လိုက်ကြသည်။ သူတို့သည် ကြယ်တာယာခရီးရှည်ကောလိပ်၏ကျောင်းသားများဖြစ်သည့်အတွက် ကျောင်း၏ဂုဏ်သတင်းနှင့် အောင်ပွဲဂုဏ်ကို လက်ကိုင်ထားရန်မှာလည်း ၎င်းတို့၏တာဝန်တစ်စိတ်တစ်ပိုင်းဖြစ်သည်။

"ရွေးချယ်မှုနည်းလမ်းက ရိုးရိုးရှင်းရှင်းပါပဲ..... အနိုင်ရသူကို ရွေးချယ်မယ်.... ဒါက ကြယ်တစ်ပွင့်ခန်းမရဲ့ ခရမ်းအဆင့်နည်းပြ တေေတွေ သဘောတူထားတဲ့ အတိုင်းပါပဲ...."

စုရှင်း ပြောသမျှကိုနားထောင်ပြီးသည်နှင့်နှစ်ယောက်သား ခေါင်းညိတ်ပြပြီး ကွင်းထဲသို့ ဝင်သွားကြသည်။

ချင်ဇူလုသည် ယခုချိန်တွင် စိတ်လှုပ်ရှားမှုကြောင့် ငိုလုနီးပါးဖြစ်နေသည်။

"လီလော့၊ ငါဒီနေ့ကိုစောင့်နေတာကြာပြီ"

လီလော့က သူ့ကို ပြန်ပြုံးပြသည်။

"မင်း ငါ့ကို အချိန်အကြာကြီးစောင့်ခဲ့ရတယ်....အခုတော့ မင်းအလိုရှိတဲ့ အချိန်ကိုရောက်လာပြီ......"

ယခင်က သူသည် ချင်ဇူလုထက် အချိန်အတော်ကြာ အားနည်းနေခဲ့သည်။ အကယ်၍ သူတို့သာ ထိပ်တိုက်ရင်ဆိုင်ခဲ့လျှင် လီလော့အတွက် အနိုင်ရရန် အခွင့်အလမ်းမရှိနိုင်မည်မဟုတ်ပေ။

ချင်ဇူလု ခေါင်းယမ်းလိုက်သည်။

"အနိုင်ရဖို့ ငါ ဂရုမစိုက်ဘူး....ထိုက်တန်တဲ့ ပြိုင်ဘက်မျိုးနဲ့တိုက်ခိုက်ချင်တာ...."

"ဟိုတုန်းက ငါမင်းရဲ့ဆန္ဒကိုမဖြည့်ဆည်းပေးနိုင်ခဲ့ဘူး....."

"ဒါပေမယ့် မင်းဒီနေ့လုပ်နိုင်တယ်!"

သူတို့နှစ်ယောက်လုံး အတူတူအလုပ်လုပ်ခဲ့သမျှ ကာလတစ်လျှောက်လုံးမှာ တစ်ဖက်သားရဲ့ ခွန်အားကို အတိုင်းအတာတစ်ခုထိ သိရှိပြီးသားဖြစ်သည်။ တကယ်တော့ သူကိုယ်တိုင်က အနိုင်ရဖို့ အခွင့်အလမ်း တော်တော်နည်းတယ်ဆိုတာ သိပေမယ့်လည်း လီလော့နှင့် အထိန်းအချုပ်မရှိသော တိုက်ပွဲကို တိုက်ချင်နေခဲ့သည်။

လီလော့သည် အိတ်ဆောင်စက်လုံးထဲမှ ဓားတိုများကို ဆွဲထုတ်လိုက်သည်။

"လာ.....ဒီ​နေ့ မင်း​ကျေနပ်​​တဲ့အထိတိုက်ခိုက်ကြမယ်....."

ချင်ဇူလုက ပီပီပြင်ပြင် ပြုံးလိုက်ပြီး ပဲ့တင်ထပ်သံစွမ်းအားများထုတ်ဖော်လိုက်သည့်အခါ ခန္ဓာကိုယ်ပေါ်တွင်ရွှေကျားအစင်းကြောင်းတွေ ပေါ်လာကာမျက်လုံးများ နီရဲလာသည်။

ဝေါင်းးးးးးးး

ပြင်းထန်သော ပဲ့တင်ထပ်သံ စွမ်းအားနှစ်ခုသည် တစ်ခုနှင့်တစ်ခု တိုက်မိသွားလေတော့သည်။

တစ်နာရီလောက်ကြာတော့.....လေ့ကျင့်ရေးခန်းမ တံခါး ပွင့်လာပြန်သည်။

ကျောင်းသားများ အပြင်မှာ စုရုံးပြီး ရလဒ်ကိုမျက်မြင်ကိုယ်တွေ့သိရဖို့စောင့်ဆိုင်းနေကြသည်။

ထိုအချိန်တွင် လီလော့တို့ပြန်ထွက်လာခဲ့သည်။အရင်ဆုံးထွက်လာသူမှာ ငွေဖြူရောင် ဆံနွယ်ရှင်လီလော့ဖြစ်ပြီး အေးဆေးတည်ငြိမ်နေပုံရသည်။

လီလော့၏နောက်တွင် ချင်ဇူလုသည် ဒဏ်ရာများစွာရထားသော်လည်း ကျေနပ်အားရနေပုံရသည်။

ကျောင်းသားအားလုံးရှေ့မှာ ချင်ဇူလုက သစ်သားဖြင့်ပြုလုပ်ထားသော အစိမ်းရောင်လက်စွပ်တစ်ကွင်းကို ဆွဲထုတ်လိုက်သည်။ ထိုလက်စွပ်ပေါ်တွင် ကြယ်တာယာခရီးရှည်ကောလိပ်၏ သင်္ကေတကိုထွင်းထုထားသည်။

လက်စွပ်ကိုမြင်တော့ ကျောင်းသားတွေ ဝိုင်းအော်ကြလေ၏။ ဤသည်မှာ ကိုယ်စားလှယ်တစ်ဦး၏ အမှတ်အသားဖြစ်ပြီး ကျန်းချင်းအာနှင့် ဇူရွှမ်းတို့လို ကိုယ်စားလှယ်အဖြစ်အရွေးခံရသူများသာပိုင်ဆိုင်သောအရာဖြစ်သည်။

ချင်ဇူလုက လက်စွပ်ကို လီလော့ထံသို့ လေးနက်စွာ ပေးအပ်လိုက်သည့်အခါလီလော့က ၎င်းကိုယူ၍ လက်ညှိုးပေါ်တွင် ဝတ်ပြီးနောက် အားလုံးမြင်နိုင်ရန် သူ့လက်ကို မြှောက်လိုက်သည်။

တောက်ပသော နေရောင်အောက်တွင် စိမ်းစိုနေသော လက်စွပ်က တောက်ပစွာလင်းလက်နေသည်။

တခဏတာ အံ့ဩခြင်းတွေ ခေတ္တရပ်ပြီး ရယ်မောသံတွေက ထွက်ပေါ်လာလေ၏။

ထို့ကြောင့် ဝင်ခွင့်ပြိုင်ပွဲအတွက် နောက်ဆုံး ကိုယ်စားလှယ်ကို ဆုံးဖြတ်ပြီးဖြစ်သည်။

ကြယ်တစ်ပွင့်ခန်းမ ကိုယ်စားလှယ်.... လီလော့......

All Chapters