← Chapters

ကျောက်ဟွေရင်း....

Vol. 29 Ch. 394

ကျောက်ဟွေရင်း....

Vol. 29 Ch. 394

နောက်တစ်နေ့တွင် ကြယ်တာယာခရီးရှည်ကောလိပ် သည် တက်ကြွသော ခံစားချက်ဖြင့် သက်ဝင်စည်ကားနေ၏။

ယနေ့သည် အပြာရောင်ချောက်နက်ကောလိပ်နှင့်ဝင်ခွင့်ပြိုင်ပွဲဆင်နွှဲရမည့်နေ့ဆိုလည်းဟုတ်ပေသည်။

ကောလိပ်ဘက်က သင့်လျော်သော ကြိုဆိုမှုတစ်ခုကို စီစဉ်ပေးခဲ့ပြီး ရှမြို့တော်၏ အထက်တန်းအင်အားစုများပင် ပေါ်ထွက်လာခဲ့သည်။ ကျောင်းသားတွေအားလုံးကလည်း လှည့်ထွက်ခဲ့ကြပါတယ် - တခြားကောလိပ်တွေကို မြင်ဖို့ဆိုတာ ရှားရှားပါးပါး အခွင့်အရေးတစ်ခုဖြစ်သည့်အတွက် စိတ်ဝင်တစားစောင့်ဆိုင်းနေကြ၏။

လီလော့ကတော့ အခြားသူတွေနဲ့မတူဘဲ ပြိုင်ဘက်များ၏အချက်အလက်များကိုသ်ိရှ်ထားပြီးဖြစ်သောကြောင့် လေ့ကျင့်ဖို့ကိုသာအာရုံစိုက်ထားခဲ့သည်။

လီလော့သည် ရေကန်အလယ်တွင် ရပ်နေကာ သူ၏ အပြာနုရောင် ရေစွမ်းအားများကိုအာရုံစူးစိုက်နေပြီး မျက်လုံးများ မှိတ်ထားသည်။တခဏအကြာတွင် နှလုံးခုန်စည်းချက်အတိုင်း ခေါင်းမှ ခြေဖျားအထိ ရေစွမ်းအားချပ်ဝတ်တစ်စုံဖြစ်ပေါ်လာလေ၏။

သူ့ရှေ့မှာ ချီချန်းက လက်နှစ်ဖက်နောက်ပစ်ပြီး မတ်တပ်ရပ်နေကာ လေသံခပ်တိုးတိုးဖြင့် ညွှန်ကြားပေးနေသည်။

"မင်းရဲ့ ပဲ့တင်ထပ်သံနှစ်ခုနဲ့ သိမ်းငှက်မျက်လုံးလေးကြောင့် မင်းရဲ့ထိုးစစ်စွမ်းရည်ကို ထူးချွန်တယ်လို့ ယူဆလို့ရတယ်.... ဒါပေမယ့် မင်းမှာ ခံစစ်စွမ်းရည် ကင်းမဲ့နေတယ်။ ဒီကျားအဆင့် -ရေစေးချပ်ဝတ်ကို ရွေးချယ်ဖို့ အကြံပြုချင်တယ်......"

"ဒီပညာရပ်က မင်းရဲ့ရေစွမ်းအားကို ရေစေးပညာရပ်နဲ့ ပူးပေါင်းပြီး ခိုင်ခံ့တဲ့ ရေချပ်ဝတ်တစ်ခုကို မင်းရဲ့ခန္ဓာကိုယ်ပေါ်မှာ ဖြစ်ပေါ်စေလိမ့်မယ်....ဒီချပ်ဝတ်ကသေစေနိုင်တဲ့ အံ့အားသင့်ဖွယ်ရာ တိုက်ခိုက်မှုတွေကနေ အတိုင်းအတာတစ်ခုထိ ကာကွယ်ပေးနိုင်တယ်......"

သူမ၏လမ်းညွှန်မှုများကိုနားထောင်ရင်း ရေစွမ်းအာစများသည် သူ့အရေပြားအနှံ့ စီးဆင်းနေသော ပါးလွှာပြီး နက်မှောင်သော ချပ်ဝတ်တန်ဆာတစ်ခုအဖြစ် စတင်ဖြး်ပေါ်လာသည်။

ချီချန်းသည် လီလော့ခက်ခက်ခဲခဲကြိုးစားဖန်တီးထားသော ရေချပ်ဝတ်ကို စွမ်းအားထည့်သွင်းထားသော လက်ညှိုးဖြင့် ထိုးလိုက်သည်။ သူမ၏လက်ညှိုးတွင် စွမ်းအားများများစားစားမပါဝင်သော်လည်း လီလော့၏ရေချပ်ဝတ်ကိုဆိုးဆိုးဝါးဝါးပျက်စီးသွားစေခဲ့သည်။

“မင်းရဲ့ ရေစေးချပ်ဝတ်က လုံလောက်အောင်မခိုင်မာသေးဘူး.... ထပ်ကြိုးစားပါ....."

ထိုမှတ်ချက်ကြောင့် လီလော့ စိတ်မပျက်သွားဘဲ တိတ်တဆိတ် ထပ်မံကြိုးစားလိုက်ပြန်သည်။

"တကယ်လို့ မင်းရဲ့ရေစေးချပ်ဝတ်ကို လုံလောက်အောင် မဖွဲ့စည်းနိုင်ရင် စွမ်းအားဖြုန်းတီးနေသလိုဖြစ်နေလိမ့်မယ်....."

သူမသည် လီလော့၏ ချပ်ဝတ်ကို အထပ်ထပ်အခါခါ ဖျက်ဆီးပစ်နေ၏။

"ရေစေးချပ်ဝတ်ကို သုံးလွှာထိဖန်တီးနိုင်မှဖြစ်မယ်.... ...."

"မင်းရဲ့ ရေစေးချပ်ဝတ်က အရမ်းထူနေတယ်.... ဆင်သားရေဖြစ်အောင် ကြိုးစားနေတာလား....."

စသည်ဖြင့် မှတ်ချက်မျိုးစုံကြားနေရ၏။

အချိန်တွေကြာလာသည်နှင့်အမျှ နေဝင်စပြုလာပြီး လီလော့လည်း တဖြည်းဖြည်း ပိုပင်ပန်းလာသည်။

"ဆရာ....ကျွန်တော့်မှာ စွမ်းအားတွေ မရှိတော့ဘူး" ဟု လီလော့က ညည်းတွားသည်။

ချီချန်းရယ်မောလိုက်ပြီး.....

"မင်းအခုထိ ရေစေးချပ်ဝတ်ပညာရပ်ကိုမကျွမ်းကျင်သေးဘူး....ဝင်ခွင့်ပြိုင်ပွဲကလည်း မကြာခင် စတင်တော့မယ်.....အချိန်ရသ၍

ကြိုးစားလေ့ကျင့်ထားပါ....ဒီပညာရပ်ကိုသာ ကျွမ်းကျင်သွားရင် တိုက်ခိုက်ရေးစွမ်းရည်ကို အများကြီး ဖြည့်ပေးလိမ့်မယ်....."

လီလော့ ခေါင်းညိတ်လိုက်သည်။

"လမ်းညွှန်မှုအတွက် ကျေးဇူးတင်ပါတယ်...."

“မင်းရဲ့ နည်းပြတစ်ယောက်အနေနဲ့ ဒါ ငါ့တာဝန်ပဲ....ဝင်ခွင့်ပြိုင်ပွဲမှာ မင်းအနိုင်ရနိုင်ရင် ငါလည်း နာမည်ကောင်းရတာပေါ့....."

သူမသည် ရေပြင်ကိုဖြတ်၍ အဝေးသို့ လျင်မြန်စွာ ထွက်ခွာသွားခဲ့သည်။ လီလော့ကလည်း လေးလံသော ခြေလှမ်းများဖြင့် အဆောင်ပြန်ဖို့ ကျောက်တံတားတစ်ခုကိုဖြတ်ကျော်နေ၏။

တစ်နေကုန် အပြာရောင်ချောက်နက်ကောလိပ်မှ ကျောင်းသားများအကြောင်းကို မားမဆန့်အောင်ကြားနေရသော်လည်း ညနေစောင်းချိန်တွင် အသံတိတ်ကုန်ကြပြီဖြစ်သည်။

လီလော့ကတော့ အရာအားလုံးကို လျစ်လျူရှုထားပြီး ရေစေးချပ်ဝတ်ပညာရပ်အကြောင်းကိုသာ တွေးတောနေခဲ့သည်။

ဆန့်ကျင်ဘက်အရပ်မှလာသော တစ်စုံတစ်ယောက်နှင့် တိုက်မိသည်ကိုပင် သတိမပြုမိခဲ့ပေ။

သို့သော်လည်း အလိုလို တုံ့ပြန်မှုကြောင့် ရင်ခွင်ထဲလဲပြိုလာသူကို ပွေ့ဖက်ထားလိုက်မိသည်။

မွေးပျံ့သောကိုယ်သင်းရနံ့ကြောင့်သာ မိန်းကလေးတစ်ဉီးဖြစ်နေမှန်းသတိပြုမိလိုက်သည်။

သူမသည် သူ့ရင်ခွင်ထဲသို့ တိုးဝင်ကာ ဟန်ချက်ညီစေရန် သူ့ရင်ဘတ်ကို ဆုပ်ကိုင်ထားသောကြောင့် လီလော့ နောက်ထပ် မရွေ့ဝံ့တော့ဘဲ ဖော်ရွေသော အပြုံးဖြင့်....

"သူငယ်ချင်း၊ မင်းအဆင်ပြေရဲ့လား"

သူ့ရင်ခွင်ထဲက ကောင်မလေးက သူ့ကို မော့ကြည့်ပြီး ပြုံးပြနေ၏။

ကျန်းချင်းအာ၏အလှနှင့် နှိုင်းယှဉ်နိုင်လောက်အောင် လှပသူတစ်ဉီးကိုမြင်လိုက်ရသည့်အတွက် လီလော့တစ်ယောက် လျှပ်စီးနှင့်အတို့ခံလိုက်ရသလိုခံစားလိုက်ရသည်။

သူမသည် အပြာရောင်ချောက်နက်ကောလိပ်၏ကြယ်သုံးပွင့်ခန်းမကိုယ်စားလှယ် ကျောက်ဟွေရင်းဖြစ်နေသည်။

ဒါဟာ သူတို့နှစ်ယောက်ရဲ့ ပထမဆုံး ဆုံတွေ့မှုဖြစ်သည်။

သူတို့ပတ်ဝန်းကျင်မှာ သွားလာနေသူများကလည်း အရှိန်လျှော့လိုက်ပြီး စပ်စုလိုစိတ်ဖြင့်စူးစမ်းနေကြသည်။

တော်တော်များများက ချောမောလှပသည်အကျောက်ဟွေ့ရင်းကို အသိအမှတ်ပြုကြပါသည်။ တကယ်တော့ သူမဟာ အပြာရောင်ချောက်နက်ကောလိပ် အဖွဲ့ထဲက အားအနည်းဆုံးအဖွဲ့ဝင်အဖြစ်သတ်မှတ်ခံထားရသည်။ဒါဟာ သူမရဲ့ အရည်အချင်းနဲ့ ဘာမှမဆိုင်ဘဲ ကလေးဆန်သော သူမ၏ရုပ်ရည်ကြောင့်သာပင်..... ကြယ်တာယာခရီးရှည်ကောလိပ်မှ အမျိုးသား ကျောင်းသားများက လီလော့ကို မနာလိုစွာ ကြည့်နေကြသည်။

ကျောက်ဟွေရင်းက အခုမှ သတိပြန်ဝင်လာဟန်ဖြင့် ရှက်ကိုးရှက်ကန်း အမြန်ထရပ်လိုက်ပြီး.....

"တောင်းပန်ပါတယ် ရှုခင်းတွေငေးနေတာနဲ့မမြင်လိုက်မိဘူး....."

လီလော့က သူ့လက်ကို အမြန်ပြန်ရုတ်လိုက်ပြီး သူမကို ဖော်ရွေစွာ ခေါင်းညိတ်ပြလိုက်သည်။

"စီနီယာကျောက်က ဖော်ရွေသားပဲ..."

"ရှင်...ကျွန်မကိုသိနေတယ်ပေါ့...."

"စီနီယာကျောက်ရဲ့အချက်အလက်တွေကို ကျွန်တော်ဖတ်ပြီးပြီ.... စီနီယာကျောက်လိုလှပသူတစ်ယောက်ကို လွယ်လွယ် မေ့ပစ်ဖိုခက်တယ်လေ.....စီနီယာလည်း ကျွန်တော်တို့ရဲ့အချက်အလက်တွေကိုဖတ်ပြီးပြီဆို ကြယ်တစ်ပွင့်ခန်းမရဲ့ကိုယ်စားလှယ်ကို သိပြီးလောက်မှာပါ....."

ကျောက်ဟွေရင်းက သူ့ကို အနီးကပ်ကြည့်သည်။

"ဒါဆို ရှင်ကကြယ်တာယာခရီးရှည်ကောလိပ်ရဲ့ကြယ်တစ်ပွင့်ခန်းမ ကိုယ်စားလှယ် လီလော့ပေါ့......"

သူ ခေါင်းညိတ်ပြပြီးနောက် သူတို့သည် အနည်းငယ် နီးကပ်စွာ ရပ်နေမှန်း သတိ​ပြုမိလိုက်သည်။ ထို့ကြောင့် မသိမသာ ခြေတစ်လှမ်း နောက်ဆုတ်လိုက်သည်။

ကျောက်ဟွေရင်းက ရှေ့တစ်လှမ်းတိုးလာပြီး သူ့လက်မောင်းကို ဆုပ်ကိုင်လိုက်ကာ....

"ခြေထောက်ခေါက်သွားပြီထင်တယ်..... တောင်းပန်ပါတယ် မင်းကို မှီလို့ရမလား....."

သူတို့ပတ်ဝန်းကျင်မှာ မနာလိုတဲ့အကြည့်တွေပိုများလာသည်။

ဒီကောင် ကံကောင်းလိုက်တာ....ကျောက်ဟွေရင်းနဲ့တိုက်မိတာ ဘာလို့ငါတို့မဟုတ်ရတာလဲ......

လီလော့ သူမကို ခဏလောက် စိုက်ကြည့်ရင်း တစ်ခုခုလွဲမှားနေသလို ခံစားလိုက်ရသည်။ မကြာခင်မှာပဲ သူ့ပတ်ဝန်းကျင်က အပူချိန်ဟာ အရှိန်အဟုန်နဲ့ ကျဆင်းနေတာကိုပါခံစားလိုက်ရသည်။

ထို့ကြောင့် ပတ်ဝန်းကျင်ကိုလှည့်ကြည့်လိုက်တော့ ကျန်းချင်းအာ သူ့ရှေ့မှာ ရပ်နေတာကို တွေ့လိုက်ရလေ၏။

All Chapters