စိတ်ဓာတ်စစ်ဆင်ရေး....
Vol. 29 Ch. 395
လီလော့ ကျန်းချင်းအာကိုတွေ့လိုက်သည့်အတွက် အနည်းငယ် ရင်ခုန်နေမိသည်။
ဒီလိုတိုက်ဆိုင်မှုမျိုး တကယ်ဖြစ်နိုင်ပါ့မလား.......
သူမသည် ကျောက်ဟွေရင်းနှင့်သူ့ကို အေးအေးဆေးဆေး ကြည့်နေပြီး မျက်ဝန်းထဲတွင် စိတ်ပျက်ခြင်းနှင့်လှောင်ရယ်လိုစိတ်တို့ကိန်းဝပ်နေ၏။
ကျန်းချင်းအာက လီလော့တို့ဆီမလာဘဲ ခပ်လှမ်းလှမ်းမှာသာရပ်နေသည်။
လီလော့ သူမကို လက်ဝှေ့ယမ်းပြတော့မည်ဖြစ်သော်လည်း ကျောက်ဟွေရင်းက သူ့လက်ကိုအတင်းဆွဲထားသည့်အတွက် နှစ်ယောက်သား ပွေ့ဖက်ထားသည့်ပုံပေါက်နေသည်။
ထိုမြင်ကွင်းကြောင့် ကျန်းချင်းအာ လှည့်ထွက်သွားသည်။
လီလော့က မျက်မှောင်ကြုတ်လိုက်ပြီး ကျားမကွဲပြားမှုကို ဂရုမစိုက်တော့ဘဲ ကျောက်ဟွေရင်းကို ကြမ်းကြမ်းတမ်းတမ်း တွန်းထုတ်လိုက်လေတော့သည်။ အားကောင်းပြီး ခိုင်ခံ့သော တွန်းအားတစ်ခု ဖြစ်သော်လည်း သူမကို ညင်သာစွာ ပွတ်သပ်နေသကဲ့သို့ တစ်လက်မမျှ နေရာမရွေ့ခဲ့ပေ။
လီလော့ သူမကို တွန်းထုတ်လို့မရသည့်အတွက် နောက်သို့ ခြေလှမ်းနှစ်လှမ်းဆုန်လိုက်ပြီး သူမ၏ ကျက်သရေရှိသော မျက်နှာကို စေ့စေ့ကြည့်နေလိုက်သည်။
"ဂျူနီယာ လီလော့.... ကြယ်တာယာခရီးရှည်ကောလိပ်ရဲ့ ဧည့်ဝတ်ကျေပွန်မှုဆိုတာ ဒါမျိုးလား.....ဒီအပြုမူမျိုးက သိပ်ပြီး ယဉ်ကျေးသိမ်မွေ့တာ မဟုတ်ဘူး မင်းက လူဆိုးလေးပဲ...."
"စီနီယာကျောက်...ခင်ဗျား ဘာဖြစ်ချင်နေတာလဲ....."
ကျောက်ဟွေရင်းက သူမ၏ ဆွဲဆောင်မှုရှိသော မျက်တောင်များကို အပြစ်ကင်းသည့်ကလေးငယ်တစ်ဉီးသဖွယ် ပုတ်ခတ်ပုတ်ခတ်လုပ်နေပြီး.....
"ဘာတွေပြောနေတာလဲ?"
"အခုလိုတိုက်မိတာက ရည်ရွယ်ချက်ရှိရှိလုပ်ခဲ့တာမလား... တကယ်ပဲ အပြာရောင်ချောက်နက်ကောလိပ်ရဲ့ မြေခွေးနတ်သမီးက ကြယ်တာယာခရီးရှည်ကောလိပ်မှာ ပြသာနာရှာချင်နေတာလား... ခင်ဗျားရဲ့ပစ်မှတ်က ကျုပ်မဟုတ်ဘဲ ကျန်းချင်းအာဖြစ်နေတယ်မလား........ ခင်ဗျားက ကျုပ်နဲ့ ကျန်းချင်းအာ အကြောင်း သိနေပြီမို့ ဒီလှည့်ကွက်မျိုးသုံးပြီး ကျန်းချင်းအာကို စိတ်ဓာတ်စစ်ဆင်ရေး လုပ်ချင်နေတာမလား.....ကျန်းချင်းအာ သိပ်တော်တာကို ခင်ဗျားသိပြီးသားဖြစ်မှာပါ...ဒါကြောင့်မို့ အခုလိုကျုပ်နဲ့ပတ်သတ်ပြီး စိတ်ရှုပ်ထွေးအောင်လုပ်မယ်...ဒါမှဝင်ခွင့်ပြိုင်ပွဲမှာ အေးအေးဆေးဆေး သူ့ကိုအနိုင်ယူနိုင်မယ်..အဲ့လိုတွက်ထားတယ်မဟုတ်လား....ခင်ဗျားက လိမ်မာပါးနပ်သားပဲ....."
" အိုးး ဂျူနီယာလီလော့က ရုပ်ချောရုံတင်မကဘူး ဉာဏ်လည်းသိပ်ကောင်းတာပဲနော်....."
"ကျန်းချင်းအာ သူမနဲ့ ပတ်သက်တဲ့ အချက်အလက်တွေကို အကြိမ်ပေါင်းများစွာ ဖတ်ဖူးပါတယ်....မင်းကလွဲရင် သူ့ရဲ့အားနည်းချက်ကိုရှာမရဘူး...ကြည့်ရတာမင်းတို့ နှစ်ယောက်ကြားက အိမ်ထောင်ရေးဟာ လူအများစု ထင်ထားတာထက် ပိုခိုင်မာနေပုံပဲ.....တကယ်ဆို ငါ့ကိုယ်ကိုငါလည်းမယုံနိုင်ဘူး.....သူဘာလို့ ဆန့်ကျင်ဘက်ယောက်ကျားသားတစ်ယောက်အပေါ်ဘာလို့ ဒီလောက် အလေးထားနေရတာလဲ.... ဒါပေမယ့် အခုမှပဲ သူမရဲ့ တုံ့ပြန်မှုကနေ မင်းတို့နှစ်ယောက်ကြားက ဆက်ဆံရေးကို လျှော့တွက်မိသွားမှန်းနားလည်လိုက်တယ်.....ကောင်းပြီ၊ အနည်းဆုံးတော့ ငါ့ရဲ့ ကစားနည်းကနေ တစ်ခုခု သင်ယူနိုင်ခဲ့တယ်လေ....”
လီလော့သည် ချစ်စရာကောင်းသော ထိုမိန်းကလေးကို ခဏလောက် စိုက်ကြည့်ပြီးနောက် အနည်းငယ် ထူးဆန်းစွာ ရယ်မောလိုက်သည်။
"စီနီယာကျောက်....ခင်ဗျား... ကျန်းချင်းအာ ဒေါသကိုသွားဆွတာ ဉာဏ်ကောင်းတဲ့ ဆုံးဖြတ်ချက်မဟုတ်ဘူးနော်....ကျုပ်ပြောကို မယုံမရှိနဲ့ နက်ဖြန်ကျရင် အခုလိုလုပ်ရပ်အတွက် နောင်တရလိမ့်မယ်"
ကျောက်ဟွေရင်း မထင်မှတ်ဘဲ ပြုံးလိုက်မိသည်။
"အိုး....ငါ တကယ်မစောင့်နိုင်တော့ဘူး...ငါ့ထက်စာရင် ဂျူနီယာလီလော့ကသာ ကိုယ့်ကိုကိုယ် စိတ်ပူနေသင့်တာမဟုတ်ဘူးလား... ငါတို့ရဲ့လုညီအကိုတွေက တကယ်သန်မာတဲ့ပြိုက်ဘက်ကောင်းတွေနော်...."
လီလော့က ပြုံးရုံသာ ပြုံးပြပြီး တုန့်ပြန်လိုက်သည်။ ရှင်းပြရန် သို့မဟုတ် ငြင်းခုံရန်မလိုအပ်ပေ။ ထို့နောက် ပြတ်ပြတ်သားသား စကားစဖြတ်ပြီး ထွက်လာခဲ့လိုက်သည်။
လီလော့ ထွက်ခွာသွားပြီးသိပ်မကြာခင် သူမဘေးနားသို့ လူနှစ်ယောက် ရောက်လာခဲ့သည်။
လီလော့ သာ ဒီမှာရှိနေရင် အဖြူနှင့် အနက် အသီးသီး ဝတ်ဆင်ကြသူနှစ်ယောက်ကို ချက်ချင်း မှတ်မိလိမ့်မည်။ ၎င်းတို့မှာ အပြာရောင်ချောက်နက်ကောလိပ်၏ ကြယ်တစ်ပွင့်ခန်းမမှ လုကျန်းနှင့် လုကန်တို့ဖြစ်သည်။
"စီနီယာ... မင်းရဲ့အစီအစဥ် အောင်မြင်ရဲ့လား...."
အဖြူဝတ် လုကျန်းက မေးလိုက်ခြင်းဖြစ်သည်။
"အစီအစဥ်လား.... ဒါက ပေါ့ပေါ့ပါးပါး တိုက်မိရုံလေးပါပဲ..... စေ့စပ်ပွဲက လေးနက်မှု ရှိ၊ မရှိသိချင်ရုံသက်သက်ပါ... ကျန်းချင်းအာရဲ့ တိမ်းညွှတ်မှုကို တော်တော်လေး သိချင်မိတယ်... သူမသာ အပြာရောင်ချောက်နက်ကောလိပ်က ကျောင်းသားဖြစ်ခဲ့ရင် သူ့ကို ချစ်မိမှာသေချာတယ်....."
သူမသည် မည်သူမည်ဝါရှိနေသည်ကို ဂရုမစိုက်ဘဲ ရဲရင့်စွာထုတ်ပြောလိုက်သည်။
အဖြူရောင်ဝတ် လုကျန်းသည် သူမ၏ကြေငြာချက်ကို မအံ့သြခဲ့ပေ။ စီနီယာကျောက်ရဲ့လိင်စိတ်တိမ်းညွတ်မှုကို အပြာရောင်ချောက်နက်ကောလိပ်တစ်ခုလုံး သိပြီးသားဖြစ်သည်။
"ဒါပေမယ့် ဒီစမ်းသပ်မှုလေးကနေ ဒီနှစ်ယောက်ကြားမှာ ခံစားချက်အစစ်အမှန်တစ်ခုရှိတယ်လို့ထင်နေမိတယ်.... အဲ့ဒါက ဘယ်လိုခံစားချက်မျိုးလဲဆိုတာတော့ သေချာမသိပေမယ့် တော်တော်လေးကို ခိုင်မြဲမယ့်ပုံပဲ......ဟုတ်တယ်၊ ကျန်းချင်းအာက ဒေါသထွက်သွားသလို ဟန်ဆောင်နေပေမယ့် တိုက်ပွဲမှာ သတိလက်လွတ်ဖြစ်နေလို့မရဘူး....."
လုကျန်း အံ့ဩသွားသည်။
" လီလော့ကိုတွေ့လိုက်လား"
သူမသည် ညာဖက်တွင်ရှိနေသော အဖြူရောင်ဝတ် လူငယ်ကို မျက်နှာလွှဲကာ မေးလိုက်သည်။
လုကျန်း ခေါင်းညိတ်လိုက်သည်။
"အချက်အလက်တွေဖတ်ရသလောက်ဆို.. သူ့မှာ ရေနဲ့ သစ်သားပဲ့တင်ထပ်သံနှစ်ခုရှိတယ်... အဲ့ဒါက တကယ့်ကို ရှားပါတယ်..... ဒါပေမယ့် အနိုင်ရဖို့ အခွင့်အလမ်းက သူ့ထက်နည်းနည်းပိုများတယ်လို့ ထင်ပါတယ်...."
ကျောက်ဟွေရင်း ရေပြင်ကို ငေးကြည့်လိုက်ပြီး....
"သူ့ကို လျှော့မတွက်နဲ့...ကြယ်တာယာခရီးရှည်ကောလိပ်က ငါတို့ထက် အခြေခံအုတ်မြစ်ပိုခိုင်မာတယ်.....ငါတို့ကျောင်းကတောင် ငါတို့ကိုနှစ်ပေါင်းများစွာ အချ်န်ပေးပြီးပျိုးထောင်ခဲ့တာလေ....သူတို့လည်း ငါတို့ထက်မသာရင်တောင်လျော့မှာမဟုတ်ဘူး..... ကြယ်တာယာခရီးရှည်ကောလိပ်မှာ ကျန်းချင်းအာလို လူမျိုးရှိနေရုံနဲ့တင်ခေါင်းကိုက်စရာကောင်းနေတာကို လီလော့လို လူမျိုးပါရှိနေသေးတယ်......"
"ကောင်းပြီ၊ ဘယ်သူက ပိုတော်လဲဆိုတာ သိဖို့ တစ်ခုတည်းသော နည်းလမ်းက တိုက်ခိုက်ဖို့ပဲ"
လုကျန်း အနည်းငယ် မောက်မာစွာ ရယ်မောလိုက်သည်။
ကျောက်ဟွေရင်း ခေါင်းညိတ်ပြီးနောက် လှည့်ထွက်သွားသည်။
"သွားကြရအောင်...ကြယ်တာယာခရီးရှည်ကောလိပ် မှာ ဘယ်လို အရသာရှိတာမျိုးတွေရှိနေလဲ ကြည့်လိုက်ရအောင်......"
.................................
လီလော့ မျှော်စင်ဆီသို့ အမြန်ပြန်သွားခဲ့ပြီး တံခါးကို တွန်းဖွင့်လိုက်တော့ ကျန်းချင်းအာ နဲ့ ပိုင်မျန်မျန်က စားပွဲမှာထိုင်ပြီး တစ်ယောက်နဲ့တစ်ယောက် စကားစမြည်ပြောနေကြတာကို တွေ့လိုက်ရသည်။
သူမ၏ ရွှေရောင်မျက်လုံးများက သူ့ဆီသို့ လှည့်လာပြီး လျှင်မြန်စွာ အကြည့်လွှဲသွားခဲ့သည်။
ပိုင်မျန်မျန်က လီလော့ကို့မြင်တာနဲ့....
"ခေါင်းဆောင် လေ့ကျင့်ပြီးပြီလား.....လက်ဖက်ရည်ဖျော်ပေးမယ်..ခဏစောင့်....."
လီလော့က ကျေးဇူးတင်သည့်အနေဖြင့် ပိုင်မျန်မျန်ကို ပြုံးပြပြီး ကျန်းချင်းအာရဲ့ နံဘေးမှာ ဝင်ထိုင်လိုက်သည်။
"နင်တကယ် စိတ်ဆိုးနေတာတော့မဟုတ်ပါဘူးနော်.... ကျောက်ဟွေရင်းရဲ့လှည့်ကွက်လေးတွေကို မြင်ရလောက်အောင် နင်လည်း ဉာဏ်ကောင်းသားပဲ...."
ကျန်းချင်းအာက အပြုံးဖြင့်ရေနွေးခွက်ကိုကျစ်ကျစ်ပါအောင်ဆုပ်ကိုင်ထားပြီး....
"ငါဒေါသမထွက်တာ ဂျူနီယာလုချင်းအာရဲ့ကျေးဇူးကြောင့်ပါ....နင့်အနားမှာ လုချင်းအာလို မိန်းကလေးမျိုးရှိနေမှတော့ ကျောက်ဟွေရင်းရဲ့ အားနည်းတဲ့ဆွဲဆောင်မှုလောက်ကိုဒေါသထွက်နေစရာလား....."